Thursday, February 2, 2012

Interview with Blink Hacker Group Ex-Admin



 Ghost Area မေးမြန်းထားတာပါ။ တော်တော်တော့ကြာနေပြီ သူတင်ထားတုန်းက October 16th, 2011 ရက်ကပါ။ဖတ်စေချင်လို့တင်ပေးလိုက်တာပါ။ BHG ကခုပြန်လည်ဖွဲ့စည်းထားတာသိကြမှာပါ။မူရင်က
အောက်ကလင့်ပါ။
http://ghostarea.net/2011/10/16/76/#comment-12

Start:

 မြန်မာ Underground Hacker လောကမှာ Black Hat Hacker အဖွဲ့ ဆိုပြီး ထွန်းထွန်းပေါက်ပေါက် ထွက်ခဲ့တာဆိုလို့ BHG လို့ လူသိများတဲ့ Blink Hacker Group တစ်ခုသာရှိခဲ့ပါတယ်..။ နောက်ပိုင်း အဖွဲ့ တွေထွက်ခဲ့ပေမယ့် သူ့လောက်နာမည်ကျော်ကြားခြင်းမရှိခဲ့ပါဘူး..။ အဖွဲ့ ကို ဖျက်သိမ်းသွားပြီ လို့ ကျေညာခဲ့တဲ့ BHG ဟာ မနေ့ရဲ့ မနေ့ ကပဲ BHG Returns ဆိုပြီး ယင်းတို့ ပိုင် Website တွင် ဖော်ပြခဲ့ပါသည်..ထိုသို့  ဒုတိယအကြိမ် လူသိထင်ရှားပြန်လည်ထွက်ပေါ်ခဲ့ရခြင်းအကြောင်းရင်းကို BHG ဧ။် Admin ဟောင်း နှင့် ဆက်သွယ် မေးမြန်းခဲ့ပါသည်..။
Ghost Area    : မင်္ဂလာပါ အကို ရေ
BHG             : မင်္ဂလာပါဗျာ

Ghost Area    : BHG ပြန်လာပြီ လို့ အကိုတို့ဆိုဒ်မှာ တွေ့ လိုက်ရပါတယ်
အကြောင်းရင်းကိုသိလို့ရမလားခင်ဗျာ
BHG              :ဒီအကြောင်းကို ပြောဖို့အတွက်ဆိုရင် နည်းနည်း ရှည်မယ်ဗျ ဟိုးအရင် ကျွန်တော်တို့ BHG ကိုလုပ်ခဲ့တုန်းက နည်းပညာဖြန့်ပွားရေးအစီအစဉ်ဆိုတာ     ပါတယ်လေ။ အဲဒီကတည်းက ကျွန်တော်တို့အနေနဲ့ Hacking Skill ရှိတဲ့ လူငယ်တွေကို လေ့ကျင့်ပေးခဲ့တာတွေ ရှိပါတယ်။ နောက်ပိုင်းမှာလဲ BHG ကို Open Type လုပ်ပေးခဲ့တာ ရှိပါတယ်။ ဆိုတော့ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် BHG ကို ဖျက်လိုက်တာ ရှိပါတယ်။ ကျနော် ရှည်နေမှာစိုးလို့ အတိုချုံးပြောပါမယ်အဲလိုဖျက်လိုက်ပြီး နောက်ပိုင်းမှာ ကျနော်တို့ရဲ့ Second Generation တွေက သူတို့ဆက်လုပ်ချင်ပါတယ်ဆိုတာကြောင့် ကျနော့်အနေနဲ့ BHG ကို လက်လွဲပေးလိုက်တဲ့ သဘောပါ။ BHG is coming Back ဆိုတာ Second Generation တွေဆက်လုပ်ချင်လို့ဖြစ်လာတာပါ။ကျနော်တို့ လူဟောင်းတွေကတော့ အချိန်မပေးနိုင်တာရယ်၊ ကိုယ့် စီးပွားရေးအလုပ်တွေနဲ့ရယ် ရှုပ်နေကြလို့ မလုပ်ဖြစ်တော့တာပါ။

