Showing posts with label other. Show all posts
Showing posts with label other. Show all posts

Saturday, September 1, 2012

Gtalk မှာ Group ဖွဲ့ပြီး ပြောဖို့ Party Chat လုပ်ကြရအောင်

Posted Image

အုပ်စုဖွဲ့ပြီး Chat ကြဖို့အတွက်ကတော့ ပထမဦးဆုံး လုပ်ရမှာက http://partychapp.appspot.com/ ဆိုတဲ့ လိပ်စာလေးကို အရင်ဦးဆုံးသွားလိုက်ပါ။ အဲဒီ ဆိုဒ်လေး ပွင့်လာပြီဆိုတာနဲ့ Sign in မှာ မိမိရဲ့ Gmail account နဲ့ ပဲဝင်လိုက်ပါ။ အဲဒီနောက်မှာတော့ အောက်မှာပေးးထားတဲ့ အတိုင်းလိုက်လုပ်လိုက်ပါတော့။
Posted Image


နံပါတ်တစ်လုပ်ရမှာက Room name လို့ပေးထားတဲ့ နေရာလေးမှာ မိမိစိတ်ကြိုက် နာမည်လေးတစ်ခုဖန်တီးပါ။ ဥပမာ name@partychatapp.app spotchat.com ဆိုပြီးတော့ပေါ့။ ပြီးတော့ Room type မှာကတော့ ကိုယ်ကြိုက်ရာကို ရွေးခွင့်ရှိပါတယ်။ တစ်ခုသိထားရမှာက Invite only မှာက ကိုယ်တိုင်ဖိတ်ခေါ် ချင်တဲ့သူပေါ့။ မဖိတ်ခေါ်ပဲနဲ့ ၀င်လာလို့မရဘူးပေါ့လေ။ Open ကတော့ ကိုယ်ဖိတ်စရာမလိုဘူး ကိုယ့်ရဲ့လိပ်စာကို သိရင် ၀င်လာလို့ရတယ်။ အဲလိုမျိုးပေါ့။ Others to invite မှာတော့ ကိုယ်စပြီး ဖန်တီးတဲ့အခါ ကိုယ့်နာမည်ကို ထည့်ရိုက်ဖို့လိုပါတယ်။ ကိုယ်ပိုင်အီးမေးလ်ကို ရိုက်ရမှာပေါ့လေ။ ပြီးတော့ Create ကို ကလစ်နှိပ်လိုက်ရင် အောက်မှာ ဖော်ပြထားတဲ့ ပုံလေးပေါ်လာလိမ်မယ်။
Posted Image

ပြီးသွားတဲ့အချိန်မှာတော့ သင့်ရဲ့ Gtalk ထဲမှာ အခုလိုမျိုးလာပေါ်နေပါလိမ့်မယ်။
Posted Image

အဲဒီအခါ ကျရင် သင်က yes လုပ်လိုက်ရုံပေါ့။ သင်ဖန်တီးခဲ့တဲ့ နာမည်တွေနဲ့ပဲလာပေါ်ပါလိမ့်မယ်။ အခုပြထားတာက နမူနာပုံလေးပါ။ ပြီးရင်တော့ သင့် Gtalk ထဲမှာ အဲဒီ ဖန်တီးခဲ့တဲ့ နာမည်လေးက အရောင်လေးလင်းနေပါလိမ့်မယ်။ အဲဒီနောက်မှာတော့ သင်ဖိတ်ခေါ်ချင်တဲ့သူတွေကို ဖိတ်ခေါ်နိုင်ပါပြီ။ အဲလိုဖိတ်ခေါ်ဖို့အတွက်လည်း သင်က အခုပေးထားတဲ့ ပုံစံတွေအတိုင်းပဲ ရိုက်ထည့်ရပါလိမ့်မယ်။ /invite name@gmail.com က သင် ဖိတ်ခေါ်ချင်တဲ့သူအတွက်ပါ။ /list ကတော့ သင်နဲ့အတူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ကြည့်တာပေါ့။ ပြန်ထွက်ချင်ရင်တော့ /exit ရိုက်လို့လည်းရပါတယ်။ သင်ကလည်း ထွက်သွားပြီ သူလည်းထွက်သွားပြီ နောက်နေ့ တွေ့ ကြတဲ့အခါမှာတော့ ပြန်လည်ပြီးတော့ /invite name@gmail.com ကို ပြန်လည်ရိုက်ပြီးတော့ ခေါ်နိုင်ပါတယ်။ အဆင်ပြေကြပါစေ။ အောက်မှာပေးထားထာကတော့ မူရင်းဆိုဒ်က ရိုက်ပုံရိုက်နည်းတွေပါ။

/leave Leave this chat room. You can rejoin by sending another message to the room. If the room is invite-only, you may need to be re-invited.
/list See who is in the chat room.
/alias newalias Change what name you show up as in the room.
/inviteonly Toggle whether this room is invite only.
/invite someemail Invite someone to the room.
/me someaction Tell the room what you’re up to.
If you type /me is rolling his eyes, everyone sees [youralias] is rolling his eyes.
credit:zawhlainghtun
ref:MHU
Read More ->>

Tuesday, July 31, 2012

Myanmar Hacker Evolution



Myanmar Hacker ဆိုတာနဲ့ပတ်သတ်ရင် တော်တော်များများက Blink Hacker Group ကိုပဲ ပြေးမြင်ကြတယ် ဟုတ်ပါတယ် Blink Hacker Group ကို ဘယ်လိုပဲ မြင်မြင်သူတို့ရဲ့လုပ်ရပ်တွေ ဟာ ဘာတွေပဲဖြစ်ဖြစ် သူတို့ဟာ Myanmar Hacker Evolution ( မြန်မာ ဟက်ကာ အုံကြွမှု ) အပေါ် အတော်ကြီးမားတဲ့ သက်ရောက်မှု ရှိခဲ့တယ်ဆိုတာပဲ.။
တကယ်တော့ BHG မပေါ်ခင်ကတည်းက မြန်မာ ဟက်ကာတွေရှိခဲ့တာပဲ ။ Planet Creator တို့ YEHG ( YGN Ethical Hacker Group ) တို့ လို Hacker Group တွေလည်း ရှိခဲ့တာပဲ ။


  ပြီးတော့ YEHG ကို DDos တိုက်လို့ ပြဿနာတွေ တက်ကုန်တာမျိုးလို Hacker တိုက်ပွဲတွေလည်း ရှိခဲ့ဖူးတာပဲ ။ MMSO လို Hacker          Forum သီးသန့် မဟုတ်သော်လည်း Hacking & Security Forum တွေရှိခဲ့တာပဲ ။ မဇ္ဈိမ ကို DDos တိုက်ခဲ့ပြီး Cyber War အသွင် လုပ်တာလည်း ရှိခဲ့ဖူးတာပဲ ။ ဒီအထိ Hacker Evolution ( ဟက်ကာ အုံကြွမှု ) ဆိုတာမျိုးဖြစ်မလာသေးဘူး ။
၂၀၁၂ Anonymous , Wikileaks , lulz တို့ကျေးဇူးနဲ့ ကမ္ဘာလုံးဆိုင်ရာ Hacker အုံကြွမှုကြီးက မြန်မာနိုင်ငံကို ရိုက်ခတ်လာတယ်လို့ပဲ ပြောရမလား . ?? Blink Hacker Grop ဆိုပြီး အဖွဲ့အစည်း တစ်ခု ပေါ်လာတယ် ။ စလာတုန်းကတော့ စစ်အစိုးရနဲ့ပတ်သတ်တဲ့ မီဒီယာ တွေကို တိုက်ခိုက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်လူငယ် Website ကို စတင် တိုက်ခိုက်ခဲ့တယ် ။ YTP ကို DDos နဲ့ တိုက်ခိုက်တယ်လို့ ကြေညာခဲ့တယ် ။ ဒီမှာပဲ နည်းပညာသမားတော်တော်များများအပြင် နိုင်ငံရေးသမားတွေ အခြား နည်းပညာ နယ်က မဟုတ်တဲ့လူတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့တယ် ။ နည်းပညာနယ်ပယ်ရဲ့ အပြင်ဘက်က လူတွေရဲ့ ဦးနှောက်ထဲမှာ မြန်မာဟက်ကာ ဆိုတဲ့ အတွေးအခေါ်တစ်ခုကို ထည့်ပေးခဲ့တယ် ။
BHG စတင်တည်ထောင်ပြီး 1st Generation အဆုံးသတ်ခါနီးမှာ Myanmar Hacker Forum တစ်ခု တည်ထောင်ဖို့ကြိုးစားကြတယ် ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့်  အဲ့ဒီ့ဖိုရမ် ပြီးဆုံးမသွားဘူး ။ ဒီတော့ ပထမဆုံး မြန်မာ ဟက်ကာ ဖိုရမ်ကို  ပြောဆိုရင် အဲ့ဒီ့ ဖိုရမ်ကို ပြရလိမ့်မယ် ။ အောင်မြင်တာ မအောင်မြင်တာ က  တစ်ကြောင်းပေါ့ ။




BHG 1st Generation က Myanmar Website တွေကို စတင်တိုက်ခိုက်နေတဲ့အချိန်မှာပဲ Myanmar Hacker University ဆိုပြီး wall.fm အခြေစိုက် ဆိုဒ်တစ်ခု ထွက်လာပါတယ် ။ BHG ထက်စာရင် သူတို့က ပိုပြီး Open ဖြစ်ပါတယ် ။ သို့သော်လည်း  ပညာအဆင့်အတန်းမှာတော့ နိမ့်ကျပါသေးတယ် ။ အားရစရာကောင်းတာတစ်ခုကတော့  စည်းလုံးမှုပါပဲ ။ သူတို့ အလွန်စည်းလုံးပါတယ် ။ ကျွန်တော့်အမြင်မှာ  ရိုင်းပင်းတယ် လို့ မြင်တယ် ။ နောက်ပိုင်း သူတို့ Myanmar Hacker Forums ဆိုပြီ Hack Forums တစ်ခု တည်ထောင်လိုက်ပါတယ် ။ ပထမဆုံး မဟုတ်သော်လည်း Active အဖြစ်ဆုံး အကြီးမားဆုံး ဖိုရမ်လို့ ပြောရပါလိမ့်မယ် ။

