Monday, February 27, 2012

Web Developing Necessary for Begineers



ဘယ်လိုခေါင်းစဉ်ကိုတပ်ရမှန်းကို မသိတော့ဘူး ........mmhackforums.noonhost.com မှာ










Website တစ်ခု တက်ဖို့ရာအတွက် ပထမဆုံး နှစ်ခုလိုပါတယ်
၁. Domain နှင့်
၂.Host ပါ ( Host ထဲက Data လည်းပါတာပေါ့ )

ကဲ စဉ်းစားကြည့်ရအောင် ကျွန်တော်တို့ ဆိုဒ်တစ်ခုကို ခေါ်လိုက်မယ် Browser
ကနေပေါ့ www.ghostarea.net လို့ရိုက်လိုက်တယ် Enter .. ဆိုဒ်တက်လာတယ် ဒါက
အပြင်ပိုင်း ရလာဒ် Output
အတွင်းပိုင်းမှာ အလုပ်လုပ်တာသွားကြည့်ရအောင် www.ghostarea.net
လို့ရိုက်လိုက်တာနဲ့ www.ghostarea.net ဆိုတဲ့ Domain ဟာ သူ့ ကို
ချိတ်ဆက်ထားတဲ့ Host ထဲက Index File ကိုယူလာတယ် ပြီးမှ Browser
ပေါ်တင်ပြီး User ရှေ့ချပြတယ် ဒီထိရှင်းပါတယ်နော်
လွယ်ပါတယ်ဗျ မေမေက ညီ့ကို ကြက်ဥ၀ယ်ခိုင်းတယ် ကြက်ဥဆိုင်ကိုလည်း
စာနဲ့ရေးပေးလိုက်တယ် ညီညီဟာ ကြက်ဥဆိုင်လိပ်စာကိုကြည့်ပြီး ကြက်ဥ၀ယ်လာတယ်
မေမေ့ကို ပေးလိုက်တယ် ဒါဆို မေမေက User ညီညီက Browser လိပ်စာက Domain
ကြက်ဥက Index File
:D ဒီတော့ Website တစ်ခုတက်ဖို့က ဒိုမိန်းနဲ့ host
ချိတ်ပြီးတက်လာတာဆိုတာတော့သိလောက်ပါပြီ
တွေးကြည့်ဗျ ဒါဆို Domain တစ်ခုမှာချိတ်ဆက်ထားတဲ့နေရာတစ်ခုပဲရှိရမှာပေါ့
ဟုတ်ဖူးလား ဒီတော့ ဒိုမိန်း နာမည်အတူတူမရှိဘူး ကမ္ဘာပေါ်ရှိ မည်သည့်
ဒိုမိန်း နာမည်မျှ မတူညီကြပါ ဥပမာ www.ghostarea.net သာ နှစ်ခုရှိနေရင်
Host ကလည်း နှစ်ခုကိုသွားချိတ်နေကြမှာပေါ့
တကယ်လို့ ကျွန်တော်က Browser ကနေ www.ghostarea.net ဆို ဒိုမိန်းက
ဘယ်ဒိုမိန်းလဲ ghostarea ပထမဟာလား ဒုတိယ Ghostarea လား ဆိုပြီး
ဝေခွဲမရဖြစ်ပြီး ပြဿနာတွေတက်ကုန်မှာပေါ့ဗျ ဟုတ်ဖူးလား :D
ဒါဆို Domain နဲ့ Host ကို နားလည်လောက်ပြီ ဒီနေရာမှာ Security အပိုင်
းနည်းနည်းဝင်ပွားချင်တယ်ဗျ DDos ဆိုတာ ကြားဖူးမှာပါ server ကို Overload
ဖြစ်အောင်လုပ်ပြီး ချတာပေါ့ဗျာ လွယ်လွယ်ပြောရရင် Website
တစ်ခုတက်မလာအောင် Sever ကို Overload ဖြစ်အောင်
ချတယ်ဆိုတာ လွယ်တာမှမဟုတ်တာဗျ Host ဆိုတာက အကြီးကြီး
ခံနိုင်ရည်အားကလည်းနည်းတာမဟုတ်ဖူး ဒီတော့ ဟက်ကာတွေဘာလုပ်လဲ Domain ကို
Attack လုပ်ပြီး Host နဲ့သွားမချိတ်အောင် ချလိုက်ရော ဒီတော့ Website က
တက်မလာတော့ဘူးတကယ်တော့
Server က အလုပ်လုပ်တယ်နော် Domain ကြောင့် သာဒေါင်းသွားတာ ဟီး
ကဲ Website ရဲ့ အလုပ်လုပ်ပုံအကြောင်းပြီးပြီ Website
အမျိုးအစားတွေအကြောင်း ပြောရအောင်
