Sunday, December 11, 2011

facebook ဗိုင်းရပ်စ်အသစ်တစ်မျိုး ပေါ်ပေါက်နေ

facebook မှတစ်ဆင့် ပြန့် ပွားသော ကွန်ပျူတာဗိုင်းရပ်စ်အ သစ်တစ်မျိုးပေါ်ပေါက်နေကြောင်း facebook အသုံးပြုသူတို့ထံမှ သိရသည်။
ယင်းဗိုင်းရပ်စ်သည် မကြာမီရက်အနည်းငယ်တွင်မှ အသစ်ပေါ်ပေါက်ခြင်းဖြစ်သောကြောင့် ဗိုင်းရပ်စ်ကာကွယ်ရေး ဆော့ဖ်ဝဲများ မသိရှိ သေးချေ။ ဗိုင်းရပ်စ်ကူးစက်ခြင်း ခံရပြီးသော ကွန်ပျူတာပိုင်ရှင်သည် facebookကို အသုံးပြုပြီဆိုသည်နှင့် ယင်းဗိုင်းရပ်စ်သည် facebook မှတစ်ဆင့် ကွန်ပျူတာပိုင်ရှင်၏ friends list မှ သူငယ်ချင်းများအား message အလိုအလျောက် ပို့ လေသည်။ ရှေးဦးစွာ “wanna laugh?)))” ဟူသည့်စကား စပြောသည်။ သင်က မည်သို့ပင် ပြန်ပြောစေကာမူ ယင်းက ဝက်ဘ်ဆိုက် လင့်တစ်ခုကိုသာ ပြန်ပို့ပေးလိမ့် မည်။ ယင်းလင့်ခ်မှာ http://tinyurl. com/100000101922 5927-html ဆိုသည့်လင့်ဖြစ်၏။ ထို့နောက်တွင်မူ ဗိုင်းရပ်စ်က “I’ll be back”ဟုပြောကာ ထွက်သွားတော့သည်။ အကယ်၍ ဗိုင်းရပ်စ် ကပေးသောလင့်ခ်ကို ကလစ်လုပ် လိုက်မိပါက you tube နှင့်ဆင်တူ သော အင်တာနက်စာမျက်နှာတစ်ခု သို့ရောက်သွားမည်ဖြစ်ပြီး သင့်အမည်ကို ခေါင်းစဉ်တပ်ထားသော ဗီဒီယိုတစ်ခုကို တွေ့ရလိမ့်မည်။ ယင်း ဗီဒီယို၏အောက်တွင် သင့် friends list ထဲမှ မိတ်ဆွေများက သရော်လှောင်ပြောင်သော commentများ ရေးထားကြသည်ကိုလည်း တွေ့ရလိမ့်မည်။ သို့ရာတွင် ယင်း ခသာာနညအ များသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော commentများသာဖြစ်နေ ကြလိမ့်မည်။ သို့သော် ဗီဒီယိုကိုမူ သင်ကြည့်မြင်ရလိမ့်မည် မဟုတ် ချေ။ ဗီဒီယိုကြည့်မြင်နိုင်စေရန် Adobe Flash player ကို update လုပ်ပါဟူသည့် စာတန်းနှင့် update လုပ်မည့်လင့်ခ်တစ်ခုကိုပါ ပေးထားသည်။ ယင်းလင့်ခ်ကို ကလစ် လုပ်လိုက်ပါက Flashplayer.exe ဆိုသည့် ဖိုင်တစ်ခုကို ရရှိလိမ့်မည်။ ဖိုင်၏ icon မှာ Adobe Flash player အစစ်အတိုင်းပင်ဖြစ်သော်ငြား ဖိုင်အရွယ် အစားမှာမူ 1.15 Mသာ ရှိနေ သည်ကို တွေ့ရလိမ့်မည်။ ယင်း ဖိုင်ကို ကလစ်လုပ်၍  Flash player ကို update လုပ်လိုက် လျှင်မူ သင့်ကွန်ပျူတာသည်လည်း ဗိုင်းရပ်စ်ကပ်ငြိခြင်း ကို ခံရ ပေလိမ့်မည်။
ယခုဗိုင်းရပ်စ်သည် ၂ဝဝ၈ ခုနှစ်က ပေါ်ပေါက်ခဲ့သော koobface ဗိုင်းရပ်စ်နှင့် ဆင်တူ၏။ ကူး စက်ပုံချင်းလည်း ဆင်တူသည်။ သို့ရာတွင် koobface လောက် သပ်ရပ်မှု ကားမရှိ။ ထို့ကြောင့် အလွယ်တကူပင် ရှာဖွေသတ်ဖြတ်နိုင်သည်။
\windows\temp\၏ အောက်တွင် 44781871.bat ဟူသည့် ဖိုင်တစ်ခုကို ဖျက်ပစ်ပါ။ ထို့နောက်  \windows\ အောက်တွင် services32.exe ဟူသည့် ဖိုင်ကို လည်း ဖျက်ပစ်ပါ။ ထိုအခါ ဗိုင်းရပ်စ်များ သက်ဝင်လှုပ်ရှား မည့် ဖိုင်များမရှိတော့ပြီဖြစ်သဖြင့် စိတ်ချရပြီဖြစ်သည်။ ပိုမိုစိတ်ချရစေရန် နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်၍ ဗိုင်းရပ်စ်ကို နှိမ်နင်းသန့်စင်သင့်ပါသည်။ ယခု ဗိုင်းရပ်စ်ကို ဘူလ်ဂေးရီးယားမှ ဖန် တီးခြင်းဟု ယူဆရသော အချက် အလက်အချို့ကို တွေ့ရသည်ဟု ကျွမ်းကျင် သူတို့က ဆိုသည်။

copy from http://popularmyanmar.com/mpaper/archives/27449

0 comments:

Post a Comment

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Blog Archive

Followers

About Me

My Photo
Hacking= intelligent+techonology+psychology