Ghost Area    : ဒါဆို လူအသစ်တွေပဲပါတော့မယ်ဆိုတဲ့သဘောပေါ့နော်
BHG             : ဟုတ်ပါတယ်။ လူဟောင်းဆိုလို့ ကျနော်တယောက်ပဲ ကျန်ပါလိမ့်မယ်။ ကျနော်ကလဲသူတို့ကို အထိုင်ချပြီးရင် ထွက်သွားတော့မှာပါ။

Ghost Area    : ဒါဆို Admin လည်းအသစ်လာမယ်ပေါ့နော်
BHG             : Admin လဲ အသစ်ပဲ ဖြစ်ပါလိမ့်မယ်။ BHG ကို ထိန်းသိမ်းနိုင်တဲ့ ၊ အရင် BHG ခြေရာကို လိုက်နင်းနိုင်တဲ့ မျိုးဆက်သစ်တွေ ကျနော်တို့မှာ ရထားပါပြီ။

Ghost Area    : ဒါဆို Open Group အဖြစ်လာမလား Closed Group အဖြစ်လာမလားဗျ
အကို့အမြင်ပေါ့နော်
BHG             : ဒါကတော့ ကျနော်နဲ့ မသက်ဆိုင်တော့ပါဘူး။ Admin အသစ်ရဲ့ စီမံခန့်ခွဲမှုအတိုင်းပါပဲ။ ကျနော်က သူတို့ကို re-organize ပြန်လုပ်ပေးရုံပါပဲ။

Ghost Area    : အော် ဟုတ်ပါပြီ White hat တွေ ခေတ်စားနေတဲ့ အချိန်မှာ ကော Black Hat အဖြစ်နေပဲ
Group ကို ဆက်သွားမလား လမ်းကြောင်းပြောင်းဖို့ကောရှိမလားဗျာ
BHG             : ဟုတ်ကဲ့ဗျ။ ကျနော့်အနေနဲ့ Second Generation ကို ဒီကိစ္စအရင်ဆုံးမေးပြီးမှ BHG ကိုလွဲပေးတာပါ။ BHG က အမြဲတမ်း Black Hat အနေနဲ့ပဲ ရပ်တည်သွားမှာပါ။ ဘယ်လိုအကြောင်းမျိုးနဲ့မှ ကာလာပြောင်းစရာမရှိပါဘူး။