သူလည်းပဲ နှစ်ခုရှိပါတယ်
1.Static
2.Dynamic
Static ဆိုတာက ဘယ်တော့မှ မပြင်တဲ့ဆိုဒ်တွေပါ မြင်ဖူးမှာပါ မြန်မာ
နိုင်ငံရေလုပ်ငန်း ဦးစီးဌာနဆိုဒ်ဆိုပါစို့ Page ကလေး နှစ်ခုပဲ ပါတယ်
ဘယ်တော့မှကို မပြင်ဘူး သူက Company Information လေးတွေပေးရုံပဲကိုးဗျ
ဒီတော့ ဒီ Page ကလေး နှစ်ခုကို
html နဲ့ ရေး CSS နဲ့ မိတ်ကပ်ပြင်ပေးပြီး တင်ပေးထားရုံပဲ ဘာမှ ပြဿနာမရှိဘူး
Dynamic မှာကျ အဲ့လို မရတော့ဘူး Dynamic ဆိုတာ အမြဲပြင်နေတဲ့ဆိုဒ်တွေ
စာတွေအမြဲတင်နေတယ် ဆိုဒ်က အမြဲ Active ဖြစ်နေတယ် Blog
တွေကိုပြောတာပေါ့ဗျာ ကဲ အဲ့လိုနေရာမှာသာ ခုနကလို html နဲ့ရေးရရင်
စာလေးတစ်ပုဒ်တင်တိုင်း Home Page ကို
ပြန်ဒေါင်း ကုတ်ဒ်တွေပြန်ပြင် ပြန်တင် ဆိုသေရချည်ရ့ဲ
မြန်မာနိုင်ငံမှာဆို ကွန်ပိန်းတာက တစ်မျိုး နဲ့ မစားသာဝူး ဒီတော့ သူ့ ကို
အလွယ်လုပ်ဖို့ Software တွေပေါ်လာတယ် Content Management Software (CMS)
ဆိုတာတွေပါပဲ နာမည်နဲ့လိုက်အောင် သူတို့က
စာတင် စာပြင် စာဖျက် အားလုံးကို လွယ်လွယ်ကူကူ Host
ပေါ်မှာတင်ဆောင်ရွက်သွားနိုင်ပါတယ်
ဒီ CMS တွေမှာလည်း အမျိုးအစားနှစ်မျိုးရှိပြန်ရောဗျာ ( နှစ်သုံးလုံးထိုးဗျ ဟီး )
1.Personal CMS
2.Social Network CMS ဆိုပြီး ( တောက် တစ်နာရီ ထိုးရှိသေးတာကို ဘယ်က ကြက်
က တွန်နေလဲမသိဝူး တင်းတယ် အဲ စာတောင်ဘယ်ရောက်သွားမှန်းမသိဘူး ကြက်ကို
မေတ္တာပို့နေရတာ ) နှစ်မျိုးရှိပါတယ်
Personal CMS ဆိုတာကတော့ တစ်ယောက်တည်းရေးတဲ့ဆိုဒ်တွေမှာအသုံးများပါတယ်
ဥပမာ www.ghostarea.net ဆို တစ်ယောက်တည်းရေးတာပေါ့ဗျာ ဒါဆို Personal CMS
ပေါ့ပေါ့ပါးပါးလေးသုံးရုံပဲ နာမည်ကြီးတဲ့ Personal CMS တွေကတော့
1.Blogspot CMS
2.Wordpress CMS ဖြစ်ပါတယ်
Socail Network CMS နာမည်ကိုကြည့်လိုက်တာနဲ့သိမှာပါ ဒီ CMS က
ပိုရှုပ်သွားပြီ User တွေလက်ခံမယ် User တွေကို Role တွေထားမယ် User
တွေပို့စ်တင်ကြမယ် တဦးနဲ့တဦးဆက်သွယ်ကြမယ် ဒီတော့ ဟို CMS ထက်
ပိုအထူးပြုသော Special ခြင်နိုင်ဆေး
အဲ Special CMS လိုလာပါတယ် ဒီ CMS တွေဟာ Security ပိုင်းမှာ Personal CMS
တွေထက်ပိုမိုအားနည်းပါတတ်ပါတယ် နာမည်ကြီးတဲ့ Socail Network CMS တွေကတော့
1.Joomla
2.Durpal
3.Oxwall တို့ဖြစ်ပါတယ် အသီးသီး အားသာချက်တွေရှိပြီး အသီးသီး
အားနည်းချက်တွေရှိပါတယ် Personal CMS ဖြစ်တဲ့ Wordpress CMS ကို Plugin
များထည့်ပြီး Socail Network အဖြစ်အသုံးပြုနိုင်ပေမယ့် Socail Network
CMS တွေလောက်မကောင်းတာတွေ့ ရပါလိမ့်မယ်

