Thursday, August 2, 2012

Some Examples for SE








ကျွန်တော် SE အတွက်ပို့စ်မရေးဖြစ်တာကြာပါပြီဘာလို့လဲဆိုတော့ ကျွန်တော် SE အတွက်နည်းနည်းလေ့လာမှုလေးတွေလုပ်နေလို့ဖြစ်ပါတယ်…။ကျွန်တော်လေ့လာထားတဲ့ SE examples လေးတွေကို အတိုချုံးပြီးတင်ပြသွားမှာဖြစ်ပါတယ်…။ကျွန်တော်လေ့လာထားတယ်ဆိုတာကလဲ စာအုပ်တွေဖတ်၊ ဗီဒီယိုတွေကြည့် အဲဒီထဲတွေကမှ ကိုယ်ကြိုက်ဟာလေးတွေကို နုတ်ထုတ်ပြီး မှတ်သားထားလိုက်တာပဲဖြစ်ပါတယ်…။ နည်းပညာပိုင်းဆိုင်ရာ example တွေမဟုတ်ပေမယ့် အတွးအခေါ်ပိုင်းဆိုင်ရာအတွက် များစွာအသုံးဝင်နိုင်မယ်လို့ယူဆပါတယ်…။
  • ကျွန်တော်တို့ မြန်မာဇရာဝင်ထဲမှာ လဲ အရမ်းကိုထူးခြားလှတဲ့ SE အနုပညာလေးကိုခုကိုတွေ့ရှိခဲ့ပါတယ်…။ဒါလေးကတော့လူတိုင်သိပြီးသား ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်..။ဒီနေ ၇ာမှာတစ်ခုပြောချင်တာက phishing  ရဲ့ အဓိပါယ်ပါ…။ phishing ဆိုတာဟာ…ဥပမာ .. webpage တစ်ခုကို အတုလုပ်..ပြီးရင် ကိုယ့်သားကောင် ကို ကိုယ်လုပ်ထားတဲ့ ထောင်ချောက်( Page အတု) ဆီကိုဝင်လာအောင်လုပ်ပြီးတော့..အချက်အလက်တွေယူ ၊ကြိုးကိုင်အကျပ်ကိုင်မှုတွေလုပ်..ဒါအပြင်ကိုလိုချင်တဲ့ Target ကို ရအောင်လုပ်တယ်လို့ ကျွန်တော် အဓိပါယ်ဖွင့်ချင်ပါတယ်…။ဒီလိုနား လည်ပြီဆိုရင် ဥပမာလေးကိုဆက်ပြောပါ့မယ်..။ရာဇ၀င်ထဲမှာ webpage ကိုအတုလုပ်တာမဟုတ်ပါဘူး..အဲဒီတုန်းက internet မှမပေါ်သေးပဲကို..ဟဲဟဲ..။သူတို့ phishing လုပ်ခဲ့ တာ စစ်တပ် တစ်ခုကိုပါ..။စစ်တပ်တစ်ခုကို အတုလုပ်ခဲ့ပြီးတော့ လိုချင်တဲ့ target ကိုရအောင်လုပ်ယူသွားတာဖြစ်ပါတယ်…။အဲဒါကတော့လူတိုင်သိနေပြီးသားဖြစ်တဲ့..စောလူးမင်းနဲ့ ငရန်မန်ကန်း တို့စစ်ခင်းခဲ့ကြတာလေးဖြစ်ပါတယ်…။ပြည်တော်သာကျွန်းမှာ စစ်ဘက် စစ်တပ်တွေစခန်းချနေတုန်း..ညအခါ ရွံညွန်ထူထပ်တဲ့နေရာမှာ စစ်တပ်ပုံစံ စစ်မြင်းစစ်ဆင်တွေနဲ့ စစ်သားတွေပုံစံကိုအတုလုပ်ပြီး စစ်ရေးဆင် တဲ့ပုံစံအတိုင်း ဟန်ဆောင်အတုလုပ်ခဲ့တာပါ..ဒါကိုနားမလည်တဲ့ စောလူးမင်းဟာ…ရန်သူ့ကျော့ကွင်းထဲ့ရောက်ခဲ့ရပါတယ်…။
  • နောက်တစ်ခုသဘောကျစရာလေးရှိပါသေးတယ်…။ဒါကတော့တော်တော်လေးကို စိတ်ဝင်စားစရာကောင်းတဲ့ဟာလေးပါ..။ Red Cliff ဇာတ်ကားကိုလူတိုင်းကြည့်ဘူးမယ် တင်ပါတယ်..။နှစ်ဘက် စစ်တပ်တွေစစ် ဖြစ်နေတာကို…တစ်ဘက်စစ်တပ်က လှည့်စားပြီး မျှားအစင်းပေါင်းမြောက်များစွာကိုရယူသွားခဲ့တာပါ…။မျှားတွေ ကိုယူပုံယူနည်းက တော်တော်ပြောင်မြောက်ပါတယ်…ညမြူတွေဆိုင်းနေတဲ့အချိန်မှာ လှေတွေကို ကျူရိုး တွေနဲ့ တည်ဆောက်ပြီးတော့ စစ်ရေးငင် တဲ့ပုံစံကို ဟန်ဆောင်ပြီး လုပ်လိုက်တယ်…ဟိုဘက်ကလဲစစ်တက်ကိုလာတိုက်တယ် ဆိုပြီးတော့ မျှားအစင်းပေါင် များစွာနဲ့ ပစ်..အဒီမျှားတွေက ကျူရိုကြားတွေဆိုက် ကုန်ကြတယ်…။အဲသူတို့ ပြန်ပြီးတော့ စစ်ဆုတ်လာတဲ့ အချိန်မျာ လှေ အစီး တိုင်းမှာ မျှားတွေမြောက်များစွာ ပါလာခဲ့ပါတယ်…။