Ghost Area    : မြန်မာဆိုဒ်တွေကိုပဲ ဦးတည်ပြီး Deface လုပ်ဦးမှာလားဗျ..။ ခု နောက် Generation ကရော ဘာရည်ရွယ်ချက်ထားပါသလဲ ?
BHG             : ကျနော်တို့ အားလုံးမှာ တူညီတဲ့ ခံစားချက်ရှိပါတယ်။ ဒီလိုခံစားချက်တွေကြောင့်ပဲ Black Hat အနေနဲ့ ရပ်တည်ခဲ့တာပါ။ မြန်မာဆိုက်တွေကို Deface လုပ်မယ် မလုပ်ဘူးဆိုတာထက်၊ Security အားနည်းချက် ရှိတဲ့ ဘယ်ဆိုက်ကိုမဆို Deface လုပ်မယ်လို့ ပြောပါရစေ။ Deface လုပ်တယ်ဆိုတာမျိုးကလည်း Site Admin ရဲ့ အရည်အချင်းကို ကျနော်တို့က စမ်းသပ်တာပါပဲ။ ကျနော်တို့ Database တွေ မဖျက်ဆီးဘူး။ ကိုယ်ကျိုးအတွက် ခုတုံးလုပ်တာမျိုးမရှိဘူး။ နောက်ပိုင်းမှာ ဘာတွေ ဘယ်လိုဆက်လုပ်မယ်ဆိုတာကတော့ ကျနော်ကိုယ်တိုင် စောင့်ကြည့်ရမယ့် အနေအထားရှိပါတယ်။
Ghost Area    :BHG ဟာ တစ်ဖက်မှာလည်း လူလေးစားခံရတဲ့ Black Hat ဖြစ်သလို တစ်ဖက်မှာလည်း နာမည်ပျက်နေပါတယ် ဒါကိုရော ဘယ်လို ဖြေရှင်းမလဲသိချင်ပါတယ်
BHG             : ဟုတ်ကဲ့..။ ဒါကတော့ ရှင်းပါတယ်။ BHG ကို စတည်ထောင်တုန်းက နိုင်ငံရေးရည်ရွယ်ချက်တွေပါခဲ့တယ်။ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေးလုပ်သူတိုင်း နာမည်ဖျက်ခံရတာပါပဲ။ ကာတွန်းတခုထဲကလိုပေါ့။ ဘုန်းကြီးဆိုရင် ထဘီထုတ်ပစ်ဖမ်းမယ်။ ယောကျာ်းဆိုရင် ဘိန်းပစ်ဖမ်းမယ်။ မိန်းမဆိုရင် ပြည့်တန်ဆာတယောက်မဖြစ် ဖြစ်အောင် သတင်းလွင့်မယ်။ ဒီလိုပါပဲ။ ကျနော်တို့ကိုလဲ အဲဒီနည်းတွေ သုံးပြီး နာမည်ဖျက်တာတွေ ရှိပါတယ်။ နောက်ပြီး နည်းပညာအသိုင်းအ၀ိုင်းထဲမှာကိုပဲ Jealous ဖြစ်နေကြတာရှိတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အရည်အသွေးက စကားပြောသွားတာပါပဲ။ ဒီလို နာမည်ဖျက်တာလောက်ကိုတော့ ကျနော်တို့က လက်တုံ့ပြန်မှာမဟုတ်ဘူး။ ပြန်လည် ဖြေရှင်းနေမှာလဲ မဟုတ်ဘူး။ ကျနော်တို့ ၀ါသနာပါရာ နည်းပညာကိုပဲ တစိုက်မတ်မတ် လုပ်သွားခဲ့တာပါပဲ။ ခွေးဟောင်တိုင်း ထကြည့်ရင် အိပ်ရေးပျက်တာပေါ့ဗျာ။
Ghost Area    : အခုရော Anti-Government ဆိုတာရည်ရွယ်ချက်ကြီးကို ထည့်ဦးမှာလား ? သိပါရစေ
BHG              : ဘယ်ဟာကိုမေးတာလဲ

Ghost Area    : အဖွဲ့ ရဲ့ ရည်ရွယ်ချက်ထဲမှာပေါ့ နိုင်ငံရေးရည်ရွယ်ချက်ထည့်ဦးမလားလို့ သိပါရစေ
ဒါမှမဟုတ် ဒီအတိုင်းပဲ Black Hat ဆိုတဲ့ ရည်ရွယ်ချက်ပဲလားဆိုတာသိပါရစေ
BHG             : အဲဒါကတော့ စောစောက ပြောခဲ့သလိုပဲ BHG ရဲ့ ရှေ့ဆက်မယ့် ခြေလမ်းတွေက ကျနော်နဲ့ မဆိုင်တော့ဘူးဗျ။ Admin အသစ်ရဲ့ သဘောထားအတိုင်းပါပဲ။ ဒီကနေ့ လူငယ်တွေရဲ့စိတ်မှာ နိုင်ငံရေးဆိုတာ မစားကောင်းတဲ့ အသီးလို့ မသတ်မှတ်ကြတော့ပါဘူးလေ။

