Showing posts with label password. Show all posts
Showing posts with label password. Show all posts

Tuesday, September 4, 2012

Saturday, July 14, 2012

Desktop Phishing Part I : Introduction & Attacking Theory



Introduction

ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူများအနေနဲ့ Phishing method ကိုအတော်များများသိရှိကြမယ်လို့ယူဆပါတယ်….။ကျွန်တော်ကိုယ်တိုင်လဲ Tutorial တွေရေးခဲ့ဘူးပါတယ်…။ဒါပေမယ့်လူတိုင်းသိကြတာတစ်ခုကတော့ Phishing ကို method တစ်မျိုးအနေနဲ့သာသိရှိခဲ့ ကြ ပါတယ်…။Phishing ဆိုတဲ့နေရာမှာ method ပေါင်းအမျိုးခွဲ များစွာရှိ သေးတယ်ဆိုတာ ကို သိရှိသူတော်တော်နည်းပါတယ်…။ (မှတ်ချက်။   ။နောက် ကြမှပိုစ့်တစ်ပုဒ်အနေနဲ့ရေးပေးပါ့မယ်)……….။ နောက်ပြီးတော့ Phishing ကိုလူတော်တော်များများက အထင်သေးတတ်ကြပါသေးတယ်..။ နောက်ပြီးတော့ phishing ဆိုတာကို နည်းနည်းတော့ထပ်ပြေရပါလိမ့်မယ်…။ Phishing ဆိုတာ…Hacker တွေဟာ Duplicate page လို့ခေါ်တဲ့ အစစ်အတိုင်း ပွားယူထားသော (မိတ္တူ) web စာမျက်နှာများကို ပြုလုပ်ပြီး သာကောင်များရဲ့ အချက်အလက် (password) များကို လိမ်လည်လှည့် ဖြား ယူဆောင်ခြင်း ဖြစ်ပါတယ်…။ ဒါပေမယ့် ဒီပိုစ့်မှာအခြေခံသဘောတရာတွေကို ရှင်းပြမနေတော့ပဲ…….method တစ်ခုဖြစ်တဲ့ Desktop phishing အ ကြောင်းကိုပဲရှင်းလင်ရေးသာသွားမှာပါ..။

အရင်က အခြေခံ phishing method သဘောတရားတွေအရ ကျွန်တော် တို့ဟာမိမိ သားကောင်ရဲ့ Password တွေရဖို့ web hosting တစ်ခုပြု လုပ်ပြီးရင်ဖိုင်တွေတင် ပြီးရင် မိမိရဲ့ duplicate page ဗတွကို သားကောင်တွေဆီကို ရောက်အောင်တစ်နည်းနည်းဖြင့် ပို့လွတ်ရပါတယ်…။ ဒီလိုနဲ့ သားကောင်တွေဆီကနေ အယုံ သွင်ဖြားယောင်းပြီးတော့ Data တွေကို လိမ်လည် ရယူခဲ့ကြပါတယ်…။ ဒါပေမယ်ဒီနည်းလမ်းဟာ အခြေံခံ ဗဟုသုတ ရှိတဲ့သားကောင်တွေ တောင်မှ အလွယ်တကူ ရိပ်မိ သိရှိနိုင်ပါတယ်….။ အဲနောက်ပိုင်းမှာတော့ hacker တွေဟာသူတို့ URL တွေကို မရိပ်မိအောင် လို့ URL  shortener တွေကို အသုံးပြုလာကြပါတယ်…။ဘယ်လိုပဲ ဖျောက်ဖျက် လိမ်ညာပေမယ် သားကောင် အနည်းစု ကိုသာ လှည့်ဖြားနိုင် ခဲ့ ကြ ပါတယ်…။ဒီလိုနဲ့ နည်းလမ်းတစ်ချို့ ကိုထွင် ကြရင်းနဲ့ Desktop phishing ဆိုတာပေါ်ပေါက်လာပါတယ်…….။

What is Desktop Phishing?

Desktop phishing ဆိုတာဟာ အလွယ်တကူပြောရမယ်ဆိုရင် သားကောင်တွေဆီ ကို phishing page  link တွေကို တိုက်ရိုက်ပေး ပို့ခြင်းမရှိပဲ နဲ့ ထိုလင့်တွေကို သားကောင်တွေရဲ့ စက်ထဲမှာပဲ ၀င်ရောက်နေရာယူနိုင်အောင် စီစဉ် ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်…။နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်……အဓိက ကလိုတာတော့ ဖြတ်ထိုးညဏ်လို့ ပဲ ပြောခြင်ပါတယ်…..။အလွယ် ဆုံးနည်းလမ်းကတော့ မိမိ duplicate page link ကို Browser ရဲ့ home page မှာဝင်ပြောင်းထားလိုက်ရုံပါပဲ……..။သားကောင်ဟာ Browser ကိုဖွင့်လိုက်တာနဲ့ တန်းပြီးတော့ flake login page ကို တန်းရောက်သွားမှာဖြစ်ပါတယ်….။ဥပမာ facebook page အတုလိုမျိုးပေါ့…….။ဒါပေမယ့်လဲဒီနည်းက LAN area ထဲမှာပဲကောင်းပါတယ်…။ အင်တာနက်ကဖီးလိုနေရာမျိုးမှာပေါ့…..။ကိုယ်သွားသုံးရင်းနဲ့ flake pageချန်ခဲ့ပေါ့…..။ဒီနည်းကလဲသိပ်မထူးခြားပါဘူး…..ရိုးလွန်းပါတယ်…။ နောက်တစ်နည်းကတော့ host file ကိုပြောင်းလဲ ပြင်ဆင် ခြင်းပါ..။ဒီနေရာမှာလဲ Local attack နဲ့ online attack လို့ ခွဲခြားထားပါ့မယ်……..။

