Tuesday, June 5, 2012

Introduction to HTTP Protocol



ဒီ post လေးထဲမှာ HTTP Protocol အကြောင်းနည်းနည်းလေးပြောချင်ပါတယ်။

HTTP (Hyper Text Transfer Protocol) ဆိုတာ ကမ္ဘာပေါ်မှာအသုံးအများဆုံး protocol တခုပါ။ သူ.ကိုဘယ်နေရာမှာ သုံးလဲဆိုတော့ ကျွန်တော်တို.နေ.တိုင်းသုံးနေမြင်နေ ထိတွေ.နေရတဲ. World Wide Web ကြီးပေါ့ဗျာ။ကျွန်တော်တို. အနေနဲ.တကယ်လို. WWW ကိုသုံးတော့မယ်ဆိုရင် မရှိမဖြစ်လိုတဲ့အရာ နှစ်ခုရှိပါတယ်။ ပထမ တခုက browser ပါ။သူကတော့ client ပေါ့။နောက်တခုက တော့ client ကို service ပေးမဲ့ server ပေါ့အဲဒါကတော့ web server ပါပဲ။ အသုံးများတဲ့ browser တွေကတော့ firefox, Internet Explorer ပေါ့ဗျာ။ အသုံးများတဲ့ Web Server တွေကတော့ IIS နဲ. Apache Web Server ပေါ့။ ကျွန်တော်တို.က ကြိုက်တဲ့ဆိုက်ကို ကြိုက်တဲ့ browser နဲ.ကြည့်လို.ရတယ်ဗျာ။ အဲ web browser နဲ. အမျိုးမျိုးသော မတူညီတဲ့ Web Server တွေဘယ်လိုဆက်သွယ်သလဲ အလုပ်လုပ်သလဲပေါ့။ အဲဒီမှာ မင်းသားကြီးကတော့ HTTP protocol ပေါ့ဗျာ ။ Protocol ကိုမြန်မာမှု.ပြုရင်တော့ Client ကွန်ပျုတာနဲ. Server ကွန်ပျုတာကြား နားလည်မှု.ယူထားတဲ့ လိုက်နာရမဲ့စည်းကမ်းတွေပေါ့။ ဟ ဘာစည်းကမ်းတွေတုံးဆိုတော့ browser က server နဲ. Html ဖိုင်တခုကိုလိုချင်ရင် ဘယ်လိုဆက်သွယ်ရမယ်။ ဟော server အနေနဲ. ဖိုင်ကိုရှာပေးနိုင်ရင် client ကိုဘယ်လိုပြန်အကြောင်းပြန်ရမယ် သူ.ရဲ. content တွေကိုဘယ်လို ပြန်ပေးရမယ် စသည်ဖြင့်ပေါ့ အဲဒါတွေကို သတ်မှတ်ထားတာပေါ့ဗျာ။
HTTP protocol က Network Layer တွေရဲ.ဘယ်အပေါ်မှာ အလုပ်လုပ်သလဲဆိုတော့ Transport Layer အပေါ်မှာအလုပ်လုပ်ပါတယ် ။ Transport Layer မှာ သူက TCP protocol ကိုသုံးပါတယ်. ဘာလို.လဲဆိုတော့ TCP ရဲ.သဘောသဘာဝက reliable data transfer ကိုပေးနိုင်လို.ပါပဲ။ Reliable Data Transfer ဆိုတာကတော့ဗျာ တဖက်ကပို.