မှတ်ချက်။ ။ဒီပိုစ့်သည် mmhackforums.com မှ ကိုစနစ်ဖာဂေါ့ ရေးသားသောပိုစ့်ဖြစ်ပါသည်...။
အဆင့်မြင့်သောကွာလတီပိုစ့်ဖြစ်သောကြောင့်စာဖတ်သူတို့ အကြိုးကိုရည်ရွယ်ပြီး တင်ပေးလိုက်ပါသည်။
ဖိုရမ်မှာ ညီအစ်ကိုတွေ ပိုစ့်တွေ ရေးပြီးတင်ကြတာမြင်တော့ ကျွန်တော်လဲ နဲနရေးချင်စိတ်ပေါက်လာတယ်….ဒါနဲ့ ဘာရေးရရင်ကောင်းမလဲလို့ စဉ်းစားလိုက်တော့ URL တစ်ခုကို ဘယ်လို redirection လုပ်ကြသလဲဆိုတာလေးကို သွားစဉ်းစားမိတယ် ။ URL redirection ကို ဘာအတွက်သုံးကြသလဲ ၊ ဘယ်လိုအခြေအနေမျိုးမှာ သုံးကြသလဲ ဆိုရင် ဆိုဒ်တစ်ခုကနေ နောက်ထပ်ဆိုဒ်အသစ်တစ်ခုကို ပြောင်းလဲဖွင့်လှစ်တဲ့ အခါမျိုးမှာ(သို့တည်းမဟုတ်) Attacker တစ်ယောက်က victim ကိုမိမိဖန်တီးထားတဲ့ လှည့်ကွက်ထောင်ချောက်နေရာ တစ်ခုဆီကိုရောက်စေချင်တဲ့အခါမျိုးမှာ အများဆုံးအသုံးပြုလေ့ ရှိကြပါတယ် ။ ကဲပထမဆုံး ကျွန်တော်တို့ Website တစ်ခုကနေ အခြားတစ်ခုကို စပြီး Redirect လုပ်ကြမယ်ဆိုရင် URL redirect လုပ်ဖို့ တခဏတာ ယာယီလား ၊ အမြဲတမ်းအတွက်လားဆိုတာကို စပြီး စဉ်းစားဖို့လိုပါလိမ့်မယ် ။ နောက်တစ်ချက်က ဘယ်လို language မျိုးကိုအသုံးပြုပြီး URL redirect script ကိုတည်ဆောက်မှာလဲ ။ ဒီနေရာမှာ ကျွန်တော် ဥပမာ သုံးမျိုးနဲ့ တင်ပြသွားပါမယ် …. ။
- PHP script ကိုအသုံးပြု၍တည်ဆောက်ခြင်း ။
- Htaccess with mod_rewrite (or) mod_alias နည်းလမ်းဖြင့် တည်ဆောက်ခြင်း ။
- Javascript ဖြင့်ဖန်တီးခြင်း တို့ပဲဖြစ်ပါတယ် ။
- PHP script ကိုအသုံးပြုပြီးတည်ဆောက်ခြင်း
<?php header('Location: http://www.mmhackforums.com'); exit; ?>
အပေါ်မှာဖော်ပြထားတဲ့ code လေးနှစ်ကြောင်းလောက်ကို မိမိရဲ့ HTML format အပေါ်မှာ သွားရောက်ဖြည့်စွက်လိုက်ခြင်းဖြင့် မိမိ ညွှန်လိုတဲ့ စာမျက်နှာ(URL address) ကိုရောက်ရှိစေနိုင်ပါတယ် ။ ဒီနေရာမှာ နဲနဲလေး သတိပြုရမှာက warning အနေနဲ့ ….
Cannot modify header information - headers already sent by ...
ဆိုတဲ့ စာကြောင်းများ ပေါ်လာခဲ့လျှင် မိမိထည့်သွင်းလိုက်တဲ့ code တွေကို HTML tag တွေရဲ့အပေါ်ဆုံးသို့ရွှေ့ပြောင်းထည့်သွင်းခြင့်ဖြင့် အဆင်ပြေသွားပါလိမ့်မယ် ။ ကဲ….ဒါဆိုရင်အမြဲတမ်းပြောင်းရွှေ့သွားပါပြီ ဆိုတာကို ဘယ်လိုရေးမလဲ ။ code status လေးတစ်ခုကို ထပ်ပေါင်းထည့်လိုက်ယုံပါပဲ…..ယာယီ redirect လုပ်ဖို့အတွက် code တွေနေရာမှာ အမြဲတမ်း redirection ပါဆိုတဲ့ Status Code Definition ဖြစ်တဲ့ 301 ဆိုတာလေးကို မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ယုံပါပဲ ။ ဥပမာ -
<?php header('Location: http://www.mmhackforums.com', true, 301); exit; ?>
- Htaccess with mod_rewrite (or) mod_alias နည်းလမ်းဖြင့် တည်ဆောက်ခြင်း
Redirect /showoff.php http://www.mmhackforums.com/tools.php
ဖော်ပြပါ code ကလေးကို htaccess file ထဲကို ကူးထည့်ပြီး သိမ်းဆည်းလိုက်ခြင်းအားဖြင့်
http://www.mmhackforums.com/showoff.phpကနေ
http://www.mmhackforums.com/tools.php
ဆိုတဲ့လိပ်စာဆီသို့ redirect လုပ်သွားပါလိမ့်မယ် ။ ကဲ…ဟုတ်ပြီ….ဒါဆိုရင် အမြဲတမ်း redirect အတွက်ကျတော့ရော ဘယ်လိုရေးမလဲ ? အပေါ်မှာ status code definition ဆိုတာကို အနည်းငယ်ပြောခဲ့တယ်နော်….ကျွန်တော်တို့ လုပ်ချင်တာက အမြဲတမ်း redirect လုပ်ချင်တာ ၊ အမြဲတမ်း redirect ဆိုတာကို ဖော်ညွှန်းတာက code 301 ၊ ဒီတော့ 301 ကို Redirect ဆိုတဲ့ command ရဲ့ရှေ့မှာ ခေါ်သုံးလိုက်မယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ အမြဲတမ်း redirect ကိုရပြီပေါ့ ….။ ဥပမာ - အနေနဲ့ ပြရလျှင်..