Host file replacing method

ဒီအမျိုးအစားကတော့ Desktop phishing အမျိုးအစားဖြစ်ပြီးတော့ window directory ထဲမှာရှိတဲ့ host file ထဲက text အချို့ကို ပြောင်းလဲ ပြင်ဆင်ခြင်းဖြစ်ပါတယ်……..။ပြောရမယ်ဆိုရင်သားကောင်တွေဟာ အစစ်အမှန် website ကိုသွားပေမယ့်လဲ လိုအပ်တဲ့ နေရာကို မရောက်ရှိ ပဲ hacker တွေရဲ့ duplicate page တွေဆီကို တိုက်ရိုက်ရောက်ရှိ အောင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်…..။ပိုမိုနားလည်အောင် ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်……။အောက်ဖော်ပြ ပါပုံလေးကတော့ သာမန် phishing method နဲ့ Desktop phishing method တို့ ကွာ ခြားပုံလေးပဲဖြစ်ပါတယ်..။



Step to Perform Desktop Phishing

Necessaries

  1. Xampp (Download)
  2. Wnirar
  3. notepad or notepad++
  4. flake login page
  5. your iq

What is host file?

host file ဆိုတာဟာ ဖိုင်တစ်ခုဖြစ်ပါတယ်…..ကဲအေးရော….။ဘယ်မှာရှိလဲဆိုတာ ကတော့ C:\Windows\System32\drivers\etc\ အဲဒီလို သွားလိုက်ရင် တွေ့နိုင်ပါတယ်….(မှတ်ချက်။   ။ကျွန်တော် XP နဲ့ပဲအသုံးပြုနေခြင်းဖြစ်ပါတယ်…) ။သူကဘာလုပ်ပေးလဲ ဆိုတော့ ကျွန်တော်တို့ ၀င် ရောက်ကြည့်ရှုထားတဲ့ဆိုက်တွေ ရဲ့ Ip address နဲ့ Domain name တွေကိုမှတ်ထားပါတယ်…။လိုအပ်သလိုလဲပြောင်းလဲလို့ရပါတယ်…..။ အရှင်းဆုံး ပြောရမယ်ဆိုရင် ကျွန်တော်တို့ရိုက်လိုက်တဲ့ Web လိပ်စာတွေကို IP နဲ့ check ပြီးတော့ အဲဒါနဲ့  ပြန်လည်ဆက်သွယ်ပြီး ပြန်လည်ချပြ ဖော်ပြပေးတာဖြစ်ပါတယ်……။နဲနဲရှုပ်သွားတယ်ဆိုရင်လဲဒီလိုပဲမှတ်ထားပေးပါ…….။နောက်တော့ မှ လုပ်ရင်းကိုင်ရင် နားလည်သွားပါလိမ့်မယ်……။ဒီလောက်ပဲရှင်းပြချင်ပါတယ်……တကယ်ရှင်းပြရရင်တော့ တော်တော်လေးက ပိုစ့်ကရှည်သွာံးပါ လိမ့်မယ်….ဖတ်တဲ့သူတွေလဲ ပြင်ကုန်ကြမှာပေါ့…..ဟီးဟီး။

အဲဒီ host ဖိုင်လေးကိုလေ့လာလိုက်ကြရအောင်…။ကျွန်တော့်တို့ အနေနဲ့ window မှာပါတဲ့ notepad နဲ့လဲ edit လုပ်လို့ရသလို notepad++ ကိုလဲသုံးနိုင်ပါသေးတယ်….။ကြိုက်တာနဲ့ လုပ်ပေါ့ ….။ကျွန်တော်ကတော့ အဲဒီဖိုင်လေးကို notepad ကိုပဲသုံးပြီးတော့ဖွင့်လိုက်ပါတယ်…။ပြီးတော့ ကျွန်တော်ဟာ Ip address တစ်ခုကိုဖြည့်လိုက်ပြီးတော့ သူနဲ့သူတွဲ အလုပ်လုပ်မယ့် URL ကိုဖြည့်လိုက်ပါတယ်…။ဒါဆိုရင်တော့ သင်တစ်ခုတော့နား လ်ာသွားပါလိမ့်မယ်……။အောက်ဖော်ပြပါ ပုံလေးကိုကြည့်လိုက်ပါ….။ ကျွန်တော်ပြထားတဲ့ဥပမာ အတိုင်း www.anywebsite.com ကိုအလည် သွားတဲ့အခါ သူ့ရဲ့ Ip address ကိုပါပူးတွဲမှတ်ပေးပါတယ်……….။



What is Attack?

