Showing posts with label network. Show all posts
Showing posts with label network. Show all posts

Monday, June 25, 2012

Wireless Local Area Network



ပထမဆုံးမိတ်ဆက် ပို့စ်လေး အနေနဲ့ ဘောစိလည်းရေးခိုင်းတာနဲ့ WLAN အကြောင်းလေး အစပျိုးလိုက်ပါတယ် ။ ဟက်နည်းတွေကြီး လုပ်နေတာရော သီအိုရီ ရေးနဲ့ဆို ပိုပြီး ထိရောက်မယ် ယူဆလို့ တင်လိုက်ပါတယ်ဗျာ ။

Wireless Network ချိတ်ဆက်မည်ဆိုပါက အောက်ပါနည်းလမ်းနှစ်သွယ်ဖြင့်ချိတ်ဆက်နိုင် ပါသည်။ ယင်းတို့မှာ -
၁ ) Ad.hoc Mode
၂) Infrastructure Mode
ဟူ၍ဖြစ်ပါသည်။

၁) Ad.hoc Mode (IBSS)
Ad.hoc အားတစ်နည်းအားဖြင့် Independent Basic Service Set ဟူ၍ လည်း ခေါ်ပါသည်။ယင်း Ad.hoc Mode သည် Computer အချင်းချင်း Wireless Adpater တမျိုးတည်း ဖြင့်သာအသုံးပြုချိတ်ဆက်ခြင်းဖြစ်ပါသည်။ ထို့ချိတ်ဆက်မှုတွင်မည်သည့်ကြားခံပစ္စည်း မှမလိုအပ်ပါ။



၂) Infrastructure Mode(BSS)
Infrastructure Mode အားတစ်နည်းအားဖြင့် Basic Service Set ဟူ၍လည်းခေါ်ပါ သည်။။ယင်း Infrastructure Mode သည် Computer အချင်းချင်းချိတ်ဆက်ရာတွင်း Wireless Adpater နှင့် Wireless Access Point (or) Wireless Router တို့ကို အသုံးပြုချိတ်ဆက်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် Wireless Adpater သည်အသုံးပြုသူများ၏ ရွေးချယ်မှု ပေးတွင် မူတည်ပါသည် ။
 



Wi-Fi Technology
Wi-Fi ဆိုသည်မှာ Wireless Fidelity ဖြစ်ပါသည်။ Wifi သည် Wireless Local Area Network (WLAN) အတွက်အသုံးပြုသည့်နည်းပညာတစ်ခုဖြစ်ပါသည်။ယင်း Wifi သည် IEEE 802.11 Standard အားအခြေခံထားခြင်းဖြစ်ပါသည်။ Wifi သည် IEEE 802.11b Standard ဖြစ်သည့် Frequency 2.4GHz အားအသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် IEEE 802.11 Standard များဖြစ်သည့် (802.11a,802.11b,802.11g,802.11n) Standards များတွင်ပါ အသုံးပြုနိုင်ပါသည်။ Wifi နည်းပညာသည် sender နှင့် receiver အကြား Physical Wire Connection ဖြင့်အလုပ်မလုပ်ဘဲ Radio Frequency ဖြင့်သာ Data များပေးပို့ခြင်းနှင့်လက်ခံ ခြင်းများပြုလုပ်ကြပါသည်။ RF Current များအား Antenna ဆီသို့ပေးပို့ပြီး ထိုမှတဆင့် Electromagnetic Field ဖန်တီးကာ လေဟာနယ်မှတဆင့် Propagate ပြုလုပ်ပေးခြင်းပင်ဖြစ်ပါ သည်။ ထိုသို့ RF အားအသုံးပြုပြီး Data များပေးပို့လက်ခံရန်အတွက် မည်သည့် Wifi Network မဆို Access Point လိုအပ်မည်ဖြစ်ပါသည်။ Access Point သည် Infrastructure Mode အတွက်အသုံးပြုသောကြားခံပစ္စည်းတစ်ခု ဖြစ်ပါသည်။ Wireless Network အတွင်း wireless client များအပြန်အလှန်ချိတ်ဆက်မိစေရန် အတွက်အသုံးပြုသော ပစ္စည်းဖြစ်သည်။ယင်း Access Point တွင်အောက်ဖော်ပြပါ Mode (၃) ခုပါ ဝင်ပါသည်-

၁) Root Mode
၂) Repeater Mode
၃) Bridge Mode တို့ဖြစ်ပါသည်။

၁) Root Mode
Root Mode ဆိုသည်မှာယင်း Access Point မှတဆင့် Wire Network သို့ချိတ်ဆက် ခြင်းဖြစ်သည်။ Access Point မှ Wire Network သို့ချိတ်ဆက်ရာတွင် ယင်း Access Point တွင် ပါရှိသည့် Ethernet Interface ဖြင့်တိုက်ရိုက်ချိတ်ဆက်ပါသည်။

၂ ) Repeater Mode
Repeater Mode ဆိုသည်မှာ Access Point မှတိုက်ရိုက်ချိတ်ထားသည့် အခြားသော Access Point မှတဆင့် Wire Network သို့ထပ်မံချိတ်ဆက်ခြင်းဖြစ်သည်။တနည်းအားဖြင့် Repeater Mode အားအသုံးပြုထားသည့် Access Point သည် Upstream (Root Mode) အားအသုံးပြုထားသည့် Access Point နှင့်ချိတ်ဆက်ကာ Wire Network သို့ထပ်မံချိတ်ဆက် ခြင်းဖြစ်ပါသည်။
၃ ) Brigde Mode
Bridge Mode ဆိုသည်မှာ မတူညီသည့် Access Point နှစ်ခုအကြားအချင်းချင်း အပြန် အလှန်ချိတ်ဆက်မိစေရန်အတွက် အသုံးပြုသော Mode ဖြစ်ပါသည်။ နောက်ထပ် Wireless Antenna များအကြောင်းကို ထပ်မံ ရှင်းပြပါ့မယ် ။
Wireless Antenna များ
Wireless Network အား အကွာအဝေးပိုမိုချိတ်ဆက်မိစေရန်နှင့် IEEE 802.11 Standard \ Range အားတိုးချဲ့စေရန်အတွက် External Antenna များအား အသုံးပြုဖို့ လိုအပ်လာပါတယ် ။ ( Hand made Antenna များဖြင့် ပြုလုပ်နိုင်သော်လည်း ထိရောက်မှု သိပ်မရှိလှတာကို တွေ့ရပါတယ် ) Wireless Network တွင် အဓိက အားဖြင့် အောက်ဖော်ပြပါ Antenna များအား အသုံးပြုကြပါသည် ။

၁) Omni Directional Antenna
၂) Directional Antenna တို့ဖြစ်ပါသည်။


၁ ) Omni Directional Antenna






Omni Directional Antenna သည် Common Base Antenna အမျိုးအစားဖြစ်ပြီး Point-to Multipoint စနစ်ဖြစ်ပါသည်။ ယင်း Antenna သည် အခြားသော Computer ၊ Laptop ၊ PDA များဆီသို့ Signal များအား Distribute ပြုလုပ်သည့်အခါတွင် Main Antenna အဖြစ်အသုံးပြုပါသည်။ Omni Directional Antennaတွင် Wireless Wave များသည် 360 ဒီဂရီ အတိုင်းသွားပါသည်။ထို့ကြောင့် Point-to-Point system တွင်ယင်း Antenna အားအသုံး ပြုမည်ဆိုပါက Signal range နည်းမည်ဖြစ်ပါသည်။ထို့ကြောင့် Point-to-Point system အတွက် Omni Directional Antenna အား recommend မပြုလုပ်ကြပါ။ Omni directional Antenna အား Indoor Unit များအတွက်သာ အသုံးများပါသည်။

၂ )Directional Antenna

Directional Antenna များအား Outdoor Unit များတွင် အသုံးပြုကြပါသည်။ ယင်း Antenna များသည် Signal Wave အား 45 ဒီဂရီအတိုင်းသွားပါသည်။ Directional Antenna များအား Point-to-Point System များအတွက်အသုံးပြုကြပြီး၊ တစ်ခါတစ်ရံတွင် တပ်ဆင်သည့်အ ပေါ်မူတည်၍ Multipoint System အတွက်လည်းအသုံးပြုကြပါသည်။ အောက်ဆုံးက အင်တင်နာဆိုရင် ထိုင်းဘတ် ( ၉၀၀ ) လောက် တော့ ရှိပါတယ် ။ 

posted by gtone

Read More ->>

Tuesday, June 5, 2012

Staying Anonymous (part two)



ဒီနေ့တော့ နောက်ထပ်တစ်ပိုင်းအနေနဲ့ ကျွန်တော် သိသလောက်ဆက်လက်တင်ပြသွားမှာပါ..ဒီတစ်ခါလဲအမွှားပါသွားရင် ခွေးလွတ်ပေးစေချင်ပါတယ်...။
အရင်တုန်းက offline protection ဆိုတော့ အခု နောက်တစ်ပိုင်းအနေနဲ့ online protection ပေါ့...။

Online protection

Types of online protection

  1. VPN(s)
  2. Proxies
  3. Tor
  4. SSH Tunneling
တို့ဖြစ်ကြပါတယ်......။

VPN (Virtual Private Network)

တစ်မျိုးအားဖြင့် ကျော်မယ်ခွမယ် IP ပြောင်းမယ်ဆိုရင်သုံးတယ်ဗျ...။ဘယ်လိုပြောရမလဲဆိုတော့ သူဟာ
network တစ်မျိုးဖြစ်ပြီးတော့ အဓိကအားဖြင့် public telecommunication infrastructure ဖြစ်ပါတယ်...။
ပြောမယ်ဆိုရင် အများလည်းသုံးရတဲ့ network တစ်မျိုးဖြစ်ပြီးတော့ ကျွန်တော်တို့ websites တွေဝင်ရောက် တဲ့အခါ လုံခြုံမှုကိုပေးပြီးတော့ IP တွေကိုလဲ ဖျောက်ဖျက် ပေးမှာဖြစ်ပါတယ်....ဥပမာအားဖြင့် Myanmar နိုင် ငံက IP ကို US က IP အဖြစ်ပြောင်းလဲနိုင်မှာပါ....။ဘလော့ဂါတွေအတွက်လဲ အခက်အခဲမရှိ ကျော်ခွ သုံးနိုင် ပါတယ်...ဥပမာ skynet လိုင်သုံးတဲ့သူမျိုးတွေအတွက် တကယ်အသုံးတဲ့ပါတယ်...ဘလော့ဂါတိုင်းဆောင် ထားသင့်ပါတယ်....။ လူအများနဲ့ သုံးလို့ရတာကြောင့် အကောင့်တစ်ခုကို လူအများကြီး သုံးဆွဲရင် Bandwith မနိုင်ရင်အသုံးပြုရတာလေးကန်နိုင်ပါတယ်.....။

Free VPNs

Cyberghost
HotSpot Shield
Pro XPN
Open VPN

Paid VPNs

nVPN
SwissVPN 

HTTP Proxies and SOCKS5

ကျွန်တော်တို့ အနေနဲ့ ပရုပ်ဆီပြောင်းပြီး လိုင်းပေါ်မှာနေရာပြောင်းနိုင်ပါသေးတယ်...မြောက်များစွာသော
ပရုပ်ဆီ List တွေကို အောက်ပါနေရာများကနေ အလကာရယူလိုက်ပါ....။