CMS တွေအကြောင်းလည်းသိပြီဆိုတော့ Blog စရေးနိုင်ပါပြီ Blogspot CMS ကို
www.blogger.com မှာ Free Host ပေးပြီး SubDomain .blogspot.com
နဲ့ပေးပါတယ် Wordpress CMS ကိုတော့ www.wordpress.com မှာ ဖရီးပေးပြီး
.wordpress.com Subdomain နဲ့ပါ
သို့သော်လည်း Free Host ဆိုရင် plugin တွေပေးမသုံးတာတွေ့ ရပါတယ်
Joomla CMS ကိုတော့ Host ပေးပေမယ့် Admin Panel ပေးထားတာတွေ မတွေ့ ရလို့
Free Host Link တွေတင်မပေးတော့ပါဘူး Oxwall ကိုတော့ www.wall.fm မှာ
ပေးပြီး www.wall.fm Subdomain နဲ့ပါ Durpal ကိုတော့ ဖရီးမပေးပါဘူး
တကယ်လို့ Personal Blog တစ်ခုလုပ်ချင်တယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်ပါ
www.yoursite.co.cc နဲ့ဆိုဒ်တစ်ခု အခမဲ့ လုပ်ပေးပါ့မယ် CMS ကိုတော့
Wordpress သွင်းပေးပါ့မယ် Blogger က အပြင်ကိုထွက်ခွင့်မပေးတာမို့
သွင်းပေးလို့မရပါ တကယ်လို့ ကျွန်တော့်ကျုတိုရီရယ်တွေက
အဆင်ပြေပါတယ် ဆက်ရေးပါ လို့ တောင်းဆိုတဲ့သူရှိရင် Wordpress CMS
သုံးစွဲပုံကို ထပ်ရေးပေးပါ့မယ် ကျေးဇူးတင်ပါတယ် :D :D



သိပ်ကောင်းတဲ့ ပိုစ့် တစ်ခုပါ ။ အခုလို အချိန်ကုန်ခံပြီး သေချာရှင်းပြပေးတာကို ကျေးဇူးတင်ပါတယ် ။ ညီလေး ပိုစ့်နဲ့ ပတ်သတ်ပြီး နဲနဲ ဆွေးနွေးကြည့်မယ်နော် ၊
အပြုသဘောဆောင်ပြီး ဆွေးနွေးမှာဖြစ်တဲ့ အတွက် ခွင့်ပြုမယ်လို့ ထင်ပါတယ် ။

