ခုတလော cracking ရောင်ရောင် hacking ရောင်ရောင်လုပ်နေတာနဲ့ post တောင်မရေးဖြစ်ဘူးဖြစ်နေတယ်။ ဘာရေးရမှန်းမသိတာလဲ ပါပါတယ်

။ စိတ်ကူးလေးပေါက်တုန်း ဗဟုသုတ ဆိုပြီး Spoofing အကြောင်းလေးတစ်ချက်
ပြောကြည့်ရအောင်။ သိတဲ့ အတိုင်းပဲ ကျွန်တော်က mobile hacking
အကြောင်းတာဝန်ယူထားတယ်ဆိုတော့ Caller ID spoofing ရေးထားပါတယ်။
What is Spoofing ??
Spoofing ဆိုတာကတော့ hackers တွေရဲ့ technique တစ်မျိုးပေါ့။
အချက်အလက်တစ်ခုကို သိချင်တဲ့ အခါမျိုးတို့ ဒါမှမဟုတ် ကိုယ့်ကို
မသိစေချင်တဲ့အခါမျိုးတို့မှာသုံးပါတယ်။ အဲ့ spoof ရဲ့ အဓိပဿပါယ် လေးက
အကြောင်းအရာတစ်စုံတစ်ကိုဟာသ အမြင်နဲ့ တုတာကို ပြောတာပါ။
What is Caller ID spoofing??
Caller ID spoofing ဆိုတာက ဖုန်းခေါ်ခံရမယ့်လူဘက်က ပေါ်မဲ့ Caller ID ကို
လာနေကျ station ကမဟုတ်ပဲ တစ်ခြား number အနေနဲ့ဖော် ပြနိုင်တဲ့ telephone
network ရဲ့ ဖြစ်ပေါ်လာတဲ့ အလေ့အကျင့်တစ်ခုပေါ့။ ဥပမာ မြန်မာနိုင်ငံက
သူငယ်ချင်းတစ်ယောက် ကို ကိုယ်က ဒီနိုင်ငံက နံပါတ်မဟုတ်ပဲ
တစ်ခြားနံပါတ်ဖြစ်အောင်ဖန်တီးပြီး ကိုယ်ဖုန်းနဲ့
ခေါ်တာမျိုးပေါ့။တစ်ဖက်လူကို မိမိ အကြောင်း trace လိုက်လို့ မရအောင်
လုပ်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။ email spoofing လိုပဲ ဘယ်က ပို့မှန်းမသိအောင်
နေတဲ့ email sender အနေ သဘောမျိုးနဲ့ ဆက်သွယ်ခြင်းဖြစ်ပါတယ်။
ဘယ်နံပါတ်မျိုးမဆို Caller ID spoofing က caller တွေ
အကြိုက်ဖန်တီးပေးနိုင်ပါတယ်။
Process of Providers
ရိုးရှင်းတဲ့ spoofing service တစ်ခုရဲ့ process ကို ပြောပါ့မယ် ။ customer
တစ်ယောက်က call spoofing company တစ်ခုမှာ Personal identification number
(PIN) တစ်ခုကို ဝယ်လိုက်တယ် အဲ့ PIN က ခု prepaid တွေလိုပေါ့ call time
အတိအကျပါတယ်။ ဘယ်နှနာရီပြောနိုင်မယ်ပေါ့လေ။ အဲဒါနဲ့ customer က ပေးထားတဲ့
Company က ပေးတဲ့ number ကို dial လုပ် သူရထားတဲ့ PIN ကို
နှိပ်မယ်။ပြီးတော့ customer က ခေါ်မယ့် နံပါတ်ကို နှိပ်မယ်ပြီးရင် Caller
ID ကို ပြောင်းချင်တဲ့ နံပါတ်ပြောင်းမယ်။ ဒါက User or customer ဘက်က
လုပ်တာ။ အဲ့ customer နှိပ်ပြီးတာနဲ့ တပြိုင်နက် call က ဟို receive
လုပ်မယ်လူဆီကို company က လွှဲပေးလိုက်ပြီ။ အဲ့မှာ တင် receive
လုပ်တဲ့လူဘက်မှာ ဘယ်က မှန်းမသိသော Caller ID ပေါ်လာပြီပေါ့။
Web-based spoofing service တွေက provider တွေနဲ့ အကောင့်တွေလုပ်။ customer
တွေကို သူတို့ website မှာ login ဝင်ပြီးရင် form ကို
ပြည့်စုံအောင်ဖြည့်။အများစု company တွေ တောင်းတဲ့ အချက်တွေက
၁.source number
၂.destination number
၃.caller ID number တွေပါပဲ။
ဥပမာအနေနဲ့ http://www.teleturd.com/ မှာသွားကြည့်လို့ရပါတယ်။တစ်ချို့
company တွေဆို အသံပြောင်းလို့ရအောင်တောင် ထည့်ပေးပါသေးတယ်။
Caller ID spoofing တွေကို ဘယ်လိုင်းတွေမှာ သုံးတာများလဲဆိုရင် Voice Over
Internet Protocol( VoIP)နဲ့ Primary Rate
Interface(PRI)တို့မှာသုံးတာများပါတယ်။ နောက်ထပ် spoofing method
တွေရှိပါသေးတယ်။ orange boxing တို့ဘာတို့ ပေါ့။ဟိုတစ်ခေါက်က ကျွန်တော် red
boxing ရေးခဲ့ဖူးတယ်မလား။ ခု orange boxing ကသူ့အဆက်

။ ကျွန်တော် တစ်ခေါက်ရေးပေးခဲ့တယ့် spoofapp ဆိုတဲ့ android apk က လဲ
caller id spoofing ပါပဲ။အဲ့ app ကတော့ US နဲ့ Canada မှာ ပဲ
ရတယ်လို့ပြောပါတယ်။ ခုနောက်ပိုင်း spoofing နဲ့ပတ်သတ်တဲ့ apk
တွေအများကြီးထွက်လာပါသေးတယ်။နောက်ဆုံး ကျွန်တော်သူငယ်ချင်းပေးတဲ့ msg spoof
apk ကတော့ txtmyanmar.apk ပါ။အခါသင့် အခွင့်သာရင် orange boxing
အကြောင်းထပ်ရေးပါမယ်လို့ ကတိပေးရင်း ဒီလောက်နဲ့ကျေနပ်မယ်လို့ထင်ပါတယ်

။ စာဖတ်ပရိတ်သတ်အပေါင်း ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာပါစေ။ ဒါက ဗဟုသုတ
အနေနဲ့ ရေးတာ ပါ ။ဒီနည်းတွေက Social engineering ကောင်းရင် ကောင်းသလောက်
အသုံးဝင်ပါတယ်။ထို့ကြောင့် နောက်တစ်ခုဆုတောင်းတာက လူအချင်းချင်း
လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေလို့

။
copy from ghostarea.net
0 comments:
Post a Comment