Saturday, December 10, 2011

အသိ သတိ ပညာ


အသိပညာ ဗဟုသုတသည် ဟက်ကာတို့ရန်မှ ကာကွယ်ရန် စွမ်းအားတစ်ခုဖြစ်ပေသည်။ ယနေ့ခေတ် အိုင်တီနယ်ပယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် တာဝန်ရှိသူများသည် ၄င်းတို့၏ user / customer များအား ဟက်ကာများရန်တွင်း သက်ဆင်းမှုမှ ကင်းဝေးအောင် ထိုက်သင့်သော နည်းပညာဖြန့်ဝေမှုတွင်အားနည်းမှုများရှိနေကြသည်။ နည်းပညာတစ်ခတ်ဆန်း လာခဲ့တာနဲ့ တန်းတူ ကွန်ပျူတာဆိုတာ ခေတ်မှီလုပ်ငန်းတိုင်းမှာ မပါမရှိဝင်ရောက်လာတဲ့ အသုံးဝင်ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ ဒီလိုနေရာမျိုးမှာ လူတိုင်းဟာ ကွန်ပျူတာကို အကျွမ်းကျင်ကြီးမဟုတ်တောင် အတိုင်းအတာတစ်ခုအထိ သိထားသင့်တယ်ဆိုရင်မှားမယ်မဟုတ်ပါဘူး။ စရင်းဇယားတွေလုပ်တဲ့ ရုံးဝန်ထမ်းတစ်ဦး ကွန်ပျူတာကိုဖွင့်လိုက် Desktop အပေါ်က Excel/Acess/UBS စသည့် icon လေးကို နိုပ်ကာ နေ့တိုင်းလုပ်နေရတဲ့သူတွေဟာ virus ဆိုတာ ဘာမှန်းမသိတဲ့သူတွေ များသလို online banking transaction တွေကို ကိုင်ထားကျတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ၊ သူတို့ရဲ့ လူယုံ အတွင်းရေးမှုးစသည် တို့တွေဟာ ဒီ Bank ရဲ့ website ကိုဒီလိုဝင်တယ် .. ပြီးရင် ဒီမှာ click နိုပ်မယ် .. ပြီးရင် အပေါ်က box လေးမှာ user name အောက်က box လေးမှာ password ကို ရိုက်ထည့်မယ်ဆိုတာပဲ သိကြပါတယ်။ ဒါမျိုးတွေက ကျွန်တော်တို့ အမြဲတွေ့နေကြတွေပါ။ (ကိုယ်တွေ့ဗျ...ဟီး)
ကဲ.. ကြည့် ဒီလိုလူတွေကို နည်းပညာနည်းနည်းကျွမ်းကျင်တဲ့ မသမာသူတွေက လုပ်ကြံဖို့ဆိုတာ ခက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါတွေဟာ လုပ်ငန်းရဲ့ IT Manager (အိုင်တီတွင်တာဝန်ရှိသူ) ရဲ့ အရည်အချင်းညံ့ဖျင်းမှု့ကြောင့်လည်း ဖြင့်ပြီး Company တစ်ခုမှာ သက်ဆိုင်ရာ Human Resources or Administration Department / IT Department / Accounting Department စသည် ဖြင့်ခွဲထားကြတာများပါတယ်။ ဒီလိုနေရာမျိုးတွေမှာ ကျွန်တော်တို့တွေဟာ တစ်ပတ်ကို အနည်းဆုံး ၃၀ မိနစ်လောက် နည်းပညာအတွက် အစည်းအဝေး (meeting) လုပ်ကာ အိုင်တီပိုင်းဆိုင်ရာ တာဝန်ရှိသူတွေဟာ မိမိတို့ရဲ့ ၀န်ထမ်းတွေကို ခေတ်ရဲ့နည်းပညာနဲ့လျော်ညီတဲ့ ဗဟုသုတတွေကို အချိန်နဲ့ တစ်ပြေးညီ ဖြန့်ဝေပေးနိုင်ဖို့ပါ။ ဘယ်လိုဝန်ထမ်းကမှ ဘယ်သူက ဘယ်သူ့ကို ဟက်သွားလဲ၊ ဘယ် security ကဘယ်လို။ စသည့် သူတို့နဲ့ မဆိုင်တာကိုမေးမှာမဟုတ်ပါဘူး( ဘယ်မင်းသား ဘယ်မင်းသမီးက ဘယ်လိုလေးချောတာ၊ ဟိုကောင်လေးနဲ့ ဟိုကောင်မလေးက ဘာဖြစ်နေတယ်ဆိုပဲ - ဒါတွေပဲမေးရင်မေးမှာပေါ့)။ ဒါပေမဲ့ ၄င်းကဲ့သို့သော user တွေ (မသိသေးတာကော သိရှိပြီးသားတွေ) ကို ဗဟုသုတရဖွယ် ပြောဆို ဆွေးနွေးသင့်ပါတယ်။ ဒီလိုပြောတဲ့နေရာမှာ ဘယ်သူက ဘယ်လိုဆိုတာတွေပြောယုံတင်မကဘူး ၄င်းတို့ကို ကာကွယ်တဲ့နည်းပညာလေးတွေပါ User အများစုသိသင့်သလောက်ပြောဆိုထားသင့်ပါတယ်။
ဟက်ကင်းကို ယနေ့အချိန်မှာတော့ လူတိုင်းနည်းပါးကြားဖူးပါတယ်။ ဒါပေမဲ့ ဟက်ကင်းဆိုတာ ဘာလဲလို့ပြောရင်တော့ တိတိကျကျမသိပါဘူး။ Cyber သူခိုးတွေလို့ပဲ ထင်ချင်ထင်ပါလိမ့်မယ်။
"ဟက်ကင်း - hacking" ကို တနည်းအားဖြင့် "cyber terrorism - နည်းပညာပိုင်းမှာ အကြမ်းဖက်ဝါဒ၊ လုပ်ငန်း" လို့လည်းခေါ်ကြပါတယ်။ ကွန်ပျူတာ ဟက်ကင်းဆိုတာကတော့ ခွင့်ပြုချက်မရှိပဲ ကွန်ပျူတာ နဲ့ အင်တာနက် Networks ကို ဖောက်ထွင်း ၀င်ရောက် အသုံးပြုခြင်းလို့ အကျဉ်းချုံးပြီးပြောလို့ရပါတယ်။ ကောင်းတဲ့ဘက်ကကြည့်ရင် ကွန်ပျူတာနည်းပညာမှာ System တွေဘယ်လို အလုပ်လဲဆိုတာတွေကို သူများတွေထက်ထူးကဲစွာ ဖောက်ထွင်းဝင်ရောက်ကြတဲ့သူတွေပါ (နည်းပညာတစ်ခေတ်ဆန်းစေဖို့ ရှေ့ဆောင်လမ်းပြတွေပေါ့)။ ဒါပေမဲ့ များသောအားဖြင့်ကတော့ တရားမ၀င် သာဖြစ်ပါတယ်။
ဟက်ကင်းတွင်
1. Website Hacking (လုံခြုံရေးချထားသော အင်တာနက် webpage များအတွင်းသို ၀င်ရောက်ခြင်း)
2. Hacking Computers (အသုံးပြုနေသူတစ်ယောက် ကွန်ပျူတာနဲ့ အင်တာနက်အသုံးပြုနေစဉ် ၄င်းကွန်ပျူတာအတွင်းသို့ဝင်ရောက်ခြင်း)
3. Server Hacking (အရေးကြီးသော သတင်း၊အချက်အလက်များကိုရယူရန် သို့မဟုတ် အန္တရယ်ဖြစ်စေသော virus များကိုထည့်သွင်းရန်အတွက် server အတွင်းသို့ဝင်ရောက်ချဉ်းကပ်ခြင်း)
တိုက်ခိုက်နိုင်သော နည်းပညာ အမြောက်အများရှိရာတွင်-
SQL Injection Hack
Cross site scripting ( XSS )
Denial of service ( Ddos attack )
Cookie Poisoning
Password Cracking
* Dictionary attack
* Hybrid attack
* Brute force attack
Phishing
Keystroke Logging
Login Spoofing
