Botnet တွေအပြီး Pen Test ဖက်လှည့်ဖို့ ကြိုးစားလာမိရင်း ဟိုရှာဖတ် ဒီရှာဖတ်နဲ့ အဆင်ပြေမယ့် Article တွေ ( ကိုယ့်အတွက်ကော စာဖတ်သူတွေအတွက်ပါ အဆင်ပြေမယ်ထင်တဲ့ ) ရှာပြီး ဘာသာပြန်လိုက်တာပါ
ဒီပို့စ်ကတော့ Infosecinstitute က လူကြိုက်အများဆုံး ပို့စ်တွေထဲက တစ်ပုဒ်ဖြစ်ပြီး ကျွန်တော့်စာဖတ်သူများလည်း အထောက်အကူပြုမယ်ထင်လို့ ခေါင်းစဉ်ကိုတောင် မပြုပြင်ပဲ တင်ပေးလိုက်တာပါ ။
1.Mastery of an operating system
PenTester တစ်ယောက် Security Expert တစ်ယောက်ဖြစ်ဖို့ဆိုရင် Operating System တွေအကြောင်းကို သေသေချာချာတိတိပပ သိဖို့လိုပါလိမ့်မယ် ။ တော်တော်များများက ဒီအချက်ကို သတိလွတ်နေကြတယ် ။ OS တွေအကြောင်း ( အနည်းဆုံးတော့ မိမိ ကိုင်တွယ်နေတဲ့ OS အကြောင်း ) ကောင်းကောင်း မသိ ပဲ System Admin , Pen Tester ဖြစ်ချင်နေကြတယ် ။ System Security Admin သာဆိုရင် မိမိ System ဟာ Target / Victim ဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာနေပြီပဲ ။ ထိုနည်းတူစွာပဲ Attack လုပ်မယ်ဆိုရင် Log File တွေဖျက်ဖို့ နောက်ကြောင်းရှင်းဖို့ ကိစ္စတွေမှာ ကွိုင်လာလိမ့်မယ် ။
2. Network တွေအကြောင်း Network Protocol တွေအကြောင်းသေချာသိအောင် လေ့လာပါ ။
ဒီနေရာမှာ Good Knowledge ဆိုတာ OSI Layer လေးတွေလောက် သိတာကို ဆိုလိုတာ မဟုတ်ပါ ။ TCP အ၀င်အထွက်
တွေသိရမယ် ။ ဒါကိုလည်း TCP ဆို Transmission Control Protocol ဆိုတာလောက် သိရင်ရပြီ လို့ ဆိုလိုတာမဟုတ်ဘူး ။
Packet တွေရဲ့ Structure , ပြီးတော့ သူတို့ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ .. အသေးစိတ်ပေါ့ ( TCP နဲ့ပတ်သတ်ပြီးတော့
TCP/IP ဆိုတဲ့ W.Richard Stevens ရေးတဲ့ ဟာလေး ဆို အဆင်ပြေမယ် ) ပြီးတော့ Routing အကြောင်း အသေးစိတ် Packet
တွေ တစ်နေရာ ကနေ တစ်နေရာကို ဘယ်လိုကူးတယ်ဆိုတဲ့အကြောင်း အသေးစိတ် . DNS တွေအလုပ်လုပ်ပုံ . ARP အကြောင်း
DHCP အကြောင်း ကို အသေးစိတ်သိဖို့လိုမယ် ။ Automatic IP တွေအကြောင်း Plug တက်လိုက်တာနဲ့ ဘယ်လို Address ကို
Auto သတ်မှတ်တယ်ဆိုတဲ့အကြောင်း အပြင် NIC က သုံးနေတဲ့ Traffic Type. ဒါတွေကို အတိအကျအသေးစိတ်သိဖို့လိုပါလိမ့်မယ်
3.Basic Script လေးတွေလေ့လာပါ ။
vb script သို့မဟုတ် Batch file script တွေက စရင် အဆင်ပြေပါ့မယ် ။ Batch file Programming ဆိုတဲ့ စာအုပ်က