Alive Proxy
Hide My Ass
Proxy list

မှတ်ချက် Hide My Ass proxy တွေကို Hacking လုပ်တဲ့နေရာမှာမသုံးရ...။

Hackforums မှ proxy lists များကို ဒီနေ ရာမှာရနိုင်သေးပါတယ်....။

Premium and Private SOCKS5 တွေအတွက်ကတော့ Google search မှာရှာဖွေလေ့လာနိုင်ပါသေး
တယ်...။

Some Proxy sites

ပရုပ်ဆီဆိုက်တွေအများကြီးရှိပါတယ်...လုံးခြုံစိတ်ချရသော ဆိုက်တစ်ချို့ကိုတင်ပြပေးထားပါတယ်...

http://www.ninjacloak.com
http://www.hidemyass.com
http://go-between.me
http://ir2.me
http://rapidsurf.info
http://go-between.me
http://ir2.me
http://rapidsurf.info
http://yourownproxy.info
http://proxy.co.cc
http://iknownothing.org
http://accessyouth.info
http://buwk.com
http://UnblockFree.net
http://hillofbeans.biz
http://aptunnel.com
http://goaheadmakemyday.org
http://lameproxy.info
http://centerfoldproxy.info
http://proxylist.co
http://sneaky9.com
http://freesurfproxy.com
http://goflyakite.org
http://fastieproxy.com
http://ihaveacunningplan.info
http://schoolfreezone.com
http://proxify.net
http://passmethru.com
http://proxy2use.com
http://0001.cz.cc

ကျော်လို့ခွလို့လဲ အဆင်ပြေနိုင်ပါတယ်....။

Tor

Tor ဆိုတာအလာရတဲ့ free software ဖြစ်ပါတယ်....သင့် secure browsing တွက်လိုအပ်တဲ့ဆော့ဝဲပါ...
Hide anonymous လုပ်နိုင်တဲ့အပြင် မိမိ IP address ကိုပါနေရာရွေ့ နိုင်ပါသေးတယ်..။

အပြည့်အစုံကို ဒီမှာဆက်လက်ဖတ်ရှုနိုင်ပါတယ်....။
https://www.torproject.org/about/overview.html.en

Download Here
Download Here


SSH Tunneling

SSH Tunneling ကိုအသုံးပြုဖို့ အောက်ပါ ဆော့ဝဲတွေ လိုအပ်ပါတယ်.....။

  1. PuTTY
  2. Firefox
Download PuTTY Here




ကဲ အောက်ပါအတိုင်းလိုက်ပြီးလုပ်လိုက်ကြရအောင်

1.PuTTY ကိုဖွင့်လိုက်ပါ.
2.ပြီးရင် Text Box မှာ သင့် IP address ကိုထည့်ရပါမည်...။


3.ပြီးရင် ဘယ်ဘက် အခြမ်းက အကွက်ထဲက List တွေထဲမှာ အောက်ဆုံးနာလောက်မှာ SSH ဘေးက '+'
လေးကိုကလစ်ပြီးဖွင့်ချလိုက်ပါ...။
4. Tunnels ကိုကလစ်လိုက်ပါ...
5. သင် Port ကိုထည့် ရမှာဖြစ်ပြီး  Dynamic ကိုကလစ်လိုက်ပါ။
6. ပြီးရင် ADD နဲ့ Open ကိုကလစ်လိုက်ပါ...။ connection ရအောင်ဆက်သွယ်ပါလိမ့်မယ်..
7. ရပြီဆိုရင်သင့် Browser ထဲကိုသွားပြီး IP ကို 127.0.0.1 လို့ထည့်ပြီး port ရိုက်သွင်းပါ..။
8. ဒီအဆင့်တွေပြီးရင် သင့် Browser ကိုအသုံး ပြုနိုင်ပါပြီ..။

ကျွန်တော်ကဘာသာပြန်ပြီးရေးတာဆိုတော့ အမှားတွေ ပါနိုင်ပါတယ် ဒါ့ကြောင့် လက်သယ် ချည်းပဲ အား ကိုးမနေပါနဲ့ မှုရင်းဆိုက်မှာလဲ တစ်ချက်လောက်ဝင်ကြည့်နိုင်ပါတယ်...။
 
http://www.hackforums.net/showthread.php?tid=2237268

Ebook For Staying Anonymous

နောက်ပြီး Staying Anonymous အတွက် စာအုပ် English version တစ်အုပ်ရှိပဲသေးတယ်  တစ်ခါတည်း တွဲတင်ပေးလိုက်တာ အောက်ပါနေရာက ဒေါင်းနိုင်ပါတယ်....


Download
Download

Auto Hide IP

နောက်ပြီး Auto Hide IP ဆိုတာလေးပါ တစ်ခါတည်းလင့်ချိတ်ပေးလိုက်တယ်....သုံးလို့တကယ်ကောင်း
တယ်.....။

Download

တစ်ခုပြောချင်တာက ဒီလောက်ပုန်းနေလဲရှာနိုင်တဲ့ဟာတွေရှိပါသေးတယ်...။ကျွန်တော်က အစပျိုးပေးလိုက်တာပါ နောက်ထပ် ဆက်လက်လေ့လာကြပါလို့ပြောချင်ပါတယ်...။တကယ်တမ်းကျွန်
တော်လဲလေ့လာဆဲသူတစ်ယောက်ပါ ဘာမှကိုမတတ်သေးပါဘူး ...။အမှာပါရင်ခုထဲက တောင်းပန်ရင် နဲ့
အဆုံးသတ်ပါရစေဗျာ...။

PS: လင့်များမကောင်းရင် Cbox ထဲမှာ ရေးသွားနိုင်ပါတယ်....

http://shwekoyantaw.blogspot.com
shwekoyantaw










Read More ->>

Sunday, May 13, 2012

Network Hacking (myanmar) Ebook




BackTrack 5(BD5) နဲ့ Network ကို Hack တဲ့နည်းကို ethickiddie ကအသေးစိတ်ရေးသာထားတာပါ.......။
လိုချင်ရင်မသွားနိုင်ပါတယ်.....။
ဖတ်လို့ကောင်းရင်တော့
http://ethickiddie.blogspot.com/ မှာသွားရောက်အားပေးလိုက်ပါဦး.......။

DownloaD
Read More ->>

Thursday, May 3, 2012

ကိုယ့်ကွန်ပြူတာကနေတခြားကွန်ပြူတာကိုထိန်းချုပ်နိုင်းသလား???




MHF မှာ ဆွေးနွေးထားတာလေးပါ.......။ကျွန်တော်ကြိုက်လိုပို့စ်တစ်ပုဒ် အနေနဲ့ ပြန်သိမ်းထားတာ....။

ှQuestion....../      /မင်္ဂလာပါ အကိုတို့ .................................
ညီတစ်ခုလောက်သိချင်လို့ ပါ ။ ကိုယ့် Computer ကနေ တခြား Computer ကိုဘယ်လိုထိန်းတလဲသိချင်လို့ ပါ..ညီမှာ TeamViewer လဲရှိပါတယ်. ။ဒီ ဟာကို ညီသိပ်မကြိုက်လို့ ။ တခြားနည်းလေး၇ှိ၇င်ပေးပါလားဗျာ..........

Answer(1)......./      /ဟုတ်ကဲ့ ရတဲ့နည်းတွေကတော့များတယ်....
အဲဒီအထဲက တစ်ခုကိုပြောပြပါ့မယ်..

အဲဒါက Window OS မှာ တစ်ခါတည်းပါဝင်လာပြီးသားစနစ်တစ်ခုပါ
အဲဒါကတော့ Windows remote Assistance ဖြစ်ပါတယ်

ကဲ စရအောင် ........

နံပါတ် ၂ က နံပါတ် ၁ ကို ထိန်းချုပ်ချင်တယ် ဆိုပါတော့
နံပါတ် ၁ ဘက်ကနေ အခုလို ပထမဆုံအနေနဲ့ လုပ်ဆောင်ပေးရပါမယ် ။ Programs ကနေ Windows remote Assistance ကိုခေါ်လိုက်ပါ
Windows remote Assistance ဆိုတဲ့ Box တစ်ခုကျလာတာနဲ့
Invite someone you trust to help you ကိုေ၇ွး ၊ Save this invitataion as a file ကိုထပ်ရွေး

အဲဒီဖိုင်ကို Desktop ပေါ်မှာပဲ Save လိုက်ပါ ။ Save လိုက်တာနဲ့ တစ်ပြိုင်နက်တည်း Box တစ်ခုကျလာပါဦးမယ်

အဲဒီ Box ထဲမှာ password ပါ တစ်ခါတည်းပါဝင်လာပါမယ် ။အဲဒီ password ကိုမှတ်ထား ပြီးရင် နံပါတ် ၂ ဘက်ကနေ လုပ်မယ်

...............................................................

နံပါတ် ၂ ဘက်ကနေ Windows remote Assistance ကိုခေါ်လိုက်
Windows remote Assistance ဆိုတဲ့ Box တစ်ခုကျလာတာနဲ့ Help someone who has invited you ကိုရွေး ပြီးရင်
Use Easy Connect ကိုထပ်ရွေး ၊ေ၇ွးပြီးတာနဲ့ Enter the Easy Connect password ဆိုပြီး password ထည့်ခိုင်းလိမ့်မယ်
ခုနက မှတ်ထားခိုင်းတဲ့ password ကိုထည့်ပေးလိုက်

ဒါဆိုရင် ပြီးပြီ......./

Answer(2)............./       /
RAT နဲ့ ဆို ထိန်းနိုင်မယ်ထင်တာပဲ

Note::: RAT လုပ်မယ်ဆိုတော်တော် သတိထားရပါတယ်..tools တွေတော်တော်များများကိုက fake program တွေ
tools တွေ ဆွဲပြီးသွားပြီ ဆိုရင်တောင်မှ Kaspersky က ချက်ချင်းလိုက်သတ်တယ်
ဘာလို့လဲ ဆိုတော့ အဲဒီ tool တွေ မှာ malicious codes တွေ နဂိုကတည်းကပါတယ်
စမ်းသပ်မယ်ဆို
ကိုယ့် အရေးကြီးတဲ့ computer မှာ မစမ်းပါနဲ့

Google မှာ ရိုက်ရှာဖို့ :)
RAT ( Remote Administartion Tools )
RAT tutorial
ratting
network hacking
cain and able


ny4t.t33 ရေးထားတဲ့ prorat tutorial
prorattutorials-vt461.html

ဒါက deepfreeze ကို hack ဖို့
credit to ==> shwekoyantaw
www.ziddu.com/download/15199708/DEEPFRE ... R.rar.html

Answer(3)......../       /ဒါလေးကောင်းတယ် ညီရေ ..
http://www.vedivi.com/support/blog/167- ... ernet.html

Rat သုံးချင်တယ်ဆိုရင်တော့ Live connect ရဖို့  port forward လိုပါတယ်... ဒါမှမဟုတ် FTP host / email ( need username+pass << make is with secondary account to avoid backdoor ) ကို logs အနေနဲ့ ပို့တဲ့ stealer တွေလောက်ပဲ စသုံးကြည့်ပေါ့ ....