ညီလေး ဆွေးနွေးထားတာနဲ့ ပတ်သတ်ပြီး အပေါ်မှာ quote လုပ်ထားတဲ့ အပိုင်းလေးကို နဲနဲ ဆွေးနွေးကြည့်မယ် ။ ညီလေးပြောသလို attacker တွေအနေနဲ့ တစ်ကယ့် နာမည်ကြီး hosting server တွေကို down သွားအောင် တိုက်ခိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး ၊ ဒါပေမယ့် သာမန် host တွေ ၊ အပျော်တမ်း နဲ့ ကိုယ်
ပိုင် hosting server တွေအတွက်တော့ attacker တွေအနေနဲ့ down အောင် တိုက်ဖို့ဆိုတာ မခက်ခဲပါဘူး ၊ မခက်ခဲသလို အရမ်းလဲ မလွယ်ကူပါဘူး ။ tool
user တွေအနေနဲ့တောင် တိုက်ခိုက်နိုင်ပါတယ် ။ ကိုယ်ပိုင် hosting server တွေ မပြောနဲ့ 000webhost လိုနေရာမှာ hosting လုပ်ထားတဲ့ ဆိုဒ်ကိုတောင်
tool သုံးပြီး down အောင်တိုက်ခဲ့ဖူးပါတယ် ၊ ဒါပေမဲ့ အဲဒါက တော်တော်ကြာခဲ့ပါပြီ ၊ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကပါ ။ အခုအချိန်မှာတော့ အဲဒီအချိန်တုန်းက
လောက် မလွယ်ကူတော့ပါဘူး ၊ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ဖူးပြီး ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပါတယ် ၊ အချိန်ကာလအားဖြင့် တစ်ည တိတိ down ခဲ့ပါတယ် ။ ဒါက
DDoS attack နဲ့ hosting server တွေနဲ့ ပတ်သတ်ပြီး attack လုပ်ဖို့ လွယ်တယ် ၊ မလွယ်ဘူးဆိုတာကို စာဖတ်သူတွေနဲ့ လေ့လာသူတွေ သိမြင်နိုင်အောင်
ဥပမာ ပြောပြတာပါ ။ ညီလေး ပိုစ့်နဲ့ ပတ်သတ်ပြီး အဓိက ဆွေးနွေးလိုတာကတော့
ဆိုတဲ့ ဆွေးနွေးချက်ပါ ။ ညီလေး နားလည်ထားတာ လွဲနေတာလဲ ဖြစ်နိုင်သလို့ ၊ ညီလေး ဖတ်ဖူးတဲ့ စာအုပ်တွေက မှားနေတာလဲ ဖြစ်
နိုင်ပါတယ် ၊ ဒါမှ မဟုတ် ညီလေး ပြောချင်တာကို မှားရေးမိတာလဲ ဖြစ်နိုင်ပါတယ် ။ DDoS attack ရဲ့ အဓိက လုပ်ဆောင်ချက်က traffic overload ဖြစ်အောင်
server ဆီကို request များကို အဆမတန် ပို့လွှတ်ခြင်းဖြစ်ပါတယ် ။ ဥပမာ - server က ဆိုဒ်တစ်ခုဆီက request ကို 1G max လက်ခံနိုင်တယ်ဆိုပါဆို့ ၊
ဒီအချိန်မှာ attacker တွေဟာ 3G လောက်ရှိတဲ့ request တွေကို တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ အဆက်မပြတ်ပို့လွှတ်လိုက်မယ်ဆိုရင် server ဟာ ဘယ်လို
မှ request တွေကို handle မလုပ်နိုင်တော့ပဲ နောက်ဆုံးမှာ down သွားရခြင်းဖြစ်ပါတယ် ။ မြင်သာအောင် ဥပမာ ပေးရရင် သာမန်စီးဆင်းနေ တဲ့ ချောင်းငယ်လေးတစ်ခုမှာ ပုံမှန်စီးဆင်းနှုန်းကို ခံနိုင်ရည် ရှိတဲ့ တာပိတ်ထားတဲ့ အခါမှာ ဘာမှ မဖြစ်ပေမဲ့ မိုးအရမ်းကြီးတဲ့အခါ ဒါမှ မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ရေအရမ်းများလာပြီး ရေစီး သန်လာတဲ့အချိန်မှာ ပိတ်ထားတဲ့ တာဟာ ခံနိုင်ရည်မရှိတော့ပဲ နောက်ဆုံးမှာ ပျက်စီး
သွားရပါတယ် ။ ဒါကြောင့် DDoS attack ကြောင့် server down သွားပြီး နောက်ဆုံးမှာ site down သွားရခြင်းဖြစ်ပါတယ် ။ domain ဆိုတာ လူနေအိမ်တစ်
ခုရဲ့ အိမ်လိပ်စာ လို့ ဥပမာ ဆိုကြပါစို့ ။ လူတစ်ယောက်ရဲ့ အိမ်လိမ်စာကို သိယုံနဲ့ အဲဒီအိမ်ကို ဖျက်ဆီး လို့မရပါဘူး ။ အိမ်လိပ်စာအတိုင်း ရောက်အောင်သွားပြီမှ
အိမ်ရဲ့ အမျိုးအစား ခံနိုင်ရည်ပေါ်မူတည်ပြီး အင်အားကို လိုအပ်သလောက် အသုံးချမှ အဲဒီအိမ်ဟာ ပျက်စီးမှာ ဖြစ်ပါတယ် ။ အခု ကျွန်တော်ဥပမာပေးထားတာတွေ
ကိုဖတ်ပြီး DDoS attack ကြောင့် hosting server down သွားသလား ၊ domain down သွားသလားဆိုတာ မြင်သာပြီလို့ ထင်ပါတယ် ။ ကျွန်တော်ပြော
တာတွေ မှားနေတယ်ဆိုရင် ကိုယ်တိုင် သာမန် hosting server တစ်ခုကို DDoS နဲ့တိုက်ခိုက်ကြည့်ပါ ၊ အဲဒီ server ပေါ်မှာ host တင်ထားတဲ့ ကျန်တဲ့ဆိုဒ်
တွေပါ down သွားလိမ့်မယ်ဆိုတာကို သတိပြုမိပါလိမ့်မယ် ။ အနီးဆုံး ဥပမာ ပေးရရင် လွန်ခဲ့တဲ့ လေး ၊ ငါး ရက်လောက်က dynadot ဆိုဒ်ရဲ့ DDoS attack
နဲ့ ပတ်သတ်ပြီး ဖတ်ရှု လေ့လာ သုံးသပ်ကြည့်နိုင်ပါတယ် ။

