BackTrack စသုံးပြီဆိုတာနဲ့ တွေ့လိုက်ရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်များ နှင့် သင့်ရာဆိုင်ရာများကို ဟိုဟိုဒီဒီမှ ရှာဖွေရင်း ဖော်ပြလိုက်ရပါသည်.။ Linux ဖြစ်၍ Beginner များအတွက် ခက်ခဲသည်က တစ်ကြောင်း Ubuntu လောက် User Friendly မဖြစ်တာကတစ်ကြောင်းကြောင့် စတင်သုံးစွဲသူများအဖို့ အခက်အခဲတွေတွေ့ရတတ်ပါတယ် ပထမဆုံးစက်ကိုစဖွင့်လိုက်ကာရှိသေး အသံမထွက်ဘူး ဖြစ်နေတတ်ပါတယ် :-D ဒီမှာကိုစကွိုင်ပါလေရော အဲ့ဒါလေးကိုပထမဆုံးပြင်လိုက်ရအောင် system>preferences>startup application ကိုအဆင့်ဆင့်သွားပြီးဖွင့်လိုက်ပါ နောက် ကျလာတဲ့ boxမှာ add ကိုနှိပ်ပါ ပြီးရင် စာကြောင်းဖြည့်ဖို့သုံလိုင်းကျလာပါမယ် အောက်ကကုဒ်တွေကိုတစ်ခုချင်းစီ ဖြည့်လိုက်ပါ…….

၁။ gtalk အတွက် empathy ကိုသွင်းပါမယ် empathy ဆိုတာ Gtalk အပြင် အခြားသော Facebook , Yahoo Mail , Hot Mail တို့ကိုပါ အသုံးပြုနိုင်သော Instant Messager ပါ . command line ကတော့ terminal ထဲမှာ apt-get install empathy ပေါ့ နော် U နဲ့ကွာတာဆိုလို့ sudo ပါတာနဲ့မပါတာပဲကွာတယ် အော်အေး အဲ့ sudo အကြောင်းနဲနဲလေရှည်လိုက်အုံးမယ် U မှာက သူက root အနေနဲ့အ၀င်ထားလို့ sudo ခံရတာပါ bt မှာက စ၀င်ကတည်းက root နဲ့ဝင်ထားလို့ ခံစရာမလိုတော့တာပါ တော်တော်များများသိမယ်လို့ထင်ပါတယ် သူ့ command တွေကအားလုံးလိုလိုတူပါတယ်..
၂။ flashplugin ကို Install လုပ်ပါမယ် ထုံးစံအတိုင်းပေါ့ apt-get install flashplugin-installer ဆိုရပါပြီ
၃။ Movie/Video player ကို install လုပ်ပါမယ် ကျွန်တော်စမ်းကြည့်သလောက်တော့ totem media player ကအကောင်းဆုံးပါပဲ bt နဲ့တည့်ပါတယ် ထုံးစံအတိုင်းပေါ့ apt-get install totem-gstreamer ပေါ့ သွင်းပြီးသွားရင် codec တွေကိုထပ်သွင်းရပါမယ် အမျိုးမျိုးသော Video ဖိုင်တွေကိုဖတ်အောင်လို့ပါ အောက်က ကုဒ်လေးကိုထပ်သွင်းလိုက်ပါ….. apt-get install ubuntu-restricted-extras apt-get install w32codecs apt-get install w32codecs libdvdcss2 ပြီးပါပြီ……..နောက်တစ်ခုပေါ့
၎။ အော်အရေးကြီးဆုံးတစ်ခုသွင်းဖို့ကျန်နေသေးတယ်……. ubuntu software centre လေ သွင်းတာပေါ့နော့် သူရှိရင်အားလုံး အဆင်ပြေတယ်လေ ထုံးစံအတိုင်းပေါ့ apt-get install software-center ပေါ့ ရပါပြီ အဲ့ဒါဆိုကိုယ်ကြိုက်တာထည့်လို့ရပါပြီ……..
editing လုပ်ချင်တဲ့သူတွေအတွက် apt-get install pitivi ပေါ့ ၆။ တစ်ခါတစ်လေမှာ ကျွန်တော်တို့ CD ခွေတွေကိုဖွင့်ပါတယ် CD အတွက်အသင့်တော်ဆုံးကတော့ Rhythmbox ပါပဲ သွင်းရအောင် apt-get install rhythmbox ပေါ့ ဘယ်လောက်လွယ်လဲ ပျော်စရာကြီးနော် window လို software ၀ယ်ရတာနဲ့ crack/serial ထည့်ရတာတွေလုံးဝမရှိဘူး အားလုံး free ဟီးဟီး ပျော်လိုက်တာပြောရင်းနဲ့တောင် ပိုက်ပိုက်ကုန်တော့ဘူး…. တစ်ချို့လိုအပ်တဲ့ software တွေကို ubuntu software centre ကနေပဲသွင်းလိုက်ရင်အဆင်အားလုံးပြေသွားပါပြီ။ ၇.Zawgyi font install လုပ်နည်းလေးကြည့်ရအောင် ပထမဆုံး…….ဇော်ဂျီဖောင့်ကို အင်တာနက်ကနေ download ရယူပါ http://code.google.com/ မှာ zawgyi font tar file ဆိုပြီးရှာလိုက်ပါ နောက်ဆုံးထွက်တဲ့ဗားရှင်းကိုဒေါင်းလိုက်ပါ ဟီးဟီး desktop ပေါ်တင်ပါ tar file လေးနဲ့ကျလာပါမယ် tar file ကိုဖြေပါမယ် ပုံမှာကြည့်ပါ သုံးရမယ့်ကွန်မန့်တွေကတော့ cd Desktop/ Desktop ပေါ်ရောက်သွားပါပြီ နောက် ls ကိုပေးပါ zawgyi_keyboard-0.3.3.tar.gz ဆိုပေါ်လာပါမယ် ပုံမှာလဲပြထားပါတယ် tar file လေးကို extract လုပ်ပါမယ် tar xvf zawgyi_keyboard-0.3.3.tar.gz လို့ရိုက်လိုက်ပါ နောက် enter ပေါ့ ပြီးရင် ls နဲ့ပြန်ကြည့်ပါ ဇော်ဂျီဆိုတဲ့ဖိုင်လေး Desktop ပေါ်ရောက်နေပါလိမ့်မယ်
zawgyi ဆိုတဲ့အခန်းထဲကိုဝင်ပါ ပြီးရင် python နဲ့ run လိုက်ပါ python zawgyi_keyboard.py လို့ရိုက်လိုက်ပါ ပြီးရင် enter နှိပ်ပါ နောက် Install လုပ်ဖို့ i ကိုနှိပ်လိုက်ပါ install လုပ်ပြီးရင် q နဲ့ထွက်လိုက်ပါ ပုံမှာပြထားပါတယ်။
ပြီးသွားရင် keyboard layout နှင့် keyboard option ကိုပုံမှာပြထားတဲ့အတိုင်း ပြင်လိုက်ပါ
Post by Aung Kyaw Moe
Source By Ghostarea.net