ကျွန်တော်တို့ အနေနဲ့ web host တွေကိုသုံးတဲ့အခါ ဥပမာ 110mb.com,ripway လိုဟာမျိုးပေါ့……။ IP address ကိုထောက်ပံမပေးပါဘူး…။
သူကသင့် ဆိုက်ကိုဒါမျိုးထောက်ပံပေးပါတယ်…www.anything.110mb.com ။ဒါကြောင့် ကျွန်တော့်တို့ဟာ ကျွန်တော်တို့ computer ကို phishing page ကို  host ထားဖို့ sever အဖြစ်ပြောင်းဖို့လိုအပ်ပါတယ်…..။ဒါကိုလို ဘယ်လို attack လုပ်မလဲဆိုရင် အောက်ကပုံလေးကိုကြည့် လိုက်ပါ….။တစ်ချို့ online host site တွေ ip ပေးသလားဆိုတာကျွန်တော်တော့ မတွေ့ ဘူးသေးဘူး…..။ရှိချင်လဲရှိလိမ့်ပါမယ်…။


 ကျွန်တော်တို့ အထက်ကပုံလေးကို ကြည့်လိုက်ပါ…….။ xxx.xxx.xxx.xxx ဆိုတာက ခုနက phishing page ကို host လုပ်ထားတဲ့ ip address ဖြစ်ပါတယ်…။ host file ထဲမှာပြန်ပြင်ထားတာပါ…..။သားကောင်တွေဟာ www.gmail.com ကိုသွားပေမယ့်လဲ သင် သင့် စက်ထဲမှာ host လုပ်ထားတဲ့ ip ဆီကိုပဲသွားမှာဖြစ်ပါတယ်…..ပြောရရင် သင့် စက်ထဲမှာ host လုပ်ထားတဲ့ phishing page ဆီကိုပဲရောက်သွားမှာဖြစ်ပါတယ်.. ဒါကြောင့်သင့် စက်ထဲမှာ websever ပြုလုပ်ပြီး webpage တွေကို host ပြုလုပ်ထားဖို့လိုပါတယ်….။အဲဒီလိုလုပ် ဖို့ Xampp ကိုသုံးရပါမယ်…။

part 2 မျှော်
posted by me
You also see Here
Read More ->>

Tuesday, July 3, 2012

Using Fcrackzip on Backtrack 5



အခု ကျွန်တော် Backtrack မှာပါတဲ့ tool တစ်ခု အရမ်းအသုံးဝင်တဲ့ tool တစ်ခုပေါ့ အဲ့အကြောင်းကို ကျွန်တော်ရေးပေးလိုက်ပါတယ် Fcrackzip ပါ သူက နာမည်အတိုင်းပဲ zip ဖိုင် password တွေကို ဖြည်တဲ့ tool လေးတစ်ခုပါ တစ်ချက်ကြည့်လိုက်ရအောင်
ဖိုင်အသစ်တစ်ခုကိုဆောက်ပါမယ် ပုံမှာပြထားပါတယ်……….

အခု wine အောက်က rar  ကနေ အစောကဖိုင်အသစ်ဆောက်ထားတာလေးကို zip လုပ်ပါမယ်……………. .

 rar ကနေတစ်ဆင့် ခဏက txt ဖိုင်လေးကို zip လုပ်ပါမယ် ပုံမှာပြထားပါတယ်  


နောက် Advance ကိုရွေးပြီ password ကို ကိုယ်ကြိုက်တာထည့်လိုက်ပါ စမ်းမှာဆိုတော့ ၁-၆လုံးကြားထည့်ရင်ပိုအဆင်ပြေပါတယ်…………..:P ပုံမှာပြထားပါတယ်……ကိုယ်ကြိုက်တဲ့ pass ပေးပြီးရင် ok လိုက်ပါ သုံးရတာလွယ်အောင် Desktop ပေါ်မှာပဲထားပါနော်……….   

  နောက် fcrackzip ရှိတဲ့နေရာကိုသွားပါမယ် သူက Application>Backtrack>Privilege Escalation>Password Attack>Offline Attack>Fcarckzip ပါ နောက် သူက Forensics tool ထဲမှာလည်းပါပါတယ် အဲစလိုက်ကြရအောင်……..ပုံမှာကြည့်ပါ  


  
fcrackzip ကိုဖွင့်လိုက်ပါ သူ့ရဲ့ usage ကျလာပါလိမ့်မယ်………..ပုံမှာပြထားပါတယ်…………   

  ကဲ စလိုက်ကြရအောင် သူ့ရဲ့ Useage commend ကတော့  fcrackzip -b -c a -l 1-5 -u /root/Desktop/hello.zip ပါ ဒီနေရာမှာနည်းနည်းလေရှည်ချင်ပါတယ် ဟိုတစ်နေ့က ကျွန်တော်တို့ Group ထဲမှာ မေးထားတဲ့မေးခွန်းကို negative က ပြန်ဖြေထားတာတွေ့ပါတယ် အဲ့ထဲက ဒါက brute force attack ပါ……… အဲ့အကြောင်းကတော့ negative လည်းပြောပြီးသားဆိုတော့ ကျွန်တော်လည်းထပ်မပြောတော့ဘူး အဲ့အပေါ်က command လေးကို ပေးလိုက်ရအောင်……..ပုံမှာပြထားပါတယ်…………:P   