လိုက်တဲ့ data packet တွေကဟာမပျောက်ပဲနဲ. တဖက်ကိုရောက်ရှိနိုင်တာကိုပြေတာပါ။ အခြားသော pouplar protocol တွေဖြစ်တဲ့ အီမေး တွေအတွက်သံုးတှဲ့SMTP ဟာလည်း HTTP ကဲ့သို. TCP ကိုသုံးပါတယ်။ HTTP protocol ဟာ text based protocol ဖြစ်ပါတယ်။ ဆိုချင်တာက မိတ်ဆွေအနေနဲ. HTTP protocol ကိုဖတ်ပြီးတော့နားလည်နိုင်ပါတယ် ဘာလို.လဲဆိုတော့ သူရဲ. Format က text ဖြစ်တဲ့အတွက်ပါပဲ။ binary ဆိုရင်တော့ ဖတ်လို.ခက်ပါလိမ့်မယ်။
Web Server တွေနဲ. Web Client တွေဟာ HTTP ကိုသုံးပြီးဆက်သွယ်ပါတယ်။ ဆက်သွယ်မှု.ပုံစံကတော့ Request, Response model ဖြစ်ပါတယ်။ Request, Response model ဆိုတာကတော့ဗျာ Web client က Web Server ဆီက တခုခုလိုချင်တယ်ဆိုပါတော့ အဲဒီအချိန်မှာ Web Client ကနေ Web Server ဆီကို HTTP request တခုလွှတ်လိုက်ပါတယ်။ အဲဒီ request ကို Web Server ကနေနားလည်ပြီးတော့ web client တောင်းဆိုတာကို message တခုအနေနဲ.ပြန်ပေးပါတယ် response ပေါ့ဗျာ။ ဆိုချင်တာက HTTP Protocol အပေါ်မှာဘာပဲလုပ်လုပ် resquest လာမယ် ပြီးရင် server ကနေ response ပြန်လာမယ်ပေါ့။ ဒီလိုနည်းနဲ.ပဲအလုပ်လုပ်ကြပါတယ်။ နောက်ပြီးတော့ resquest တခုနဲ.တခုကလဲ အဆက်အသွယ် relation မရှိကြပါဘူး။ အဲဒီမှာကြုံတွေ.ရတဲ့ပြဿနာကတော့ session ပြဿနာပါပဲ။ HTTP ဟာ request, response နဲ.သုံးတဲ့ stateless protocol ဖြစ်တာကြောင့် session ကို cookies ဒါမှမဟုတ် တခြားနည်းတွေနဲ.ဖြေရှင်းရပါတယ်။ HTTP ဟာ statelss ဖြစ်တယ်ဆိုတာ တော့ ပထမလွှတ်လိုက်တဲ့ request နဲ. ဒုတိယလွှတ်လိုက်တဲ့ request တွေဟာတူညီတဲ့ client တွေဖြစ်တယ်ဆိုတာ တနည်းအားဖြင့်သူတို.တွေဟာတဆက်တည်းဖြစ်တယ်ဆိုတာ related ဖြစ်တယ်ဆိုတာမသိတာပါပဲ။
ကဲ အခု HTTP Client ကနေ Web Server ကိုဘယ်လို Request လွှတ်သလဲ Response ပြန်သလဲဆိုတာကိုရှင်းပါ့မယ်။ Request, Response အားလုံးဟာ HTTP Message တွေပါ။ သူတို.မှာတိကျတဲ့ format ပုံစံရှိပါတယ် ဒါမှသာလျှင် various Web Server တွေ Web Client တွေဟာအတူတကွအလုပ်လုပ်နိုင်မှာပါ။ HTTP message တွေမှာ request အတွက် format တမျိုး, response အတွက်တော့သက်သက်တမျိုးထားပါတယ် အောက်ကပုံမှာ အဲဒါတွေကိုပြထားပါတယ်။