ကိုယ်က သူများကို control လုပ်ချင်ရင်တော့ ကိုယ်က သူ့ ထက် smart ပိုဖြစ်ဖို့ တော့လိုတယ်နော့်


copy from http://mmhackforums.noonhost.com 
Read More ->>

Wednesday, February 15, 2012

Cisco Router Password cracking

 
 
 
Cisco ကိုလေ့လာနေတဲ့ Network သမားတွေအတွက် Cisco Router တွေရဲ့ Password ကို cracking လုပ်တဲ့ နည်းတစ်ခုပါ။ ကြီးကျယ်ခန်းနားလွန်းတဲ့ နည်းပညာတစ်ခုတော့ မဟုတ်ပါဘူး။ တော်တော်ကို ရိုးရှင်းလွန်းပါတယ်။ Router ရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်ဖို့ပဲ လိုပါတယ်။ Network သမားတွေအတွက် အသုံးဝင်မယ်ထင်လို့ ရေးလိုက်တာပါ။ အခု ဒီ Cisco Router Password Crackingကို ကျွန်တော်ကိုယ်တိုင် router မှာ လက်တွေ့ စမ်းပြီးမှ တင်ပေးလိုက်တာပါ။ တစ်ကယ် လို့ ခင်ဗျားတို့မှာ စမ်းသပ်စရာ Router အစစ် မရှိဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး Cisco က သူ့ရဲ့ ပါတနာ တွေကို ထုတ်ပေးထားတဲ့ Packet Tracer Software နဲ့ စမ်းလို့ရပါတယ်။ တစ်ကယ့် Router အစစ်နဲ့ ကြုံလာခဲ့ရင်လည်း အဲဒီ အတိုင်းပါပဲ။ အခု ဒီနည်းက GNS3 မှာတော့ စမ်းလို့ မရဘူး။
Step (1) Password Cracking လုပ်ချင်တဲ့ Cisco Router ကို Power ဖွင့်ပြီး boot တက်လာတဲ့အခါ Keyboard ကနေ Ctrl + C (သို့မဟုတ်) Ctrl + Pause Break နိုပ်လိုက်ပါ။ အဲဒါဆို Rommon> Mode နဲ့ တက်လာပါလိမ့်မယ်။
မှတ်ချက်။ ။ တစ်ချို့ Cisco Router တွေမှာ Ctrl + C နှိပ်လို့မရပါဘူး။ Ctrl + Pause Break နှိပ်မှ ရပါတယ်။ 
Step (2) Rommon> Mode မှာ confreg 0x2142 လို့ရိုက်ပါ။ တစ်ကယ်တော့ 0x2102 ကို 0x2142 ပြောင်းလိုက်တာပါ။ ဒီနေရာမှာ အကျင့်တ၀န့် ရှင်းမပြတော့ပါဘူး။  ပြီးရင် reset လို့ရိုက်ပြီး router ကို reset ချလိုက်ပါ။
Step (3) router reset ကျပြီး ပြန်တက်လာတဲ့အခါ yes (or) no မေးရင် manual လုပ်မှာ ဖြစ်တဲ့ အတွက် no လို့ရိုက်ပြီး enter ခေါက်ပေးလိုက်ပါ။ router ရဲ့ user mode ကိုရောက်သွားပါလိမ့်မယ်။ ဒီနေရာမှာ ဘာ password မှ တောင်းမှာ မဟုတ်တော့ပါဘူး။
Step (4) Router ရဲ့ user mode ကနေ privileged mode ကိုပြောင်းဖို့ အတွက် enable လို့ရိုက်လိုက်ပါ။ ဒါမှမဟုတ် အတိုခေါက် en လို့ရိုက်လည်း ရပါတယ်။ ပြီးသွားရင် copy start run လို့ရိုက်ပေးလိုက်ပါ။ အဲဒီမှာ destination filename ဆိုပြီး မေးလာရင် ဒီအတိုင်းပဲ enter ခေါက်ပေးလိုက်ပါ။ အဲဒါဆို အရင်လုပ်ထားတဲ့ router configuration file တွေကို copy ကူးပေးပါလိမ့်မယ်။ အရင်လုပ်ထားတဲ့ router configuration အတိုင်း ပြန်ရသွားပါပြီ။
Step (5) မိမိ ပြန်ချိန်းချင်တဲ့ password ကို ပြန်ချိန်းလို့ရပါပြီ။ console port password တွေ၊ privileged mode password တွေကို ကိုယ့်စိတ်ကြိုက် ပြန်ချိန်းခွင့်ရသွားပါပြီ။ password တွေ ပြန်ချိန်းပြီးသွားပြီ ဆိုရင် privileged mode မှာ copy running-config startup-config (သို့) write (သို့) wr လို့ရိုက်ပြီး save လိုက်လိုက်ပါ။
Step (6) လက်ရှိ configuration တွေကို save ပြီးသွားပြီဆိုရင် Global Configuration Mode ကိုပြောင်းဖို့အတွက် configure terminal (သို့) conf t ဆိုတဲ့ command ကိုရိုက်လိုက်ပါ။ config mode ကိုရောက်သွားပြီဆိုရင် config-register 0x2102 ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင် reload လို့ရိုက်ပြီး router ကို reload လုပ်လိုက်ပါ။ router boot ပြန်တက်လာတဲ့ အခါ မိမိ ပြန်ပေးထားတဲ့ password နဲ့ဝင်လိုက်ပါ။ အိုကေသွားပါပြီ …။
အားလုံးပဲ အဆင်ပြေကြပါစေ ….. လေးစားစွာဖြင့် သူရ 
 
copy from http://www.tramyanmar.co.cc/
Read More ->>

ယနေ့ခေတ်စား လာတဲ့ မြန်မာနိုင်ငံကိုချိန်းခြောက်နေသော DDoS attack အကြောင်း

 
 
DoS ဆိုတဲ့ တိုက်ခိုက်မှုဟာ ယနေ့ခေတ်မှာ အင်တာနက် တိုက်ခိုက်ရေးသမားတို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်.. Denial of Service ဆိုတဲ့အတိုင်း အတိုက် ခိုက်ခံရသူရဲ့ Computer သို့မဟုတ် Webserver ရဲ့ Bandwidth , CPU, Memory အသုံးပြုမှုတွေက သာမာန်ပေးစွမ်းနိုင်တဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့အတွက် Out of Service တွေ ဖြစ်ကုန်တာပါ။ ကြားဖြတ်၍ Resource အားလုံးကို စားသုံးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင်ပြောရမယ်ဆိုရင် ကျွန်တော်တို့က www.planetcreator.net ဆိုပြီး Browser မှာရိုက်ထည့်လိုက်ရင် နောက်မှာ အလုပ် လုပ်ပေးတာက www.planetcreator.net တင်ထားတဲ့ Webserver က အလုပ်လုပ် ဖြေကြား၊ ဖော်ဆောင်ပေးရတာဖြစ်ပါတယ်။ ဒီတော့ သာမာန်တောင်းဆိုမှုနဲ့ ပိုတဲ့ Fade Request တွေကို server ကပြန်လည်ဖြေကြား ပေးနေရတဲ့အတွက် Over Load ဖြစ်ကာ Server က ဆက်သွယ်မှုရပ်တန့်သွားရခြင်းဖြစ်ပါတယ်။

DoS တိုက်ခိုက်မှုမှာ သတ်မှတ်ထားတဲ့ Targeted System (Victim) နဲ့ ၄င်း System ရဲ့ Port, network component, firewall ကို အတိအကျရွေးချယ် တိုက်ခိုက်တာဖြစ်တဲ့ အပြင် printer တွေ Alarm System တွေပြတ်တောက်သွားအောင် တိုက်ခိုက်တာလည်းရှိပါတယ်....

ဒါကြောင့် DoS အတိုက်ခံရပြီဆိုရင်
* Network ရဲ့ စွမ်းရည်ကျဆင်းလာခြင်း (နှေးကွေးလာခြင်း)
* Website များကို အသုံးပြုတဲ့အခါ အသုံးပြု၍ မရခြင်း (တိုက်ခိုက်တဲ့သူက http server ကို request အမြောက်အများတောင်းဆိုခြင်းကြောင့်)
* spam mail တွေ အ၀င်များလာခြင်း ( Mail Server ပျက်စီးမယ်/တိုက်ခိုက်သူက အချိန်တိုအတွင်းမှာ မေးလ်တွေ ထောင်ပေါင်းများစွာကို victim အားပို့ဆောင်သောကြောင့်)
* Computer or Webserver များရဲ့ CPU & Memory Usage တွေ မြင့်တက်နေခြင်းတို့ကိုတွေ့ရနိုင်ပါတယ်။


တိုက်ခိုက်ပုံ

DoS ရဲ့ တိုက်ခိုက်ပုံကတော့ Peer to Peer တိုက်ခိုက်သလိုပါပဲ... အထူးပြုလုပ်ထားတဲ့ DoS Tool တွေနဲ့ Vitim ရဲ့ host သို့မဟုတ် ip address and port တွေကို အချိန်တို အတွင်းမှာ request ပေါင်းများစွာတောင်းဆို အသုံးပြုခြင်းပဲဖြစ်ပါတယ်။

တိုက်ခိုက်တဲ့ မှုကွဲတွေကတော့
* ICMP Flood
* Teardrop Attack
* Peer-to-Peer Attack
* Permanent Denial of Service
* Application Level Floods (IRC Floods)
* Nuke
* Distributed Attack
* Reflected Attack
* Degradation-of-Service
* Unintentional Denial of Service
* Denial of Service Level II
* Blind Denial of Service

DDoS ( Distributed Denial of Service) ဆိုတာ DoS ရဲ့ Advanced Version တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပစ်မှတ် Server တစ်ခုကို flooding packets ပေါင်းများစွားအာ
single network တစ်ခုကတင် မဟုတ်ပဲနဲ့ Multiple host or network တွေကနေတိုက်ခိုက်တာပါ။ DDoS က ယနေ့ခေတ်အတွက် ကုရာ နတ္ထိဆေးမရှိသလိုဖြစ်နေပြီး မိမိသုံး
တဲ့ Server ရဲ့ Security အားနည်းတာလည်း ဖြစ်နိင်သလို site ရဲ့ security စောင့်ကြည့်မူ့တွေအားနည်းမူ့ကြောင့်လည်း ဖြစ်ပါတယ်။


ဘယ်လိုပဲဖြစ်စေ DoS နဲ့ DDoS ကိုကျွန်တော်တို့ ထပ်ပြီး အနည်းငယ် အကျယ်ချဲ့ ကြည့်ရအောင်.. ကျွန်တော်က လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ နှောက်ယှက်ချင်တယ်ဆိုရင် အဲ့လူရဲ့ ဖုန်းနံပါတ်ကိုကောက်နိုပ်လိုက်မယ်.. ပြီးရင် အဲ့လူနားထောင်လောက်တဲ့ အချိန်ကျမှ ဖုန်းကို ကောက်ချလိုက်မယ်.. ဒီလိုအကြိမ်အရေအတွက် များလာခဲ့မယ်ဆိုရင် တစ်ဖက်ကလူလည်းအနှောက်အယှက်ဖြစ်မယ်... စိတ်ညစ်မယ်ပေါ့.. ဒါဟာ Attacker to Victim တိုက်ရိုက် ဆက်နွယ်တဲ့ DoS နည်းလမ်းပဲ... ဒါပေမဲ့ Victim က နည်းပညာကောင်းပြီး Attacker ရဲ့ ဖုန်းနံပါတ်လေးတစ်ခုတည်းကိုပဲ Block လုပ်ထားလိုက်မယ်ဆိုရင် Attacker က ခေါ်လို့ရမှာမဟုတ်တော့ဘူး ... ဒီလိုအချိန်မှာ Attacker က ထပ်လောင်း၍ တစ်ခြားနည်းလမ်းကိုသုံးလာလိမ့်မယ်.. အဲ့ဒါကတော့ Radio Station တွေကနေပြီးတော့ လာမည့်ဘယ်နေ့ ဘယ်အချိန်မှာ ဘယ်ပွဲအတွက် လက်မှတ်တွေကို ဈေးနှုန်းချိုသာစွာရောင်းချနေတယ်... နောက်ထပ် ဘယ်နေရာမှာ အန္တရာယ်နဲ့တွေ့နေတယ်.. ဒီလို Fade တွေကို Victim နဲ့ သတ်ဆိုင်တဲ့သူတွေကို သတင်းပေးလိုက်မယ်ဆိုရင် Victim ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကလည်း Victim ကို တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက် အကြောင်းကြား အသိပေးနေတော့မှာပါပဲ.. ဒါက Distributed လုပ်တယ်လို့ ခေါ်တယ်.. တစ်နည်းအားဖြင့် DDoS ပေါ့...