ဒီလိုနဲ့ BHG 1st Generation ပျက်စီးသွားပါတယ် ။ သူတို့ အဖွဲ့ဖျက်ကြောင်း ကြေညာပြီး မကြာခင်မှာပဲ  Myanmar Cyber Army ဆိုတာ ပေါ်လာပြီး Myanmar Website တွေကို တိုက်ခိုက်ပြန်တယ် ။ ဒါ နည်းနည်းတော့ တိုက်ဆိုင်မှုက ကြီးမားသလို  ခံစားရပါတယ် :-P





သိပ်မကြာပါဘူး Blink Hacker Group ကပဲ 2nd Generation အဖြစ် လုံခြုံရေးအရ အားနည်းသော မည်သည့် Website ကိုမဆို တိုက်ခိုက်မယ်ဆိုပြီး ပြန်လည် ထွက်ရှိလာပါတယ် ။ ဒီအချိန် Myanmar Hacker Uniteam ဟာ လူသိများခြင်းမရှိသေးပါဘူး ။ ဒီအချိန်မှာ Operation BD ဆိုတဲ့ Operation တစ်ခု Myanmar Uniteam က စတင်ခဲ့ပါတယ် ။ Myanmar Hacker Uniteam က လူတွေ BD Website တွေကို တိုက်ခိုက်နေချိန်မှာ BHG ဟာ Myanmar Website တစ်ခုကို တိုက်ခိုက်ပြီး BD Hacker တွေကို Greetz လုပ်ခဲ့လို့ အညိုငြင်ခံခဲ့ရပါသေးတယ် ။
ရိုဟင်ဂျာကိစ္စမှာတော့ Myanmar Hacker Uniteam , BHG အပါအ၀င် မြန်မာဟက်ကာအရေးလှုပ်ရှားသူတော်တော်များများ စုစည်းမိလာပါတယ် ။  ဘင်္ဂလားဒေ့ရှ် Website တွေကို တိုက်ခိုက်ရင်း ဆန္ဒပြုကြပါတယ် ။ အခြား နည်းပညာသမားတွေအပြင်  နည်းပညာအပြင်ဘက်ကလူတွေပါ Hacking နဲ့ပတ်သတ်တဲ့ Information တွေ Source တွေကို မြန်မာလိုသော်လည်းကောင်း မျှဝေခြင်းများဖြင့်  လွယ်လွယ်ကူကူရရှိလာပါတယ် ။ ဥပမာ DDos လိုဟာမျိုးပေါ့ အတိအကျ အသေအချာတွေမသိသော်လည်း DDos ကို ခြုံသိလာတယ် DDos Tool တွေအကြောင်းသိလာတယ် ။ Myanmar Cyber Army ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Hacktivist တော်တော်များများ စုဝင်လာတယ် ။
ဒီတော့ ခြုံကြည့်ရင် BHG ဟာ နည်းပညာ သမားတွေအပါအ၀င် နည်းပညာနယ်ပယ်အပြင်ဘက်ကလူတော်တော်များများရဲ့ ခေါင်းထဲကို မြန်မာဟက်ကာဆိုတဲ့ စကားလုံးရိုက်သွင်းပေးနိုင်ခဲ့ပြီး MM Hack Forums ကတော့ ပညာတွေမျှဝေတဲ့နေရာမှာ အဓိကကျလာပါတယ် :)

copy from Ghostarea.net


Read More ->>

Wednesday, July 11, 2012

Hackers and Hacking Games



ဒီတစ်ခေါက်တော့ Hacker တစ်ယောက်အနေနဲ့ ကစားရမယ့် Game လေးတွေ ပြန်လည်မျှဝေလိုက်ပါတယ် ။ Game ဆိုပေမယ့် ဒီ Game ကနေ သီအိုရီပိုင်းတွေကို သိနိုင်တယ် ပြီးတော့ ကိုယ်မကြုံဖူးတဲ့ အခြားတစ်ယောက်နဲ့ ယှဉ်ပြိုင်မှုတွေကို ရနိုင်ပါတယ်။ ဒါ့အပြင် Trace အလိုက်ခံရတာတွေ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရတာတွေကြောင့် လျှို့ဝှက်သည်းဖို ခံစားချက်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ် ။ 1. Blue Sky Simulation A/CBlue sky:: Acceptable Casualties ဆိုတဲ့ Hacking Simulation ကို exoSyphen Studios ကရေးဆွဲပြီး TermialZero ကနေ publish လုပ်ပါတယ်။ ဒီဂိမ်းမှာတော့ graphic လဲကောင်းပါတယ်။ ပြီးတော့ ဂိမ်းကစားနေတဲ့သူဟာ experienced Hacker တစ်ယောက်အဖြစ် အချိန်ကိုက် ဆော့နိုင်ရမှာဖြစ်ပါတယ်။ အခုတင်ပေးတာက Developer version ပါ။ အမှန်တကယ် features အပြည့်အစုံဆော့ချင်ရင် တော့ 9.95$ လောက်ရှိပါတယ်။ purchase လုပ်ပြီးဆော့ရင် custom interface skins တွေ complete new game graphic တွေရနိုင်ပါတယ်။ပြီးတော့ custom mission တွေ levels နဲ့ game mods အသစ်တွေ လဲ support လုပ်ပါတယ် ။ Visual C++ 6.0 ရှိရင် ပိုပြီး အလုပ်နိုင်ပါတယ်။ Developer version မှာတော့ source code ပဲပါလာမှာပါ။ ကိုယ့်ဘာသာကိုယ် Visual C++နဲ့ ပြန်ရေးရမှာဖြစ်ပါတယ်။ တကယ် programmer အတွက်ကတော့ အရမ်းကောင်းတဲ့ စီစဉ်မှုတစ်ခုဖြစ်ပါတယ်။ run လို့ကောင်းသွားရင် CD နဲ့ Burn ပြီး install လုပ်ပေးရမှာခင်ဗျာ။ကိုယ်ဆော့မယ့် hacking simulation ဂိမ်းကောင်းတစ်ခု ကို ကိုယ်ပိုင်ဖန်တီးရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်တာတွေ့ရပါမယ်။ Download Link:: http://www.shareup.com/Blue_Sky_AC-download-10814.html


Digital Hazard
ဒီGame ဟာလဲ hacking simulator Game တစ်ခုဖြစ်ပါတယ်။ ExoSyphen Studio ကပဲ Develop လုပ်ပါတယ်။ ဒီတစ်ခါ ဆော့တဲ့လူက worldwide computer networking ထဲ ရဲ့အတွင်းမှာဘာရှိသလဲလို့စူးစမ်းရင်း Underground (မြေကြီးအောက်မဟုတ်ပါ တရားဥပဒေ ဘောင်မဝင်တဲ့လောကကို ခေါ်သည်) ထဲရောက်သွားပါတယ်။ အဲ့လိုနဲ့ Hacker တစ်ယောက်အနေနဲ့ ကမ္ဘာတစ်ပတ်ကို နေရာတစ်ရာကနေခြေဆန့်နေခိုက် ESK ဆိုတဲ့ Organization တစ်ခုရဲ့ အတွင်းရေးကို Hack ရမှာဖြစ်ပါတယ်။ အလွန်ကောင်းမွန်တဲ့ Graphic နဲ့ ထုတ်လုပ်ထားပြီး Avenue 5 မှ Sound track တွေနဲ့တည်ဆောက်ထားပါတယ်။ ဒီGame ဟာ အချိန်ကို အသုံးချတတ်အောင် ပြီးတော့ စဉ်းစားဥာဏ်ရည်တက်အောင် တီထွင်ထားပါတယ်။ ဒါတင်မကသေးပါဘူး ဆော့နေသူကို အလွန်တ၇ာနက်တဲ့ ချောက်ရဲ့ကမ်းပါးပေါ်မှာလျှောက်နေရသလို ခံစား၇အောင် ရင်တလှပ်လှပ်နဲ့ဆော့နိုင် အောင်လုပ်ထားပါတယ်။ ဒီGame သည်လဲ free မဟုတ်ချေ။ ဒါပေမဲ့သူအတွက် Crack generator တွေရှိပါတယ်။ တစ်ခါတည်းတွဲတင်ပေးလိုက်ပါတယ်။ Full version မှာ ဆိုရင် Custom Game များကို ဆော့နိုင်မှာ ဖြစ်ပြီး mods တွေ lvl တွေ missionတွေကို အသစ်တွေရနိုင်မှာ ဖြစ်ပါတယ်။ addional missionတွေကို download ချပြီးလဲဆော့နိုင်မှာဖြစ်ပါတယ်။ သတိထားတတ်အောင် ပြီးတော့ တကယ့် ကို စိတ်လှုပ်ရှားစရာကောင်းအောင် အပြင်မှာ တကယ်hack နေပြီး White Hat တွေရန်က နေရှောင် နေရမှာဖြစ်ပါတယ်။ တကယ့်ကို Game ကောင်းတစ်ခု ဖြစ်ပါတယ် Download Link: http://games.brothersoft.com/digital-hazard.html Download Keygen Link: http://www.cracksguru.com/data/Digital_Hazard_v1.0_keygen_by_DELiGHT-bee5631c96.html