အပေါ်ဆုံးပုံက က request message ကိုပြထားတာပါ။
ဒုတိယပုံကတော့ reponse message ကိုပြထားတပါ။ ဆိုပါတော့ဗျာ ကျွန်တော်တို.က server တခု ကနေ /pet-products.txt ဖိုင်တဖိုင်ကိုလိုချင်တယ်ဆိုပါတော့ ဒါဆိုရင် ပထမဆုံးပုံ ပါအတိုင်းတောင်းရမှာပါ။ အဲလိုတောင်းမယ်ဆိုရင် server အနေနဲ. တောင်းတဲ့ဖိုင်ကိုပေးနိုင်တယ် ဆိုရင် ဒုတိယပုံ အတိုင်း ပြန်ပေးပါလိမ့်မယ်။ Request Message ကိုသေသေချာချာကြည့်ရအောင် သူ.မှာ နှစ်ပိုင်းပါ ပါတယ် ။ Strat Line ရယ် request line ရယ်ပေါ့ဗျာ။ Start Line ဆိုတာ GET /pet-products. HTTP/1.1ပေါ့။ အဲ့မှာသုံးပိုင်းပါ ပါတယ် GET ဆိုတာရယ် /pet-products.txt ရယ် HTTP/1.1 ရယ်ပေါ့။ GET ကတော့ HTTP method တခုပါ။ ဘယ်နေရာမှာသုံးတာလဲဆိုတော့ resource တခုခုကို server ကနေတောင်းချင်ရင် သို.မဟုတ် server side program တခုခုကို run ချင်ရင်သုံးပါတယ်။ ကျွန်တော်တို.ဟာ အခု /pet-products.txt ကိုတောင်းတာဖြစ်တဲ့အတွက် GET ကိုသုံးတာပါ။ image တခုကိုလိုချင်ရင်လဲအဲလိုပဲတောင်းရမှာပါ။ HTTP method နောက်မှလိုက်ရတာက တော့လိုချင်တဲ့ resource ပေါ့ အခု ဒီမှာဆိုရင်တော့ /pet-products.txt ပေါ့ဗျာ ။ နောက်ဆုံးအပိုင်းကတော့ HTTP protocol version ပေါ့။ လောလောဆယ် အသုံးအများဆုံး version ကတော့ HTTP/1.1 ပါပဲ။ HTTP/1.0 ကတော့ browser အဟောင်းတွေမှာသုံးပါတယ် တွေ.ရခဲပါတယ်။ HTTP request နဲ.နောက်တပိုင်းကတော့ request line သို.မဟုတ် body ပေါ့ဗျာ သူကတော့ request မှာလိုအပ်တဲ့တခြား metadata တွေကိုထည့်ပေးလိုက်ဖို.သုံးပါတယ်။ ဒီမှာဆိုရင် Accept: ဆိုတဲ့ metadata ပါပါတယ် သူကဘာပြောတာလဲဆိုရင် client ကနေလက်ခံနိုင်တဲ့ content type အမျိုးအစားတွေပါ။ ဒီဥပမာ မှာဆိုရင် အားလုံးလက်ခံတယ်ပေါ့ ။နောက်တခုက Host: ပါ အဲဒါကတော့ကျွန်တော်တို. Request ကိုလွှတ်တဲ့ computer ရဲ. IP သို.မဟုတ် domain name ပေါ့ဗျာ။ အခုဥပမာပေးထားတဲ့ request ကို နားလည်အောင်ပြောရရင်တော့ ဟေ့ web server ရေ ငါ့ကို /pet-products.txt ပေးစမ်းကွာ။ ငါက HTTP/1.1 ကိုသုံးထားတာကွ။ ငါကို.ရှိတာပေး လက်ခံနိုင်တယ်ကွာ ပေါ့ဗျာ ။file တွေပဲကွ။ ငါ့ရဲ. Host name က www.joes-hardware.com ကွလို.ပြောလိုက်တာပါ။ ဒီ request ကို TCP အပေါ်ကနေ လိုချင်တဲ့ server ဆီကိုပို.လိုက်ရပါတယ်။ Web Serverတွေဟာများသောအားဖြင့် TCP port 80 မှာ connection တွေကိုလက်ခံပြီးအလုပ်လုပ်ပါတယ်။ ဒီ request ကို web server ကနားလည်ပြီးတော့ သူညွန်ကြားတဲ့အတိုင်းလုပ်ပါလိမ့်မယ်။ အဆင်ပြေရင် response ပြန်ပေးပါလိမ့်မယ်။ GET အပြင်တခြား HTTP method တွေလဲရှိပါသေးတယ်။ popular ဖြစ်တာကတော့ POST ပေါ့ ။သူက server မှာရှိတဲ့ program ကို run ဖို.အတွက်သုံးတာပါပဲ။ ကဲ GET နဲ.လဲလုပ်လို.ရသားနဲ. ဘာလို. POST ကိုသုံးတာလဲပေါ့။ GET နဲ.သာ server side program ကိုလှမ်း run မယ်ဆိုရင် program အတွက်လိုအပ်တဲ့ parameter တွေဟာ HTTP message ရဲ. Header သို.မဟုတ် start line ကနေပို.တဲ့အတွက် parameter တွေကိုမြင်နေရပါတယ်။ POST ကိုသုံးတဲ့အခါ ကျတော့ parameter တွေကိုmessage ရဲ. Body ကနေပို.တာဖြစ်တဲ့အတွက်မမြင်ရတော့ပါဘူး။ နောက် သုံးလို.ရတဲ့ HTTP method တွေကတော့
HEAD သူကတော့ header inforamation တောင်းရင်သုံးပါတယ် ဥပမာ server အမျိုးအစားနဲ. Versoin အဲဒါတွေလိုချင်ရင်သုံးပါတယ်။