Distributed လုပ်တဲ့နေရာမှာ Attacker (Hacker) တွေက Malware, Virus တွေနဲ့ဖြစ်စေ Fade Mail, Social Engineering နဲ့ဖြစ်စေ အွန်လိုင်းကို ဖြန့်လိုက်ပါတယ်... ၄င်း Attacker ရဲ့ Malware,Virus တွေ မိမိစက်ထဲကိုရောက်လာတာပဲဖြစ်စေ Social Engineering နဲ့ရောက်လာတာပဲ ဖြစ်စေ မိမိရဲ့ စက်ဟာ Attacker ရဲ့ အသုံးချခံဖြစ်သွား ပါပြီ... ဒါကို Zombie လို့ခေါ်ပါတယ်... ဒီ Zombie တွေဟာ ဟက်ကာတွေရဲ့ ခိုင်းစေတာကို လုပ်ဆောင်ဖို့ အချိန်တိုင်းအသင့်ရှိနေကြပါတယ်... ဒီလိုအွန်လိုင်းမှာ ဟက်ကာတွေ ရဲ့ အသုံးချခံနေရတဲ့ Zombie တွေက မနည်းပါဘူး။ ဒီအချိန်မှာ တိုက်ခိုက်မဲ့ Attacker (Hacker) က ၄င်းရဲ့ Zombie တွေကို အချိန်၊ နေရာ တွေကို ညွန်ကြားပေးလိုက်တာနဲ့ Victim ကို အားလုံး Fade Request, Fade Mail တွေ ပို့ဆောင်ကြတာပါပဲ...

Fade Mail ဆိုတာက Mail Bomber ပုံစံမျိုး တစ်ကြိမ်မှာ မေးလ်ပေါင်း သောင်းနဲ့ ချီပြီး ပို့ဆောင်နိုင်သလို ၄င်းကို Distributed လုပ်ပြီးတိုက်ခိုက်တာလည်းရှိပါတယ်... သာမာန် user တစ်ယောက်က ထိုသူသွားလည်တဲ့ Website (www.abc.com) တစ်ခု ရှိတယ်ဆိုကြပါစို့ .. Attacker က ၄င်းရဲ့ Website မှာ စိတ်ဝင်စားစရာ ကြော်ငြာလေး တစ်ခုထည့်ထားမယ် ... ဒီအချိန်မှာ ၄င်း site (www.abc.com) ကိုလာရောက်လည်ပတ်တဲ့သူတွေက ၄င်း ကြော်ငြာ်လေးကို နိုပ်လိုက်တိုင်းမှာ Attacker ကြိုတင်သတ်မှတ် ထားတဲ့ Victim ရဲ့ mail server ကို မေးလ်ပေါင်း မြောက်များစွာ ပို့ကြပါလိမ့်မယ်... ဒီလိုအချိန်မှာ တစ်ဖက်က SMTP/POP စသည့် Mail Server တွေက Down သွားနိုင်ပါ တယ်။

ဒါဟာ ရိုးရှင်းတဲ့ တိုက်ခိုက်မှုပဲရှိပါသေးတယ်...DoS and DDoS တိုက်ခိုက်မှုမှာ 'packet-forgery' ခေါ်တဲ့ packet အတုအယောင် ဖန်တီးခြင်း၊ 'IP spoofing' ခေါ်တဲ့ IP Address ကို packet နဲ့အတူပြောင်းလဲခြင်း စသည်အများကြီးရှိပါသေးတယ်..

ဒီနေရာမှာ Ethernet ဆိုတာကို နဲနဲလေး လူဗိန်းနားလည်လောက်တဲ့ ပုံစံနဲ့ ပြောပါမယ်.. Ethernet ရဲ့ System တွေဆက်သွယ်မှုမှာ "packets" frames လေးတွေ ကရှိပါတယ် အဲ့ frame ထဲ destination address, source address type field and data လေးတွေပါဝင်ပါတယ်... Ethernet address က 6 bytes ရှိပြီး ၄င်းတို့ရဲ့ ကိုယ်ပိုင် Ethernet Address တစ်ခုစီ ရှိကြပါတယ်။ Ethernet က အသုံးပြုတာက CSMA/CD (Carrier Sense and Multiple Access with Collision Detection) ကိုအသုံးပြုတာဖြစ်တဲ့အတွက် ၄င်းတို့က Data တစ်ခုပို့တော့မယ်ဆိုရင် ၄င်းပို့မယ့် Destination လမ်းကြောင်းပေါ်မှာ သူပို့ဆောင်တဲ့ Data တွေ ရှိမရှိစစ်ပါတယ်... ရှိသေးရင် ခေတ္တခဏ စောင့်ပြီးမှ ထပ်ပို့ပါ တယ်... ဒီလိုလုပ်တာကို Collision Detection လုပ်တယ်လို့ခေါ်ပါတယ်.. ဒီတော့ တစ်ခါပို့နိုင်ပြီး လက်ခံတာကတော့ အဆက်မပြတ်လက်ခံနိုင်တယ်ဆိုတဲ့ သဘောပေါ့....

ဒါကို ဥပမာတစ်ခုထပ်ပေးမယ်... Ethernet technology ဆိုတာ အမှောင်ခန်းထဲမှာ လူတွေဝိုင်းဖွဲ့ စကားပြောတာနဲ့တူပါတယ်... အခန်းထဲမှာဘယ်သူပြောပြော အားလုံးက ကြားပါတယ်.. ဒါက Carrier Sense ဖြစ်ပါတယ်။ အခန်းထဲက လူတိုင်းက သူတို့ စိတ်ဆန္ဒရှိရင် ပြောဆိုနိုင်ပါတယ်.. ဒါက Multiple Access ဖြစ်ပါတယ်.. ဒါပေမဲ့ပြောတဲ့သူ တွေတိုင်းက ယဉ်ကျေးသိမ်မွေ့တဲ့အတွက် စကားပြောတဲ့ နေရာမှာ ဆင်ခြင်ကြတယ်ပေါ့... အကယ်၍ တစ်ယောက်က စကားပြောတဲ့အခါမှာ နောက်တစ်ယောက်က ပထမတစ် ယောက်ရဲ့ စကားအပြီးကိုစောင့်ကြပြီး ဘာမှမပြောပါဘူး... ဒါက Collision Detection ဖြစ်ပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေမှာ နာမည်ကိုယ်စီရှိကြပါတယ်.. ဒါက unique Ethernet address ဖြစ်ပါတယ်... ဒီအချိန်မှာ အခန်းထဲက လူတစ်ယောက်က " Hello, brb, I'm PlanetCreator " လို့ပြောရင် ဒါက Ethernet destination and source
address ဖြစ်ပါတယ်... ပြောမဲ့သူက အားလုံးကို ပြောချင်တယ်ဆိုရင် "Hello everyone, I'm PlanetCreator" လို့ပြောပါလိမ့်မယ်.. ဒါက Broadcast Message လို့ခေါ်ပါတယ် အဖြစ်အများဆုံးကတော့ ဒီအခန်းထဲမှာ ရှိတဲ့သူတွေအားလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်တဲ့အတွက် စကားကို လျို့ဝှက်ချက်မပါပဲ ပွင့်ပွင့်လင်းလင်းပြောကြပါ တယ်... ဒါက non-encrypted data communication is common ဖြစ်ပါတယ်..

ဒီအချိန်မှာ အခန်းထဲကို လူစိမ်းတစ်ယောက်က ၀င်လာတယ်ဆိုပါစို့ ဒါကို (has tapped that Ethernet segment) လို့သတ်မှတ်မယ်... အထဲမှာပြောတဲ့သူတွေအားလုံးက လျို့ဝှက်ချက်မရှိပဲပြောသလို ၀င်ရောက်လာတဲ့ လူစိမ်းကလည်း စကားဝိုင်းကို မနှောက်ယှက်ပဲ ထိုင်ပြီးနားထောင်နေမယ် .. ဒါကို Sniffing လုပ်တယ်လို့ခေါ်မယ်... ပြီးရင် အခန်းထဲက ပြန်ထွက်သွားမယ်... ဘာမှနှောက်ယှက်မှုမလုပ်ခဲ့တဲ့အတွက် သူ့ကို Detect လုပ်ဖို့ခက်ပါတယ်.. ဒီလောက်ပါပဲ...

ဒီအချိန်မှာ ၀င်ရောက်လာတဲ့ လူစိမ်းက အဆက်မပြတ်ပြောနေမယ်ဆိုရင် ဒါက DoS to that segment of the Ethernet ဖြစ်တယ်လို့ခေါ်ပြီး သူတစ်ယောက်တည်းတင်သာမ က အခြားသူများကိုပါ စကားတွေ တစ်ပြိုင်နက်ထဲပြောအောင် လုပ်တယ်ဆိုရင် DDoS ပေါ့... ပြီးရင် အခန်းတစ်ခုလုံး လက်ပံပင်ဇရပ်ဖြစ်သွားတော့ စကားဝိုင်းခေါ်တဲ့ server ပျက်ပြီပေါ့...

လူစိမ်းက ခဏကလို စကားတွေပြောတဲ့အခါ အခြားသူတစ်ယောက်လို အသံမျိုးနဲ့ ထပြီး စကားပြောမယ်.. နောက်တစ်ခါ နောက်တစ်ယောက် လေသံနဲ့ အသံတုလုပ်ပြောမယ် ဆိုရင် ဒါက IP Spoofing လုပ်တယ်ခေါ်တယ်... ပြီးရင် နောက်တစ်ယောက်ကို နာမည်အတုနဲ့ စကားတွေပြောနေမယ်ဆိုရင် packet forgery လို့ခေါ်တယ်...