Shoulder Surfing
Spyware
Trojan Horse
Mule Scam
FTP
HTTP
rpc.statd
NetBIOS
ICMP Ping စသည်စသည် ဖြင့်ပေါ့.. အများကြီးပါ။

Social engineering နည်းပညာ
အရင်က Social Engineering ကို အသုံးပြုသူ (user) တွေအား ကူညီမှုအသွင် ဖြင့် သက်ဆိုရင် HelpDesk/Suport Department ပုံစံဟန်ဆောင်ပြီး ၀င်ရောက်ခဲ့ကြပေမဲ့ ယနေ့အချိန်မှာတော့ အံမခန်းအောင် နည်းပရိယာယ်တွေ ကြွယ်ဝလာကြပါတယ်။ ကွန်ပျူတာ နည်းပညာကို အထူးသိကျွမ်းစရာ မလိုပဲအထိုက်အလျောက်တတ်ကျွမ်းယုံနဲ့ အလွယ်တကူ လုပ်ယူနိုင်တာ ဖြစ်တဲ့အတွက် ယနေ့ခေတ်မှာ တော်တော်များများသုံးနေကြတာကိုတွေ့ရပါတယ်။ ဒါဟာ user တွေရဲ့ အားနည်းချက်ကိုယူတာပဲဖြစ်ပါတယ်
(ကျွန်တော်ဖတ်ရတဲ့ စာလေးထဲက ကောက်နုတ်လိုက်ပါမယ်။)
John ဟာ လုံခြုံရေးဆိုင်ရာ စီစစ်လုပ်ကိုင်ရန် (Security Analyst) အတွက် Company တစ်ခုရဲ့ဝန်ထမ်းတစ်ယောက်ပါ။ သူအလုပ်ဝင်လို့ ပထမဦးဆုံး လုပ်ကိုင်တာဝန်ယူရတာကတော့ Company ရဲ့ လုံခြုံရေးတွေကို စောင့်ကြည့်ဖို့ပဲ။ ဒီနေရာမှာ ကျွန်တော်အပေါ်ကပြောခဲ့တဲ့အတိုင်းပါပဲ John က ၀န်းထမ်းအသစ်ဖြစ်ပေမဲ့ ယခုလက်ရှိ ၀န်ထမ်းတွေဟာ ဘယ်လို security တွေနဲ့၊ Knowledge တွေဘယ်လောက်များများပိုင်ဆိုင်ထားတယ်ဆိုတာကို စမ်းသပ်ချင်တဲ့အတွက် မိမိကိုယ်ကို Attacker တစ်ယောက်အဖြစ် မခံယူချင်ပေမဲ့ သူက ပထမဦးဆုံး စိတ်ဝင်စားဖွယ် Attacking နှစ်ခုကို လုပ်ခဲ့ပါတယ်။
ဝန်ထမ်းအသစ်ဆိုတော့ သူ့ကိုဘယ်သူမှ ကောင်းကောင်းမသိသေးပါဘူး။ John ကလည်း သူများတွေကိုမသိသေးပါဘူး။ ဒီလိုမသိသေးတာကလည်း သူ့အတွက် အခွင့်အရေးကောင်းတစ်ခုလို့ပြောမယ်ဆိုရင် မှားနိုင်စရာမရှိပါဘူး။ သူပထမဦးဆုံး Social Engineering Attack က Company ရဲ့ HelpDesk ပါ။ သူ ဖုန်းကိုကောက်ကိုင်ပြီး remote user အတွက် password reset လုပ်ပေးဖို့ လှမ်းတောင်းလိုက်ပါတယ်။ ဒီတော့ HelpDesk က ခဏစောင့်ပါဦး ဟုဆိုကာ Login ID ကို ပေးပါတယ်။ ဒီတော့ John က Company ရဲ့ Login ID တွေမှာ အမည်ပေးတဲ့ system ကိုသူနားလည်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်ရှေ့စာလုံး နဲ့ ဒုတိယနာမည်ရဲ့ ရှေ့ဆုံးအလုံးတွေကို ယူသုံးထားတာပါ။ ဒီတော့ CIO (Chief Information Officer) ရဲ့ ID ကိုသူသိလိုက်ပါပြီ။ CIO ရဲ့ အမည်က Jeff နဲ့ နောက် အမည်ကတော့ Ronald ပါ။ ဒီတော့ Login ID က JeffR ဆိုတာ သိသွားတာပေါ့။ CIO ရဲ့ နာမည်အရင်းကိုတော့ Company ရဲ့ Phone Directory ထဲမှာ ရှာလိုက်လို့ရပြီလေ...
