Tuesday, April 17, 2012

XSS?? What is XSS??



XSS ဆိုတာ Cross-site Scripting လို့ခေါ်တဲ့ Web Application Vuln တစ်မျိုးဖြစ်ပြီး အစကတော့ CSS လို့ခေါ်ကြပါတယ် နောက်ပိုင်း Cascading Style Sheet နဲ ရောနေတဲ့အတွက် XSS လို့ပြောင်းလဲခေါ်ဝေါ်ကြတာဖြစ်ပါတယ် ။ Web Master ရဲ့ Filter လုပ်မထားသော Input Vulnerability မှတစ်ဆင့် Html နှင့် Java Script များ Inject လုပ်ကာ User များ၏ Web Browser များကို အဓိကထားတိုက်ခိုက်ကြပါသည် ။ တကယ်တော့ XSS မှာ Attacker ဟာ Browser ကိုတိုက်ခိုက်တာပါ ။ Web Server ကိုမဟုတ်ပါဘူး ။ Vuln ဖြစ်နေသော Web Server မှတစ်ဆင့် Suffer လုပ်သူ User များ၏ Browser ထဲမှ Data များကို ရယူရန် နှင့် Worm များထည့်သွင်းရန် Trojan များကူးစက်ရန် Phishing လုပ်ရန် စီစဉ်ခြင်းဖြစ်ပါသည် ။
XSS ခြိမ်းခြောက်မှု ဇယားကို CEH မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည် ။


Understanding XSS

Code
<?php
$name=$_GET['name'];
print $name;
?>
အဲ့ဒီ့မှာ Input ကို Filter လုပ်ထားခြင်းမရှိပါ ။ ဒါကြောင့် User Input လုပ်ခွင့်ရတဲ့တစ်နေနေရာရာ ဥပမာ Search Box လိုနေရာမျိုးမှာ
“><SCRIPT>alert(‘XSS%20Testing’)</SCRIPT>  လို့ရိုက်လိုက်ရင် Pop Up Window နဲ့ XSS လို့ပေါ်လာမှာဖြစ်ပါတယ်  ( “><SCRIPT>alert(‘XSS%20Testing’)</SCRIPT>  ) လို့ရေးရတဲ့အကြောင်းအရင်းကတော့ တချို့သော Website များမှာ <script>alert(“XSS”)</script> လို Code မျိုး Inject လုပ်မရအောင် Filter လုပ်ထားတာကို ကျော်ဖို့ပါ ဒါကတော့ အကြမ်းဖျင်းပေါ့နော် နောက်ပိုင်းတွေမှ ပဲ အသေးစိတ်ရေးပေးပါ့မယ် )




URL မှာတော့ ဒီလိုပေါ့နော်
http://website.com/test.php?name=<script>alert(“XSS”)</script>
ခုနကလို “><SCRIPT>alert(‘XSS%20Testing’)</SCRIPT> လို့ရိုက်သွင်းလိုက်တဲ့ Script ဟာ Input Filter လုပ်မထားသော Web Server ထဲသို့ Value တစ်ခုအဖြစ်ဝင်သွားသည်ကို အောက်ပါ အတိုင်း HTML Source ဖြင့်ကြည့်နိုင်သည် ။




