Hacker ဆိုတာနဲ့ပတ်သတ်ပြီး ငြင်းကြ ခုန်ကြ ပြောကြ ဆိုကြ တဲ့ ဆောင်းပါးတော်တော်များများ ဖတ်ဖူးပါတယ်။ တချို့ကိုတော့ ကြိုက်. တချို့ကိုတော့ မကြိုက် တချို့ကိုတော့ တော်တော်လက်မခံ ဆိုပါစို့ဗျ..။ အခုဆောင်းပါးလေးကတော့ Hacking နဲ့ပတ်သတ်တဲ့ ကျွန်တော့်အမြင်လေးပါ.။
ကျွန်တော် ဒီမှာတော့ Black ကောင်းတယ် White ကောင်းတယ် ငြင်းနေမှာမဟုတ်ဘူး .။ နှစ်ဖက်စွန်းလုံးကိုလည်း ကောင်းမကောင်း မပြောဘူး.။ ကျွန်တော် ပြောချင်တဲ့ Hacking ဆိုတာ ဘာ Hacker ဆိုတာဘာလေးပဲ ပြောမှာ
Hacking , Hacker ဆိုတာနဲ့ပတ်သတ်ပြီး တော်တော်များများကို ဘယ်လိုမြင်လဲ မေးကြည့်ဖူးပါတယ်.။ Hacker ကို အကောင်းမြင်တဲ့လူကိုမေးရင် ရေလည်ဂျွတ်တဲ့ ကွန်ပျုတာ ပညာရှင်လို့ ဖြေမှာဖြစ်ပြီး မကောင်းမြင်တဲ့လူကိုမေးရင်တော့ သူခိုးလို့ ဖြေကြလိမ့်မယ်။ ကျွန်တော့်အမြင်မှာတော့ Hacking ဆိုတာ………………………
ပညာရပ်နယ်ပယ်တိုင်းမှာ လူနှစ်မျိုးနှစ်စားရှိပါတယ်. Tool နဲ့ Hacker ဆိုပြီးတော့..
ဥပမာဗျာ.. ကျောင်းသားဆိုပါစို့..Tool ကတော့ ဒီစာကျက် ဒီစာဖြေ.. Roll One ရ..ဒါကို Tool လို့ခေါ်ပါတယ် ဒီလိုကျောင်းသားကို Tool ပေါ့.။ ဒါကျက် ဒါဖြေမဟုတ်ဘူး ပညာရပ်ကို ရူးသွပ်တယ်. ရူးသွပ်သည်နှင့်အညီ စာအုပ်ထဲက ပြောသမျှ ကို ခေါင်းငြိမ့်လက်ခံမှာမဟုတ်ဘဲ ကိုယ်တိုင်လေ့လာမယ် စောဒဂတက်မယ် မေးခွန်းတွေ ထုတ်မယ် Tool တွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ပညာရပ်ကို ရှာဖွေမယ် သူဟာ Roll One ရချင်မှ ရမယ် ဒါပေမယ့် သူဟာ ပါရမီရှင်တစ်ယောက်ဖြစ်တယ် Hacker တစ်ယောက်ဖြစ်တယ်…အကြမ်းဖြင်းအရတော့ ဒီလို.. Hacker ဆိုတာဒီလို…..။
ခုနက ပြောခဲ့တဲ့အတိုင်းပဲ Hacker တစ်ယောက်ဟာ Tool တစ်ယောက်မဟုတ်ဘူး သူ့မှာ လွတ်လပ်တဲ့ အတွေးအခေါ်ရှိတယ် သူ့ရဲ့ ပညာရပ်နဲ့ပတ်သတ်လာရင် မည်သည့်အရာနဲ့မှ သူ့ရဲ့ တွေးခေါ်ခြင်းတွေကို အမှောင်ပိတ်မခံဘူး..လွတ်လပ်တော့ အတွေးအခေါ်ဆိုတာနဲ့ပတ်သတ်ပြီး ကျွန်တော် ဖတ်ဖူးတဲ့ အကြောင်းလေးရှိတယ်.။