 
Hacker Evolution
အဲ့ဂိမ်းကတော့ နာမည်ကျော် game ကောင်းတစ်ခုပါပဲ။ ဆော့ရတာ အချိန်ကုန်မှန်းမသိအောင်ကို ကောင်းတဲ့ Game ပါ။ ExoSyphen Studio ကပဲ Develop လုပ်ပါတယ်။ Version များကိုလဲ အသစ်ထွက်ပါတယ်။ DDOSer သမားများအတွက် တကယ့်ပညာရတဲ့ဂိမ်းပါ။ Sever တွေကို linked လုပ်ပြီးကိုယ် မပေါ်နိုင်အောင် ချိတ်ရပါ့မယ်။ Sever တွေကို ဖောက်ရင် လဲ Password အမျိုးမျိုးကို Crack ရပါမယ်။ ဘဏ် Database တွေတိုက်ပြီး Money hack ရပါတယ်။ ပြီးရင် ရတဲ့ပိုက်ဆံနဲ့ Processors တွေ Firewallတွေ ခံပြီး တစ်ပါးသော White hat Hacker group ရန်မှလဲကာကွယ်ရပါသေးတယ်။ ပြီးတော့ DDOS attack တင် မဟုတ်ပါဘူး EMP attack တွေပါ အမုန်းကျွေးရပါသေးတယ်။ ဒီGame သည်လည်း အရှေ့က ထွက်ခဲ့တဲ့ Game လို ပဲ Sound ရော Graphic လဲကောင်းပါတယ်။ Full version မှာ ဆိုရင် Custom Game များကို ဆော့နိုင်မှာ ဖြစ်ပြီး mods တွေ lvl တွေ missionတွေကို အသစ်တွေရနိုင်မှာ ဖြစ်ပါတယ်။ အဲ့ Game ကို ပြည်တွင်းက Excellent အခွေ ဆိုင်မှာ ဝယ်ယူလို့ရပါတယ်။ Crack Version ရနိုင်ပါတယ်။ တစ်ခုတော့မှာမယ်နော် ဒါတွေဆော့မယ်ဆိုရင်တော့ terminal ကို ကြည့်တတ်မှရမယ်နော်။ Download Link ( Demo ) : http://crazy4warez.blogspot.com/2009/03/hacker-evolution-pc-free-game-download.html ဒီသုံးခုဟာ နာမည်ကြီးသလို အလွန်လည်း မိုက်တယ် Hacker Game သုံးခုဖြစ်ပါတယ် အတွေ့အကြုံတစ်ခုတော့ရမှာပါ စမ်းကြည့်လိုက်ပါ

posted by  Fortran
copy from ghostarea.net
Read More ->>

Friday, June 22, 2012

May I help you?




မြန်မာနိုင်ငံမှာ ဘလော့ဂါတွေပေါ များလာတာ..၀မ်းသာစရာပါပဲ ....ဒါပေမယ့်ကျွန်တော် တို့ သလော့ဂါ အများ စုကတော့ Template ကောင်းကောင်း...ဒီဇိုင်းကောင်းကောင်း မသုံးတတ်သေးပါဘူး ....။ဒါကြောင့် ကျွန်တော်စိတ်တိုင်းကျတဲ့ Template ကောင်းကောင်းလေးတွေကို စုစည်းပေးသွားမှာပါ.......။အကူညီလိုတဲ့ သူတွေကလဲ Cbox ထဲမှာ email လိပ်စာနှင့် အတူ ရေးသားသွားနိုင်ပါတယ်.........။

Template ကိုစိတ်တိုင်းကျ ပြုပြင်နည်းတွေပါထည့်သွင်းရေးသားသွားမှာပါ........။

ကျွန်တော် တော်လို့တတ်လို့ မဟုတ်ပါဘူး....။စေသနာလေးပါ.......။

Template တွေဒေါင်းလုပ် လုပ်ဖို့ ဖို့ အတွက် အောက်ပါဆိုက်တွေက အကောင်းဆုံးပါပဲ...

Free download Blogger Template Sites

http://btemplates.com/
http://blogtemplate4u.com/
http://www.raytemplates.com/

ကျွန်တော်ထင်တာ ဒီဆိုက်တွေက အကောင်းဆုံးလို့ထင်ပါတယ်...။ စာဖတ်သူအနေနဲ့ နောက်ထပ် သိရှိ သေးရင်လဲ comment ပေးသွားနိုင်ပါတယ်....။


Read More ->>

Monday, June 18, 2012

မသီတာထွေးအား အဓ္ဓမပြုကျင့်ပြီး ပစ္စည်းများ လုယူသတ်ဖြတ်ခဲ့သူများကို စီရင်ချက်ချ



ရခိုင်ပြည်နယ် ရမ်ဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာအုပ်စု၊ သပြေချောင်ကျေးရွာနေ မသီတာထွေးအား မေလ ၂၈ ရက်နေ့က အဓ္ဓမပြုကျင့်ပြီး ပစ္စည်းများလုယူကာ သတ်ဖြတ်ခဲ့သော တရားခံများအား ဇွန်လ ၁၈ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ကျောက်ဖြူခရိုင်တရားသူကြီးက သေဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

မသီတာထွေးအား အဓ္ဓမပြုကျင့်ကာ ပစ္စည်းများ လုယူသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသူ သုံးဦးအနက် အဓိက တာဝန်အရှိဆုံးအဖြစ် စွပ်စွဲခံခဲ့ရသူ ထက်ထက်(ခ)ရော်ရှီးမှာ ဇွန်လ(၉)ရက်နေ့ ညနေ ငါးနာရီခန့်က ကျောက်ဖြူအကျဉ်းထောင်အတွင်း၌ မိမိကိုယ်ကိုယ် အဆုံးစီ ရင်သွားခဲ့ခြင်းကြောင့် ကျန်နှစ်ဦးဖြစ်သည့် ရော်ဖီးနှင့်ခိုချီးတို့နှစ်ဦးမှာ ယခုပြစ်ဒဏ်အား ခံစားရမည်ဖြစ်သည်။
မသီတာထွေး၏ အမှုအား ဇွန်လ(၈)ရက်နေ့တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၃၇၆/၃၉၂/၃၀၂ (၁)(ဂ)တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ၁၃ရက်နေ့တွင် တရားလို သက်သေများအား စစ်ဆေးခဲ့ပြီးနောက် ဇွန်လ ၁၄ ရက်နေ့တွင်  ကျောက်ဖြူခရိုင် တရားသူကြီးအား လျှောက်လွှဲချက်များ တင်သွင်းပြီး အဆိုပါ ပြစ်မှုဆိုင်ရာပုဒ်မများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့တွင် တရားခံများအား စစ်ဆေးခဲ့ပြီး ဇွန်လ ၁၈ ရက်နေ့တွင် စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

'' မနက် ၁၁ နာရီ ၅၀ မိနစ်မှာ ကျောက်ဖြူခရိုင် တရားရုံးက ခရိုင်တရားသူကြီးက ထက်ထက်(ခ) ရော်ရှီး၊ရော်ဖီးနဲ့ ခိုချီးတို့ကို ပုဒ်မ ၃၀၂(၁)(ဂ)အရ သေဒဏ် ချမှတ်ခဲ့ပါတယ်''ဟု ကျောက်ဖြူမြို့မှ Eleven Media Group ၏ သတင်းထောက်က သတင်းပေးပို့ပါသည်။
ထက်ထက်(ခ)ရော်ရှီး၊ ရော်ဖီးနှင့် ခိုချီးတို့သည် ကျောက်နီမော်ကျေးရွာတွင် စက်ချုပ်သင်ပြီးပြန်လာသော မသီတာထွေးအား မေလ ၂၈ ရက်နေ့ ညနေပိုင်းက ကျောက်ထရံကျေးရွာအနီးတွင် အဓ္ဓမပြုကျင့်ကာ ပါလာသော ရွှေထည်ပစ္စည်းကို လုယူပြီး သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုစီရင်ချက်အား ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အတည်ပြုရဦးမည်ဖြစ်သည့်အတွက် ပြစ်ဒဏ် စီရင်ချက် ချမှတ်ခံရသူများ အနေဖြင့် ၇ ရက်အတွင်း အယူခံခွင့်ရှိမည်ဖြစ်ကြောင်းလည်း သိရပါသည်။

ref: http://news-eleven.com/index.php?option=com_content&view=article&id=14153:2012-06-18-08-46-08&catid=42:2009-11-10-07-36-59&Itemid=112
Read More ->>

Tuesday, June 12, 2012

Android Application Testing Guide


ကျွန်တော်ကတောင်းဆိုလို့ ကိုထုတ်ကောက်ရှာပေးထားတဲ့ဟာပါ.........။ကအစတုန်းက ညီတော်မောင်
တစ်ယောက်အတွက် လုပ်ပေးထားတာ ဒါပေမယ်လူတိုင်း ဖတ်နိုင်အောင် တင်ပေး လိုက်တာ.......။

Thank To Dongoth............

Overview of Android Application Testing Guide
  • The first and only book that focuses on testing Android applications
  • Step-by-step approach clearly explaining the most efficient testing methodologies
  • Real world examples with practical test cases that you can reuse
http://www.mediafire.com/?ddv0n51n7815kx7
Read More ->>

Friday, June 8, 2012

BD vs IN --==-- Cyber War[Whole Story]



ကျွန်တော်တို့ အရင်တုန်းက ရေပိုင်နက် အရေးအခင်းနဲ့ ပတ်သက်ပြီး Bangladesh ကို Operation တစ်ခုဆင်နွဲခဲ့တာ အားလုံးလည်း မှတ်မိကြဦးမှာပါ.....ကျွန်တော်ထင်ပါတယ်....အဲတုန်းက ချ ဆိုလို့သာ ၀ိုင်းချကြတယ်... Bangladesh ဘာလဲ ဆိုတာ ရေရေရာရာ မသိခဲ့ကြတဲ့လူက များမှာပါ.....
ကျွန်တော်ထင်နေပါတယ်.....တစ်ချိန်မဟုတ် တစ်ချိန်တော့ BD တွေနဲ့ တစ်ပွဲတစ်လမ်းတော့ ထပ်ဆွဲရဦးမယ် လို့.....ဘယ်တော့လဲ သာ ပြောလို့မရတာ....
ခုပြည်တွင်းမှာလည်း BD အနွယ်ဝင်တွေဖြစ်တဲ့ ရိုဟင်ဂျာ မွတ်စလင် ကုလားတွေ နဲ့လည်း အခြေအနေတွေ ရှုပ်ထွေးနေတော..... ????