သာမာန်အတွက် Attacker (Hacker) က How are you ? ဆိုတဲ့ မေးလ်ခွန်းကို Server (Victim) က I'm fine ဆိုပြီးတစ်ခါဖြေနိုင်ပါတယ်။ ဒါပေမဲ့ Attacker ဖန်တီးထားတဲ့ Zombie တွေက တစ်ချိန်တည်း တစ်ပြိုင်တည်း How are you? How are you? How are you? ဆိုပြီး အုံလိုက်မေးတဲ့အခါ server က တစ်ယောက်ကိုဖြေကြားပေးပြီး နောက်တစ်ယောက်ကို ဖြေကြားပေးဖို့ လုပ်ဆောင်ရပါတယ်... ဒီလိုဖြေကြားနေရတာများတော့ CPU တွေ RAM တွေက မခံနိုင်တော့ပါဘူး။ ဒါကြောင့် ဆက်သွယ်မှုတွေ ပြတ်တောက်သွားတာပါ။ Server Overload ဖြစ်ပြီး Data တွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။


DoS or DDoS attack ကိုဘယ်ကိုကာကွယ်မလဲ ဆိုတာကတော့ ရာနှုန်းပြည့်ကာကွယ်နိုင်တဲ့ နည်းလမ်းကို မတွေ့သေးပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့နည်းလမ်းတစ်ချို့တော့ရှိပါ တယ်...

* အမြဲတမ်းမိမိရဲ့ anti virus program ကို update လုပ်ပေးပါ
* Firewall အားမှန်ကန်၍ တင်းကြပ်သော rule များသတ်မှတ်ပါ...
* မိမိကွန်ပျူတာမှာ မလိုအပ်တဲ့ Intenet Port Number တွေကိုပိတ်ပါ.. ကွန်ပျူတာရဲ့ Port ကိုစစ်ရန် http://www.auditmypc.com/firewall-test.asp
* Email အား စနစ်တစ်ကျအသုံးပြုပါ... mail filtering ကိုအသုံးပြုပါ...
ဒီအတွက် အဓိက အနေနဲ့ကတော့ Firewall ကိုထပ်ပြီးပြောပါမယ်.. Firewall မှာ Hardware Firewall နဲ့ Software Firewall ဆိုပြီးရှိပါတယ်...


Hardware Firewall

ဒါကို Network Firewall လို့လည်းခေါ်ပြီး ယနေ့ခေတ် နောက်ဆုံးပေါ် ADSL Router တွေမှာ တစ်ခါတည်းတွဲပြီးပါလာတတ်ပါတယ်... Coporate လုပ်ငန်းတွေဆိုရင်တော့ Firewall Router တစ်ခုကို သီးသန့်ဝယ်ပြီး ဆင်ထားတတ်ကြပါတယ်... Software Firewall ထက်စာရင် Hardware Firewall ကပိုပြီးကောင်းမွန်ပါတယ်..

နောက်တစ်ခုက ဒါကတော့ DoS or DDoS တွေကို ကာကွယ်ဖို့ ကောင်းမွန်တဲ့ Server ဖွဲ့စည်းမှုတစ်ခုပါပဲ... အထဲမှာ Hardware Firewall အပြင် Load Balancer ဆိုတာကိုပါထည့်ထားပါ တယ်...

Load Balancer ကိုပြထားတာပါ...
အားလုံးကို အကျဉ်းချုပ်ပြီးပြောရမယ်ဆိုရင် DoS ဆိုတာ Attacker ကနေ Victim ကို တိုက်ရိုက်တိုက်ခိုက်တယ်.. DDoS ဆိုတာကတော့ ကြားခံ Zombie ကိုမွေးပြီး တိုက်ခိုက် တယ်... ဒီလောက်ပါပဲ...


Zombie & Botnet

Zombies ဆိုတာ ဟက်ကာရဲ့ အသုံးချခံတစ်ခုဖြစ်ပြီး Victim ကို ဟက်ကာရဲ့ ခိုင်းစေချက်အတိုင်း တိုက်ခိုက်ရတာဖြစ်ပါတယ်.. ဒါကြောင့် Zombie ရတယ်ဆိုတာ malware ရတာလို့ဆိုနိုင်ပါတယ်.. Malware (zombie) ရထားတဲ့ ကွန်ပျူတာဟာ

* Sending spam
* Hack other computers
* Denial of service attacks
* Advertisement click fraud
* Phishing websites

စသည်တို့ကိုလုပ်ဆောင်ကြပါတယ်..

၎င်း Malware, trojan, virus ဟာ အသုံးချခံကွန်ပျူတာအတွင်းဝင်ရောက်ပြီး အထဲမှာရှိတဲ့ Security တွေ၊ Antivirus တွေကို ပိတ်ကာ Hacker အနေနဲ့ Additional Programတွေ ထည့်သွင်းလို့ရအောင်၊ ၀င်ထွက်လို့ရအောင် လမ်းဖွင့်ပေးပါတယ်... ဒီတော့ ၄င်း ကွန်ပျူတာက Hacker ရဲ့ အသုံးချခံလုံးလုံးဖြစ်ပြီး လိုအပ်တဲ့အခါ အသုံးပြုလို့ရအောင် Hacker တွေက ၄င်း Zombie လေးတွေကို စုထားတတ်ပါတယ်... ဒါကို botnet လို့ခေါ်ဆိုနိုင်ပါတယ်.. bot ဆိုတဲ့အဓိပ္ပါယ်ကလည်း Robot လို Artificial Intelligence ပေါ့... အခုလို Trojan တွေများလာခဲ့ရင် စေလိုရာစေ ခိုင်းလို့ရပါပြီ... ဟက်ကာတွေက Zombie တွေသုံးပြီးတိုက်ခိုက်လိုက်တော့ သူတို့ကို လိုက်လံ Trace လိုက်ရတာ ခက်သွားတာ ပေါ့...

မိမိစက်က Zombie ဖြစ်နေပြီဆိုရင်တော့

၁။ မိမိ RUN လိုက်တဲ့ programs တွေက နှေးလာမယ်။
၂။ services တွေ (ဥပမာ http) high rate ကျလာမယ်။
၃။ များပြားလှသော connection requests တွေဟာ ကွဲပြားတဲ့ Networks တွေကနေ ၀င်လာမယ်။
၎။ မိမိရဲ့ site ကိုလာရောက်အသုံးပြုသူတွေက site ကို အသုံးပြုတဲ့ နေရာမှာ နှေးမယ်။
၅။ မိမိရဲ့ စက်ဟာ CPU load မြင့်နေလိမ့်မယ်။
 
အားလုံးဗဟုသုတ အဖြစ်မှတ်သားနိုင်ပါစေ....
 
credit>>>Computer Technical Notes & Sharing Softwares
  
source @ http://www.kophyo.co.cc/2012/01/dos-attack.html
Read More ->>

Thursday, February 9, 2012

Net Tools 5.0 (Net Tools 5.x)


နက်ဝဘ်ထဲမှာကမြင်းချင်တိုင်းကမြင်းလို့ရအောင်တင်ပေးလိုက်တာ။ စက်တစ်လုံးကနေတစ်လုံးထောက်
လှမ်းလို့ရအောင်၊ဘာညာလုပ်လို့ရအောင် ပေါ့။သုံးနည်းတွေဘာတွေမပြောဘူး နားလည်ရင်ကိုယ်တိုင်
လုပ်ကြည့်ဘယ်လောက် အသုံးဝင်လဲသိလိမ့်မယ်။ဖိုင်ဆိုက်က 24.5 Mb ရှိပါတယ်။အောက်ကလင့်က
နေဒေါင်းလိုက်ပါ။

Download
Read More ->>

Tuesday, December 13, 2011

Complete Network Guide


နက်ဝဘ်ကိုလေ့လာလိုက်စားသူများအတွက်မြန်မာလိုစာအုပ်ပါ။ဒေါင်းသွားလိုက်ပါဦး။
mirrorcreator | ifile.it | mediafire | zshare | ziddu | megaupload
Read More ->>

Monday, December 5, 2011

အင်တာနက် ကဖီးမှာ သင့် email လုံခြုံစေချင်ရင်


အင်တာနက် ကဖီးမှာ သင့် email လုံခြုံစေချင်ရင် အောက်ဖေါ်ပြပါ အလွယ်ကူဆုံးနည်းလမ်းတွေကိုသုံးပါ။

၁။ Deepfreeze တင်ထားသောစက်မှာထိုင်ပါ။တင်မထားရင်ထိုင်လို့ မသင့်ပါဘူး။ကိုယ့်မှာ password ကျန်ခဲ့ရင်၊ browser မှာ password မှတ်ထားရင် keylogger တွေထား ထားရင်။ဒီနည်းကအသုံးဝင်းပါလိမ့်မယ်။ ကိုယ်ပြန်ရင် restart သာချခဲ့ပါ။ဘာမှမကျန်တော့ပါဘူး။
၂။နောက်ထပ်ကြောက်စရာကောင်းတာကတော့ Phishing ပါပဲ။သူက page တွေမေးအတုတွေလိမ်လည် မှုတွေပါပါတယ်။ အင်တာနက်ကဖီးမှာထိုင်ရင် ဥပမာ gmail စာမျက်နှာလိုမျိုါ်ကို browser ဖွင့်တာနဲ့ တန်း တက်လာကြောက်စရာကောင်းပါတယ်။ဒါဆိုရင် address bar ကိုစစ်ပါ။
လိပ်စာက https://mail.google.com လို့မလာပဲ။ http://gmail2.co.nr,http://h.1ripway/gmail/ 
စတဲ့ဆင်တူရိုးမှားတွေနဲ့ မဟုတ်တာတွေပါတတ်ပါတယ်။ဒါကြောင့်မို့ mail စစ်ချင်ရင် မပြည့်အစုံ ရိုက်ပါ။
ဒါမျိုးပေါ့ https://mail.google.com ။မပြင်းကြပါနဲ့။
၃။နောက်ထပ်ကြောက်ရတာ keylogger တွေပါ။ deepfreeze ပါရင် မကျန်ခဲ့ပေမယ့်တချို့ keylogger တွေမှာ မေးစနစ်ပါပါတယ်။ဒါအလွယ်ပြောတာပါ။ပိုပြောရင်နားရှုပ်မဆိုးလို့ပါ။သူက ကိုယ်သုံး ထားသမျှကို ကိုယ့်စက်ထဲကကနေ attacker ၇ဲ့မေးထဲကို မိနစ်အပိုင်းခြားအလိုက်ကို ပေးပို့ပေးနိုင်ပါတယ်။
ဒါကြောင့် notepad ကိုဖွင့်လိုက်ပါ။ ဥပမာသင့် password က 'young' ဆိုပါတော့။ notepad ထဲမှာ ၀ှက်စာလုပ်ပါ။ဥပမာ uoyiiojuklnghh အဲဒီထဲက young ဆိုတာကို တလုံးခြင်း copy ကူးပြီးမှ သင့် password field ထဲကိုထည့်ပြီးမှာ sing in လုပ်ပါ။ အဲဒီ keylogger လာလုပ်နိုင်မလဲကြည့်ရအောင်။
၎။ကိုယ်လုပ်သမျှမကျန်အောင်လုပ်ပါ။ဥပမာ သင့် browser ထဲက history မှန်သမျှပြန်ဖျက်ခဲ့ပါ။ အလွန်းဆုံး remember password ကအမှန်ခြစ်လေးတွေကိုပါဖြုတ်ပါ။
၅။သင်အင်တာနက် ကဖီးထဲမှာထိုင်နေရင်းအပေါ့ အပါးသွားတာတို့။တစ်ခုခုဝယ်ဖို့လိုထသွားတာတောင်မှ
matrix screen လိုဆော့ဝဲမျိုးကိုသုံးပါ။ဒီမှာအကျယ်ကြည့်ပါ။
ဒါမှ မဟုတ်ရင် အောက်က code တွေကို notepad ပေါ်တင်ပြီး screenlocker.bat နဲ့ဆေ့ပါ။
code:
@echo off
echo e100 B8 13 00 CD 10 E4 40 88 C3 E4 40 88 C7 F6 E3 30>z.dbg
echo e110 DF 88 C1 BA C8 03 30 C0 EE BA DA 03 EC A8 08 75>>z.dbg
echo e120 FB EC A8 08 74 FB BA C9 03 88 D8 EE 88 F8 EE 88>>z.dbg
echo e130 C8 EE B4 01 CD 16 74 CD B8 03 00 CD 10 C3>>z.dbg
echo g=100>>z.dbg
echo q>>z.dbg
debug <z.dbg>nul
del z.dbg
ပြန်ထွက်ချင်ရင် CTRL-ALT-DELETE နဲ့ပြန်ထွက်လိုက်ပါ။