ဒါဆိုရင် အခြားသော Script များကိုလည်း Inject လုပ်တိုက်ခိုက်နိုင်ပါပြီ

Types of Vulnerabilities

1.Persistent XSS
2.Non Persistent XSS
3.Dom-Based XSS
1.Persistent XSS
Persistent XSS ခေါ် Stored XSS တွင်မူ Attacker Input လုပ်လိုက်သော Inject Code များကို Web Server ထဲတွင် သိမ်းဆည်းထားပြီး User များယင်း Page သို့ဝင်ရောက်တိုင်း ယင်း Script သည် အလိုလို အလုပ်လုပ်နေမည်ဖြစ်သည် ။
ဥပမာ - Forum တစ်ခုတွင် User Feedback နေရာ၌ XSS Vuln ဖြစ်နေမည်ဆိုပါစို့ ။ ထိုအခါ Attacker က ယင်းနေရာတွင် User စိတ်ဝင်စားမှုရှိသော ခေါင်းစဉ်ပေး၍ ( Example : Hey , I found a new error CHECK IT!!! ) User အားမြူစွယ်ကာ ယင်း Page တွင် Code Inject လုပ်ထားမည်ဖြစ်သည် ။ ထိုအခါ အခြား User များယင်း Page သို့ရောက်ရှိတိုင်း Inject Code က အလုပ်လုပ်နေမည်ဖြစ်သည် ;-) )
2.Non Persistent XSS
Reflected XSS လို့လည်း လူသိများတဲ့ Non Persistent XSS Vulnerability မှာ Attacker Inject လုပ်လိုက်တဲ့ Code ဟာ Web Server ထဲမှာသိမ်းဆည်းထားမှာမဟုတ်ပါဘူး Http Request မှ တစ်ဆင့်သာ Inject လုပ်သော Code များကို Server သို့ပေးပို့မည်ဖြစ်သည် ။
ဥပမာအားဖြင့်ဆိုရသော် Website တစ်ခုရှိ Search Box တွင် User ရှာသော Input များကို သိမ်းဆည်းထားခြင်းမရှိပဲ Result ပြပြီးလျှင် ဖျက်သိမ်းသွားမည်ဖြစ်သည် အကယ်၍ ယင်းနေရာတွင် User Input FILTER လုပ်မထားပါက နှစ်သက်ရာ Code များ Inject လုပ်သွားနိုင်မည်ဖြစ်သည် သို့သော်လည်း Web Server ထဲတွင် သိမ်းဆည်းထားမည်မဟုတ်ပေ သို့ဖြစ်၍ Attacker က Inject လုပ်ထားသော Page သို့မရောက်ရောက်အောင် မြူဆွယ်ရမည်ဖြစ်သည် ။ ဥပမာ Cookies Stealing လုပ်မည်ဆိုပါက ယင်း Cookies Stealer ဆီသို့မရောက်ရောက်အောင် Link ကို နည်းမျိုးစုံ မြူဆွယ်၍ User Click အောင်ဆောင်ရွက်ရမည်ဖြစ်သည် ။ အကယ်၍ User ကသာ Click လိုက်ပါက Browser က Inject လုပ်ထားသော Code အတိုင်း Server သို့ပေးပို့မည်ဖြစ်ပြီး Server မှာ Attacker သို့ဆက်လက်ပေးပို့မည်ဖြစ်သည် ။ ထို့ကြောင့် Reflected XSS ဟုခေါ်ခြင်းဖြစ်သည် ။ အတွေ့ရအများဆုံး XSS Vuln လည်းဖြစ်သည် ။
3.Dom-Based XSS
Dom ဆိုတာ HTML နှင့် XML Language များအားကိုယ်စားပြုသည့် Object များကို define လုပ်ပေးသည့် W3c ၏ စံညွှန်းတစ်ခုဖြစ်ပါတယ် ။ ( XML Language မှာ SAX နဲ့ Dom ဆိုပြီး Parser နှစ်ခုရှိတဲ့အနက်မှာ SAX ကတော့ မြန်တယ် ပေါ့ပါးတယ် သို့သော်လည်း document node တွေဘက်ကိုပြန်သွားဖို့မလွယ်လှတာကြောင့် ယနေ့ Browser တွေမှာ DOM Parser ကိုအသုံးပြုကြပါတယ် ( ဒါက Dom ဆိုတာ ဘာမှန်းသိအောင်ပြောတာပါ )
Local Based XSS လို့ခေါ်တဲ့ Dom Based XSS မှာတော့ ပေါက်တာခြင်းက User ဆီကိုတိုက်ခိုက်ဖို့ script တွေကို Persistent လို stored လုပ်ထားဖို့လည်းမလိုသလို non-persistent လိုလည်း webserver မှတစ်ဆင့် reflected လုပ်ဖို့မလိုပါဘူး ဒါဆို ဘယ်လိုဖြစ်တာလဲဆိုတာနည်းနည်းပြောပါ့မယ် ဥပမာ ecommerce site တစ်ခုဆိုပါစို့ www.store.com ပေါ့ သူ့မှာ စာအုပ်ရောင်းတဲ့ Catagory တစ်ခုရှိပါတယ် www.store.com/books ပေါ့ တကယ်လို့သာ ကျွန်တော်တို့က ဆယ်အုပ်ပဲကျန်တော့တဲ့ စာအုပ်ကို ရှာချင်တယ်ဆိုပါစို့ ဒါဆို www.store.com/books?product_id=100&title=Only+10+Left! ဆိုပြီး ရှာခွင့်ရှိပါ့မယ် ဒီလိုရိုက်လိုက်ရင် ,if; html Page မှာ Java Script တစ်ခု အလိုအလျောက်သွားရေးသွားပါလိမ့်မယ်
<script>
var url = window.location.href;
var pos = url.indexOf(“title=”) + 6;
var len = url.length;
var title_string = url.substring(pos,len);
document.write(unescape(title_string));
</script>
ဒီလိုပေါ့ အဲ့ဒီ့မှာကွိုင်တာပဲ
တကယ်လို့ product_id ဆိုတဲ့ Input Method ကိုသာ input Filter လုပ်ထားဘူးဆိုရင် www.store.com/books??product_id=100&title=Foo#<SCRIPT>alert(‘XSS’) </SCRIPT> လို့ရိုက်လိုက်ရင် XSS Alert တက်လာပါလိမ့်မယ် ( သူက non-persistent XSS နဲ့ပိုတူတာတွေ့ရပါလိမ့်မယ် ) :-) ဒီ Dom Based မှာ အခြား မည့်သည့် Web ပေါ်မှာ အရာကို မဆို ချိတ်လို့ရပါတယ် တကယ်လို့ src နဲ့ javascript Malware ကိုသာ ချိတ်လိုက်မယ်ဆိုရင် ;-)
Dom Based XSS မှာတောင်
1.Persistent Dom-Based XSS နဲ့
2.Non-Persistent Dom-Based XSS ဆိုပြီး နှစ်မျိုးရှိပါသေးတယ် ။

Post By Negative Thunder  (Ghost Area)
P.s: ဒီပိုစ့်လေးက တကယ်ကောင်းလို့ ပြန်တင်ပေးလိုက်ပါတယ်......။

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Blog Archive

Followers

About Me

My Photo
Hacking= intelligent+techonology+psychology