ထားပါလေ ...
စစ်ပွဲတစ်ပွဲမှာ ရန်သူအကြောင်းကြိုသိထားခြင်းသည်လည်း စစ်ပွဲအောင်နိုင်ရာ အထောက်အကူပါပဲ...ကဲ...နာမည်ကျော် Cyber War တစ်ခုဖြစ်တဲ့ BD vs IN Cyber War ကို ဒီ စာအုပ်လေးကနေတစ်ဆင့် လေ့လာကြည့်ရအောင်ဗျာ...
ရန်သူပေမယ့်လည်း ကျွန်တော်တို့ အနေနဲ့ အတုယူစရာရှိရင် အတုယူရပါမယ်....ဟုတ်တယ်နော်....ခု ဒီစာအုပ်လေးထဲမှာ...

  • ဘာကြောင့် Cyber War စဖြစ်ခဲ့ရသလဲ ...
  • BCA / 3xp1re / BBHH နဲ့ ICA / Indishell အပြန်အလှန် တိုက်ခိုက်ပုံ ..... DDos ကိုလည်း လက်နက်တစ်ခုလို အကြီးအကျယ် သုံးစွဲခဲ့တာကိုလည်း တွေ့ရပါတယ် ...
  • ဒီ Cyber War ကာလအတွင်းမှာ BCA က သူတို့ Bangladesh Website တွေကို သူတို့ရဲ့ web security တိုးမြင့်မို့အတွက် အသိပေးချက် အသိပေးပုံလေး ကိုလည်း ဖတ်ရှုကြရမှာပါ ...[ကဲ...မြန်မာတွေကော ... ဘယ်လိုလဲ ...]


BCA ဘာကောင်လဲ ဆိုတာ သေချာကြည့်နော်.... ဖြစ်ပြီ ဆိုတော့မှ Tuto တွေပြေးရှာနေလို့ကတော့ မဖြစ်သေး........


ခု ဒီစာအုပ်က Bangladesh ဖက် ပင်းတဲ့ Security-ray က ယူလာတာဖြစ်ပါတယ်
ကျွန်တော် နောက်ကိုလည်း BD တွေနဲ့ပတ်သက်ပြီး သိသင့်တယ် ထင်တာလေးတွေကိုလည်း စုစည်းတင်ပြပေးသွားပါ့မယ်....






Download Here


ref:http://mmcyberdevils.com/
ထလော့ ... အို မြန်မာ ...
Read More ->>

Monday, June 4, 2012

Hackers from the M0VI3




ကျွန်တော်သဘောကျလိုတင်ပေးလိုက်တာပါ...တော်တော်လေးကိုသဘောကျတာ ဘာလို့လဲ သိချင်ရင်
ဆက်လက်ဖတ်ကြည့်ကြပေါ့ဗျာ....
ဘယ်သူ့ကိုမှတိုက်ခိုက်ချင်လို့ရယ်တော့မဟုတ်ဘူး ဒီတိုင်း အပင်ပန်းပြေ ပျော်စေ ပြတ်စေ ကလက်စေပဲ :-D ( တော်ကြာ ကျွန်တော်တစ်ခုခုရေးတိုင်း သူတို့ကို $ ဖောင်းထုပါတယ် လုပ်တဲ့လူတွေရှိနေလို့ :-D )
ဟုတ်ပါတယ် ကျွန်တော်တို့ ဇာတ်လမ်းတွေထဲမှာ Hacker တွေမြင်ဖူးကြမယ်ထင်ပါတယ် လွှတ်ကောင်း ကွန်ပျုတာအများကြီး စော်အလန်းလေးနဲ့  :-D အဲ့ဒီ့လို Hacker တွေအကြောင်းပေါ့ဗျာ
၁.Monitor များ
ဘယ် Hacker မဆိုပါ ဇာတ်လမ်းတွေထဲမှာဆို များလိုက်တဲ့ Monitor တွေ မျက်စိခြောက်လုံးပါတောင် မလောက်ဘူး ကြည့်ရတာတော့ရေလည်မိတယ် မော်နီတာတွေအများကြီးနဲ့ မင်းသား Hacker က မိန့်မိန့်ကြီး ထိုင်လို့ လန်ကျွတ်နေတာပဲ :-D
၂.Typing Skill
အို Command ပေးတာကြည့်ဦးမလား မြန်လိုက်တဲ့ဖြစ်ခြင်း ခလုတ်နဲ့လက်တောင် ထိရဲ့လားမသိဘူး စန္ဒယား တီးသလိုပဲ Lol :-P
၃.Never Use Mouse
ရုပ်ရှင်တွေထဲက Hacker တွေဟာ ဘယ်တော့မှာ Mouse မသုံးပါဘူး တစ်ဖျောက်ဖျောက် Key Board ရိုက်တယ် ပြီးတာနဲ့ ဗြုန်းဆို Enter ကြီး ခေါက်လိုက်ရော ဟော ပြီးရင် ထပ်ရိုက်ပြန်ပြီ ပြီးရင် ခေါက်ပြန်ပြီ :-D
၎.Watch the Bar
Hack နေချိန်မှာ Process Bar လေး တဖြည်းဖြည်းချင်းတက်လာပါ ပြီးရင် Enter ကြီးး ၀ုန်းခနဲခေါက်ပြီး Hack လို့ပြီးသွားလေသည် :-D
၅.Password Guessing
Target ရဲ့ Password ကို Hack ချင်ရင် ဘာမှမသုံးပါနဲ့ Guessing တစ်ခုနဲ့တင် အဆင်ပြေသွားပါပြီ Guessing ဆိုတာတောင် လွယ်လွယ်ကူကူပဲသုံးခေါက်လောက်ဆို ၀င်ပါ့စေ :-D
၆.Hack with HTML
Hack နေချိန်မှာ HTML Code တွေ Monitor မှာ တသီကြီးတက်နေပါစေ :-D Html နဲ့ ရုပ်ရှင်ထဲမှာ Hack လို့ရပါတယ်
Mr.Cracker က ပို့စ်ကို ကွန့်ပြီး ရေးတာပါ ရှေ့က ပြောသလိုပဲ ပြောစေ ပျက်စေ ကလက်စေ သက်သက်ပါ ကျေးဇူးတင်ပါတယ်


source from ghostarea.net
Read More ->>

Monday, May 28, 2012

How to Install Paid Android Applications For Free







Android Tablet တစ်လုံး အသစ်ဝယ်လာတာနဲ့ ဘာအလုပ်မှမလုပ်ပဲ အဲ့ဒါပဲ နှိုက်နေတာ စာလည်း မဖတ် အလုပ်လည်း မလုပ်ပဲ ကလိနေတော့ အိမ်ကတောင် မျက်စောင်းထိုးနေပြီ ဈေးကလည်း တစ်သိန်းကျော်ပဲ ဆိုတော့ ကလိပျော်ပါတယ် ထုံးစံအတိုင်း Android နယ်ပယ်မှာလည်း Hacking ကို ကလိလိုက်ချင်သေးတယ် :-D
ကဲ အလကားမပေးတဲ့ Application တွေကို ပိုက်ဆံမပေးပဲရအောင် ကြံရအောင်
သိပ်ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး Application တစ်ခု ခံပြီး သွင်းရုံပါပဲ.. Application နာမည်ကတော့
Applet Market ပါ သူက ပိုက်ဆံပေးရတဲ့ Application တွေကို အခမဲ့ ပေးတဲ့ Service တစ်ခုပါပဲ Download & Install တန်းလုပ်ရုံပါပဲ Applet Market ကိုတော့ ပုံ မှာပဲ Click ပြီး Download လုပ်နိုင်ပါတယ်


သူ့လိုပဲ အလုပ်လုပ်တဲ့ Application ကတော့ Black Market ပါ အသုံးပြုပုံလည်း မကွာပါ အောက်မှာ Download လုပ်နိုင်ပါတယ်


စမ်းကြည့်ရင် အဆင်ပြေမယ်ထင်ပါတယ် နောက်တစ်နေ့တော့ Hacking နဲ့ပတ်သတ်တဲ့ Android Application တွေရှာပြီး ပေးပါ့မယ် Download Link တွေက သိပ်အဆင်မပြေသေးလို့ စုနေပါတယ် Android Tips & Trick ကလေးတွေလည်း တင်ဖြစ်မယ်ထင်ပါတယ်

source by ghostarea.net
Read More ->>

Thursday, April 19, 2012

အားပေးထောက်ခံပေးခြင်း


အထက်ပါပုံအတိုင်းမြန်မာအိုင်တီနန်းတော် မှကျွန်တော့်သူငယ်ချင်း little.blackr00ter (http://www.d3l3t3r-idl0t.co.cc/ မှ)
အားစော်ကားပြီး စွတ်ဆွဲ ပြောဆိုခဲ့ခြင်းအား   ကျွန်တော့်သူငယ်ချင်း little.blackr00ter ဘက်မှ အချိန်ပြည့်
အားပေးထောက်ခံနေမည်ဖြစ်ပါကြောင်း ဦးစွာပထမ ပြောဆိုလိုပါတယ်......။ အောက်ပါစာသားများ
သည်ကျွန်တော့်သူငယ်ချင်၏...http://www.d3l3t3r-idl0t.co.cc/2012/04/blog-post_10.html တွင်ဖေါ်ပြထားသောစာသားများဖြစ်ပါသည်........။

