ဘယ်ကလဲတော့မသိတော့ဖူး ... tips နဲ့  anotepad ထဲမှာ မှတ်ထားတာလေး ပြန်ဆွဲထုတ်လာတာပါ ..
၁) Backup လုပ်ရန်
- ဘာပဲလုပ်လုပ် မဖြစ်မနေ စတင်ဆောင်ရွက်ရမည့် ကိစ္စကတော့ backup ဆိုတာ ဆိုက်ဒ်ထောင်တဲ့လူအများစုသိကြပါတယ်.....
၂) Update WordPress Version
- version မြင့်ပေးဖို့ ပါပဲ .. အသစ်ထွက်တဲ့ version တိုင်းဟာ အားနည်းချက်တွေ bugs တွေကို အတတ်နိုင်ဆုံးပြင်ဆင်ပြီး blogger တွေ စိုးရိမ်နေရတဲ့ ဟက်ခံရခြင်းမှ အတတ်နိုင်ဆုံးကာကွယ်ဖို့လည်း သူလည်း တစ်ချက်အပါအဝင်ပါပဲ
၃) Change your Login/Password
- မိမိဘလော့ရဲ့  အက်မင် လော့ဂျင် နာမည်နဲ့ pass ကို အတတ်နိုင်ဆုံး ခက်အောင်ထားထားပါ... ဥပမာ .. words+upper/lower keys+symbols+numbers ( ဥပမာဗျာ - biGb0ss!# ) .
- အက်မင် login ကိုလည်း ပြင်ဖို့ အရေးကြီးပါတယ်.. default အနေနဲ့ သတ်မှတ်ထားတဲ့ admin ဆိုတာကို လုံးဝကို ပြင်သင့်ပါတယ်... ဘာလို့ လဲဆိုတော့ ခုနောက်ပိုင်းမှာ wp brute attack ကို wordlist နဲ့ လုပ်လာကြတာတွေ တွေ့ လာရပါတယ်.. admin default သာဖြစ်နေမယ်ဆို admin လို့ ခန့် မှန်းပီး wordlist နဲ့  brute တိုက်ချသွားလို့ ကတော့ ကိုယ့် blog security ကောင်းလှပါချည်ရဲ့ ဆိုတာတောင် ဘာ bugs မှမရှိပဲ ဟက်ခံရနိုင်ပါတယ်...
၎) WordPress Keys in wp-config.php
- ဒီ keys တွေကတော့ data encrypt လုပ်တဲ့နေရာမှာ salt အနေဲ့ ပါဝင်တဲ့ အတွက် ဒါလည်း security measures တစ်ခုအနေနဲ့  ထည့်ပီးပြင်ဆင်သင့်ပါတယ်.. ( ဒီ key တွေပြင်ချင်တယ်ဆိုရင်တော့ ဘယ်လိုပြင်ရတယ်ဆိုတာ နားလည်အောင်အရင်ကြည့်သင့်ပါတယ်.. config ဖိုင်နေရာမှာ ယူထားတယ်ဆိုကတည်းက သူ့ ဟာ အရေးကြီးတယ်ဆိုတာ သိသာပါတယ်..)
ဥပမာ.
define(‘AUTH_KEY’, ‘put your unique phrase here’);
define(‘SECURE_AUTH_KEY’, ‘put your unique phrase here’);
define(‘LOGGED_IN_KEY’, ‘put your unique phrase here’);
define(‘NONCE_KEY’, ‘put your unique phrase here’);
https://api.wordpress.org/secret-key/1.1/
၅ ) Install WP Security Scan
ဒီ plugin လေးလည်း သွင်းထားဖို့ ပါပါတယ်.. သူက မိမိ blog ရဲ့  vulnerabilities တွေ malicious codes တွေကို automated stuff အနေဲ့  scan မှာပါ.. အပေါ်ဆုံမှာပြတဲ့အတိုင်း အစိမ်းရောင်လေးတွေပဲဆို အိုကေပါတယ်...
၆) Change Table Prefix
ဒီ table prefix ကိုလည်းပြင်သင့်ပါတယ်.. default က wp- ပါ ... SQL ပေါက်တယ်ဆိုတာတောင်မှ wp table prefix လေးပြင်ထားရင် ဖောက်တဲ့သူကို အခက်တွေ့ စေမှာဖြစ်ပါတယ်. အပေါ်မှာ ပြထားတဲ့ wp security scan plugin လေးနဲ့  အလွယ်တကူပြောင်းနိုင်ပါတယ်..
၇) Prevent WordPress Hack by Blocking Search Engine Spiders from Indexing the Admin Section
ဒါလေးကတော့ search engine တွေရဲ့  bot တွေက နေ့စဉ်နဲ့ အမျှ crawl လုပ်နေမှာပါ ... ကိုယ်က permission မပိတ်မှရမှာ.. နို့ မို့ ဆို admin section ပါ crawl လုပ်နေလိမ့်မယ်.. ဒါလေးကို ကာကွယ်ဖို့  disable indexing from crawler လုပ်ဖို့  မိမိ panel ရဲ့  (cpanel ကိုဆိုလိုတာပါ.. admin section မဟုတ်ပါ) ရဲ့  root directory မှာ robot.txt ဖိုင်လေးဆောက်ပီးကာကွယ်ရပါမယ်.. အောက်မှာ..