Redirect 301 /showoff.php http://www.mmhackforums.com/tools.php
နောက်ထပ် module တစ်ခုဖြစ်တဲ့ mod_rewrite နဲ့ ပတ်သတ်ပြီး နဲနဲပြောကြည့်ပါမယ် ။ mod_rewrite က mod_alias ထက်စာလျှင် ပိုပြီး powerful ဖြစ်ပြီးတော့ ပိုရှုပ်ထွေးတယ်လို့ ဆိုနိုင်ပါတယ် ။ mod_rewrite ကိုဘယ်နေရာတွေမှာ သုံးနိုင်သလဲဆိုလျှင် domain အဟောင်းကနေ အသစ်ကို ပြောင်းတဲ့အခါမှာပဲဖြစ်ဖြစ် www(world wide web) မဟုတ်တဲ့ နေရာတစ်ခုကနေ www URL တစ်ခုဆီသို့ redirect ပြုလုပ်လိုတဲ့ အခါမှာပဲ ဖြစ်ဖြစ် အသုံးပြုကြပါတယ်။ ဆိုလိုတာက ကျွန်တော်တို့က
http://mmhackforums.comကိုဝင်လိုက်ပေမဲ့လည်း
http://www.mmhackforums.comဆီကိုပဲရောက်ရှိသွားအောင် ပြုလုပ်လိုက်ခြင်းပဲဖြစ်ပါတယ် ။ နောက်တစ်ခုက hotlink protect images (သို့မဟုတ်) redirect based on language အစရှိတဲ့နေရာတွေမှာလဲ အသုံးပြုနိုင်ပါသေးတယ် ။ hotlink protect images ဆိုတာနဲ့ ပတ်သတ်လို့ မိမိက ဘယ်လို domain တွေကို ခွင့်ပြုမှာလဲ / ပိတ်ပင်မှာလဲ ၊ ဘယ်လို Referrer တွေကို ခွင့်ပြုမှာလဲ / ပိတ်ပင်မှာလဲ ၊ ပိတ်ပင်တဲ့ image တွေကရော ဘယ်လို file type ( eg: jpg,png,gif,bmp,jpeg) အမျိုးအစားတွေလဲ ဆိုတာတွေကိုပါ သတ်မှတ်ပေးနိုင်ပါသေးတယ် ။ ဒါဆိုရင် redirect based on language ဆိုတာကရော ဘာလဲ ….သူကတော့ လက်ရှိ မိမိ web page မှာ default အနေနဲ့ ဖော်ပြနေတာက English ဖြစ်နေပြီး chinese ဘာသာကိုပြောင်းလဲဖော်ပြလိုတယ်ဆိုပါက မိမိ ပြောင်းလိုတဲ့ articles ကို ရွှေးချယ်လိုက်တာနဲ့ chinese ဘာသာကို ဖော်ပြပေးနိုင်အောင် ဖန်တီးပေးနိုင်ပါတယ် ။ ကျွန်တော် Old domain တစ်ခုကနေ New domain တစ်ခုဆီသို့ redirect ပြုလုပ်ပုံကို ဥပမာ - အနေနဲ့ ဖော်ပြပေးပါမယ်…
RewriteEngine on RewriteRule ^(.*)$ http://www.mmhackforums.com/$1 [R=301,L]
ဒီနေရာမှာ ကျွန်တော်တို့က domain အဟောင်းဖြစ်တဲ့
http://www.mmcyberdevils.com/showoff.phpကိုဝင်ကြည့်လိုက်ပေမဲ့ တစ်ကယ်တမ်း ကျွန်တော်တို့ ရောက်သွားမှာက
http://www.mmhackforums.com/showoff.phpပါ ။
status code ကို 301 နဲ့ပါ ထပ်မံဖော်ပြပေးလိုက်တဲ့ အတွက်ကြောင့် user က domain အဟောင်းကို ဝင်လိုက်ပေမဲ့လည်း အမြဲတမ်း domain အသစ်ဆီကိုပဲ redirect လုပ်နေတော့မှာပါ ။ L ဆိုတာကတော့ နောက်ဆုံးတစ်ခုကို အတည်ပြုပေးလိုက်တာပါ ။ နောက်ထပ် ကျန်ရှိနေတာတဲ့ အပိုင်းဖြစ်တဲ့ www မဟုတ်တဲ့ domain ကနေ www domain ဆီကို ဘယ်လို Redirect လုပ်ကြမလဲဆိုတာကို ဖော်ပြပါမယ် ။
ကျွန်တော်တို့
http://mmhackforums.comကနေ