""" မြန်မာအိုင်တီနန်းတော်တွင်းမန်ဘာများအားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ ၃ရက်နေ့ မြန်မာအချိန် ၉နာရီခွဲလောက်မှာ အိုင်တီနန်းတော် အမွှေခံလိုက်ရပါတယ် ၀င်ဟက်တယ်ပဲပြောရမလား ကျွန်တော်ကတော့ ခုလိုဖြစ်တာကို ဟက်တယ်လို့မခေါ်ချင်ဘူး ဘာလို့လည်းဆိုတော့လုပ်သွားတဲ့အရာတွေက အရမ်းမိုက်ရိုင်းလွန်းတယ် ကျွန်တော်တို့ အသိမြန်ခဲ့လို့ကံကောင်းတယ်ပြောရမယ် အဲ့ဒီချိန်မှာအသစ်ဝင်လာတဲ့ မန်ဘာသစ်တွေအားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်တို့ပေါ့လျော့မှုကြောင့်ဖြစ်သွားရတာပါ ဟက်တဲ့လူက ဘာတွေလုပ်ခဲ့လည်းဆိုတော့ profile question တွေမှာ မိုက်၂ရိုင်း၂တွေရေးသွားတယ် ၀င်လာတဲ့မန်ဘာအသစ်တွေ မြင်တွေ့ရမှာပါ နောက်ပြီး photo နဲ့ movies တွေမှာလည်း sex နဲ့ပက်သက်တာတွေဝင်တင်သွားတယ် တဆိုဒ်လုံးဟက်သွားပါစေ အဲ့လောက်ဒေါသမဖြစ်မိဘူးကျွန်တော် ခုလိုလုပ်သွားတာက တော်၂မိုက်ရိုင်းပါတယ်
xxxxx Hacked by little black root xxxxx---- [ouch! now at -2]
little.blackr00ter@googlemail.com ဒီစာချန်သွားခဲ့တယ် ဆိုဒ်မှာhttp://www.d3l3t3r-idl0t.co.cc/ ဟက်သွားတဲ့လူဆိုဒ်လင့် နည်းပညာတွေပို့ချပြီး ဒီလိုစိတ်ဓာတ်မျိုးရှိတာတော့အံသြပါတယ် 
မည်သို့မည်ပုံဟက်သွားပါသလည်း
သူလည်းအရင်က အိုင်တီနန်းတော် ကနန်းတော်ထိန်းပါ ဆိုဒ်ထဲက မန်ဘာတယောက်ကို ချက်ထဲမှာ ၀င်ဆဲလို့ကျွန်တော် ရိုးချလိုက်တာပါအဲ့နေ့ကပဲသူထွက်သွားခဲ့တယ် ဖြစ်ပုံကဒီလို မန်ဘာထဲက ၀တ်မှုန်ဆိုတဲ့ ကောင်မလေးကို ကြူကျတယ်ဗျာ အဲ့ဒီကနေပြသနာတက်တော့ချက်ထဲလာရှင်း အဲ့မှာblack rotter ကအဲ့မန်ဘာကိုဝင်ဆဲတော့ ကျန်တဲ့အက်မင်တွေကသူ့ကို ရိုးချပြီးဘမ်းရတာပေါ့ အဲ့ဒါကိုသူက မှတ်ထားတယ်နဲ့တူတယ် ခုဝင်ဟက်သွားတာလည်း ၀တ်မှုန်ဆိုတဲ့ကောင်မလေးအကောင့်နဲ့ အဲ့ကောင်မလေးကို ဘယ်အက်မင်က ကျွန်တော်မသိပဲ အက်မင်တင်လိုက်လည်းမသိဘူး အဲ့အကောင့်ကနေပဲဝင်ဟက်သွားတာ ဟက်ပါတဆိုဒ်လုံး ပညာနဲ့ဟက်သွားလေးစားပါတယ် ခုလုပ်ပုံက  photo မှာ sex photo တွေတင် profile question တွေမှာ လူမဆန်တဲ့ စာတွေရေး သွားတာတော့မိုက်ရိုင်းပါတယ် 
ခုကျွန်တော်တို့ ပြန်ဖျက်ထားလိုက်ပါပြီ မန်ဘာတွေအားလုံးလည်း ကျေးဇူးပြုပြီး မိမိ ပရိုဖိုင်တွေကိုပြန်စစ် ပြီးပြင်ဆင်ပေးကျပါလို့
xxxxx Hacked by little black root xxxxx---- [ouch! now at -2]
little.blackr00ter@googlemail.com ဒီစာချန်သွားခဲ့တယ် ဆိုဒ်မှာhttp://www.d3l3t3r-idl0t.co.cc/
ဒီစာလေးတော့ ထားခဲ့တယ်ဗျ သူလုပ်တာကြွားခဲ့တာထင်ပါရဲ့ ၅မိနစ်လောက်တော့ကြာတယ်ဗျ သူဟက်တာပြန်ပြင်လိုက်ရတာလေ   """

 လို့ပြောထားတာပါ။
ကျွန်တော်ဆိုဒ်တိုင်းမှာ တင်ထားပါတယ် အဖြစ်မှန်ကိုပေါ်လာစေဖို့လဲစုတောင်းပါတယ်။
ကျွန်တော့်ကို မြန်မာအိုင်တီနန်းတော် မှာ မဟုတ်ဘဲနဲ့ သက်သေအထောင်အထားမရှိဘဲ နဲ့စွတ်စွဲခဲ့ပါတယ် ဒါပေမယ့်  ကျွန်တော် ဘာမှမလုပ်တော့ပါဘူး လူတိုင်းကတော့ ထင်ပါလိမ့်မယ် ကျွန်တော် တင်တယ်လို့ပဲပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်ကို ယုံတဲ့လူတွေလဲရှိပါတယ် ကျွန်တော့်မှာရပ်တည်ပေးခဲ့တဲ့ လူတွေလဲရှိပါတယ်။ ကျွန်တော်ကိုယုံကြည်ပေးတဲ့လူတွေကိုလဲကျေးဇူးတင်ပါတယ် ကျွန်တော့်ကို ဖြေသိမ့်ပေးခဲ့တဲ့ အကိုများညီအမများ MHU မှညီအကိုများ CHG မှညီအကိုများကို လဲအထူးပင်ကျေးဇူးတင်ပါတယ် ။ ကျွန်တော့်ကို စွပ်စွဲတဲ့လူတွေ ...........။ ကျွန်တော့်ကို အွန်လိုင်းမှာစွပ်ဆွဲတာပါ အပြင်မှာ စွပ်ဆွဲခဲ့ရင်တော့ နောင်ဘ၀မှာ လူပြန်ဖြစ်တောင် မြင့်မြတ်တဲ့ ယောက်ျားတစ်ယောက်ဖြစ်ပါစေလို့ ကျွန်တော် စုတောင်းပေးပါတယ်။ ကျွန်တော် မလုပ်ဘူးဆိုတာ ကျွန်တော့်ကိုလူတွေနဲ့ ကျွန်တော့် ကိုယ်စောင့်နတ်ဘုရား တွေလဲသိပါတယ် ကျွန်တော်ကတော့လုံပါတယ်။ နောက်တော့ ဧပြီ သုံးရက်နေ့ကိုဘယ်တော့မှလဲ မေ့နိုင်မည်မဟုတ်ပါဘူး။ အဖြစ်မှန်ကိုလဲ နေပြည်တော်မှ ကျွန်တော့်သူငယ်ချင်းများနှင့် နေပြည်တော်မှ ကျွန်တော်မိတ်ဆွေအသိများလဲသိပါတယ် နေပြည်တော်မှာ စွပ်ဆွဲခံရတဲ့နေ့ စွပ်ဆွဲခံရတဲ့အချိန်မီးပျက်နေပါတယ် အားလုံးကိုလေးစားလျှက်မှ ......

ကျွန်တော်တော်ရုံဆိုရင် သိပ်ပြီးကြားမ၀င်တတ်ပါဘူး ဒါပေမယ့်ခုဟာကတော်တော် လွန်ပါတယ်...။လူတစ်
ယောက်ရဲ့ သိက္ခာကို စော်ကားလိုက်တာပါ......။ကျွန်တော်ကတော့ ကျွန်တော့်ဘော်ဒါဘက်က ထောက်ခံ
အားပေးနေမည်ဖြစ်ပါကြောင်းနှင့် ကျွန်တော့်ဘော်ဒါကို အမြဲအားပေး နေမည်ဖြစ်ပါကြောင်းကို လူအများ
သိစေရန် တရားဝင် ကြေညာအပ်ပါသည်။.....ဒီပိုစ့်နှင့်ပတ်သက်ပြီး အရှုပ်အရှင်းများကို  ကျွန်တော် တစ်
ယောက်တည်းတာဝန် ယူမည်ဖြစ်ပြီး...တခြားမည်သူတစ်ဦးတစ်ယောက် နှင့်မျှမဆိုင်ပါကြောင်းနှင့် မကြေနှပ်သူမည်သူမဆို ထိပ်တိုက် ဖြေရှင်းနိုင် ကြောင်းနှင့် မည်သူ့ကိုမျှ ဂရုစိုက်နေမည်မဟုတ်ပါကြောင်း။

ကျွန်တော့်ဘော်ဒါအား အားပေးနေလျှက်.....။

shwekoyantaw 
Read More ->>

Tuesday, April 17, 2012

Happy New Year For All Myanmar


ဒီပိုစ့်လေးက ဘာမှတော့ဟုတ်ပါဘူး......ကျွန်တော်တို့ မြန်မာနှစ်ကူးအခါ မင်္ဂလာအချိန်လေးမှာ မြန်မာ ပြည်သားအပေါင်း ပျှော်ရွှင်ခြင်းကျန်မားခြင်းများနှင့်ပြည့်စုံ နိုင်ပါစေကြောင်း
ဆုတောင်းပေးချင်လို့ပါ.......။
နောက်ပြီး Hacking ကိုမြတ်နီုးသူချစ်တဲ့သူတိုင်း နှစ်ကူးအချိန်အခါလေးအတွင်းမှာ....ယခင်းအချိန်များထက် အဆ 1000 အဆ 10000 ပျှော်ရွှင်းစရာများနှင့်ကြုံ နီုင်ပါစေ လို့ ကျွန်တော် ဘာမှ မတတ်သော ရွှေကိုယ်ရံတော် မှဆုတောင်း ပေးအပ်ပါတယ်......။

အားလုံးသော မြန်မာပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှန်လန်းကြပါစေ.........။။။။။။





။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

                          ။။။           ။။။
                       ။။။       ။။        ။။။
                      ။။                     ။။
                        ။။                ။။
                           ။။          ။။
                               ။    ။
                                ။။
Read More ->>

Finish Operation Bangladesh


ရေပိုင်နက်အငြင်းပွားမှုနဲ့ပတ်သက်ပြီး Myanmar Hackers Unite4m မှဆင်နွဲခဲ့တဲ့ Operation Bangladesh ကို အရှုံးအနိုင်မရှိ အဆုံးသတ်ပါပြီ...