ဒီလောက်ဆိုရင်အဆင်ပြေပါပြီဒါပေမယ့် တခြားနည်းလမ်းတွေရှိသေးတာမို့လုံခြုံတယ်လို့မဆိုပါဘူး။
ကျွန်တော့်သူငယ်ချင်းတွေကို ကျွန်တော်ပြောသလို လုံခြုံမှုဆိုတာ ချိုးဖောက်ဖို့ပါပဲလို့................
ရွှေကိုယ်ရံတော်။
Read More ->>

Sunday, December 4, 2011

routerpassview

ကိုနေသော်ဆီကရတာပါ။သူပြောတာတော့ လန်ထွက်နေအောင်းကောင်းတယ်ဆိုလား။
စောက်ရမ်းလန်းတယ်ဆိုလားပဲ.သုံးကြည့်တော့မှကျွန်တော်တောင် ပြုံးစစ ဖြစ်သွားတယ်။
တကယ်ဗျ။ဆော့ဝဲက လန်ထွက်နေအောင် အသုံးကျပါတယ်။
မျှဝေပေးသော ကိုနေသော့်ကို ကျေးဇူးပါပဲ။သုံးနည်းတော့မပြောတော့ပါဘူး။နည်းနည်း အန္တရာယ်များပါ တယ်။ဒီလောက်သိရင် တော်ရောပေါ့ဟုတ်ဘူးလား။ဆော့ဝဲကတော့အောက်ကနေဒေါင်းလိုက်ပါ။

http://www.mediafire.com/?tdtb2xjz5jysb1s
Read More ->>

Monday, November 28, 2011

Net tool

နက်ဝဘ်ထဲမှာဆိုရင်ဒါကဘယ်လောက် အသုံးဝင်လဲဆိုတာ အောက်မှာပါတဲ့ feature တွေကို ကြည့်ရင်
သိနိုင်တယ်။အင်တာနက်ဆိုင်ထဲမှာဆိုရင် တော်တော်လေးသောင်းကြမ်းပစ်လိုက်လို့ရတယ်။
1) IP Address Scanner
2) IP Calculator
3) IP Converter
4) Port Listener
5) Port Scanner
6) Ping
7) NetStat (2 ways)
8) Trace Route (2 ways)
9) TCP/IP Configuration
10) Online - Offline Checker
11) Resolve Host & IP
12) Time Sync
13) Whois & MX Lookup
14) Connect0r
15) Connection Analysator and protector
16) Net Sender
17) E-mail seeker
18) Net Pager
19) Active and Passive port scanner
20) Spoofer
21) Hack Trapper
22) HTTP flooder (DoS)
23) Mass Website Visiter
24) Advanced Port Scanner
25) Trojan Hunter (Multi IP)
26) Port Connecter Tool
27) Advanced Spoofer
28) Advanced Anonymous E-mailer
29) Simple Anonymous E-mailer
30) Anonymous E-mailer with Attachment Support
31) Mass E-mailer
32) E-mail Bomber
33) E-mail Spoofer
34) Simple Port Scanner (fast)
35) Advanced Netstat Monitoring
36) X Pinger
37) Web Page Scanner
38) Fast Port Scanner
39) Deep Port Scanner
40) Fastest Host Scanner (UDP)
41) Get Header
42) Open Port Scanner
43) Multi Port Scanner
44) HTTP scanner (Open port 80 subnet scanner)
45) Multi Ping for Cisco Routers
46) TCP Packet Sniffer
47) UDP flooder
48) Resolve and Ping
49) Multi IP ping
50) File Dependency Sniffer
51) EXE-joiner (bind 2 files)
52) Encrypter
53) Advanced Encryption
54) File Difference Engine
55) File Comparasion
56) Mass File Renamer
57) Add Bytes to EXE
58) Variable Encryption
59) Simple File Encryption
60) ASCII to Binary (and Binary to ASCII)
61) Enigma
62) Password Unmasker
63) Credit Card Number Validate and Generate
64) Create Local HTTP Server
65) eXtreme UDP Flooder
66) Web Server Scanner
67) Force Reboot
68) Webpage Info Seeker
69) Bouncer
70) Advanced Packet Sniffer
71) IRC server creater
72) Connection Tester
73) Fake Mail Sender
74) Bandwidth Monitor
75) Remote Desktop Protocol Scanner
76) MX Query
77) Messenger Packet Sniffer
78) API Spy
79) DHCP Restart
80) File Merger
81) E-mail Extractor (crawler / harvester bot)
82) Open FTP Scanner
83) Advanced System Locker
84) Advanced System Information
85) CPU Monitor
86) Windows Startup Manager
87) Process Checker
88) IP String Collecter
89) Mass Auto-Emailer (Database mailer; Spammer)
90) Central Server (Base Server; Echo Server; Time Server; Telnet Server; HTTP Server; FTP Server)
91) Fishing Port Scanner (with named ports)
92) Mouse Record / Play Automation (Macro Tool)
93) Internet / LAN Messenger Chat (Server + Client)
94) Timer Shutdown/Restart/Log Off/Hibernate/Suspend/ Control
95) Hash MD5 Checker
96) Port Connect - Listen tool
97) Internet MAC Address Scanner (Multiple IP)
98) Connection Manager / Monitor
99) Direct Peer Connecter (Send/Receive files + chat)
100) Force Application Termination (against Viruses and Spyware)
101) Easy and Fast Screenshot Maker (also Web Hex Color Picker)
102) COM Detect and Test
103) Create Virtual Drives
104) URL Encoder
105) WEP/WPA Key Generator
106) Sniffer.NET
107) File Shredder
108) Local Access Enumerater
109) Steganographer (Art of hiding secret data in pictures)
110) Subnet Calculater
111) Domain to IP (DNS)
112) Get SNMP Variables
113) Internet Explorer Password Revealer
114) Advanced Multi Port Scanner
115) Port Identification List (+port scanner)
116) Get Quick Net Info
117) Get Remote MAC Address
118) Share Add
119) Net Wanderer
120) WhoIs Console
121) Cookies Analyser
122) Hide Secret Data In Files
123) Packet Generator
124) Secure File Splitting
125) My File Protection (Password Protect Files, File Injections)
126) Dynamic Switch Port Mapper
127) Internet Logger (Log URL)
128) Get Whois Servers
129) File Split&Merge
130) Hide Drive
131) Extract E-mails from Documents
132) Net Tools Mini (Client/Server, Scan, ICMP, Net Statistics, Interactive, Raw Packets, DNS, Whois, ARP, Computer's IP, Wake On LAN)
133) Hook Spy
134) Software Uninstaller
135) Tweak & Clean XP
136) Steganographic Random Byte Encryption
137) NetTools Notepad (encrypt your sensitive data)
138) File Encrypter/Decrypter
139) Quick Proxy Server
140) Connection Redirector (HTTP, IRC, ... All protocols supported)
141) Local E-mail Extractor
142) Recursive E-mail Extractor
143) Outlook Express E-mail Extractor
144) Telnet Client
145) Fast Ip Catcher
146) Monitor Host IP
147) FreeMAC (MAC Address Editor)
148) QuickFTP Server (+user accounts support)
149) NetTools Macro Recorder/Player (Keybord and Mouse Hook)
150) Network Protocol Analyzer
151) Steganographic Tools (Picture, Sounds, ZIP Compression and Misc Methods)
152) WebMirror (Website Ripper)
153) GeoLocate IP
154) Google PageRank Calculator
155) Google Link Crawler (Web Result Grabber)
156) Network Adapter Binder
157) Remote LAN PC Lister
158) Fast Sinusoidal Encryption
159) Software Scanner
160) Fast FTP Client
161) Network Traffic Analysis
162) Network Traffic Visualiser
163) Internet Protocol Scanner
164) Net Meter (Bandwidth Traffic Meter)
165) Net Configuration Switcher
166) Advanced System Hardware Info
167) Live System Information
168) Network Profiler
169) Network Browser
170) Quick Website Maker and Web Gallery Creator
171) Remote PC Shutdown
172) Serial Port Terminal
173) Standard Encryptor
174) Tray Minimizer
175) Extra Tools (nmap console & win32 version)
အောက်ကလင့်ကနေဒေါင်းလိုက်ပါ။
http://www.mabsoft.com/nettools.htm
Read More ->>

Tuesday, November 8, 2011

What is Angry Ip Scanner?

What is Angry Ip Scanner?

Angry Ip scanner is a tool that scans network for open Ip addresses. Designed for network administrator to check the newtork security.

 


Features of Angry Ip scanner Tool:




  • It is Open source software, means free to use.  
  • The fastest Ip scanner.
  • cross-platform tool (supporting Linux, Windows, Mac OS..) 
  • Light weight tool (use multithread concept, so less usuage of CPU) .
  • No installation is required
  • It can get the Host name
http://www.angryip.org/w/Download
Angry ip scanner for Windows Linux

Angry ip scanner for Windows XP




Read More ->>

Tuesday, October 25, 2011

panther 2 DDos tools

ဒါလေးကလဲ ဘော်ဒါတစ်ယောက်စီကရတာပါ။သူလဲအပျော်တမ်းလေးပါပဲ။ဒါလေးက အသုံးတော်တော်လေး
ဝင်ပါတယ်။ကျွန်တော် ddos အကြောင်းတွေပဲရေးနေလို့ ခွင့်လွတ်ပါ။
အောက်ကလင့်ကနေဒေါင်းလိုက်ပါ။
http://www.ziddu.com/download/16999037/panther2.rar.html
Read More ->>

Sunday, October 23, 2011

Zero Server Attack.......0

 
 DDos tool လေးပါ။ဆိုင်အတွင်နက်ဝဘ် ထဲမှာအသုံးပြုနိုင်ပါတယ်။
ဒါလေးလဲဘော်ဒါတွေဆီကရတာပါ။အောက်ကနေဒေါင်းလိုက်ပါ။
http://www.ziddu.com/download/16963116/ServerAttackDosAttackPrivate.rar.html
Read More ->>

Thursday, October 13, 2011

LAN Attacker 2009 V3.5


ဒီ LAN attacker ကို NOD 32, Kaspersky , McAfee Antivirus နဲ့ စမ်းသပ်ပြီးပါပြီ 100% Clean ပါ။ LAN attacker ဟာ (independent computerများ installation လုပ်ဖို့မလိုပါ) program တစ်ခုဖြစ်ပြီး local area network ပေါ်မှာ computerများကို scan ဖတ်ခြင်း၊ တိုက်ခိုက်ခြင်း၊ detect လုပ်ခြင်း နဲ့ ကာကွယ်ခြင်း တို့ကိုပြုလုပ်နိုင်ပါတယ်။






၎င်းရဲ့ featureတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်....