အထောက်အကူပြုပါလိမ့်မယ် ။ အနည်းဆုံး အခြေခံအသေးစား Software လေးတွေရေးနိုင်လောက်တဲ့ အထိ Programming
Knowledge လိုအပ်ပါလိမ့်မယ် ။
4.သင်ကိုယ်တိုင် Firewall တစ်ခုဖြစ်နေပါစေ
သဘောကတော့ မိမိကိုယ်ကိုလည်း ကာကွယ်နိုင်ရပါ့မယ် ။ Defenses တွေနဲ့ပတ်သတ်ပြီး သိနားလည်အောင်လုပ်ပါ ။
ဈေးပေါတဲ့ Router အဟောင်းလေးတစ်ခုကို သုံးပြီး IP Spoofing လိုမျိုး Simple Techniques လေးတွေ စမ်းပြီး ဘယ်လို ကာကွယ်
ရမယ် ဆိုတာလည်း လေ့လာသင့်ပါတယ်။ လက်တွေ့စမ်းသပ်မှ တကယ်တတ်မယ့်ကိစ္စမျိုးတွေပါ ။
5.Froensiscs နဲ့ပတ်သတ်ပြီး နည်းနည်းတော့ သိသင့်ပါတယ် ။
ဒါမှသာ ကိုယ့်ခြေရာလက်ရာတွေကို ဖျက်တဲ့နေရာမှာ အသုံးဝင်နိုင်မှာပါ ။ ဒါကလည်း အရေးပါတဲ့ နေရာတစ်ခုမှာ ပါရှိပါတယ်
6.Programming Language တစ်ခုတော့ကျွမ်းကျင်အဆင့်မှာရှိပါစေ ။ တစ်ခုထက်ပိုနိုင်ရင် အကောင်းဆုံးပေါ့ .။
ဒီနေရာမှာ ပြောစရာနည်းနည်းရှိတယ်ဗျ ။ HOW TO PROGRAM IN C တို့ ဘာတို့ အစရှိတဲ့ ခေါင်းစဉ်တွေနဲ့ စာအုပ်တွေကို သွားမဖတ်နဲ့ ။
အဓိက Concept ကလေးတွေ နားလည်ပြီးသေချာလား ဒါဆို Program တစ်ခု စရေးတော့ ဥပမာ . port scanner ပေါ့ ဒါမျိုးဆို nmap ဒေါင်း သူ့ Source Code
ဖတ် အဲ့ဒါမျိုးရအောင်ရေး မသိရင် ဖိုရမ်တွေကို လိုက်မေး . ဒါ အကောင်းဆုံးနည်းပဲ ကျွန်တော့်ကို ယုံ
7.Note တစ်ခုထားပါ
ဒါအရေးအကြီးဆုံးလို့ ပြောရပါလိမ့်မယ် ဒီနေ့ ကိုယ်ဘာဖတ်တယ် ကိုယ်ဘာသိတယ် ဘာတွေလုပ်တယ် ဆိုတာကို
Refences တစ်ခု Note တစ်ခုလို ထားပါ ။ ဒါဆို ကိုယ့်အချိန်တွေကို ကိုယ်ဘယ်လိုသုံးနေရတယ်ဆိုတာသိသလို လေ့လာမှုလည်း
တိုးတက်ပါလိမ့်မယ်
8.DataBase တွေအကြောင်း နည်းနည်းတော့သိဖို့လိုပါလိမ့်မယ်။
သူတို့ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့အကြောင်းလည်း သိဖို့လိုပါတယ် ။ mysql ကို ဒေါင်းလိုက်ပါပြီ ပြီးရင် Database တစ်ခု
ဘယ်လိုဆောက်တယ်ဆိုတဲ့အကြောင်းနဲ့ပတ်သတ်ပြီး Tutorial လေးတွေရှာဖတ်ပါ ။ ကျွမ်းကျင်အဆင့်ဖြစ်ရမယ် လို့မဆိုလိုပါဘူး ။
နည်းနည်းပါးပါးတော့ သိဖို့လိုပါတယ် ။
9.တစ်ယောက်ထဲ အလုပ်မလုပ်ပါနဲ့ ။
ကိုယ့်ထက်ပိုသိတဲ့လူတွေ ကိုယ့်လောက်မသိတဲ့လူတွေ အပါအ၀င် Pentesting ကို လေ့လာနေသူတိုင်းကို မိမိအသိပညာတွေ
မျှဝေပါ ။
post by negative thunder
copy from ghostarea.net