Friday, June 8, 2012

What is Programming?



အရမ်းအသုံးဝင်လို့တင်ပေးလိုက်တာပါ..။ဒီလို ကွာလတီပိုစ့်တွေကိုထုံး စံအတိုင်း နက်ဂေးတစ်သန်ဒါ
(သို့) ghostarea.net မှ ရေးသားတာဖြစ်ပါတယ်...သေခြာဖတ်ကြည့်ပါ တကယ်ကောင်းမွန်ပြီးတော့
နည်းပညာနဲ့ တွေးခေါ်ပညာကိုဆက်စပ်ပြသွားတာပါ...။

Programming ကို ခက်တယ်.. မရဘူးချည်းကြားကြားနေရပါတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပြဿနာနဲ့ ကြုံတွေ့ ခဲ့ရဖူးပါတယ်.။ ဒါပေမယ့်
Hacking:The art of exploration စာအုပ်ထဲက What is Programming ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးကတည်းက Programming ကို မကြောက်ဘဲ
ကြိုက်သွားခဲ့ပါတယ်..။ဒီလို အခက်အခဲရှိသူတွေအတွက် ကျွန်တော် အဲ့ဒီ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ပေးလိုက်ပါတယ်..။
What is Programming.?
တကယ်တော့ Programming ဆိုတော့ Philosophy  လိုပဲဗျ..။ သဘောတရားတွေပေါ် အခြေခံထားတဲ့ Concept တစ်ခုပဲ..။ လမ်းညွှန်ချက်တွေ
ပါတဲ့ Statement Series တစ်ခုထက်ဘာမှမပိုဘူး..စဉ်းစားကြည့် ဘယ် Programm ပဲဖြစ်ဖြစ် Statement တွေ Instruction တွေ စီထားတဲ့ Series
ကြီးပဲ…သူ့ ကို သတ်မှတ်ထားတဲ့ သီးသန့်  Language တစ်ခုနဲ့ ရေးထားတာပဲ ပိုတယ်..။တကယ်တော့ Programming သဘောတရားတွေကို
ကျွန်တော်တို့ နေ့တိုင်းလုပ်နေတဲ့ အလုပ်တွေမှာ လည်းပါတယ်ဗျ…ဟမ်..ကြောင်သွားတာလား အဟုတ်ဗျ…မယုံမရှိနဲ့ ထမင်းချက်တဲ့နေရာမှာလည်း ပါတယ်
ကားမောင်းတဲ့နေရာမှာလည်းပါတယ်..မနက်လင်းလို့ သွားတိုက်တာက အစ အိပ်ရာဝင်တဲ့အထိ Programming သဘောတရားတွေနဲ့ မကင်းဘူးဗျ
ဥပမာဗျာ.. ကျွန်တော့်ကျူရှင် အပြန် အိမ်ကို ကားမောင်းလာတယ် အင်းးးးးးး ကျွန်တော့်အိမ်က ၂၆ လမ်း လမ်း ကိုးဆယ်မှာ ဆိုပါစို့ဗျာ
၂၆ လမ်းတည့်တည့်ကြီး ကျွန်တော်မောင်းလာတယ်..တိန် ၈၆ နဲ့ ၈၇ ကြား လမ်းမှာ မော်တော်ပီကယ် ဖမ်းနေတယ်ဗျ ဒါနဲ့ ၈၅ လမ်းမှာ ညာကွေ့ 
လိုက်ရတယ်.. ၂၅ လမ်းမှာ ဘယ်ကိုပြန့်ကွေ့ တယ်ဗျာ ရှေ့ က လမ်းခွဆုံဗျ ၈၈ လမ်းလေ ကျွန်တော်ဘယ်ကွေ့ ၂၆ လမ်းပေါ်ပြန်တက်ပြီးတည့်တည့်သွားရင်လည်းအိမ်ရောက်တယ်
ဒါမှ မဟုတ် ၈၆ ကျမှ ညာကွေ့  ၂၆ ပေါ်ပြန်တက်လည်း ရတယ်ဗျ
. ဒီဥပမာဟာ Programm တစ်ပုဒ်ပဲ..သူလည်း Statement Series ပဲလေ..ဟုတ်ဖူးလား..ဒါပေမယ့် ကွန်ပျုတာကို ဒီလိုကြီး သွားပြောလို့
မရဘူး ကွန်ပျုတာက ဒီတိုင်းကြီး နားလည်တာဟုတ်ဖူး သူနားလည်တာက 0 နဲ့ 1 တွေပဲ ပါတဲ့ Machine Language ပဲလေ..ခက်တာက Machine
Language နဲ့ Programm တစ်ပုဒ်ရေးရင် ဘယ် အဆင်ပြေမလဲဗျ 0 တွေ 1 တွေနဲ့ ရူးသွားမှာပေါ့..နော့ ဒီတော့ Machine Language နဲ့ လူနားလည်တဲ့
Language ကြားမှာ ချိတ်ဆက်ပေးဖို့ ဘာသာပြန်တစ်ခု လိုလာပြီ… အိန္ဒိယက ကုလားကြီးနဲ့ တရုတ် ကြီး တို့ စကားဝိုင်းမှာ စကားပြန်လိုသလိုပေါ့
Programmer နဲ့ Computer ကြားမှာ ဘာသာပြန်လိုလာပါပြီ ဥပမာ assembler ဆိုပါစို့ assembler ဆိုတာ Assembly Language ကနေ Machine