နောက်တစ်ကြိမ်ဖုန်း John က HelpDesk ကိုဖုန်းထပ်ဆက်ပါတယ်။ ဒီလိုဆက်ပြီး ID နဲ့ Password တွေကို အကြိမ်ကြိမ်တောင်းနေတာ တစ်နေ့ကို အကြိမ်တစ်ထောင်မျှ Password Reset လုပ်ပေးနေရသော HelpDesk အတွက် အထူးအဆန်းတော့မဟုတ်ပါဘူး။ Password Reset မှာ John ရဲ့ password ကိ "friday" ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတောင်းတဲ့နေ့က သောကြာနေ့ဖြစ်နေလို့ပါ။ ကဲ... ၅ မိနစ်အတွင်းမှာ CIO ရဲ့ Password ကို သူသိသွားတာပေါ့။ ဒီတော့ အထဲမှာ CIO ရဲ့ shared files တွေ နဲ့ သူ့ရဲ့ မေးလ်တွေကို ၀င်ဖတ်လို့ရသွားပြီ။
နောက်ထပ် Social Engineering Attack ကတော့ John မှာ ပြည်တွင်း တယ်လီဖုန်းဆက်သွယ်မှုရုံးတွင်လုပ်ကိုင်နေသော သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ ဒီတော့ John က သူ့ သူငယ်ချင်းရဲ့ အ၀တ်အစားတွေ၊ တံဆိပ်နဲ့ အသုံးပြုနိုင်ဖွယ်ရာကိရိယာအနည်းငယ်ကိုယူသွားပါတ ယ်။ သူဦးတည် သွားတဲ့နေရာက သူ့ Company ရဲ့ တစ်ခြား Campus တစ်ခုပါ။ တစ်နည်းအားဖြင့် လက်ရှိ Company ရဲ့ အရေးကြီးတဲ့ Information Data တွေကို အခြေအနေမကောင်းတော့တဲ့ Router နဲ့ Server တွေဆီကနေ Recovery လုပ်တဲ့ဆီပေါ့။ ပထမဦးဆုံး သူက Campus ရဲ့ လုံခြုံရေးရုံးကို ဆက်သွယ်ရေး ၀တ်စုံအပြည့်နဲ့သွားပြီး Local Exchange Carrier (LEC) က ခေါ်လို့ တယ်လီဖုန်းလိုင်း circuit တွေကို စစ်ဆေးဖို့အတွက်ပေါ့ပြောပါတယ်။ တစ်ဆက်တည်းမှာပဲ Smart Jack (အထူးသဖြင့် နံရံတွင် Circuit Board လေးဖြင့် မီးလေးလင်းနေတတ်သည်။ အနည်းဆုံး RJ45 နှင့် RJ21x သို့မဟုတ် တစ်ခြား ဆက်သွယ်ရေးဆိုင်ရာ Device များတတ်ဆင်ရန် ) မှာရှိတဲ့ alarms တွေကိုလည်း စစ်ရမှာဖြစ်တဲ့အတွက် Data Center ထဲကိုဝင်ဖို့လိုကြောင်းပြောပါတယ်။