#
User-agent: *
Disallow: /cgi-bin
Disallow: /wp-admin
Disallow: /wp-includes
Disallow: /wp-content/plugins/
Disallow: /wp-content/cache/
Disallow: /wp-content/themes/
Disallow: */trackback/
Disallow: */feed/
Disallow: /*/feed/rss/$
Disallow: /category/*
၈) htaccess Hacks
ဒီ hypertext access ကလည်း directroy level file တွေကို ထိန်းချုပ်တဲ့ အရေးကြီးတဲ့ ဖိုင်တစ်မျိုးပါ .. ဒါလေးကိုများသောအားဇြင့်တော့ web root folder မှာထားကြပါတယ်.. /home/user/public_html အောက်မှာထားကြပါတယ် များသောအားဖြင့် .. ကျနော်တို့  symlink လုပ်တဲ့အခါ .. .htaccess ဖိုင်ကလည်း indexing လုပ်ဖို့  တအပ်တအားပါတယ်ဆိုတာ .. hacker တွေသိကြတယ်မလား ...
ဒီဖိုင်လေး အလုပ်လုပ်ပုံကိုသေချာသိမှာ ပြင်ဆင်ကြပါ.. မဟုတ်ရင် ဆိုက်ဒ်ပါကျသွားနိုင်ပါတယ်.. panel ထဲကဝင်ပြင်နေရမယ်.. panel မရှိရင်တော့ သေပီဆရာပဲ
http://mmdongoth.net...ccess/index.php
၉) Protect your htaccess
htaccess ကိုလည်း ကာကွယ်ထားဖို့ အောက်ကကုဒ်လေးတွေ ထည့်ထားးသင့်ပါတယ်.. ( warning : htaccess ဖိုင်ကို မသေချာပဲ မသုံးကြပါနဲ့ .. ဆိုက်ဒ်အတက်အကျက သူ့ ပေါ်မှာလဲ မူတည်နေတယ် .. သုံးတာမှားရင်ဆိုက်ဒ် ဒေါင်းသွားနိုင်ပါတယ် )
# STRONG HTACCESS PROTECTION</code>
<Files ~ "^.*\.([Hh][Tt][Aa])">
order allow,deny
deny from all
satisfy all
</Files>
၁၀ ) No Directory Browsing
- အကောင်းဆုံးကတော့ ဘယ် directory မှာ browsing မပေးထားတာအကောင်းဆုံးပဲ .. ဒါလေးနှစ်ကြောင်းလောက် .htaccess ထဲထည့်ထားပေါ့
# disable directory browsing
Options All -Indexes
၁၁) Secure wp-config.php
- ဆိုက်ဒ်ကို online တင်ပေးတာ wp-config.php ဖိုင်ပါ. hacker တွေက ဒီဖိုင်ကနေ code တွေရယူပီး ဆိုက်ဒ်ကို ထိုးဖောက်ဝင်ရောက်ကြပါတယ်.. ဒါကြောင့် အဲ့ဖိုင်ကို ကာကွယ်ဖို့ လဲ .htacess ထဲမှာ ဒီ code ကိုထည့်ထားသင့်ပါတယ်
# protect wp-config.php
<files wp-config.php>
Order deny,allow
Deny from all
</files>
The code denies access to the wp-config.php file to everyone!
၁၂) Limit Access to the Wp-Content Directory
- wp-content dir ကိုလည်းကာကွယ်ဖို့  .htaccess ထဲမှာ
Order deny,allow
Deny from all
<Files ~ “.(xml|css|jpe?g|png|gif|js)$”>
Allow from all
</Files>
ဖြည့်ပါ.
၁၃) Protect WordPress Admin Files
- wp-admin ဖိုင်ကို တခြားလူ access မ၇အောင် ဒီကုဒ်နဲ့ ကာထားပါ .. .htaccess ထဲမှာ
# deny access to wp admin
order deny,allow
allow from xx.xx.xx.xx # This is your static IP
deny from all
ကြည့်လိုက်ရင်သိသာပါတယ်.. xx.xx.xx.xx IP မဟုတ်ရင် browsing လုပ်ခွင့်မရပါဖူး ..
၁၄) Prevent script injection
ဒါလေးကို ပြည့်စုံအောင် http://www.wprecipes...access]ဒီမှာဖတ် လည်းရပါတယ်
Simple copy and paste the code below to your htaccess in the root
# protect from sql injection
Options +FollowSymLinks
RewriteEngine On
RewriteCond %{QUERY_STRING} (\<|%3C).*script.*(\>|%3E) [NC,OR]
RewriteCond %{QUERY_STRING} GLOBALS(=|\[|\%[0-9A-Z]{0,2}) [OR]
RewriteCond %{QUERY_STRING} _REQUEST(=|\[|\%[0-9A-Z]{0,2})
RewriteRule ^(.*)$ index.php [F,L]
BONUS အနေနဲ့  http://wordpress.org/extend/plugins/wordpress-firewall-2/ wp firewall plugins လည်းရှိပါတယ်.. ဒါပေမယ့် ဒါကလည်း တခါတလေ ကိုယ့် acttion ကိုတောင် block တတ်ပါသတဲ့ ဒါကြောင့် စူပါ ဟက်ကာတွေ စူပါ bot တွေလာနိုင်မယ်ဆိုမှ သုံးကြပါ ..
အပြည့်အစုံတော့ မဟုတ်ပေမယ့် ဒီလောက်နဲ့ ဆိုလည်း security ကောင်းနိုင်မယ်ထင်ပါတယ်.. But there's no 100% security လို့ တော့ ကျနော်ကတော့ ခံယူထားပါတယ်
နောက်ထပ်ကောင်းမယ်ထင်တာရှိရင် ထပ်ဖြည့်ပေးကြပေါ့...
ခရက်တစ်=ကိုတုတ်ကောက်
Copy from : http://mmhackforums.com//index.php?/topic/291-secruity-tips-%E1%80%98%E1%80%B1%E1%80%9C%E1%80%AC%E1%80%B7-security-%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%86%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%9B%E1%80%AC/page__pid__699#entry699