ကျေးဇူးတင်ပါတယ် ...........


ဘာမှမတတ်ပဲဝေဖန်ကြည့်မလို့ အမှားပါရင်တောင်းပန်ပါတယ်..............။Negative Thunder ပြောတဲ့အတိုင်းဆို Domain ကိုပဲ
Attack လုပ်တာပါ.......။ DDos နဲ့ sever ကို attack လုပ်တာမဟုတ်ပါဘူး..........domain hijacking လုပ်ပြီး Domain ကို လမ်း
လွဲလိုက်ရင်ကော..........!!!!!!!!!!!!!!!!!!!!!!!. ......သိပ်တော့မသိပါဘူး......ကျွန်တော်ပြောကြည့်တာပါ..........ထပ်ပြောပါ့မယ်...
မှားသွားရင်တောင်ပန်ပါတယ်........




Negative Thunder ရေးထားတဲ့ အထဲမှာ အစ်ကို ပြောသလို Domain ကိုပဲ Attack လုပ်တယ် ၊ DDoS နဲ့ server ကို attack လုပ်တယ်လို့ မဆိုလိုထားပါဘူး ။ ကျွန်တော့် reply ထဲမှာလဲ အထင်မှား မှာ စိုးလို့ကို ဥပမာတွေနဲ့ သေချာ ရှင်းပြထားပါတယ် ။ ကျွန်တော် ဘာကို ဆိုလိုတယ်ဆိုတာကို အစ်ကို သေချာ ပြန်ဖတ်ကြည့် စေချင်ပါတယ်ခင်ဗျာ ။