ကျွန်တော်တို့ အနေနဲ့ Operation Bangladesh ကို March27 ,2012 မှာ ဘင်္ဂလားဒေ့ရှ်ဆိုဒ်တွေကို စတင်တိုက်ခိုက်ပြီး စတင်ခဲ့ပါတယ်...Bangladesh ဖက်ကလည်း အောက်ပါအတိုင်း သူတို့ရဲ့ facebook page မှာပြန်လည်ကြေညာခဲ့ပါတယ်....

Greetings to the People of Myanmar and Bangladesh...


We are Bangladesh Cyber Army. The first and biggest hacking group of Bangladesh. As you all know, we are already in a state of war against India. We mentioned some of our demands. But now, another problem has showed up. This time, a hacking group of Myanmar with the name- "My@nm@r H4ck3rs Unite4m" has started attacking Bangladeshi websites. Being the main hacking group of the country, we cannot stand back and just see our country's websites being hacked. Therefore, this message goes to the hacking team who are engaged in any type of attack against Bangladeshi cyber space-


"THIS IS THE LAST WARNING! STAND BACK RIGHT NOW. YOU HAVE SEEN WHAT HAPPENED TO INDIA ALREADY. IF YOU STILL CONTINUE YOUR ATTACKS, YOU WILL FACE THE SAME OUTCOME".


Firstly, YOU HAVE ATTACKED OUR CYBER SPACE...

Secondly, THE REASON YOU SHOWED IS INVALID. It is completely illogical if you say Bangladesh is getting more profit regarding the sea-borders. We deserve more than we actually get and besides, it is Myanmar who are taking the major profits there. Get your logic right first!


We will not tolerate any type of attack. Stand back while you still can. If you create any further problem, the results will be severe.


United as a single ONE,

Divided by ZERO.

Our work is for our country,

Our fight is for humanity.

We Work for Justice.


We are,

Bangladesh Cyber Army.


Myanmar,


ကိုယ့်ဖက် တစ်ဖက်ထဲလည်း ကြည့်လို့မရပါဘူး...တစ်ဖက်က ပြောကြားချက်ကလည်း အကျိုးအကြောင်းညီညွတ်တာကို သတိထားမိရင် သိရှိနိုင်ကြပါတယ်....

ကျွန်တော်တို့အနေနဲ့လည်း Cyber War ကို မလိုလားကြောင်းကို facebook ကနေတစ်ဆင့် Bangladesh Cyber Army ရဲ့ admin ဖြစ်တဲ့ Shadman Tanjim ကို facebook ကနေတစ်ဆင့် အောက်ပါ message ကိုပေးပို့ခဲ့ပါတယ်....

Hello!
Dear the admin of Bangladesh Cyber Army!

This's message from My@nm@r Hack3rs Unite4m.
Today we got your message on facebook. Firstly, we want to say you Thanks coz of your message is acceptalbe and resonable. Actually we don't want Cyber War Between Myanmar and Bangladesh.
We also love peace . We can accept your message and negotiation.
There is something we want you, all people from Bangladesh, to know ...
First - We attacked Bangladeshi sites for the major reason of unacceptable Sea-Border dispute, but these attacks were since being when the maritime problem between Myanmar and Bangladesh was started happen.
Now, we don't continue attack your Cyber Space!

Second - And also there is one thing let you know! We have also got reaction from one hacker from Bangladesh who named, " Annihilat0r_BD " who hacked myanmarhost.com. You can check the proof of screen  from here.

http://ghostarea.net/wp-content/uploads ... 24x575.png

Third - All of our Cyber Space is vunlerable and all of them have been already hacked by other hackers.
Fourth - There was our Cyber Space is alittle.

What we want?
Just we want four points to know to your governmet. That's.......
1) We stand for our Land
2) We love Justice!
3) We love our Natural Resources.
4) We hate the greed of your government.

Regards.....
My@nm@ar Hack3rs Unite4m

=========================================



Bangladesh ဖက်ကလည်း Cyber War ကို အလိုမရှိကြောင်းကို BCA ရဲ့ admin ကလည်း အောက်ပါအတိုင်းအကြောင်းပြန်ခဲ့ပါတယ်....

Many Many thnx for your Message [:D] .. This is very good, u guys want peace. And I also think, Cyber War is not a good way for your demands , because this things is now in international court , so in bangladesh no one can help u. [:)] ..And I let u know, in bangladesh Maximum people say's Bangladesh also a loser, we also lose our natural resource , so it's really confusing, what is actually doing in this case. hope u guys understand. And Please Don't hack bangladeshi sites again. I think this case in now finish. So hope u guys don't hack bangladeshi sites again. Well Many Many thnx Again. See u, good bye [:D]


ဒါကြောင့်မို့ Cyber War အဖြစ်တဖြည်းဖြည်းတင်းမာလာနေတဲ့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအခြေအနေကို ပြန်လည်ထိန်းသိမ်းထားနိုင်လိုက်ပါပြီ....

source By MMhackforums.noonhost.com
Read More ->>

Saturday, April 14, 2012

My New Defacing Page


ကျွန်တော်အသစ်ပြန်လုပ်ထားတာ..ကိုယ်ပိုင်ညဏ်တော့ဟုတ်ဘူးရယ် အဆင်ပြေသလို ဟိုစစ ဒီစစ ယူထားတာ....။အောက်မှာ Demo Link...ပေးထားတယ်.ကြည့်ချင်ရင်ဝင် ကြည့်နိုင်ပါသည်.....။

Demo Link: http://pastehtml.com/view/bupk3rgui.html
Read More ->>

Friday, April 13, 2012

Start cyber war Myanmar & BD


မြန်မာနှင့်ဘင်္ဂလားဒေ့ရေပိုင်နက်အရေးကိုအကုန်သိရှိကြမှာပါ..မြန်မာဘက်က ပေးလိုက်ရပါတယ်..
ကျနော်တို့မြေအကျူး.ကျော်ခံတာ
ဘယ်မြန်မာနိင်ငံသားမှမခံပါဘူး...ဒါကြောင့် မြန်မာ hacker များစုပေါင်းပြီး...ဘင်္ဂလားဒေ့ ဆိုဒ်များကို hack
ပြီး တုံ့ ပြန်ခဲ့ပါတယ်...ဒီအကြောင်းတွေကို အစုံအလင်သိချင်ရင် MHF http://mmhackforums.noonhost.com/operation-bangledesh-vf40.html မှာကြည့်ရူနိင်ပါတယ်....ဆိုဒ်တော်တော်များများ ကို hack နိင်ခဲ့ပါတယ်...
ဒီအထဲကတစ်ခုကိုကြည့်ကြည့်ပါ... http://falahiamadrasah.edu.bd/ ........
BD Operation ကိုကျနော်တို့ ရုပ်သိမ်း
မည့်အချိန်တွင်..ဘင်္ဂလားဒေ့ ဘက်မှ တုန့်ပြန်မူတွေထွက်ပေါ်လာပါတယ်... http://myanmarhost.com/ ကို hack
သွားပါတယ်...ဒါကြောင့် BD Operation ကိုပြန်လည်အသက်သွင်းပါပြီ...ဆိုဒ်အသီးသီးမှ admin များအနေဖြင့် ဘင်္ဂလားဒေ့ ဘက်မှ တုံ့ ပြန်မူတွေဆက်လက်ရှိလာပါပြီ ။ဒါကြောင့် မိမိ ဆိုဒ်များအား...Security...အမြင့်ဆုံးထားကြပါရန်
တိုက်တွန်းအပ်ပါတယ်...
မြန်မာပြည်တွင်းပြည်ပမှာ ရှိတဲ့ hacking လောကကနှုတ်ထွက်သွားကြတဲ့ အနားယူသွားကြတဲ့ မြန်မာပညာရှင်အပေါင်းကိုလည်း ပူးပေါင်း ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါသည် ။ မြန်မာပြည် အရေး ဖြစ်သည့် အတွက်ကြောင့် ကျွန်တော်တို့နှင့် အတူတကွပူးပေါင်း ပါဝင်ဆင်နွှဲကြလိမ့်မည်ဟုလည်း ယုံကြည်ပါသည်....
ဒီ post လေးကို ဆိုဒ်အသီးသီးမှာ ပြန်လည် မျှဝေပေးစေချင်ပါတယ်...ကျနော်တို့မြန်မာတွေအားလုံးစည်းလုံးဖို့အချိန်ကျရောက်လာပါပြီ..ေ၇ပိုင်နက်
အရေးမှာကျနော်တို့မစွမ်းသာပေမယ့်...cyber war ...မှာကျနော်တို့ မြန်မာတွေ အောင်ပွဲခံကြတာပေါ့.........
ဆိုဒ် adminများအနေဖြင့် မိမိဆိုဒ်လုံခြုံရေးများ..လိုအပ်လာလျှင် နားလည်ကျွမ်းကျင်သောပညာရှင်များကိုအကူညီတောင်းသင့်ပါတယ်... MHF http://mmhackforums.noonhost.com/ တွင်လည်း..သင်တို့အနေဖြင့် အကူညီတောင်းခံနိင်ပါတယ်..