Ghost Area    : ဟုတ်ပါပြီ အခု Hacking လောကထဲကို အသစ်ရောက်နေတဲ့ Myanmar Cyber Security Team အပေါ်အမြင်လေးသိပါရစေ သူတို့က White Hat ဆိုတော့ အကိုတို့နဲ့ပြဒါးတစ်လမ်းသံတစ်လမ်းများ ဖြစ်နေမလားလို့ပါ  ပြီးတော့ သူတို့ဆိုဒ်မှာလည်း Vuln List ဆိုပြီး ကြေညာထားတာတွေတွေ ပါတယ် ဒါကြောင့်  သူတို့ လျှောက်နေတဲ့လမ်းက အကိုတို့ကိုများထိခိုက်မလား တခြားထင်မြင်ချက်တွေပေါ့နော်
BHG             : အဲဒီအဖွဲ့ကိုတော့ ကျနော် မသိပါဘူး။ ဘယ်သူတွေ ဘယ်လိုအဖွဲ့တွေထောင်ထောင် ကျနော့်အနေနဲ့ လက်ခံအားပေးပါတယ်။ ဒီအတွက် ကျနော်တို့ကို ထိခိုက်စရာ မရှိပါဘူး။ သူတို့အနေနဲ့လဲ ကျနော်တို့ကို Jealous မဖြစ်နဲ့။ ကျနော်တို့လဲ မဖြစ်ဘူး။ အားလုံးဟာ လမ်းကြောင်းတခုတည်းပေါ်ရောက်နေကြတာပဲလေ။ ကိုယ်ယုံကြည်ရာကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မပါဘဲ သွားကြရင် ကောင်းပါလိမ့်မယ်။ Black and White ဆိုတာ ခေါင်းနဲ့ပန်းလို ခွဲခြားလို့မရပါဘူး။ Black နဲ့ White ကြားမှာ နံရံပါးပါးလေးတချပ်ပဲရှိပါတယ်။

Ghost Area    : ကောင်းပါတယ်အကိုရေ ကျွန်တော်တစ်ခုမေးချင်ပါတယ် အကိုတို့ရဲ့လုပ်ရပ်တွေနဲ့ IT လောက ကို ဘယ်လိုများ  အကျိုးပြုမလဲ အဲ့ဒါလေး လည်း      ကျွန်တော့် ပရိသတ်က သိချင်ကြမယ် ထင်ပါတယ်.။
BHG             : BHG မှာ အရင်ကတည်းက နည်းပညာထောက်ပံ့ရေးအစီအစဉ်ပါလာပြီးသားပါ။ ကျနော်တို့အနေနဲ့ Underground Hacking School တွေ လုပ်ပေးခဲ့ပါတယ်။ ဒီအစီစဉ်ကြောင့်ပဲ အခု Second Generation ဆိုတာ ဖြစ်လာခဲ့ပါပြီ။ ရှေ့ဆက်လဲ ဒီအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကျနော်တိုက်တွန်းထားပါတယ်။ Admin Team ကလည်း ဆက်လက်အကောင်အထည်ဖော်သွားဖို့ သဘောတူထားပါတယ်။
 Ghost Area    : ဒါဆို နောက်တက်လာတဲ့ BHG ရဲ့ ရည်ရွယ်ချက်က ?
Hacking Technique လက်ဆင့်ကမ်းရေးပေါ့နော်
BHG             : အသေအချာပါပဲဗျ။
 Ghost Area    : ဟုတ်ကဲ့  အခု BHG အသစ် က အပြင် Member အသစ်တွေကိုရော လက်ခံဦးမလားဗျာ
BHG             : ဒီအစီအစဉ်အတွက် ကျနော်တို့လက်ထက်တုန်းက အတွေ့အကြုံတွေကို Admin Team ကို မျှဝေထားတာရှိပါတယ်။ ကျနော်တို့ရဲ့ အတွေ့အကြုံကို အခြေခံပြီး သူတို့ လုပ်သင့်မလုပ်သင့် စဉ်းစားကြပါလိမ့်မယ်။ ကျနော်က လုပ်ရမယ်လို့ မတိုက်တွန်းထားပါဘူး။