တခါတုန်းက မြို့ကြီး တစ်မြို့က လူအရမ်းစည်းကားတဲ့ စူပါမားကပ်ကြီးမှာ ဓာတ်လှေကားတပ်ဖို့ စီစဉ်ကြတယ်တဲ့.။ထုံးစံအတိုင်း အင်ဂျင်နီယာတွေခေါင်းချင်းရိုက်စဉ်းစားကြပြီပေါ့.။ ဒါပေမယ့် အခက်အခဲမှာ အဲ့ဒီ့မှာ ဓာတ်လှေကားတပ်တာနဲ့စူပါမားကပ်ကြီးကို ပိတ်ရတော့မှာပါပဲ..အားလုံးကို မဖြစ်မနေမို့သာ လုပ်တာ မပိတ်ချင်ဘူး..။ ဒီနေရာမှာ အစည်းအဝေးအပြင် ကြမ်းတိုက်နေတဲ့ သန်ရှင်းရေးသမားက ဓာတ်လှေကားကို အပြင်မှာတပ်တော့ ဘာဖြစ်မှာလဲလို့မေးခဲ့တယ်…အင်ဂျင်နီယာ အားလုံး မျက်လုံးပြူးသွားတယ် ဒီလို အတွေးအခေါ်ကို သူတို့ မတွေးမိကြဘူးလေ..။
ကျွန်တော်ပြောချင်တဲ့ လွတ်လပ်တော့ အတွေးအခေါ်ဆိုတာ အဲ့ဒီသန့်ရှင်းရေးသမားလို အတွေးအခေါ်မျိုးကို ပြောချင်တယ်
လွတ်လပ်တော့ အတွေးအခေါ်ရှိမယ် လွတ်လပ်ခြင်းကို မြတ်နိုးမယ် ဒါကို Hacking လိုခေါ်တာပါ..။ Website Hacking Technique အကုန်ကိုသိတယ်.။ Vuln ရှိရင် အဲ့ဒီ့ Website ကို Defaceလုပ်တတ်တယ်ဆိုရုံနဲ့တော့ Hacker ဖြစ်လာမှာမဟုတ်ပါဘူး Tool တစ်ယောက်ပဲဖြစ်ပါတယ် တကယ့် Hacking ဆိုတာ တီထွင်ဖန်တီးခြင်း ပိတ်ပင်တားဆီးမှုကို ဖောက်ထွက်ခြင်းဖြစ်ပါတယ် ဟိုတစ်နေ့က Meta cafe ကနေ Video တစ်ခုကြည့်လိုက်ရပါတယ်..။ အနောက်နိုင်ငံမှာ ဆီတစ်ဂါလံကို ဘယ်လောက်ပေးရတယ်တော့မသိပါဘူး ဒါပေမယ့် အဲ့ဒီ့ ဗီဒီယိုထဲမှာတော့ ဆီဖြည့်တဲ့ ဂေါက်ကို Hack ပြီး သုံးဒေါ်လာနဲ့ ဆီ ငါး ဂါလံလောက်ရအောင်လုပ်ထားတာကိုပြပါတယ်..။ တစ်ခါညှစ် ခဏနား သုံးခါ ထက်ညှစ်ပြီးတော့ နှစ်ခါ စသဖြင့်ပေါ့ဗျာ ဆီဖြည့်တဲ့ ဂေါက်ကို ညှစ်ပြီး Hack ပြထားတာပါ ဒါကလည်း Hacking ပါပဲ..။
ကျွန်တော်ပြောချင်တာက Website ကြီးကို Deface လုပ်မှ. ဆာဗာကြီးကို Penetrate လုပ်မှ Hacker မဟုတ်ဘူး အဲ့လိုလုပ်တိုင်းလည်း Hacker မဟုတ်ဘူး.။ တကယ့် Hacking ဆိုတာ လွတ်လပ်မှုကို မြတ်နိုးခြင်း. လွတ်လပ်တော့ အတွေးအခေါ်ရှိခြင်း. တီထွင်ဖန်တီးနိုင်ခြင်းပါပဲ…
Hacking ဖြင့် လောကကို အကျိုးသယ်ပိုးနိုင်ပါ့စေဗျာ.
တွေးခေါ်သူ..........ghostarea.net