  • နောက်တစ်ခုသဘောကျတာက ဆရာကြီးရွှေဥဒေါင်း ရေးတဲ့  ကတုံးပေါ်ထိပ်ကွက်ဆိုတဲ့ ၀တ္တု တိုလေးထဲက သူတော် စိန် ဆိုတဲ့ ဇာတ်ဆောင်လုပ်ခဲ့တာလေးတွေကိုပါ..။အဲဒီ ဇာတ်လိုက်ဟာ..လိမ်ညာစားနေတဲ့ လူတွေကို လှည့်ဖြားခြင်းကို အထူးဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်…။တစ်ရက် မှာတော့ သူလမ်းလျှောက်ထွက်လာရင်း နဲ့ လူလိမ်တစ်ယောက် နဲ့ တွေ့ပါတယ်…။အဲဒီ့လူလိမ် စိန်လုပ်နည်းကို သူတွေ့ထားတယ်ဆိုပြီး သူနဲ့ အစုရှယ်ယာလုပ်မလားဆိုပြီးသူ့ကိုပါဝင်မလားဆိုပြီ လိမ်ညာခဲ့ပါတယ်..။အဲဒီမှာ စိန်အရိုင်း တစ်ပွင့်ကိုလုပ်ပြမယ်ဆိုပြီးတော့…သံမှူန့်ရယ်..ကာဗွန်ရယ်…တခြားအမှန့် တစ်မျိုးရယ်ကို အရည်ကြိုပြီးတော့ ချက်ချင်အေးခဲစေနိုင် တဲ့ ပစ္စည်း ကရိယာထဲကို ထည့်ပြပါတယ်..။အဲဒီလိုထည့်တဲ့အခွမှာ သူ ဖွက်ယူထားတဲ့ စိန်အရိုင်းတုံးကို လူမသိအောင်း တိတ်တိတ်လေး ယူပြီးတော့ ချက်ချင်အေးခဲစေနိုင် တဲ့ ပစ္စည်း ကရိယာထဲကို လူမမြင်အောင်းထည့်ပြီးတော့လိမ်ညာခဲ့တာပါ..။သူတော်စိန်ကလဲ ယုံချင်အောင် ဟန်ဆောင်ပြီးတော့ ရှယ်ယာစာချုပ်မှာလက်မှတ် ရေးထိုးလိုက်ပါတယ်..။ပြီးတော့ သူကိုယ်တိုင် စိန်လုပ်နည်းကို စမ်းသပ်ချင်ပါတယ်..ဆိုပြီးတော့ အရင်လူလိမ်လုပ်ခဲ့တဲ့ပုံစံအတိုင်း ပြုလုပ်ခဲ့ပြီး တော့ သူကိုယ်တိုင်ဖွက်ယူလာခဲ့တဲ့ စိန်ရိုင်းသုံးတုံးကို ခုနက ချက်ချင်အေးခဲစေနိုင် တဲ့ ပစ္စည်း ကရိယာထဲ မှထုတ်ပြခဲ့ပါတယ်…။အဲဒီမှာ လူလိမ်ထင်သွားတာက စိန်တကယ်ဖြစ်တယ်..ငါလုပ်နေတာ ဓါတ်ပစ္စည်းရောနှော မှု မမှန်လို့ဖြစ်လိမ့်မယ်မယ်လို့ ထင်သွားပြီးတော့ သူတော်စိန့် ဆီက ဓါတ်ပစ္စည်းအချိုးအစားရယ်…နောက်ပြီးတော့ အစုရှာယာစာချုပ်ရယ်ကို ဈေးကြီးပေးပြီးတော့ပြန်ဝယ်ခဲ့ပါတယ်…။အဲဒီမှာပဲ သူတော်စိန်က လူလိမ်ဆီက နေ ပြန်ပြီးရိုက် စားလုပ်ရင် ကတုံးပေးထပ်ကွက် ခဲ့ပါတယ်..။ ဒီနည်းကတော့ ကိုယ့်သားကောင် လုပ်ခဲ့တဲ့အတိုင်းပြန်အသုံးချတဲ့နည်းလေးဖြစ်ပါတယ်…။
  • နောက်တစ်ခု ကတော့ national treasure 2 ထဲကပါ..။ မင်းသားကတော့ နာမည်ကြီး Nicolas Cage ဖြစ်ပါတယ်..။အဲဒီထဲက တစ်ခုသဘောကျတာက သူနဲ့ ပြိုင်ဘက် ဖြစ်တဲ့ လူဆိုး အဖွဲ့ က မင်းသား ရဲ့ အဖေ ရဲ့ ဖုန်းကို ပွားယူထားပြီးတော့ မင်းသားရဲ့လှုပ်ရှားမှုတွေ သတင်းအချက်အလက်တွေကို ရယူသွားခြင်းဖြစ်ပါတယ်..။ အရမ်းကောင်းတဲ့ SE လှုပ်ရှားမှုဖြစ်ပါတယ်…။