Ghost Area    : အခုတစ်ခေါက် Deface လုပ်တဲ့အခါမှာ Member အနေနဲ့ Deface လုပ်မလား
Group အနေနဲ့ Deface လုပ်မလားသိပါရစေ
BHG             : အဲဒီမေးခွန်းကို ဖြေဖို့ ကျနော် မတတ်နိုင်ဘူးဗျ။ သူတို့အစီအစဉ်တွေကို ကျနော် မသိရသေးပါဘူး။

Ghost Area    : အကိုပြောချင်တာက Permission အားလုံးကို Second Generation ကို လွှဲအပ်ထားတယ်ဆိုတဲ့သဘောပေါ့နော်
BHG              : ဟုတ်ပါတယ်။ ကျနော်က သူတို့အရည်အချင်းလိုက် ပြန်လည်ဖွဲ့စည်းပေးရုံပါပဲ။

Ghost Area    : BHG ရဲ့ မပြီးပြတ်သွားသော Underground Hacking Forum ကိုရော သူတို့လက်ထက်မှာ
ဆက်လုပ်မလားသိပါရစေ အကို
BHG             : ကျနော်တို့လက်ထက်မှာ Hacking Forum တခုတည်ဆောက်ဖို့ ကြိုးစားခဲ့တာကိစ္စက အဆုံးမသတ်လိုက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အဓိကတော့ လူအင်အားမလုံလောက်တဲ့ပြဿနာပါ။ ဖိုရမ်တဘက်၊ အလုပ်တဘက်၊ ၀ါသနာတဘက်ဆိုတော့ မလုပ်နိုင်ခဲ့ဘူး ဖြစ်သွားပါတယ်။ ဆက်လုပ်ဖြစ်မဖြစ်လဲ ကျနော် မခန့်မှန်းနိုင်သေးပါဘူး

Ghost Area    : ဟုတ်ကဲ့ နောက်ပိုင်းမှာ ထွက်လာမယ့် Cyber Law နဲ့ပတ်သတ်ပြီးရော Black Hat အဖွဲ့ အနေနဲ့ ဘယ်လိုပြောချင်ပါသလဲ
BHG             : ဥပဒေထုတ်တယ်ဆိုတာ ကိုယ်တိုင်လိုက်နာနိုင်မှ တခြားသူကို လိုက်နာခိုင်းတာ ကောင်းပါတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်။

Ghost Area    : :) ဟုတ်ကဲ့ပါ အကိုတို့အနေနဲ့ရော ဘာဆက်ပြောချင်ပါသေးသလဲခင်ဗျာ
အကိုတို့ ပရိသတ်တွေကိုကော အခြား Black Hacktivism တွေကောရောပေါ့?
BHG             : ကျနော့်အနေနဲ့ကတော့ BHG ကို သူယုံကြည်ရာ လမ်းအတိုင်းလျှောက်စေခဲ့ပါတယ်။ ပြီးတော့ ၀ါသနာပါရာ လူငယ်တွေကို လက်တွဲခေါ်ခဲ့တယ်။ ဒီလိုပဲ နောက်မျိုးဆက်ကိုလဲ BHG လျှောက်ခဲ့တဲ့ လမ်းအတိုင်း လျှောက်နိုင်အောင် လေ့ကျင့်ပေးထားပါတယ်။ တခြား Hacking ကို ၀ါသနာပါတဲ့ လူငယ်တွေကိုလဲ စဉ်ဆက်မပြတ်လေ့လာဖို့ တိုက်တွန်းချင်တယ်။ ပြီးတော့.. BHG ကို ၀န်းရံပေးကြတဲ့ သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ မြန်မာ Underground Hacking World အတွက် BHG က အမြဲ ပေးဆပ်နေမှာပါ။

Ghost Area    : ဟုတ်ကဲ့ပါ
အချိန်ပေးဖြေကြားခြင်းအတွက်ကျေးဇူးတင်ပါတယ်
BHG             :ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်.......

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Blog Archive

Followers

About Me

My Photo
Hacking= intelligent+techonology+psychology