Data Center မှာ တာဝန်ကျတဲ့ Administrator ကလည်း John ရဲ့ ID ကိုတောင် checking မလုပ်တော့ပါဘူး။ Administrator ကတော့ ဘေးနားကနေ ရစ်သီရစ်သီနဲ့လုပ်နေတာပေါ့။ မိနစ်အနည်းငယ်ကြာတဲ့အခါ John က တာဝန်ကျ Administrator ကို စမ်းသပ်မှုအချို့ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သူ တယ်လီဖုန်းရုံးကိုဖုန်းပြန်ခေါ်ကာ Smart Jack ကိုပိတ်ပြီး စစ်ဆေးရမှာဖြစ်တဲ့အတွက် ၄၅ မိနစ်လောက်ကြာပါလိမ့်မယ်လို့ပြောလိုက်တော့ Administrator က ဒါဆိုရင် သူ့ Pager နံပါတ်လေးကိုယူထား ပြီးရင် သူ့ကိုခေါ်လိုက် ဆိုပြီးပြောပါတယ်။ အခုဆိုရင် John ရယ် အလုံး ၃၀ ရှိတဲ့ Server racks (storage တွေ စီပြီးထည့်ထားသော အိမ် (စဉ်)) တွေရယ် ပဲ ရှိပါတယ်။
ဒီတော့ John မှာ ကွဲပြားတဲ့ အခွင့်အရေးအနည်းငယ်ရှိပါတယ်။ သူ server တိုင်းကို သွားရောက်ပြီး unlocked consoles တွေကို လိုက်ကြည့်မယ် သို့မဟုတ် လွတ်နေတဲ့ အပေါက်ကနေပြီးတော့ သူ့ laptop နဲ့ sniffing လုပ်ယူမယ်ပေါ့။ သူကတော့ ဘယ်လောက်ရရ ရသလောက်အကုန်ယူမှာဖြစ်တဲ့အတွက်။ သူ open console တွေကိုရှာပါတယ်။ ၅ မိနစ်လောက်အကြာမှာ KVM slot တွေအားလုံးစစ်တယ် ပြီးရင် Windows NT server ကိုသုံးထားသော Domain တွေအတွက် Backup Domain Controller ကို ဘယ် server အလုပ်လုပ်နေလဲဆိုတာကို စစ်ပါတယ်။ ပြီးတော့ သူ့မှာပါတဲ့ L0phtCrack CD တစ်ချက်ကိုထုတ်ပြီး BDC (Backup Domain Controller) မှာ install လုပ်ကာ Dictionary Attack ကို စလိုက်ပါတယ်။ ၅ မိနစ်လောက်အကြာမှာ သူ password ရသွားပါတယ်။ ကဲ ကြည့် password က "Yankees" တဲ့...
(ဒါက social engineering attack ကိုပြောပြတာပါ)
by @ Robert J. Shimonski (Truesecure TICSA, Cisco CCDP, CCNP, Nortel NNCSS, Microsoft MCSE, MCP+I, Novell Master CNE, CIP, CIBS, IWA CWP, Prosoft CIW, SANS GSEC, GCIH, CompTIA Server+, Network+, Inet+, A+, e-Biz+, Symantec SPS and NAI Sniffer SCP) သူရေးထားတာလေးပါ။ သူ့ရဲ့ Cerftificate တွေကိုအားကျစေအောင်လို့ တမင်ထည့်ပေးထားတာပါ။
ဒီလို Social Engineering မှာ ကြည့်မယ်ဆိုရင် သူ့လက်အောက်မှာ ခွဲထားတာလေးတွေရှိပါသေးတယ်။
Relationship social engineering
သူကတော့ မိတ်ဆွေဖွဲ့မယ်.. စကားချိုချိုသာသာလေးတွေပြောကာ အတွင်းက မိမိရဲ့ Information ကိုနိုက်ယူတာပါ။
Social engineer: “My kids will love this product. I have a two-year-old named Fred and an eight-year-old named Beth. Do you have any kids?”