Password Found!!!!!!!!!!! pw= aung တဲ့ မြန်တယ်နော် သူက ၁-၆လုံးကြားဆိုအရမ်းမြန်ပါတယ် နဲနဲPassword ကရှည်လေ နဲနဲကြာလေပါပဲ အခုတော့ စက္ကန့်ပိုင်းလောက်ပဲကြာပါတယ် အများဆုံးပေးတာကလည်း zip password တွေကို ၆လုံးလောက်အထိပဲပေးကြတာများပါတယ် တစ်ချို့ဆိုဒ်တွေက သူ့ဆိုဒ်နာမည်တွေပေးကြာပါတယ် ကဲမှန်မမှန်ဖြည်ကြည့်ရအောင်……………:P


ကဲဖြေလိုက်ပါမယ် ok ပေါ့နော် ရမရအောက်မှာကြည့်ရအောင်……….:P


ကျေးဇူးတင်ပါတယ် ဆက်လက်ကြိုးစားပါဦးမယ် ဒီ့ထက် ကောင်းတဲ့ ပို့စ်တွေ Tool Tutorial တွေရေးပေးချင်သော်လည်း ပုံတစ်ပုံတင်ဖို့တောင် အနိုင်နိုင်ဖြစ်နေလို့ ကွန်ကောင်းဖို့ပဲဆုတောင်းနေရပါတယ် :-D 

မှတ်ချက်။      ။ကော်ပီတွေများနေလို့တစ်မျိုးမထင်ပါနဲ့ ကွာလတီပိုစ့်တွေကို ချစ်မြတ်နိုးလို့ ဆုဆောင်း ဝေမျှထားခြင်းဖြစ်ပါတယ်.........။

posted by  Aung Kyaw Moe 
copy from ghostarea.net

ကိုအောင်ကျော်မိုးနှင့်တကွ တခြားသော ghost area စာတည်းအဖွဲ့ဝင်အား လုံးကိုကျေးဇူးတင်ပါသည်...။
Read More ->>

Tuesday, June 26, 2012

Crack RAR File Password Easily




မေးတဲ့သူတစ်ယောက်ရှိလို့ ကျွန်တော်ပိုစ့်လေးရေးလိုက်တာပါခင်ဗျ........။ကိုညီညီ ပါ Cbox ကနေ မေးထားတာပါ...။ "rar password အမှန် hack လို့ ရတဲ့ tools တွေရှိရင်တင်ပေးပါလား" လို့တောင်းဆိုထားတာပါ........။

Tool တော့လောလောဆယ် မရှိသေးပါဘူး.....။ဒါပေမယ့် အရမ်းလွယ်တဲ့ ကျွန်တော်စမ်းသပ်ထားတဲ့နည်း
လေးနဲ့ ပဲဘယ်လို လုပ်ရမလဲဆိုတာ တင်ပြသွားမှာပါ........။လိုအပ်ချက်ကလဲ ဘာမှမလိုပါဘူး ......။
Password cracking လုပ်မယ့် rar ဖိုင်ရယ်......။ win zip ရယ်...........။connection ကောင်းကောင်း
ရယ်ပဲလိုအပ်ပါတယ်...။

ကျွန်တော်ကတော့ ဒီပိုစ့်လေးမှာ အစမ်းအနေနဲ့   photo လေးတစ်ပုံကို rar ဖိုင်လုပ်ပြီး password ပေးထားလိုက်ပါတယ်...။အောက်မှာဖော်ပြပေးထားပါတယ်.......။


ဒါဆိုရင် ဒီ rar ဖိုင်က password ခံသွားပါပြီ။။။။
အောက်ကပုံက တော့  Extract လုပ်ရာမှာ password ပေးထားကြောင်းသက်သေပြထားတာပါ....။






ဒါဆိုရင် ဒီ rar ဖိုင်က ပြန်ဖြည်ဖို့ Password သိရန်လိုအပ်လာပါပြီ.....ဒါပေမယ့်လဲ ကိုယ်ကမှ မသိပဲ...။
ဒီတော့ဒီ ဆိုက်လေးကိုသွားလိုက်ပါ ......။အောက်ကလင့်ကို ကလစ်လိုက်ပါ........။