PUT ကတော့ဗျာ တခုခုကို server မှာသွားတင်ချင်ရင်သုံးပါတယ် server တော်တော်များများကအဲဒါကိုပေးမသုံးပါဘူးပိတ်ထားတတ်ပါတယ်
TRACE ကတော့ proxy server တွေကနေ web server ကိုဘယ်လိုသွားတယ်ဆိုတာသိချင်ရင်သုံးပါတယ်
OPTIONS ကတော့ server ကဘယ် method တွေကိုပေးသုံးလဲနဲ. ဘာတွေကို Handle လုပ်နိုင်လဲဆိုတာအတွက်သုံးပါတယ်
DELETE သူကတော့ server မှာရှိတဲ့ ဖိုင်တွေကိုဖျက်ဖို.သုံးပါတယ် သူ.ကိုလဲ သာမာန်အားဖြင့်ပေးမသုံးပါဘူး ပိတ်ထားလေ့ရှိပါတယ်။
အခု response message အကြောင်းရှင်းကြရအောင်။ ကျွန်တော်တို.ပို.လိုက်တဲ့ message ကို server ကနားလည်ပြီးတော့တောင်းတာကိုပေးနိုင်တယ်ဆိုပါတော့ဒါဆိုရင် ဒုတိယပုံ မှာပါတဲ့အတိုင်းပြန်ပေးပါလိမ့်မယ်။ Response မှာသုံးပိုင်းပါပါတယ် start line, header ရယ် body ရယ်ပေါ့။ start line မှာတော့ HTTP/1.1 200 OK ဆိုတာလေးကိုတွေ.ပါလိမ့်မယ် HTTP/1.1 ကတော့ version ပါ။ 200 ကတော့ server ဟာ client ရဲ. Request ကိုအောင်မြင်တယ် အိုကေတယ်ကိုအကြောင်းပြန်တာပါ။ အဲဒါကို status code လို.ခေါ်ပါတယ် အောင်မြင်ရင် 200 ပေါ့ဗျာ သူ.နောက်က ok ကတော့ 200 ကို ကိုယ်စားပြူတဲ့စာသားပါပဲ။ status code ကိုကြည့်ပြီးတော့မှ browser ဟာသူဘာဆက်လုပ်ရမယ်ဆိုတာသိပါလိမ့်မယ်။ 200 အပြင်တခြားသော status code တွေလဲရှိပါသေးတယ်။ အဲဒါတွေကထဲမှာအသုံးများတာ 403 Bad request, နဲ. 500 Internal Server Error တို.ပါပဲ။ start line ပြီးသွားရင် response header လာပါပြီ။သူ.မှာလဲ response နဲ.ပတ်သတ်ပြီးတော့ metadata တွေကိုထည့်ဖို.သုံးတာပါပဲ။ ဥပမာ sound ဖိုင်တဖိုင်ဆိုရင် ဘယ်လို အမျိုးအစားလဲ အဲလိုအမျိုးအစားသိတော့မှ ဘယ် player နဲ. Run ရမယ်ဆိုတာ browser ကသိမှာပါ။ဒီ ဥပမာမှာပြန်လာတာကတော့ Content-Type: text/plain ဖြစ်ပါတယ် ဒါဆိုရင် browser အနေနဲ.အခုပြန်လာတာဟာ text file တခုဖြစ်တယ်ဆိုတာသိပါပြီ အဲဒီတော့ ဒီ text file ကို display လုပ်ပါလိမ့်မယ် အကယ်လို.သာ သူဟာ text/html ဖြစ်နေတယ်ဆိုရင် အဲဒီ content ကို html အနေနဲ. Render (ပုံဖော်)ဖို.လုပ်မှာပါ။ Content-Type နောက်မှာပါလာတာကတော့ Content-Length: 19 ဖြစ်ပါတယ် သူကဘာကိုရည်ညွန်းတာလဲဆိုရင် ပြန်လာတဲ့ respone ရဲ. Message body ဟာ 56 bytes ရှိတယ်လို.ပြောတာပါ။အဲဒါကိုသိတဲ့အတွက်သာ web browser ဟာ messge body ထဲကနေ ဘယ် နှစ်byte ဖတ်ရမလဲဆိုတာသိမှာပါ။ ပြောဖို.ကျန်ခဲ့တာကတော့ Start Line, message header, body တွေကို \r\n newline နဲ.ခြားထားတယ်ဆိုတာပါပဲ။ နောက်ဆုံးအပိုင်းကတော့ content ပါပဲ။ ကျွန်တော်တို.က text file တခုကိုတောင်းတဲ့အတွက် text တွေပါလာတာပါ။ တကယ်လို. Html ဖိုင်တခုကိုသာတောင်းခဲ့မယ်ဆိုရင် html content တွေရမှာပါ။ပြန်လာတဲ့ response ကိုကြည့်ပြီးတော့ browser အနေနဲ. Content ကို render လုပ်နိုင်ပါပြီ။ ကဲ အဆင်ပြေမယ်လို.တော့မျှော်လင့်ပါတယ်ဗျာ။ HTTP protocol ကိုတကယ်စမ်းချင်ရင်တော့ netcat, ဒါမှမဟုတ် telnet နဲ.စမ်းလို.ရပါတယ်။ 

source http://mmcyberdevils.com/index.php?/topic/69-introduction-to-http-protocol/

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Followers

About Me

My Photo
Hacking= intelligent+techonology+psychology