"Some BD site hack by MHF"
===========================
http://www.maksonsltd.com/
http://www.bgfcbd.com/
http://www.jonsondicon.com/
http://bist.edu.bd/
http://www.bctbd.com/
http://falahiamadrasah.edu.bd/
http://www.thepracticebd.com/images/MHU.html
http://www.bananibidyaniketan.edu.bd/
http://modelsgallerybd.com
http://www.makestate.com/
http://kutirnirman.com/
http://www.swacu98.org/
http://earndollar.net
http://www.nondonfood.com/
http://tempelats4you.com
http://yousufahmedtuhin.com/
http://erangpurchitra.com
http://ufc133livestream.co.cc/
http://www.erangpurchitra.com
http://www.bananibidyaniketan.edu.bd/home.php

လေးစာစွာဖြင့်
post By ny4t.t33
Read More ->>

Tuesday, April 10, 2012

သင်္ကြန် ကာလ ကျွန်တော် ပိုစ့်ရေးခြင်းနားမည်..။


သင်္ကြန် ကာလ ကျွန်တော် ပိုစ့်ရေးခြင်း နားမည် ဖြစ်ပါသည်....။မဟာကင်္ကြန်ပြီး ရင် တစ်ခါပြန် ပြီးဆုံတွေ့ ကြတာပေါ့။ သင်္ကြန်တွင်း တွင် ရွှေကိုယ် တို့ နဲနဲ ကဲလိုက်အုံးမည်.....။နောက်ကြမှာပဲ ကုန်းရုန်းပြီး ပိုစ့်တွေ
ပြန်တင်ပေးမည်းဖြစ်ပါသည်..။

မဟာ သက်ြန်မှာ ဘော်ဒါအပေါင်းကဲသူကကဲ ကွဲသူကကွဲ ပြဲသူကပြဲ နိုင်ကြပါစေ..။မဟာသင်္ကြန်ကို ပျှော်ရွှင် စွာ ဖြတ်သန်းနိုင်ကြပါစေလိုဆုတောင်းရင်.....။

သင်္ကြန်တွင်း ပိုစ့်တွေမတင်နိုင်တဲ့

shwekoyantaw
Read More ->>

My New Domain (ဆိုဒ် လိပ်စာအသစ်)



ကျွန်တော့်ဆိုက်ကို ဖတ်ရှုသူများ အလွယ်တကူဝင်ရောက်နိုင်အောင်လို့ ကျွန်တော် Domain name အသစ် တစ်ခုလုပ်ထားပါတယ်......။သူငယ်ချင်များအဆင်ပြေနိုင်အောင်လို့ ပါ......။ကျွန်တော် ဆိုဒ်လိပ်စာ အသစ် နာမည်ကတော့.....အောက်ပါအတိုင်းဖြစ်ပါတယ်...။

www.shweko.co.cc
Read More ->>

Tuesday, April 3, 2012

what is carders & what are they ?????






ခုတလော ဟို ဟို ဒီ ဒီ ကြည့်လိုက်ရင် carders, carding, fraud, cc, vbv စတာတွေအတွေ့ များလာပါတယ်.. အဲ့ဒိတော့ ကျနော်လည်း နည်းနည်းလိုက်ပြီးစူးစမ်းကြည့်တာပေါ့ .. ဒီကလူတွေလည်း carders တွေအကြောင်းပြောတာ / ဆွေးနွေးတာလည်းသိပ်မတွေ့ သလိုပပါပဲ (ကျနော်ပဲ ကန်းနေလားမသိ Lol ) ဒါကြောင့်ကျနော်လည်း ကျနော်သိသလောက် ပြန်ပြောပြကြည့်မယ်ဗျာ .. အကုန်လုံးမှန်မယ်လို့ လည်း ကျနော်အာမမခံနိုင်သလို ကျနော်မှားနေရင်လည်း ဝင်ပြီးထောက်ပြပေးနိုင်ပါတယ်.. open discussion အနေနဲ့ ပဲဆွေးနွေးမှာပါ .. ကဲ...စမယ်ဗျာ ...

carder ဆိုတာဘာကြောင့် လူတွေစိတ်ဝင်စားလာကြလဲဆိုရင် .. ကျနော်ကြုံ ခဲ့ရတာလေးနဲ့ ပြောပြပါမယ်...
ကျနော့်ဘော်ဒါတကောင် .. online က arab တကောင်နဲ့ ဆွေးနွေးဖြစ်တယ် ..

: - သူကပြောတယ် underground hacking ဖိုရမ်ကနေ carder ဖိုရမ်တောင်ဖြစ်ပီတဲ့ .. hacker တွေရဲ့  community တောင်မှေးမှိန်လာပါသတဲ့ ...
: - ကျနော် ကလဲပြန်ပြောလိုက်ပါတယ် ဟုတ်တယ်လို့  :fire: show-off မှာ viewing ၁၅ ယောက်ပဲရှိမယ်.. carder တွေ cc/paypal တွေ အကောင့် dump တဲ့ account dump section မှာ လူက ၁၀၀ ကျော်ကအဲဗားပဲလို့  Lol
>>>>> ဒါနဲ့ သူလည်း carder ပဲလုပ်တော့မယ်တဲ့ ..... ကဲကောင်းရော ....

:- နောက်တယောက်က coder ပါ .. သူလည်းညည်းရှာပါတယ်.. အရမ်းကိုခက်ခဲတဲ့ tools တွေကို အပင်ပန်းခံ ခေါင်းရှုပ်ခံပြီးလုပ်တာတောင် သူ့ အတွက်ပြန်လာတဲ့ feedback/respect က မရသလောက်ဖြစ်နေတယ်တဲ့ .. အပင်ပန်းခံလုပ်ထားတောင်မှ ကျေးဇူးတင်တယ်တောင်ပြောမသွားဘူးတဲ့ .. .( views ကသာ ရာကျော်ရှိတယ်.. thanks ရတာ.. 3-4 ခုရယ် Lol Lol ) ကဲ သူလည်း carder ဆိုတာစလေ့လာနေပါပီတဲ့ ... အော်. coder ကြီးတောင်... ဖြစ်ပုံက
Lol Lol Lol

carder ဆိုတာ hacker ပဲလားလို့ မေးစရာရှိပါတယ် .. ကျနော်ကတော့ ဟုတ်တယ်လို့ လည်းပြောလို့ ရသလို မဟုတ်ဘူလို့ လည်းပြောလို့ ရတယ်လို့ ထင်ပါတယ်.... ဘာလို့ လဲဆိုတော့အောက်မှာကျနော်ထပ်ရှင်းမှာပါ ... carder တယောက်ရဲ့ လုပ်ငန်းကိုပြောရရင်တော့ ပြောစရာတွေတပုံတပင်ကြီးပေါ့ဗျာ ..

carder ဆိုတဲ့အတိုင်း သူအလုပ်လုပ်တာကိုက illegal case တွေပါပဲ .. သူအလုပ်လုပ်တဲ့ နေရာကိုလည်း black market လို့ ပြောလို့ရပါတယ် ..

သူတို့ ဘာတွေနဲ့ လုပ်လုပ်လဲ ...... ကျနော်သိသလောက်ကတော့ credit card တွေ bank account တွေ paypal စတဲ့ online money puchase/transfer လုပ်ငန်းတွေနဲ့ တရားမဝင်အလုပ်လုပ်ပါတယ်..ဘာလို့ တရားမဝင်တာလဲဆိုတော့ သူတို့ မှာ ရှိတဲ့ credit card, paypal စတာတွေဟာ လူများဆီက ခိုးထားတာတွေပါ ( ခိုးတာလည်းနည်းမျိုးစုံနဲ့ ပါပဲ .. ဒါကြောင့် carder အကြောင်းကိုပြောရရင် korea ဇတ်လမ်းတွဲတွေဖြစ်ကုန်မယ် Lol )

ကဲ သူတို့ အလုပ်လုပ်ပုံကိုကြည့်ရအောင် .....

ဥပမာဗျာ ... iphone တလုံးကိုအပြင်မှာ ဘယ်ဈေးလောက်ပေါက်တယ်ဆိုတာ ကျနော်တို့  it လူတိုင်း အနည်းဆုံးတော့ ခန့် မှန်းခြေသိကြမှာပါ .. 600-800 တခုခုပေါ့ဗျာ ... ကဲ အဲ့လောက်ရှိတာကို 50 လောက် နဲ့ ဝယ်လို့ ရမယ်ဗျာ ... လုံးဝ brand အသစ် .. ကဲ...ခင်ဗျားတို့ ယုံလား .. Lol Lol မယုံမရှိနဲ့ အဲ့လိုမျိုးတွေရှိတယ်... carder တွေရဲ့ ပါးစပ်ထဲမှာပဲ ပစ္စည်းအတွက် ဈေးဆိုတာက ... သိပ်သဘောကောင်းတဲ့ carder နဲ့ တွေ့ ရင်တော့ Iphone တလုံးကို 10 နဲ့ ပေးမယ်ဗျာ .. သူတို့ နဲ့ သိပ်ခင်တာတို့ တာ့ ဥပမာ .. ခင်ဗျားက mod တို့  admin တို့ ဆို ဖားတဲ့အနေနဲ့ ခင်ဗျားကို carder တယောက်က phone တလုံးကို အလကားတောင်ပေးဦးမယ်ဗျာ .. ဒီလိုလုပ်ချင်းအားဖြင့် ခင်ဗျား (carder) အပေါ်မှာ ယုံကြည်ကြပြီးတော့ customer တွေများလာအောင်သူ့ ဘက်ကဆွယ်တဲ့ သဘောတွေလည်းပါတာပေါ့ .....

ကဲ.. ဒီနေ့ တော့ ဒီလောက်ပဲဗျာ ... ညောင်းတယ်စာရေးရတာ...ပျင်းပါတယ်ဆို Lol (မရေးလို့ ကလည်းမဖြစ်.. ဘာမှလဲမရေးပြဖူးဆိုပြီး မျက်စောင်းတွေကထိုးနေတော့ Lol ) ဒီကလူတွေ carder ဆိုတာတနဲ့ ရင်းနီးအောင်အစပျိုးလိုက်ပါပြီ


ကဲဗျာ နောက်တပိုင်းထပ်ရေးမယ်.....