Click This Link

ပြီးရင် Web စာမျက်နှာတစ်ခုကိုရောက်တဲ့ အခါ ဒီအတိုင်းလေးမြင်ရမှာပါ......။



Browse ကိုကလစ်ပြီး Password ခံနေတဲ့ rar ဖိုင်ကိုရွေးပြီးတင်လိုက်ပါ.......။ကျွန်တော်ကတော့ ခုနက ကျွန်
တော်လုပ် ထားတဲ့ ဓါတ်ပုံ Rar ဖိုင်လေးကိုပဲ ဒီပို့မှာ အသုံးပြုထားပါတယ်..........။
။ပြီးရင် Convert file ကိုကလစ်လိုက်ပါ ...။ပြီးရင် ခဏလောက်စောင့်လိုက်ပါဦး upload လုပ်နေတဲ့ ကြာချိန်ကိုပါ။....ဒီနေရာမှာလိုင်းကောင်းမှဖြစ်မယ်......မကောင်းရင် ဖိုင်က အပြည့်ပါမသွားရင် ပြန်Download ဆွဲ ပြီးတဲ့အခါကြတော့ ဖိုင်အပြည့် ပါမလာတတ်ဘူး..........။ ပြီးရင် web စာမျက်နှာတစ်ခုကို ရောက်သွားပြီးရင် အောက်ပါအတိုင်းမြင်ရမယ်..။




ဒီစာမျက်နှာကိုရောက်ရင် အော်တို ဒေါင်းလုပ် ပေးပါလိမ့်မယ်.....။မရဘူးဆို ရင် ၀ိုင်းပြထားတဲ့ အစိမ်းရောင်
လင့်ကိုကလစ်ပါ.......။အောက်ပါအတိုင်း အော်တိုဒေါင်းလုပ် လုပ်ပေးပါလိမ့်မယ်.......။ကျွန်တော်တို့ တင်
လိုက်တုန်းက rar ဖိုင်ဖြစ်ပြီး  ပြန်ရတော့ zip ဖိုင်ဖြစ်သွားပါပြီ.......။ password တွေပါတစ်ခါတည်း ပြန်ဖယ်
လိုက်ပါတယ်........။


ကျွန်တော်တို့ Download လုပ်ထားတဲ့ ဒီ Photo Zip ဖိုင်လေးကို ပြန်လည် Extract လုပ်ပါမယ်........။
အောက်မှပုံလေးနဲ့ ဖော်ပြထားပါတယ်........။


အထက်ပါပုံအရ မျှားလေးအတိုင်းလိုက်ကြည့်လိုက်ပါ...... ပထမဆုံး ဒေါင်းထားတဲ့ Zip ဖိုင်းလေးကို Extract
လုပ်လိုက်ပါမယ်.......ဘယ်ပေါ်ကိုလဲဆိုတော့....Desktop ပေါ်ကိုပါ.......။ဘာ Password မှ မခံ တော့ပါဘူး
တန်းပြီးတော့ Zip ဖိုင်ဖြည် သွားပါလိမ့်မယ်....။

အောက်မှာ ဖြည် ထားတဲ့ ဖိုင်လေးပါ.......။Desktop ပေါ်မှာလေ........။


ပိုစ့်လေးကတော့ဒီလောက်ပါပဲ.......။နားမလည်ဘူး......ဒါမှမဟုတ် အခက်အခဲ ရှိတယ်ဆိုရင် Cbox ထဲ မှာ
ရေးသားသွားနိုင်ပါတယ်........။ဒီပိုစ့်လေးမှာ တစ်ချို့ အဆင့်တွေက လူတော်တော် များများ နားလည် လောက်ပြီးသား သိပြီးသားဖြစ်မှာပါ........။ဒါပေမယ်ကျွန်တော်ကတော့ မသိသေးသူများ ပိုမို သိနိုင်ရန် နည်းနည်း ရှည်ရှည်လေးရေးလိုက်ပါတယ်........။
အမှားပါရင်လဲ နားလည်ခွင့်လွှတ်ပေးကြပါရန်......ကြိုတင်တောင်းပန်အပ်ပါတယ်........။

ဘာမှမတတ်သော
Shwekoyantaw 
http://shwekoyantaw.blogspot.com
Read More ->>

Thursday, April 26, 2012

WiFi Hack နည်း မြန်မာလို စာအုပ်




Back Track 5 ဆော့ဝဲလ် ကို အသုံးပြုပြီး WiFi Password Hack နည်းလေးကို အသေးစိတ် ရှင်းပြထားတဲ့ မြန်မာလို ရေးထားတဲ့ စာအုပ်လေးပါ... Facebook က သူငယ်ချင်းတစ်ယောက်ဆီကနေ အားလုံးအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်...။

အားလုံးပျော်ရွှင်ကြပါစေဗျားးး...:)



copy from:www.winkabarkyaw.co.cc
Read More ->>

Saturday, April 21, 2012

Password is 123456 (ebook)