Scan
၎င်းဟာ တိုတောင်းတဲ့ အချိန် ၂ - ၃ စက္ကန့်နီးပါး အချိန်တိုလေးအတွင်းမှာ LAN ပေါ်မှာရှိနေတဲ့ active host တွေကို scanဖတ်ခြင်း နဲ့ ပြသခြင်းတွေ ပြုလုပ်နိုင်ပါတယ်။
၎င်းမှာ scan mode နှစ်ခုရှိပါတယ်။ တစ်ခုက normal scanning ဖြစ်ပြီး နောက်တစ်ခုကတော့ antisniff scanning ဖြစ်ပြီး LAN ပေါ်မှာ ဘယ်သူတွေ sniffing လုပ်နေသလဲဆိုတာကို ရှာဖွေနိုင်ပါတယ်။
computer list file ကို သိမ်းဆည်နိုင်တယ်၊ load လုပ်နိုင်ပါတယ်။
new computer list အတွက် ပုံမှန် scan ဖတ်နိုင်ပါတယ်။ sniffing နည်းပညာအသုံးပြုနေတဲ့ passive mode ထဲမှာ computer list ကို update ပြုလုပ်နိုင်ပါတယ်။ ဆိုလိုတာကတော့ LAN ထဲမှာ scan ဖတ်ခြင်းမရှိပဲ ARP တောင်းဆိုသော packet များရဲ့ ပေးပို့သူ လိပ်စာများမှာ computer list ကို update ပြုလုပ်နိုင်ပါတယ်။ သင်က meun မှာရှိတဲ့ advanced scanning dialg ကိုဖွင့်လိုက်မယ်ဆိုရင် ၄င်းဟာ advanced scanning ကို ဆောင်ရွက်ပါလိမ့်မယ်။ ဒါ့အပြင် advanced scan dialg ထဲမှာ B class ip range ကိုလည်း scan ဖတ်နိုင်ပါတယ်။ event listview ထဲမှာ acthost list ကိုလည်း scan ဖတ်နိုင်ပါတယ်။

တိုက်ခိုက်ခြင်း
၎င်းက LAN ပေါ်မှာရှိတဲ့ packetများ အားလုံးလိုက် ဆွဲယူပြီး စုဆောင်းထားနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ attacking action ( ၆ ) ခုကို ဆောင်ရွက်နိုင်ပါတယ်။
၁။ ARP Flood - ip conflict packetများကို target computer သို့ မြန်နိုင်သလောက်မြန်အောင်ပေးပို့ခြင်း ဖြစ်ပါတယ်။ တကယ်လို့ သင်က မြောက်များစွာပေးပို့မယ်ဆိုရင် target computerများ down သွားပါလိမ့်မယ်။
၂။ BanGateway - gateway မှာ taget computerများရဲ့ မှားနေသော mac address တစ်ခုကို ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီ့အတွက်ကြောင့် target computerတွေဟာ internet ကနေပြီး packet တွေကို လက်ခံရရှိခြင်း မရှိနိုင်တော့ပါဘူး။
၃။ IPConflict - ARP Flood နဲ့ ဆင်တူပါတယ်။ ip conflict packet များကို target computer များဆီသို့ ပုံမှန်ပေးပို့နေခြင်းအားဖြင့် ၄င်း computer များရဲ့ userများဟာ ပုံမှန်ip conflict message များကြောင့်အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒါ့အပြင် target computerများ LAN ကို access မလုပ်နိုင်တော့ပါ။
၎။ SniffGateway - target များနဲ့ gateway ကို လှည့်ဖြားခြင်းဖြစ်ပါတယ်။ ၄င်းတို့ကြားမှာရှိနေတဲ့ packet များကို စုဆောင်းဖို့အတွက် sniffer ကိုအသုံးပြုနိုင်ပါတယ်။
၅။ SniffHosts - နှစ်ခု (သို့) ထိုထက်ပိုသော target များအကြား လှည့်ဖြားခြင်းပါ။ ဒီအတွက်လည်း ၄င်းတို့အားလုံးကြားမှာရှိတဲ့ packet များကို စုဆောင်းဖို့ sniffer ကိုအသုံးပြုနိုင်ပါတယ်။ (အန္တရာယ်ရှိပါတယ်!)
၆။ SniffLan - SniffGatway နဲ့ ဆင်တူပါတယ်။ ကွာခြားချက်ကတော့ SniffLan မှာ broadcast ARP packet များကို LAN ပေါ်မှာရှိနေတဲ့ computerများအားလုံးကိုဖော်ညွှန်းနိုင်ဖို့အတွက် ပေးပို့ခြင်းပါတယ်။ ဒါကြောင့် gateway နဲ့အတူ hostများအားလုံးကြားမှာရှိတဲ့ dataများအားလုံးကို သင် sniff လုပ်နိုင်ပါတယ်။ (အန္တရာယ်ရှိပါတယ်!)

ARP tableများကို လှည့်ဖြားနေစဉ်အတွင်းမှာ ၄င်းဟာ အခြား gateway ( [သို့] ip-fowarder) ကဲ့ သို့ LAN ပေါ်မှာ အခြား userများရဲ့ အသိအမှတ်ပြုခြင်းမရှိပဲ ပြုမှုဆောင်ရွက်နိုင်ပါတယ်။
၎င်းဟာ packetများ စုဆောင်ခြင်းနဲ့ forward လုပ်ခြင်းကို WinArpAttacker ရဲ့ ipforward function ကိုဖြတ်၍ဆောင်ရွက်ပါတယ်။ သင် system မှ ipforward function ကို disable ဖြစ်ဖို့ check လုပ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ WinArpAttacke က ကောင်းကောင်းအလုပ်ဆောင်နိုင်လို့ဖြစ်ပါတယ်။
WinArpAttacker ipforward function က လှည့်ဖြားခြင်း၊ forward ပြုလုပ်ခြင်းအားဖြင့် sniff လုပ်နိုင်သော dataတွေအားလုံးကို ရေတွက်ပါလိမ့်မယ်။ ဒါကြောင့် main interface ပေါ်မှာ သင်မြင်တွေ့နိုင်ပါတယ်။
သင် ဆန္ဒရှိရင် ARP table များကို အချိန်အနည်းငယ်အတွင်း ( ၅ စက္ကန့်ခန့်) မှာ အလိုအလျှောက် recover လုပ်နိုင်သလို ၊ recover မလုပ်ဖို့လည်း ရွေးချယ်နိုင်ပါတယ်။

Detect
အရေးအကြီးဆုံး function ဖြစ်ပြီး အထက်မှာဖော်ပြထားတဲ့ attacking actionများအားလုံးကို host status ကဲ့ သို့ detect လုပ်နိုင်ပါတယ်။ WinArpAttacker က အောက်မှာဖော်ပြထားတာတွေကို detect လုပ်နိုင်ပါတယ် :
SrcMac_Mismath - Host ကနေ ARP packet တစ်ခုပေးပို့လိုက်ပြီး ၄င်းရဲ့ src_mac ဟာ တစ်ထပ်တည်း မကျတော့တဲ့အတွက် packet က ignore ဖြစ်သွားပါလိမ့်မယ်။
DstMac_Mismath - Host က ARP packet တစ်ခုကို လက်ခံရရှိတဲ့အခါ ၄င်းရဲ့ dst_mac ဟာ တစ်ထပ်တည်း မကျတော့တဲ့အတွက် packet က ignore ဖြစ်သွားပါလိမ့်မယ်။
Arp_Scan - Host က arp request အားဖြင့် hosts list တစ်ခုအတွက် LAN ကို scan ဖတ်နေပါတယ်။
Arp_Antisniff_Scan - Host က sniffing host အတွက် LAN ကို scan ဖတ်နေပါတယ်။ ဒါကြောင့် ဘယ်သူတွေ sniffing လုပ်နေတယ်ဆိုတာကို scanner ကသိနိုင်ပါတယ်။
Host_Online - Host ယခု online ဖြစ်ပါတယ်။
Host_Modify_IP - Host က ၄င်းရဲ့ IP ကို ပြုပြင်ခြင်း (ိသို့) IP အသစ်တစ်ခုပေါင်းထည့်ခြင်း ဖြစ်ပါတယ်။
Host_Modify_MAC - Host က ၄င်းရဲ့ mac address ကိုပြုပြင်မွမ်းမံခြင်းဖြစ်ပါတယ်။
New_Host - gost အသစ် တွေ့ရှိခြင်းပါ။
Host_Add_IP - Host က ip address တစ်ခု ပေါင်းထည့်ခြင်းပါ။
Multi_IP_Host - Host မှာ multi-ip address များ ရှိပါတယ်။
Multi_Mac_Host - Host မှာ multi-mac address များရှိပါတယ်။
Attack_Flood - Host ကနေ အခြား host တစ်ခုဆီသို့ ARP packet အများကြီးကို ပေးပို့ပါတယ်။ ဒါကြောင့် target computer နှေးကွေးသွားနိုင်ပါတယ်။
Attack_Spoof - Host ကနေ target နှစ်ခုမှ data ကို sniff လုပ်ဖို့အတွက် special ARP packet များကို ပေးပို့ပါတယ်။ ဒါကြောင့် target ရဲ့ data များ ပေါ်ထွက်လာပါတယ်။
Attack_Spoof_Lan - Host ကနေ LAN ပေါ်မှာရှိတဲ့ host များအားလုံးကို ၄င်းဟာ gateway တစ်ခုဖြစ်ကြောင်းယုံကြည်စေပါတယ်။ ဒါကြောင့် ကျူးကျော်ဝင်ရောက်လာသူဟာ host တွေရဲ့ data ကို sniff လုပ်နိုင်ပါတယ်။
Attack_Spoof_Ban_Access - Host ကနေ အခြား host ကို ၄င်းဟာ inexist mac တစ်ခုရှိတယ်လို့ ဖော်ပြပါတယ်။ ဒါကြောင့် target များ ဟာ တစ်ခုနဲ့ တစ်ခု ဆက်သွားနိုင်ခြင်း မရှိတော့ပါ။
Attack_Spoof_Ban_Access_GW - Host ကနေ hostကို gateway မှာ inexist mac တစ်ခုရှိတယ် လို့ဖော်ပြပါတယ်။ ဒါကြောင့် target ဟာ gateway ကိုဖြတ်ကျော်ပြီး internet ကို access မလုပ်နိုင်ပါတော့ပါဘူး။
Attack_Spoof_Ban_Access_Lan - Host ကနေ hostရဲ့ mac ကို inexist mac ကဲ့ သို့ထုတ်လွှတ်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် target ဟာ LAN ပေါ်မှာရှိတဲ့ host များအားလုံးနဲ့ အဆက်အသွယ်မလုပ်နိုင်တော့ပါဘူး
Attack_IP_Conflict - Host က ၄င်းနဲ့ ip တူညီတဲ့ အခြား host တစ်ခုကို ရှာဖွေတွေ့ရှိပါတယ်။ ဒါကြောင့် target ကို ip comflict message များအားဖြင့် အနှောင့်အယှက်ပေးပါတယ်။
Local_Arp_Entry_Change - အခု WinArpAttacker က local arp entry ကိုကြည့်ရှုနိုင်ပါပြီ။ local arp table ထဲမှာ host တစ်ခုရဲ့ mac address ကို ပြောင်းလဲပြီးသွားတဲ့အခါ WinArpAttacker က report လုပ်နိုင်ပါတယ်။
Local_Arp_Entry_Add - host တစ်ခုရဲ့ mac address တစ်ခုကို local arp table ထဲသို့ ပေါင်းထည့်ပြီးတဲ့အခါမှာ WinArpAttacker က report လုပ်နိုင်ပါတယ်။