သူတို့ တွေ .. ဘယ်လိုအလုပ်လုပ်ကြသလဲ .. သူတို့ ဘာတွေနဲ့ လုပ်ကြသလဲဆိုတာ .. ကျနော်သိသလောက်တော့ ပြောပြပါမယ်... ကျနော် အနီးစပ်ဆုံးတော့ပြောပေးပါ့မယ်.. မှားတာရှိရင် ခွေးလွှတ်ကြပါလို့  :fire: ..
>>> တကယ်တော့ carder လုပ်ဖို့  official အကောင့်တစ်ခုတော့ ရှိရမယ်ဗျ ... ပြီးတော့ အဲ့အကောင့်ကလည်း ဘာ illegal case နဲ့ မှမညိအောင်အတတ်နိုင်ဆုံး ကင်းကင်းရှင်းရှင်း ငွေအပြောင်းအလဲလုပ်ရပါမယ်....
>>> carder တယောက်ဖြစ်ဖို့  အနည်းဆုံး phising တော့တတ်ရပါမယ်.. phising ဆိုတာ ကလေးကလားဆိုပြီး တချို့ ကပြောချင်ကြတယ်.. အမှန်တကယ် သူလည်းသူ့ ပညာနဲ့ သူပါပဲ ... တချို့ ဆို gmail, facebook တင်မကဘူးး ... paypal, visa, libertyreserve စတဲ့ online money transfer နဲ့ ပတ်သက်နေတဲ့ ဆိုကဒ်အတုတွေတောင် လုပ်ကြပါတယ်.. တချို့ ကလည်အးလွယ်ပြောတယ်.. phising ဆိုတာလွယ်ပါတယ်တဲ့ index page မှာ source code ကို ဖွင့် link ပေးတဲ့နေရာမှာ နေရာလွဲပြီးတော့ ကိုယ့် hosting မှာ .txt ဖိုင်တခုနဲ့ သိမ်းလို့ ရရင်ပြီးရောပေါ့တဲ့ ... ကဲ .. အခု ... libertyreserve ဆိုက်ဒ်ကို လုပ်ကြည့်ပါ အဲ့လိုရရင် တစ်သန်းကြေးတောင် လောင်းလိုက်ချင်သေး ( နီကိုရဲ စတိုင် Lol ) liberty reserve မှာဆို ကိုယ့်အကောင့်ထဲရောက်ဖို့  pincode ပါဖြည့်ရပါတယ် ... login page ပြီး၇င် pincode page ရောက်သွားပါရောလား .. ဒါတောင် သူတို့ က keylogger ရန်ကို ကာကွယ်တဲ့ အနေနဲ့  pincode ကို OSK ( on screen keyboard ) လိုမျိုး click ထောက်ပြီးဖြည့်ခိုငိးတာပါ... ကဲ ခင်ဗျား လွယ်ပါတယ်လို့ ပြောတဲ့ phising အခုဘယ်လိုလုပ်မလဲ ... ............ ကဲ ကဲ တော်ပါပြီ... phising တွေတောင်ရောက်ကုန်ပီ .. . Lol အဲ့လိုမျိုးပေါ့ဗျာ ... libertyreserve တို့  western union transfer ဆိုက်ဒ်အတုတို့  လုပ်ပြီး ခိုးတတ်ဖို့လည်း လိုပါတယ်......
>>> carder တယောက်ကနောက်ထပ် hacking skill လဲကောင်းရင် ပိုကောင်းတာပေါ့ဗျာ ... google ဒါမှမဟုတ် search-engine တခုခုမှ shop တွေသီးသန့် ရှာတဲ့ dork နဲ့  လိုက်ရှာမယ်... ဖောက်မယ်... cc (credit card) info တွေခိုးမယ်.. user info တွေခိုးမယ်.. အဖြစ်နိုင်ဆုံးကတော့ carder တယာက်အလိုအပ်ဆုံးဖြစ်တဲ့ ကိုယ့် victim email တွေရဖို့ ပါပဲ .. ဘာလို့ လဲဆိုတော့ shop ဆိုက်ဒ်မှာ register လုပ်ထားတဲ့ user တွေဆိုမှတော့ သူတို့ ဆီမှာ . online money transfer အကောင့် အနဲဆုံးတော့ရှိမှာပဲလေ.. အဲ့တော့ random သောင်းချီရတဲ့ email list ထက် .. shop ဆိုက်ဒ်တွေကရတဲ့ email list ကသယ်ဟာပိုကောင်းဆိုတာ .. သိလောက်မယ်ထင်ပါတယ်.. shop ဆိုက်ဒ်တခုမှာ shell တင်လို့ ရရင် email list ကို ရအောင် ၁၀ စက္ကန့် လောက်နဲ့ ရအောင် လုပ်လို့ ၇တဲ့ နည်းရှိပါတယ်. .နောက်အပိုင်းတွေမှာ ထည့်ရေးထားမှာပါ .. မကြာမီလာမည် မျှော်..... Lol ဟုတ်တယ်လေ.. တခုချင်းစီ clt+c ... clt+v လုပ်မလား user ထောင်ဂဏန်း သောင်းဂဏန်းဆို ... သေပြီဆရာပေါ့ အဲ့လိုလုပ်နေရင် Lol Lol
>>>> ကဲအဲ့မှာ မေးစရာရှိလာပါတယ်.. carder တယောက်ကသူခိုးခို့ ရလာတဲ့  အကောင့်ထဲက money တွေကို ကိုယ့်အကောင့်ထဲ တန်းလွှဲလိုက်ပေါ့ .. ဘာလို့  အောက်ဈေးနဲ့  stuff တွေလိုက် ရောင်းနေမှာလဲ................................................. ဟုတ်ကဲ့ . .တချို့ လဲရှိပါတယ်.. သူတို့ ကတော့ online အတွက်ပဲ စဉ်းစားပါတယ်.. online မှာပဲ Purchase လုပ်မယ်ပေါ့ ... တကယ့် carder တွေက အပြင်မှာပါ .. ဘဏ်တွေကနေ သွားထုတ်ပါတယ်.. ကဲ .. ခင်ဗျား ..ခိုးထားတဲ့ ပိုက်ဆံတွေ .. အပြင်မှာတကယ်သွားထုတ်ရဲလား ????????????? ဘဏ်မှာထုတ်တာတောင်မပြောပါနဲ့ ... ကိုယ် တရားမဝင် လုပ်တဲ့ ပစ္စည်းတွေတောင် trace လိုက်ခံနေရလို့  ကျနော်သိတဲ့ ဖိုရမ်တခုက member တယောက် သူ့  computer ဖောမက်ချပြီး online ပါ မတတ်တော့ဘူး ... တပတ်လောက်ငြိမ်လိုက်ရပါသတဲ့ .. ရဲကသူ့ အိမ်ရောက်လာလို့ တဲ့ .. Lol suspect လောက်ပဲမလို့ သူခံသာသွားတယ်.. ပြီးတော့ သူ ကလည်းရဲလာတုန်းက အိမ်မှာမရှိတာပိုကောင်းသွားတယ်.. case ကလည်း suspect ဆိုတော့ ရဲတွေကလည်းချက်ချင် အိမ်ကိုဝင်မစစ်ပဲ .... မေးယုံဖြစ်လို့ ပြန်သွားပြီး နောက်တနေ့ မှပဲပြန်လာမယ်ဆိုတော့ ... ငနဲကအိမ်လည်းပြန်ရောက်ရော .. .computer ကိုအကုန်ဖျက် ဖောမက်ချ .. အသစ်ပြန်တင်ချိန်ရသွားတယ်.. တော်သေးတာပေါ့ ... နောက်နဲနဲငြိမ်လိုက်ရပါလေရော .. ကဲ ဘယ်လောက် အန္တရယ်များလဲဆိုတာ ........................
>>>> ကဲအဲ့တော့ ကျနော်အပေါ်မှာပြောထားတဲ့အတိုင်း ကိုယ့် official အကောင့်ကို ဘာ illegal case နဲ့ မှမညိအောင်ထား .... ဥပမာ .... ipod ၅၀ နဲ့  card လုပ်မယ်... တင်တယ်.. customer တယောက်လာဝယ်တယ်.. သူက ခိုးလို့ ရတဲ့ ပိုက်ဆံနဲ့ ebay လိုမျိုး online shop ဆိုက်ဒ်ကြီးကနေ ဝယ်ပေးလိုက်မယ်... ဘယ်နေ့ track နံပတ် ဘယ်လောက် ... ဘယ် ship နဲ့  .. ဆိတ်ကမ်း xxx (drop) မှာချမယ်... ဆိုပြီးလုပ်ပေးလိုက်ပါရော ( သူခိုးထားတဲ့ အကောင့်တွေထဲက ပိုက်ဆံနဲ့ ) အဲ့တော့ customer ကလည်း ဝယ်မယ် ... ကဲ ... အဲတော့ သူကပြောတယ်.. ငါ့အကောင့် xxxx ကိုပိုက်ဆံလွှဲလိုက်လို့  ( သူ့ ရဲ့  official အကောင့်ပါ ) ... ကဲ ... မမိုက်ဘူးလား ... customer ဆီက official money .......................... Glad ... ကဲ ဒီနေ့ တော့ ဒီလောက်ပဲ .. ညောင်းလာဘီ ... :fire: ..

နောက်မှ .. carder တွေ card တခုထဲနဲ့ အလုပ်လုပ်နေတာမဟုတ်ဘူး ... နောက်ထပ်ဘာတွေ လုပ်သလဲဆိုတာ ဆက်ပါမယ်... မကြာမီလာမည် ....

မှတ်ချက်။      ။ဒီပိုစ့်ကို ဘော်ဒါကြီး Dongoth ရေးပါသည်။
source from mmhackfroums.noonhost.com
Read More ->>

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Followers

About Me

My Photo
Hacking= intelligent+techonology+psychology