ပက်စ်ဝဘ်တွေအကြောင်းပါ...ဘယ်လို crack ရမယ် .ဘယ်လိုကာကွယ်ရမလဲ ဆိုတာတွေအပြင်.....
တခြားအကြောင်းအရာလေးတွေ အနည်းငယ်ပါဝင် ပါတယ်.အောက်ကလင့်ကနေဒေါင်းလိုက်ပါ....။
review ကို သေချာရေးပေးမနေတော့ပါဘူး......။

Download
မှတ်ချက်။   ။ password ကို rar ဖိုင်ထဲမှာတစ် ခါတည်းထည့်ပေးထားတယ်။
Read More ->>

Wednesday, April 4, 2012

Messenger Password Recovery Tool


ကျွန်တော်တော့စမ်းသုံးကြည့်တုန်း.....hacker 1989 လေ သူရှာထားတာ..လိုချင်ယူသွားလိုက်ဗျာ.....။

Download @ Official Site
VirusScan
Read More ->>

Wednesday, February 15, 2012

Cisco Router Password cracking

 
 
 
Cisco ကိုလေ့လာနေတဲ့ Network သမားတွေအတွက် Cisco Router တွေရဲ့ Password ကို cracking လုပ်တဲ့ နည်းတစ်ခုပါ။ ကြီးကျယ်ခန်းနားလွန်းတဲ့ နည်းပညာတစ်ခုတော့ မဟုတ်ပါဘူး။ တော်တော်ကို ရိုးရှင်းလွန်းပါတယ်။ Router ရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်းနားလည်ဖို့ပဲ လိုပါတယ်။ Network သမားတွေအတွက် အသုံးဝင်မယ်ထင်လို့ ရေးလိုက်တာပါ။ အခု ဒီ Cisco Router Password Crackingကို ကျွန်တော်ကိုယ်တိုင် router မှာ လက်တွေ့ စမ်းပြီးမှ တင်ပေးလိုက်တာပါ။ တစ်ကယ် လို့ ခင်ဗျားတို့မှာ စမ်းသပ်စရာ Router အစစ် မရှိဘူးဆိုရင်လည်း ပြဿနာမရှိပါဘူး Cisco က သူ့ရဲ့ ပါတနာ တွေကို ထုတ်ပေးထားတဲ့ Packet Tracer Software နဲ့ စမ်းလို့ရပါတယ်။ တစ်ကယ့် Router အစစ်နဲ့ ကြုံလာခဲ့ရင်လည်း အဲဒီ အတိုင်းပါပဲ။ အခု ဒီနည်းက GNS3 မှာတော့ စမ်းလို့ မရဘူး။
Step (1) Password Cracking လုပ်ချင်တဲ့ Cisco Router ကို Power ဖွင့်ပြီး boot တက်လာတဲ့အခါ Keyboard ကနေ Ctrl + C (သို့မဟုတ်) Ctrl + Pause Break နိုပ်လိုက်ပါ။ အဲဒါဆို Rommon> Mode နဲ့ တက်လာပါလိမ့်မယ်။
မှတ်ချက်။ ။ တစ်ချို့ Cisco Router တွေမှာ Ctrl + C နှိပ်လို့မရပါဘူး။ Ctrl + Pause Break နှိပ်မှ ရပါတယ်။ 
Step (2) Rommon> Mode မှာ confreg 0x2142 လို့ရိုက်ပါ။ တစ်ကယ်တော့ 0x2102 ကို 0x2142 ပြောင်းလိုက်တာပါ။ ဒီနေရာမှာ အကျင့်တ၀န့် ရှင်းမပြတော့ပါဘူး။  ပြီးရင် reset လို့ရိုက်ပြီး router ကို reset ချလိုက်ပါ။
Step (3) router reset ကျပြီး ပြန်တက်လာတဲ့အခါ yes (or) no မေးရင် manual လုပ်မှာ ဖြစ်တဲ့ အတွက် no လို့ရိုက်ပြီး enter ခေါက်ပေးလိုက်ပါ။ router ရဲ့ user mode ကိုရောက်သွားပါလိမ့်မယ်။ ဒီနေရာမှာ ဘာ password မှ တောင်းမှာ မဟုတ်တော့ပါဘူး။
Step (4) Router ရဲ့ user mode ကနေ privileged mode ကိုပြောင်းဖို့ အတွက် enable လို့ရိုက်လိုက်ပါ။ ဒါမှမဟုတ် အတိုခေါက် en လို့ရိုက်လည်း ရပါတယ်။ ပြီးသွားရင် copy start run လို့ရိုက်ပေးလိုက်ပါ။ အဲဒီမှာ destination filename ဆိုပြီး မေးလာရင် ဒီအတိုင်းပဲ enter ခေါက်ပေးလိုက်ပါ။ အဲဒါဆို အရင်လုပ်ထားတဲ့ router configuration file တွေကို copy ကူးပေးပါလိမ့်မယ်။ အရင်လုပ်ထားတဲ့ router configuration အတိုင်း ပြန်ရသွားပါပြီ။
Step (5) မိမိ ပြန်ချိန်းချင်တဲ့ password ကို ပြန်ချိန်းလို့ရပါပြီ။ console port password တွေ၊ privileged mode password တွေကို ကိုယ့်စိတ်ကြိုက် ပြန်ချိန်းခွင့်ရသွားပါပြီ။ password တွေ ပြန်ချိန်းပြီးသွားပြီ ဆိုရင် privileged mode မှာ copy running-config startup-config (သို့) write (သို့) wr လို့ရိုက်ပြီး save လိုက်လိုက်ပါ။
Step (6) လက်ရှိ configuration တွေကို save ပြီးသွားပြီဆိုရင် Global Configuration Mode ကိုပြောင်းဖို့အတွက် configure terminal (သို့) conf t ဆိုတဲ့ command ကိုရိုက်လိုက်ပါ။ config mode ကိုရောက်သွားပြီဆိုရင် config-register 0x2102 ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင် reload လို့ရိုက်ပြီး router ကို reload လုပ်လိုက်ပါ။ router boot ပြန်တက်လာတဲ့ အခါ မိမိ ပြန်ပေးထားတဲ့ password နဲ့ဝင်လိုက်ပါ။ အိုကေသွားပါပြီ …။
အားလုံးပဲ အဆင်ပြေကြပါစေ ….. လေးစားစွာဖြင့် သူရ 
 