၎င်းဟာ WinArpAttaker က detect လုပ်ခဲ့ပြီးတဲ့ ဖြစ်ရပ်များအားလုံးကို ရှင်းပြနိုင်ပြီး ဖြစ်ရပ်များအားလုံးကို file ထဲမှာ သိမ်းဆည်းပေးနိုင်ပါတယ်။

ကာကွယ်ခြင်း
arp table protect ကို support လုပ်နိုင်ပါတယ်။ WinArpAttacker က local ကို detect လုပ်ခြင်း (သို့) remote host တွေကို arp လှည့်စားမှုဖြစ်စေခြင်း များပြုလုပ်တဲ့အခါ အကယ်၍သင် ဆန္ဒရှိခဲ့ရင် local (သို့) remote host ရဲ့ arp table များကို recover လုပ်ပါလိမ့်မယ်။

Proxy Arp
သင့်ရဲ့ LAN ပေါ်မှာရှိတဲ့ host များက အခြား host တွေရဲ့ mac address ကို တောင်းဆိုတဲ့အခါ WinArpAttacker က သင်ရွေးချယ်ပေးတဲ့ ပါဝင်တဲ့ mac address တစ်ခုကို ၄င်း host များဆီသို့ ပေးပါလိမ့်မယ်။
၎င်းက LAN အသစ်တခုပေါ်မှာ သင့်ရဲ့ IP ကိုပြောင်းလဲခြင်းမရှိပဲ internet ကို ၀င်ရောက်နေခြင်း ပြီးမြောက်ဖို့ရည်ရွယ်ပါ။ သို့သော်လည်း အကယ်၍ သင်က မှားယွင်းတဲ့ mac address တစ်ခုကို ထားရှိမယ်ဆိုရင် သင်ရဲ့ LAN ကို big mass တစ်ခုထဲမှာလည်းပဲ ပြုလုပ်နိုင်ပါတယ်။

ARP packet များကို သိမ်းဆည်းခြင်း
၎င်းက sniff လုပ်ခဲ့တဲ့ arp packet များအားလုံးကို file ထဲမှာ သိမ်းဆည်းပေးနိုင်ပါတယ်။

အခြား features များ
multi-network adapter, multi-ip-address နဲ့ multi-gateway တွေကို support လုပ်နိုင်ပါတယ်။ တခြား LAN တစ်ခုကို scan ဖတ်နိုင်ဖို့အတွက် အခြားသော adapter နဲ့ ip ကို သင်ရွေးချယ်ပေးနိုင်ပါတယ်။
DHCP ကို support လုပ်နိုင်ပြီး ip address ကို သတ်မှတ်ပေးပါတယ်။
arp packet များ ပေးပို့ခြင်း နဲ့ လက်ခံခြင်းများ ပါဝင်နေတဲ့ host တိုင်းအတွက် arp packet များအားလုံးကို ရေတွက်နိုင်ပါတယ်။

Arp R/S Q/P - Action( Recive/Send) Arp packets type (ReQuest/Reply)
ArpRQ ရဲ့ အဓိပ္ပာယ် : လက်ခံရရှိတဲ့ arp request packets အရေအတွက်
ArpRP ရဲ့ အဓိပ္ပာယ် : လက်ခံရရှိတဲ့ arp reply packets အရေအတွက်
ArpSQ ရဲ့ အဓိပ္ပာယ် : ပေးပို့လိုက်တဲ့ arp request packets အရေအတွက်
ArpSP ရဲ့ အဓိပ္ပာယ် : ပေးပို့လိုက်တဲ့ arp reply packets အရေအတွက်

install ပြုလုပ်ခြင်း နဲ့ အသုံးပြုပုံ
ပထမဆုံးအနေနဲ့ နောက်ဆုံးထွက်ရှိတဲ့ WinPcap driver ကို install လုပ်ပါ။ ( Rar fileထဲမှာ ပါရှိပါတယ်။)
ဒုတိယအနေနဲ့ LAN Attacker ကို run ပါ။ (independent computerများ installation လုပ်ဖို့မလိုပါ)
scan ခလုတ် နဲ့ start ခလုတ်ကို click ပါ။
"arp -a" နဲ့ remote computer ပေါ်မှာ arp information ကို ကြည့်ရှုပါ။
တိုက်ခိုက်ခြင်းကို ရပ်တန့်ဖို့ stop ခလုတ်ကို clikc ပါ။
adapter (သို့) ip address ကို ရွေးချယ်ဖို့အတွက် options ကို click ပါ။
attacking setup ကို ပြုပြင်မွမ်းမံနိုင်ဖို့ options ကို click ပါ။
အကယ်၍ active host တွေအများကြီး( ၅၀ ထက်ပိုပြီး) ရှိနေရင် LAN ပေါ်မှ တကယ့် gateway ဟာ down သွားနိုင်ပါတယ်။

(download ပြုလုပ်ပြီးသွားရင် extract လုပ်ဖို့အတွက် rar file ကို double click ပြီး password ကိုကြည့်ပါ။)






(Educational Purposes Only)
copy from@  http://www.notebookofstarryprince.co.cc/2010/01/lan-attacker-2009-v35_27.html
Read More ->>

Network Hacking

Network Hacking ဆိုတာ ယေဘူယအားဖြင့် Net work  အတွင်းမှာ ဖျက်သန်းသွားလာနေတဲ့ Data တွေ
ချိပ်ဆက်ထားတဲ့ computer တွေ Sever တွေ domain တွေရဲံ information တွေကိုusing tools like Telnet, NslookUp, Ping, Tracert, Netstat, etc. စသည်တွေကို အသုံးပြုပြီးတော့ စန်စ ကျကျ နဲ့ အသုံးချ HACK လုပ်တာပါ
OS Fingerprinting, Port Scaning and Port Surfing  တွေစသည် tool တွေကို အသုံးပြီးတော့ အခြားသူတွေရဲ့
computer တွေကို ထိန်းချုပ်တာပါ ဒီသင်ခန်းစာမှာ command တွေ နဲ့ ပက်သက်တာတွေကိုပဲဖော်ပြပေးပါမယ်
Ping :- ဆိုတာက ICMP (Internet Control Message Protocol) တွေTCP/IP networks တွေကို သင်ခန်းစာတွေမှပါတဲ့troubleshoot လုပ်တာတို့  အခြေခံကျပြီးအထောက်အကူပြုတဲ့ command ပါ
ဒါအပြင် website တွေ၇ဲ့host ip တွေကိုလည်း ထုပ်ဖော်ပြသပါတယ်

example:- c:/>ping www.google.com

ဒါအပြင်'Ping' command တွေနဲ့ အခြား Network command တွေနဲ့ တွဲသုံးလို့ရပါတယ်                                  

Netstat :-   TCP/IP တွေetwork connections. i.e. local address, remote address, port number, etc.
တွေရဲ့ လုပ်ဆောင်မှူတွေမှာ အသုံးဝင်ပါတယ် c:/>netstat -n   



Telnet :- Telnet ရဲ့ လုပ်ဆောင်မှူဟာ program နဲ့အတူruns နေတဲ့ TCP/IP. ကိုအသုံးပြုနေတဲ့ကွန်ပျူတာတစ်လုံးမှတစ်လုံးကိုconnect လုပ်ပေးတဲ့ particular port. တွေပါ ပုံမှာပြထားတဲ့ grabs တွေဟာ runနေတဲ့ portတွေပါ

c:/>telnet hostname.com

By default telnet connects to port 23 of remote computer.
So, the complete syntax is-
c:/>telnet www.hostname.com port
example:- c:/>telnet www.yahoo.com 21 or c:/>telnet 192.192.168.0.5 21
Tracert :-      ကိုအသုံးပြုပြီးတော့route ကနေ ယူဆောင်လာတဲ့information i.e. data packets from source to destination. တွေကိုကြည့်လို့ရပါတယ်တနည်းအားဖြင့် Trace လိုလို့ရပါတယ်စာဖတ်သူတို့တွေကြားဖူးမှာမှာ ip နောက် trace လိုက်တယ်ဆိုတာ ဒါက network track လိုက်တဲ့နေရာမှာသုံးပါတယ်
c:/>tracert www.hostname.com
example:- c:/>tracert www.insecure.in



Here "*    *    *    Request timed out." အဲ့ဒါက   firewall installed လုပ်ထားတဲ့ စက်တွေ sever တွေမှာ system တွေရဲ့ IP address. တွေကိုblock လုပ်ထားတာကိုပြတာပါ      ဒါကြောင့်တိုက်ခိုက်ချင်သူတွေ firewall ကိုဖျက်ဆီးပစ်    ဖို့လိုပါတယ် c:/>tracert ကို အသုံးပြုပြီးပြီးတော့target system တွေရဲ့ အချက်အလက်တွေကိုရှာဖွေနိုင်ပါတယ်

မူရင်း @ http://myanmarhacking.multiply.com/journal/item/113/Network_Hacking
Read More ->>

Saturday, September 24, 2011

Net cut Tools

တကယ်ပြောတာ အင်တာနက်ဆိုင်မှာတစ်ခါတစ်လေ တအားစောက်မြင် ကပ်စရာကောင်းလောက်အောင်
ဖုန်းပြောနေတာတို့ ၊ကိုယ့်ကိုယ် ကို စောက်ရှုးမှန်းမသိ ဖင်ခေါင်ကျယ်နေတာတို့ဆိုရင် စိတ်ပျက် စိတ်ညစ်
ရပါတယ်တာကြောင့် ကိုယ်က တစ်ခြားစက်ကနေပြီး စောက်မြင်ကပ်တဲ့ စက်တွေကို connection ဖြတ်
တောက်ပစ်မယ်။ ဆုံးမပေးရမှာပေါ့ဗျာ။ တစ်ခါတစ် လက်တည့်စမ်းချင်သူတွေအတွက် လည်းအတွေ့ အကြုံ
ပေါ့ဗျာ။သုံးရတာလွယ်ကူတဲ့ ဒီ tool လေးကို ဒေါင်သွားလိုက်ပါလား။
အောက်ပါလင့်ကနေဒေါင်းလိုက်ပါ။

http://www.ziddu.com/download/16507472/netcut.rar.html



သုံနည်းကိုပါတင်ပြပေးလိုက်တယ်။လွယ်ပါတယ်အောက်ကပုံကို ကြည့်လိုက်ပါ။




ပိတ်ချင်တဲ့စက်ကိုရွေးပြီး cot off ကို နှိပ်ပါ ။ပြန်ဖွင့်ပေးချင်ရင် resume ကိုနှိပ်လိုက်ပါ။
ဒေါင်းလုပ် အခက်အခဲရှိရင်ပြောပါ။


Read More ->>

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Followers

About Me

My Photo
Hacking= intelligent+techonology+psychology