Language ကို ဘာသာပြန်ပေးတဲ့ Translator တစ်ခုပါပဲ..Assembly Language ဟာ Machine Language လောက် မရှုပ်ထွေးတော့ပါဘူး
သူဟာ Instruction တွေ Variable တွေကို စာလုံးတွေနဲ့ အသုံးပြုနိုင်ပါပြီ ဒါပေသိ သူဟာ ပြီးပြည့်စုံတဲ့ Language လို့ပြောလို့မရပါဘူး ဘာကြောင့်လဲဆိုတော့
architecture-specific ဖြစ်နေတုံးပါပဲ သဘောကတော.Intel x86 processors မှာ နားလည်တဲ့ Machine Language နဲ့
Sparc processors, x86 မှာ နားလည်တဲ့ Machine Language နဲ့ ကမတူပါဘူး..ဒီတော့ Intel x86 မှာ Assemble နဲ့ ရေးတဲ့ Programm တစ်ပုဒ်ကို
Sparc Processors,x86 မှာ Run နိုင်ဖို့ နောက်တစ်မျိုးပြန်ရေးရပါသတဲ့..( စိတ်လေပ…နော် ) ဒီတော့ဗျာ Programm ကောင်းကောင်း တစ်ပုဒ်ရေးဖို့
အရေး Processer အကြောင်း အသေးစိတ်ကိုသိမှ ဖြစ်မှာ မို့လားဗျ
ဒီပြဿနာတွေကို ဖြေရှင်းဖို့ Compiler တွေ ပေါ်လာပါတယ်…ဒန့်  မင်းသား လာပြီကွ Compiler ဆိုတာ လည်း Translator ပါပဲ သူက တခြား
တမျိုးပေါ့ Super Translator ဆိုပါစို့ ဟဲ…။ Compiler ဆိုတာ High-level Programming Language တွေကို Machine Language ကို ပြောင်းပေးတဲ့
Translator ပါပဲ. သူဟာ Assembler ထက် ပိုမို ချောမွေ့ ပြီး မတူညီတဲ့ Processor မျိုးစုံပေါ်မှာ Translate လုပ်နိုင်ပါတယ်..။ သဘောကတော့ဗျာ High-level
Programming နဲ့ ရေးထားတဲ့ Programme တစ်ပုဒ်ဟာ တခါရေးရုံနဲ့ စက်တိုင်းမှာ Run နိုင်တယ် ပေါ့ဗျာ low level တွေကို ထပ်ခါထပ်ခါမရေးရတော့ သက်သာတာပေါ့
ပြီးတော့ High Level Language နဲ့ ရေးတဲ့ Programm တစ်ပုဒ်ဟာပိုပြီး ဖတ်ရလွယ်တယ်ဗျ Low-level တို့ Machine Langugae တို့ထက်..ပိုပြီး ဖတ်ရလွယ်
ပါတယ်..။ ဒါပေမယ့် သူ့ ဟာ အလွန်တင်းကြပ်တိကျတဲ့ စည်းမျဉ်းတွေပေါ်မှာ အခြေခံပြီး ရေးရတဲ့အတွက် သတိအရမ်းထားရပါတယ်..။
Programming မှာ အရမ်းအရေးကြီး တဲ့ အရာတစ်မျိုးကတော့ Pseudo-Code လို့ခေါ်တဲ့ ပုံစံတစ်မျိုးပါ Pseudo-Code ဆိုတာ Programming Language
ထဲမှာပါတဲ့ ရိုးရိုး English စာလုံးလေးတွေနဲ့ ဖွဲ့ စည်းထားတဲ့ Form တစ်မျိုးပဲဖြစ်ပါတယ်..။ Pseudo-Code ကို ဘယ် Compiler ကမှ နားမလည်ပါဘူး ဘယ်ကွန်ပျုတာ
ကမှလည်း နားမလည်ပါဘူး ဒါပေမယ့် Programmer တိုင်းအတွက် မရှိမဖြစ်ပါ… ဘာလို့လဲဆိုတော့ Programming Language နဲ့ English လို လူ့ ဘာသာ စကားကို
ဆက်သွယ်ပေးထားတဲ့ တံတားတစ်စင်းဖြစ်လို့ပါပဲ…ဥပမာဗျာ ခုနက ကားမောင်းတဲ့အကြောင်းအရာကို Programme တစ်ပုဒ်လိုရေးကြည့်ရအောင်
Begin going east on 26
Until ( I arrived my home )
{
Drive down 26
}
If ( street is blocked by polices )
{
Turn (right,85);
Turn(left,25);
Turn(left,87);
}
else
{
Turn(right,86);
Turn(left,25);
Turn(left,87)
}
Turn (right,27)
For (3 iterations)
{
Drive straight for 3 roads
}
Stop at my Home