copy from http://www.tramyanmar.co.cc/
Read More ->>

Sunday, December 4, 2011

routerpassview

ကိုနေသော်ဆီကရတာပါ။သူပြောတာတော့ လန်ထွက်နေအောင်းကောင်းတယ်ဆိုလား။
စောက်ရမ်းလန်းတယ်ဆိုလားပဲ.သုံးကြည့်တော့မှကျွန်တော်တောင် ပြုံးစစ ဖြစ်သွားတယ်။
တကယ်ဗျ။ဆော့ဝဲက လန်ထွက်နေအောင် အသုံးကျပါတယ်။
မျှဝေပေးသော ကိုနေသော့်ကို ကျေးဇူးပါပဲ။သုံးနည်းတော့မပြောတော့ပါဘူး။နည်းနည်း အန္တရာယ်များပါ တယ်။ဒီလောက်သိရင် တော်ရောပေါ့ဟုတ်ဘူးလား။ဆော့ဝဲကတော့အောက်ကနေဒေါင်းလိုက်ပါ။

http://www.mediafire.com/?tdtb2xjz5jysb1s
Read More ->>

Thursday, December 1, 2011

Hash Type များအကြောင်း


ပထမဦးဆုံး Hash ဆိုတာ ဘာလဲပြောရအောင်…။ ကျွန်တော်တို့ Forum တစ်ခုထဲကို ၀င်တဲ့အခါ Password ရိုက်သွင်းလိုက်ရင် အဲ့ဒီ့ Password ဟာ Web Server ကသတ်မှတ်ထားတဲ့ Table တစ်ခုထဲကို ၀င်သွားပြီး အဲ့ဒီ့ Password ဟာ Table ထဲက
Alogrithum အလိုက် အသွင်ပြောင်းလဲသွားပါတယ် ဒီလိုပေါ့ f5d1278e8109edd94e1e4197e04873b9 ဗျာ သာမန် ကျွန်တော်တို့ရိုက်လိုက်တဲ့ ရိုးရိုး Password ကို Plain Text လို့ ခေါ်ပြီး Hash Table က ထွက်လာတဲ့ ဟာကိုတော့ Hash လို့ခေါ်ပါတယ်
ဥပမာ Plain Text ဟာ tester ဖြစ်ရင် Hash ကတော့ လူဖတ်မရတဲ့ f5d1278e8109edd94e1e4197e04873b9 ပေါ့ Hash ကို ဘယ်သောအခါမှာ Plain Text အဖြစ်ပြောင်းလဲလို့မရတော့ပါဘူး Hash ကို Decrypt လုပ်နိုင်တယ်ဆိုတာ တစ်ကယ်တော့လုံးဝမဟုတ်ပါဘူး
Plain Text အဖြစ်ပြောင်းတာဟာလည်း Decrypt လုပ်တာမဟုတ်ဘဲ Brute Force လုပ်တာပါ နောက်မှ အဲ့ဒီ့ အပိုင်းကို သေချာရှင်းပြပါ့မယ်.။
ဒါဆို ဘယ်လို Access Gratiented ဖြစ်သလဲဆိုတော့ ကျွန်တော်တို့ Plain Text အဖြစ်ရိုက်သွင်းလိုက်တဲ့ Pass ဟာ Hash Table ကို ဖြတ်ပြီး Hash ဖြစ်သွားပါတယ် အဲ့ဒီ့ Hash နဲ့ နဂို Password ကိုသတ်မှတ်တုန်းက Data Base ထဲမှာ သိမ်းထားတဲ့ Hash တိုက်စစ်လို့
တူတဲ့ အခါမှာ Access Gratiented ဖြစ်ပြီး မတူညီတဲ့အခါမှာတော့ Access Denied ပေါ့ဗျာ :-D
(တကယ်လို့ ခင်ဗျားသာ Web Server ထဲက Password တွေကို Hijack လုပ်ယူနိုင်တယ်ဆိုရင် Plain Text နဲ့ ထွက်ပေါ်လာဖို့ ခဲယဉ်းပါတယ် Web Server အများစုက Hash Table များနဲ့ Crypt ထားတဲ့အတွက် Hash တွေပဲ ထွက်ကျလာမှာဖြစ်ပါတယ် ဒီလို Hash တွေကို
ဖြည်ဖို့ Hash Type တွေကို သိဖို့လိုပါလိမ့်မယ် )
ကဲ ဒါဆို Hash ဆိုတာ ဘာလဲ သိလောက်ပါပြီ Type of Hash ဆိုတာလေးစရအောင်
ပထမဆုံး အသုံးအများဆုံး Hash ဖြစ်တဲ့ MD5 Hash အကြောင်းစပါ့မယ်