အစ်ကို ဆိုလိုတာက DNS hijacking ကို ဆိုလိုတာလား မသိဘူး ၊ ကျွန်တော် သိပ်နားမလည်ဘူး ။ အစ်ကိုဆိုလိုတာကို ကျွန်တော်နားလည်မိသလို DNS hijacking လုပ်တယ်ဆိုရင်လည်း အခု ကျွန်တော်တို့ ဆွေးနွေးကြသလို server down ခြင်း ၊ မ down ခြင်းနဲ့ မသက်ဆိုင်ပါဘူး ။ DNS hijacking လုပ်ခြင်းအားဖြင့် ပုံမှန်အားဖြင့် ပုံစံ နှစ်မျိုးရှိပါတယ် ။ ပထမ တစ်ချက် အနေနဲ့ attacker ဟာ DNS hijacking ပြုလုပ်ပြီး server ထဲမှာ ရှိတဲ့ DNS records တွေကို မိမိ လိုအပ်သလိုပြင်ဆင်နိုင်တဲ့ gain access ရရှိသွားပါတယ်။ အဲဒီနောက်မှာ attacker ဟာ fake page တစ်ခုကို လိုအပ်သလို ပြုပြင် ပြောင်းလဲလိုက်ပြီး user တွေကို မိမိရဲ့ fake page ဆီကို redirect လုပ်လိုက်ပါတယ် ။ ပုံမှန်အားဖြင့် user တွေမှတဆင့် request တွေ
ဟာ မူလ Domain ဆီကိုပဲ request လုပ်ကြပေမဲ့ တစ်ကယ်တမ်း user တွေရဲ့ request တွေကတော့ attacker ရဲ့ spoof လုပ်ထားတဲ့ website ဆီကိုပဲ
request တွေဟာ ရောက်ရှိသွားပါတယ် ၊ ဒါက ပထမ တစ်ချက်ပါ ။ ဒုတိယ တစ်ချက်ကတော့ attacker ဟာ website တွင်းမှာတွေ့ရှိတဲ့ contact email (သို့မဟုတ်) administrative contact တွေကို spoofing ပြုလုပ်ပြီး ၊ ၎င်း inbox အတွင်းကို flooding ပြုလုပ်တတ်ကြပါတယ် ။ ဒါတွေက DNS hijacking ပြုလုပ်ခြင်းနဲ့ ပတ်သတ်ပြီး attacker တွေအနေနဲ့ ပြုလုပ်တတ်ကြတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ် ။ အခု ကျွန်တော်ဆွေးနွေးသွားတာက အစ်ကို ဆွေးနွေးသွားတာနဲ့ ပတ်သတ်ပြီး ကျွန်တော် နားလည်မသလို ပြန်လည်ရေးသားခြင်းဖြစ်ပါတယ် ၊ ကျွန်တော် သည်လည်း လေ့လာ သင်ယူနေဆဲ တစ်ယောက်ပါပဲ ။ အစ်ကို ဆိုလိုတာကို ကျွန်တော် နားလည်မှု လွဲပြီး ဆွေးနွေးခဲ့မိတယ်ဆိုရင် လည်း တောင်းပန်ပါတယ် ။ အခုလိုအပြုသဘောဆောင် တဲ့ ဆွေးနွေးမှုမျိုးကို ကြိုဆိုပါတယ်ဗျာ ။ ကျွန်တော် မှားယွင်းနေတာ ရှိရင်လဲ ဝေဖန်ထောက်ပြနိုင်ပါတယ် ။

ME;;;;;;;;;;;

အကိုပြန်ဆွေးနွေးသွားတာလဲ ပြည့်ဆုံပါတယ်..တကယ်တော့နားလည်မှုနည်းနည်းလေး လွဲသွားတယ်ထင်တယ်...... Glad ခုလိုပြည့်ဆုံအောင်းပြန်လည်
ဆွေးနွေးပေးတာကိုပဲ...ကျွန်တော်ကျေးဇူးတင်ရမှာပါ........။ကျွန်တော် မှားယွင်းနေတာ ရှိရင်လဲ ဝေဖန်ထောက်ပြနိုင်ပါတယ် ။ ဆိုတဲ့စာ
ကြောင်းလေးကို ပြန်လည်ဆွေးနွေးရရင် တကယ့်ကိုပြည့်ဆုံတဲ့ ဆွေးနွေးမှုပါပဲ..........လို့ :P :P :P :P :P :P :P :P







:P

ကျွန်တော်တို့ဆွေးနွေးသလောက်ကတော့ဒါလေးပါပဲ ........ကျွန်တော်လဲဘယ်လိုခေါင်းစဉ်တပ်ရမလဲလို့
စဉ်းစားရင်းမူရင်းအတိုင်းလေးပဲ တပ်ပေးလိုက်တယ်...........။မူရင်းကတော့ http://mmhackforums.noonhost.com/web-developing-necessary-for-begineers-vt115.html ဖြစ်ပါတယ်။

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Blog Archive

Followers

About Me

My Photo
Hacking= intelligent+techonology+psychology