အထက်က Instruction တွေကို သေချာကြည့်လိုက်ပါ တစ်ကြောင်းချင်းရေးတယ် တိကျသေချာတဲ့ Direction တွေပါတယ် Loggic ကျကျ Control Structure တွေပါတယ်
Control Structure တွေသာမပါရင် ဟိုး ရှေ့ ကလို စာပိုဒ်ကြီးပဲ ပေါ့ ဘာမှမထူးပါဘူး  ကဲ ဒီလိုဆို နည်းနည်းတော့ Programming ဆိုတာကို ပေါက်လောက်ပြီ မခက်ဘူးနော်
ဒီလောက်နားလည်ရင်ကို Programming ကိုမကြောက်တော့ဘူး ကဲ ဆက်ရဦးမယ်…။
ခုနက Driving to Home Program လေးမှာ Turn(right,26) တို့ Turn(left,) တို့ပါတာ တွေ့ မှာပါ Turn ဆိုတဲ့စကားလုံး တစ်လုံးထဲကို ခွဲကြည့်ရင်…
၁.ကွေ့ မယ့်လမ်းမှာ အရှိန်လေးလျှော့မယ်
၂.ကားခေါင်းလေး အသာလေးဝိုက်မယ်
၃. Steering (စတီယာတိုင်ပေါ့ဗျာ အမလေး လျှာယားလိုက်တာ) ကို လှည့်မယ်
၎. ကွေ့ ပြီးတာနဲ့ အရှိန်ပြန်တင်မယ်
ဘယ်လမ်းမှာမဆိုနော် ကွေ့ ဖို့ အတွက် ဒီ နည်းစနစ်တစ်မျိုးထဲသုံးတာ..ဒီလို အခါမျိုးမှာ Function လို့ သုံးနှုန်းနိုင်ပါပြီ Turn Function ပေါ့ဗျာ ဒီ Turn Function နဲ့ ဘယ်
ကားမဆို ဘယ်လမ်းမဆို ကွေ့ လို့ရပါတယ် မယုံရင် ကွေ့ ကြည့် အဲ တွန်းပြီး ကွေ့ တာတော့ ပါဘူးနော် ဟီး Function ဆိုတာ argument တွေ စုစည်းထားတာပဲဖြစ်ပါတယ်
ကဲ ခုနက Turn Function ကို Program ပုံစံ Pseudo-code တွေထဲမှာ ထည့်ကြည့်ရအောင်
Function Turn(the_direction, the_street)
{
locate the_street;
slow down;
if(the_direction == right)
{
turn on the right blinker;
turn the steering wheel to the right;
}
else
{
turn on the left blinker;
turn the steering wheel to the left;
}
speed back up
}
ကဲ မလွယ်ဘူးလား ဘာလဲဟဲ လောကဓံမဟုတ်ဘူး ဘာလဲဟဲ့ Programming လို့တောင် အော်လို့ ရပြီ ဟီး ဟီး Function တွေကို အသုံးပြုရခြင်းက ဒါပါပဲ Turn နေရာမှာ
ဒီလို အရှည်ကြီး ရေးစရာမလိုပဲ Turn လို့ပဲရေးပဲ ခေါ်သုံးခွင့်ရှိတာပေါ့ဗျာ
Function တွေနဲ့ ပတ်သတ်ပြီး အရေးကြီးတဲ့အကြောင်းအရာကတော့ Function တစ်ခုချင်းဆီမှာ သီးသန့် အကြောင်းအရာတွေရှိပါတယ်. သဘောကတော့ဗျာ
သီးသန့် Local Variable တွေ အတွက် သီးသန့် Function တစ်ခုစီရှိတယ်ပေါ့ဗျာ သီးသန့် environment လို့လည်းပြောလို့ရတယ်ဗျ Program တစ်ပုဒ်ရဲ့ အသက်ဟာ
Function လို့ ပြောလို့ရပါတယ် ဘယ် Program မှ Function မပါတဲ့ Program မရှိပါဘူး Main Function က ခွဲထွက်တဲ့ Function တွေ Main Function အောက်က
Function တွေ…Function တစ်ခုက ခွဲထွက်တဲ့ Function တွေနဲ့ ဖွဲ့ စည်းထားတာပါ
ကဲ ဒါဆို Programming သဘော တရားကိုနည်းနည်းတော့ပေါက်သွားလောက်ပါပြီ  Programming ဆောင်းပါးဆိုတော့ ဖတ်တဲ့လူပျင်းမှာလည်းဆိုးလို့ ဗရုတ်သုတ်ခလေး
တွေလည်း ထည့်ရေးပေးထားပါတယ် ကျွန်တော် နောက်ကျရင် Programming ရဲ့  အဓိက Concept တွေကိုချည်း သီးသန့်လေးရေးပေးပါဦးမယ် စောင့်ဖတ်ကြပါဦး

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Followers

About Me

My Photo
Hacking= intelligent+techonology+psychology