User: “Yes, I have a four-year-old son named Shawn.”
ဒါလေးက အပြစ်ကင်းစင်တဲ့ chitchat ပြောတာပါ။ ဒါပေမဲ့ hacker တွေက အကြံနဲ့ပြောတာပါ။
Password conundrum
ကျွန်တော်တို့တွေ Gmail/Yahoo/MSN စသည့်အပြင် Friendset/Fackbook ကဲ့သို့သော social site တွေ တစ်ခြား ဖိုရမ်တွေ စသည် ဖြင့် user name နဲ့ Password တွေကိုအမြဲပေးကြရပါတယ်။ ဒီတော့ တစ်ချို့က မေးလ်နဲ့ social / forums စသည်တို့ကို တစ်ခုတည်းပေးတာပါ။ သူတို့ကတော့ များတော့ မမှတ်မိမှာစိုးလို့တဲ့။ ဟက်ကာတွေက သူတို့အဖွဲ့တွေဖွဲ့တယ်..ပြီးရင် လူအများနှစ်သက်နိုင်တဲ့ site တစ်ခုထောင်တယ်.. လူတိုင်းအဲ့ကိုဝင်ကြည့်တယ်ပေါ့.... ဒီတော့ မိမိတို့ရဲ့ site မှာ မိမိလိုချင်တဲ့သူရဲ့ information ကိုလိုချင်ရင် password ကိုလိုချင်ရင် အလွယ်လေးပါ။ ဒါပေမဲ့ User တွေကတော့ Hacker တွေဆိုတာ အဲ့လိုနေရာမျိုးမှာလည်း မျက်နှာဖုံး စွပ်ပြီးနေတတ်ကြတယ်ဆိုတာ မသိပါဘူး။
New twist to an old scheme
ဒါကတော့ အရင်အတိုင်းပါပဲ... အဟောင်းထဲကအကောင်းနည်းပညာပေါ့။ မြန်မာနိုင်ငံသား (ဦးဘယ်သူ ) တစ်ယောက်ပေါ့ Visa နဲ့ အွန်လိုင်းကနေ e-Banking လေးတစ်ခုလုပ်ဖို့အတွက် e-Banking အကောင့်တစ်ခု လုပ်ထားပါတယ်... သူက ကွန်ပျူတာကို စတင်ပြီးသုံးတတ်တာဆိုလို့ မလေးရှားရောက်မှ သုံးတတ်တာ... အင်တာနက်ဆိုလို့ နဲနဲပါးပါးပဲသိတာ... သူနဲ့ အခန်းကပ်ရပ်က လူတစ်ယောက် ဒီကိုသွား ဒီကိုနိုပ်ဆိုလို့ နဲနဲပဲသိတာ.. ငွေပြောင်းငွေလွဲလေး နဲနဲတော့သိတယ်ပေါ့။ တစ်နေ့မှာ သူ့ဆီကိုဖုန်းခေါ်ပါတယ်... "ဟလို မဂ်လာပါ", ကျွန်မတို့ကတော့ (တက်တက်ပြောင်) ဘဏ် ကဖြစ်ပါတယ်။ လူကြီးမင်းရဲ့ အမည် ဦးဘယ်သူ Passport နံပါတ် 123456 ဖြစ်ပြီး လက်ရှိ system error ကြောင့် မိတ်ဆွေရဲ့ အကောင့်ကို ပြန်လည်၍ activate လုပ်ရန်ဖြစ်ပါတယ်။ ဒါကြောင့် www.abcd.com ကိုသွားပြီး Login ၀င်ကာ activate ပြန်လုပ်ရပါလိမ့်မယ်"... ဖုန်းဆက်လိုက်တဲ့ ကောင်မလေးရဲ့ အသံကလည်း အရမ်းချိုသာနေတော့ ဘာမှန်းတောင်မသိဘူး တန်းပြီး ကွန်ပျူတာ ရှေ့ကိုပြေးတယ်.. ပြီးတော့ စောစောက ကောင်မလေးပြောတဲ့အတိုင်းပဲ user name နဲ့ password ကိုရိုက်ထည့်ကာ ၀င်လိုက်ပါတယ်။ အားလုံးအဆင်ပြေသွားတယ်... တကယ်တော့ သူ့ရဲ့ data တွေအားလုံးက hacker ရဲ့ လက်ထဲကိုရောက်သွားပါပြီ။