http://www.mmhackforums.comဆီသို့
ဘယ်လို redirect လုပ်မလဲဆိုတာကို ဥပမာ အနေနဲ့ ဖော်ပြပါမယ် ။
RewriteEngine on RewriteCond %{HTTP_HOST} ^mmhackforums.com [NC] RewriteRule ^(.*)$ http://www.mmhackforums.com/$1 [R=301,L]
ဒီ code လေးတွေကိုကြည့်ခြင်းအားဖြင့် ဆိုလိုရင်းကို သဘောပေါက်လောက်မည် ဟု ယူဆပါတယ် ။
- Javascript ဖြင့်ဖန်တီးခြင်း
<script type="text/javascript"> window.location = "http://www.mmhackforums.com"; </script>
အထက်မှာ ဖော်ပြထားတဲ့ code အချို့ကို HTML ရဲ့ <head> </head> tag အတွင်းမှာ ထည့်သွင်းဖော်ပြလိုက်ခြင်းအားဖြင့် မိမိ redirect ပြုလုပ်လိုတဲ့ URL ဆီသို့ ခေါ်ဆောင်သွားပါလိမ့်မယ် ။ ဒီနေရာ HTML format အတွင်းမှာ ကျွန်တော်တို့ အသုံးပြုလိုက်တဲ့ script အမျိုးအစားက javascript ဖြစ်ပါတယ်ဆိုပြီး အရင်ဆုံး ကြေငြာလိုက်ပါတယ် ၊ အဲဒီနောက် window.location ဆိုတဲ့ command လေးကို အသုံးပြုပြီး redirect လုပ်ချင်တဲ့ domain လေးကို ဖော်ပြေးပေးလိုက်ခြင်းပဲဖြစ်ပါတယ် ။ ကောင်းပြီ ဒါဆိုရင် အဲဒီ domain တစ်ခုအတွင်းမှာပဲ တည်ရှိနေတဲ့ အခြားသော URLs များဆီသို့ရောက်အောင်ရော ဖန်တီးလို့ မရဘူးလား ၊ ရပါတယ် ။ ဥပမာ - ကြည့်ပါ….
<script type="text/javascript"> window.location.replace = ("../forum/index.php"); </script>
ဒီနည်းတွေကို သုံးပြီး webmaster တွေက Attacker(Hacker) တွေကိုအာရုဏ်နောက်အောင် ပြုလုပ်တတ်ကြပါတယ် ၊ ကျွန်တော်တို့ တော်တော်များများ ကြုံဖူးကြမှာပါ ။ website တစ်ခုရဲ့ admin user & password ကိုရပြီး admin page ရှာမတွေ့ဘူး…ဆိုပြီး ခဏခဏ ဖြစ်ကြပါတယ် ။ Hacker တစ်ယောက်က joomla ဆိုဒ်တစ်ခုရဲ့ admin user & password ရသွားပြီ ဆိုပါစို့….ဒါဆိုရင် joomla ရဲ့ admin login page directory က
http://www.joomla.com/administratorဆိုတာ အားလုံးသိကြပါတယ် ။ ဒါပေသိ အဲဒီ administrator URL ကို သွားလိုက်တိုင်း
http://www.joomla.comကိုပဲ ပြန် ပြန်ရောက်သွားတတ်တာကို သတိပြုမိကြပါလိမ့်မယ် ၊ ဒါဟာ webmaster က သူ့ရဲ့ admin loing page ကို attacker အလွယ်တစ်ကူ ရှာမတွေ့အောင်ဖွက်ထားလိုက်တာပါပဲ ။ ကဲ…ဒီလောက်ဆိုရင် တော်တော်လေး နားလည်သွားလောက်ပြီ( မသိသေသောသူများကိုသာ ရည်ရွယ်သည်။) လို့ ယူဆပါတယ် ။ ကျွန်တော် ဖတ်မိတာလေးတွေကို စုပေါင်းရေးသားထားခြင်းဖြစ်ပါတယ် ၊ ကွန်နက်ရှင် အခက်အခဲကြောင့် ပုံနှင့်တကွ မဖော်ပြပေးနိုင်တာကို နားလည်ပေးကြစေလိုပါတယ် ။
Written By
$n1ff3rg0d(mmhackforums.com)