  • နောက်တစ်ခုကတော့ fast and furious ဇာတ်ကာထဲကဇာတ်ဝင်ခန်းတစ်ခုပါ..ပြိုင်ကား မောင်းပြိုင်တဲ့သူတွေဟာ ရဲတွေရဲ့ ဆက်သွယ်ရေး wireless system ထဲကို ခိုးဝင် ပြီးတော့ ကြားဖြတ်ထောက်လှမ်းနားထောင်နေတာဖြစ်ပါတယ်..။ရဲတွေ ကသူတို့ကို လာရောက် ဖမ်းဆီး တဲ့အခါမှာ လိုချင်တဲ့ သတင်းအချက်အလက်ကို အချိန်မှီရရှိ သွားပြီးတော့အချိန်မှီ တိမ်းရှောင်သွားနိုင်ခဲ့ကြပါတယ်..။
  • နောက်တစ်ခုသဘောကျတာက ထရိုဂျန် မြင်းရုပ်ကြီးပါ..။လူတိုင်းသိပြီးသာဖြစ်တဲ့အတွက် ရှင်းပြမနေတော့ပါဘူး…ငယ်ငယ်ထဲက ကျောင်းစာထဲမှာသင်ခဲ့ ရတဲ့ အဲဒီ မြင်းရုပ် ကြီးအကြောင်းကို ခုချိန်ထိ သဘောကျလျှက်ရှိပါတယ်..။အကောင်းဆုံးသော SE ဥပမာတစ်ရပ် အဖြစ် နာမည်ကြီးနေတုန်းလဲဖြစ်ပါတယ်…။
  • နောက်တစ်ချက်ကတော့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်…။နာမည်ကြီးပြီးအရမ်းလှတဲ့ မိန်မတစ်ယောက်ဖြစ်ပါတယ်…။သူကတော့ လူတိုင်းသိတဲ့ ကလီယိုပတ်ထရာ ဖြစ်ပါတယ်…။ယောက်ကျားတိုင်းကို နဖားကြိုးထိုးသလိုကို လိုရာခိုင်းစား ကြိုးကိုင်နိုင်တဲ့ ကျွန်တော် အလေးစားဆုံး မိန်းမတစ်ယောက်ဖြစ်ပါတယ်…။ကမ္ဘာ ပေါ်ရှိ စစ်ဘုရင်အာလုံးက မျက်စောင်းထိုးနေကျတဲ့ သူ့ရဲ့မြို့တော်ကို ကာကွယ်ဖို့အတွက် အလိမ္မာ နည်းကို အသုံးပြုပြီးတော့ ယောက်ကျားတွေကို ကြိုးကိုင်ခိုင်းစာခဲ့တာဖြစ်ပါတယ်…။ သူဟာ social engineer ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ ကို ယုံမှား သံသယ ဖြစ်စရာမလိုပါဘူး…။
တကယ်တော့ SE ဆိုတာဟာ အဝေးကြီးကိုကြည့်စ၇ာမလိပါဘူး ကိုယ့်အနီးနာမှာ တင်ကို Example လေးတွေရှိပါတယ်…။ကျွန်တော်ပေးတဲ့ ဥပမာလေးတွေကို နည်းပညာနဲ့ ပေါင်း စပ်ပြီးတော့ …တွေးခေါ်စဉ်းစာကြည့်လိုက်ရင် အရမ်းကို အကျိုးရှိမယ်လိုယူဆ မိပါတယ်…။ကျွန်တော်ကတော့ ကိုယ်တတ်နိုင်သလောက်လေး example လေးတွေကို စုဆောင်းပေးထားဖြင်းဖြစ်ပါတယ်…။နည်းနည်းပါးပါး စာဖတ်သူတွေအတွက် အကျိုးရှိမယ်ဆိုရင် ကျေနပ်မိမှာပါ…။ဒီပိုစ့်လေးဟာဆိုဆို ကျွန်တော်တစ်ယောက် ထဲရဲ့ အတွေးအခေါ်မျှ သာဖြစ်ပါတယ်..အမှားပါရင် ကျွန်တော် တစ်ယောက်ထဲသာ ညံ့လို့ဖြစ်ပါတယ်…။

Posted By Me
You also see in ghostarea.net

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Followers

About Me

My Photo
Hacking= intelligent+techonology+psychology