ဒါပေမဲ့ သူကံကောင်းပါတယ်.. သူ့ Credit Card မှာလည်း ဘာမှမထည့်ထားသေးပါဘူး။ ရှိရင်လည်း ပြောင်နေဦးမယ်။
တကယ်တော့ ဟက်ကာက http://www.hongleongonline.com.my/ အစား http://www.hongleongonlines.com.my/ ပုံစံမျိုးလုပ်ယူသွားတာပါ။ သူတို့က ၄င်းပုံစံတူ Domain တစ်ခုယူကာ ပုံစံတူ website တစ်ခုကို တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဘယ်သူကကော သိနိုင်မှာလဲ။ user တွေရဲ့ ဘက်ကနေ နည်းပညာနဲ့ပက်သက်ပြီးအားနည်းတဲ့အချက်လေးတွေပါ။
Windows XP remote assistance scheme
Social Engineering ထဲမှာ exploiting Windows XP’s remote assistance ကလည်း တစ်ခုအပါအ၀င်ပါ။ user တွေရဲ့ ကွန်ပျူတာကို IT Department က အကူအညီပေးမည့်အသွင်ဖြင့် exploiting ဖြစ်နေသော XP's remote assistance ကိုပြင်ရန် Security Path တစ်ခုသွင်းဖို့ရှိကြောင်းပြောပါလိမ့်မယ်။ ပြီးရင် ၄င်းမှတစ်ဆင့် ကြိုတင်စီစဉ်ထားတဲ့ spyware တွေကို မိမိရဲ့ စက်ထဲကို သွင်းက User name & password တွေကိုရယူခြင်းဖြစ်ပါတယ်။
Chat trick
စောစောက ဖုန်းကိုသုံး လိမ်ညာတယ်... အခုတော့ chat ကိုသုံးပြီး အယုံသွင်းလှည့်ဖြားလာကြပါတယ်။ Internet security Web site CERT ရဲ့ အဆိုအရ အဖြစ်အများဆုံးက IRC-based chat တွေပါ။ ၄င်းတို့က spyware module တွေကို ၄င်းထဲမှာ user အချင်းချင်းဖြန့်ချီကြတာပါ။ အဓိက ကတော့ hacker တွေက ဒီလိုနည်းလမ်းဖြင့် distributed denial of service attack လို့ခေါ်တဲ့ တိုက်ခိုက်မှုမှာ အသုံးချနိုင်အောင် zoombie တွေကို ဖန်တီးကြတာပါပဲ။

http://myanmarhacking.lefora.com/2011/10/01/20111001145659/#post2

1 comments:

  1. The author of this article is really intelligent who wrote this article very carefully.due to it i really enjoyed to read this.Thank you very much for this.
    server racks

    ReplyDelete

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Blog Archive

Followers

About Me

My Photo
Hacking= intelligent+techonology+psychology