MD5 Hash
MD5 Hash မှာ အလုံးပေါင်း သုံးဆယ့်နှစ်လုံးပါဝင်ပါတယ် ( 128 Bit Encryption ပေါ့ဗျာ )
a-z နဲ့ 0-9 ပါဝင်ပါတယ်
ဥပမာ – f5d1278e8109edd94e1e4197e04873b9
တကယ်လို့ အထက်က အချက် တစ်ခုခုနဲ့မတူရင် MD 5 Hash မဟုတ်ပါဘူး
SHA1
SHA1 Hash ဟာလည်း အသုံးများတဲ့ Hash Type တွေထဲမှာပါဝင်ပြီး ပိုမို လုံခြုံမှုရှိပါတယ်
SHA1 Hash မှာ အလုံးပေါင်းလေးဆယ်ပါဝင်ပါတယ် ( 160 Bit ပေါ့ )
အရင်အတိုင်းပဲ a-z , 0-9 ပါဝင်ပါတယ်
ဥပမာ – ab4d8d2a5f480a137067da17100271cd176607a1

MySQL < 4.1
ဒီ Hash Type ကတော့ MySQL Version 4.1 အောက်က Server တွေမှာ အသုံးများပြီးတော့ ဒီ Type ကို မြင်တာနဲ့ Defacer ပေါက်စတွေဟာ ပျာယာ ခပ်တတ်ကြပါတယ်
သူ့ မှာ Character 16 လုံးပဲရှိပါတယ် ( 64 bits ရှိပါတယ် )
ထုံးစံအတိုင်း a – z  , 0 – 9 ရှိပါတယ်
ဥပမာ – 606727496645bcba

MySQL5
အရင်တုန်းက ကျွန်တော့်ကို ဒုက္ခ အပေးဆုံး Type တစ်ခုပါ အဲ့ဒီ့ တုန်းက Hash Type တွေကိုလည်းသေချာမသိ Skill ကလည်းချာသေး ( ခုလည်းချာတာပါပဲ ) တော့ ဟိုလူကယ်ပါ ဒီလူကူပါပေါ့ဗျာ ဟီး သူကတော့ နောက်ထွက်တဲ့ MySQL Version တွေမှာ အသုံးပြုပါတယ်
သူက ပိုဆိုးတယ်ဗျ Character ၄၁ လုံးရှိတယ်
အားလုံးက Capital Latter တွေချည်း
ပြီးတော့ ခရပွင့် Star ( * ) နဲ့ စသဗျာ
ဥမာ – *C8EB599B8E8EE7BE9F1A5691B7BC9ECCB8DE1C75

MD 5 ( WordPress )
ကျွန်တော် အကြောက်ဆုံး Hash ပါ ဘယ်လောက်ထိလဲဆို SQL Injection လုပ်လို့ Pass ကို ဒီ Hash ထွက်ရင် လှည့်ကိုမကြည့်တော့ဘူး အဲ့ဒီ့ ဆိုဒ်ကို လက်လျှော့ပစ်တယ် အဲ့ဒီ့အထိဆိုးပါတယ် ဟီး
သူ့ မှာ $P$ နဲ့စပါတယ်
0-9 A-Z a-z အစုံကိုပါပါတယ်
သုံးဆယ့်လေးလုံးရှိပါတယ်
ကြည့်လိုက်ပါ $P$9QGUsR07ob2qNMbmSCRh3Moi6ehJZR1

MD 5 (phpBB3 )
phpBB3 နဲ့ဆောက်ထားတဲ့ Forum တွေမှာအသုံးပြုပါတယ်
$H$ နဲ့စပါတယ်
MD 5 WordPress လိုပါပဲ အစုံပါပါတယ်
Character သုံးဆယ့်လေးလုံးရှိပါတယ်
ဥပမာ – $H$9xAbu5SruQM5WvBldAnS46kQMEw2EQ0
ကဲ ဒါဆို Hash Type အစုံကို သိလောက်ပါပြီ
Source by Ghost Area
Read More ->>

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Followers

About Me

My Photo
Hacking= intelligent+techonology+psychology