Monday, October 31, 2011

Bat File Tutorial ( 1 )

Bat files အကြောင်းကို သိချင် လေ့လာချင်တဲ့ သူငယ်ချင်းများအတွက် ကိုယ်တိုင်းရေးမဟုတ်ပေမဲ့
ကျွန်တော်ကိုယ်တိုင် မသိခင်က စလေ့လာမိခဲ့တဲ့ ဆိုဒ်မှ မှတ်စုအနေနဲ့ ကူးထားခဲ့တာလေးပါ။ အဲ့ဒီဆိုဒ်ကတော.
အကိုဆရာမိုးထက်မြင်.(နည်းပညာ)ဆိုဒ်ဖြစ်ပါတယ်။ ဒီသင်ခန်းစာကို ကျွန်တော် ကိုယ်တိုင်း ရေးသားထားတာ မဟုတ်တာကိုတော့
ရိုးသားစွာ ၀န်ခံပါတယ်။ ဒါကြောင့် အမှားများပါသွားရင် ပြန်လည်ရေးသားသူ ကျွန်တော်. အမှားသာဖြစ်သဖြင်. ခွင်.လွှတ်စေချင်ပါတယ်။
ကျနော်ကိုယ်တိုင်လည်း တအားနဲ့ မကျွမ်းကျင်သလို ၊ ဒီ Batch File Programming အကြောင်းကို လေ့လာဖူးတာ
မကြာသေးပါဘူးခင်ဗျာ။ဒါကြောင်.လိုအပ်ချက်တွေများစွာရှိနေသေးတယ်ဆိုတော. အမှားပါရင် အမှန်ပြင်ပေးကြဖို. တောင်းဆိုပါရစေ။
မူရင်း အရေးအသား အတိုင်း မပြင် မဖြည့်စွတ်ဘဲ တင်ပြလိုက်ပါတယ်။

bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
အခြေခံအကျဆုံး command ၃ ခုကတော့
(၁) echo
(၂) @echo off/on နဲ့
(၃) pause စတာတွေဘဲဖြစ်ပါတယ်
ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
@echo off
echo Hello This is a First Program
pause
အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီး တော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့ စာသားလေးတွေပေါ်လာပါလိမ့်မယ်။
Hello This is a First Program
Press any key to continue...
ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က
Code လေးကိုစမ်းရေးကြည့်ရအောင်
@echo on
echo Hello This is a First Program
pause
ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
C:\Documents and Settings\User\Desktop>echo Hello This is a First Program
Hello this is a First Program
C:\Documents and Settings\User\Desktop>pause
Press any key to continue…
အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File
ဖွဲ.စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက
Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
အကယ်လို့များ ပထမစစချင်းမှာ ရေးခ့တဲ. @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့်
လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ
ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run နေတုန်းပြချင်တယ်ဆိရင်
(ဥပမာ ခုနက Program ထဲကလို “Hello this is a First Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲပြချင်တယ်ဆိုရင်တော့ echo ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.)
အခု pause အကြောင်းရှင်းပြပေးပါမယ်
pause ဆိုတာကတော့ ရပ်တာပါ
batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key
တစ်ခုခု မနှိပ်မချင်း အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့
သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့ pause ပြီးတော့ ဘာမှ
ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program ကနေ ထွက်သွားမှာဖြစ်ပါတယ်။
pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်
@echo off
echo Hello Welcome Back
pause
echo I am testing pause function
pause
အဒါကို အပေါ်က Uပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်
Hello Welcome Back
Press any key to continue…
I am testing pause function
Press any key to continue…
အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။
အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်
အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….
@echo off
echo Hello I am back
pause
cls
echo I am testing cls and msg commands
msg * Bye Bye
pause
ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်
Hello I am back
Press any key to continue…
(မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key
တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ. code ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်…key တစ်ခုခုကို နှိပ်လိုက်တယ်လို့
သဘောထားပြီး ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့ Black
Screen ပေါ်ရောက်နေလောက်ပါပြီ…)
I am testing cls and msg commands
(ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )
Bye Bye
(ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)
Press any key to continue…
(ဆိုတာလေးလာမှာပါ)
နားလည်ပါ့မလားတော့မသိဘူး… ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် ()
ထဲထည့်ရေးလိုက်တယ်နော်။
အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ .........
အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော
-cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင်
သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။
-msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box
တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးန့ေဲ ပါ့…
နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….
အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…
အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…
ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…
နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…
@echo off
echo We are testing start and rem
rem title TEST4
start testpic.jpg
pause
ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့
အတိုင်းမြင်ရပါလိမ့်မယ်။
We are testing start and rem
Press any key to continue
(key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့
extension ကိုကော ရွေးလိုက်တဲ့ပုံ ပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)
အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
-start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start
သီးသန့် ရေးခဲ.မိရင်တော့ နောက်ထပ် အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။
-rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး.
(ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)
အခုက Basic အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
ဟုတ်ပါပြီ အခုအချိန်ထိ ကျနော်ရှင်းလာသမျှအားလုံးဟာ အလွယ်တကာ့ အလွယ်ဆုံး အခြေခံများဖြစ်ပါတယ်..
နောက်နေ့မှာ တော့ ဒီထက်ပိုခက်လာပြီး အသုံးကျလာမယ့် အပိုင်းတွေကို ဆက်လကကူးပြီးနားလည်သလောက်ပြန်တင်ပေးပါ.မယ်။
>>>>> ဤ tutorial သည် Bat file အကြောင်း တစ်ခုမှ မသိ၍ အခုမှ စတင်လေ့လာမည့် သူများကို ကျွန်တော်သိသလောက်မှတ်သားမိသလောက်ပြန်ရေး
ခြင်းဖြစ်ပြီး bat အကြောင်းတီးမိခေါက်မိရှိပြီးသူများ အဖို့ကတော့ နောက်လာမည့် အခန်းများတွင်
ပါဝင်နိုင်မည်ဟုထင်ပါသည်။ ဤ tutorial နှင့် ပတ်သက်၍ ဝေဖန်ပါ ၊ အကြံပေးပါ ၊ ပြန်လည် ဆွေးနွေးပါ ၊
လိုအပ်ချက်များကို ထောက်ပြပေးမည့်သူများရှိပါကလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆို
လက်ခံပြီး ကျေးဇူးတင်မှာပါ။ သို့ပေမယ့် မကောင်းပြောပြီး သိပြီးသားတတ်ပြီးသားကို ရေးနေသည်ဟုထင်သောသူများမှ
လာရောက်ပြောဆိုပါက မည်သည့်တုန့်ပြန်မှုမျိုးမှ ပြုလုပ်မည်မဟုတ်။ လေ့လာချင်သောသူများအတွက်သာ ရေးသားပေးခြင်းဖြစ်၍ အကျိုးမရှိဟု ထင်ပါက ဖတ်မနေပါနှင့် ကျော်သာသွားပါ။
ဆက်လက်ပြီးတော့ bat file နဲ့ ပတ်သက်လို့ တော်တော်များများ ကျွန်တော်လေ.လာမိသလောက်ရေးပေးသွားပါ့မယ်။
ဆက်လက် စောင့်မျှော်ပေးကြပါ။ <<<<<

4 comments:

  1. ကြိုက်သဗျ
    တကယ်ပြောတာ နောက်လဲထပ်တင်ပေးဦး..

    ReplyDelete
  2. ကြိုက်သဗျ
    တကယ်ပြောတာ နောက်လဲထပ်တင်ပေးဦး..

    ReplyDelete
  3. Dear Bro

    Thank you for your knowledge sharing.

    Ko Naing

    ReplyDelete
  4. တင်ပေးပါ ဦးလေး

    ReplyDelete

ROCK FOREVER (MUSIC)

Pageviewers

CBOX

Manutd-Results

Label

Android (3) autorun (3) Backtrack (8) batch file (19) blogger (10) Botnet (2) browser (5) Brute Force (6) cafezee (2) cmd (5) Cookies (2) crack (12) Cracking (2) crypter (7) DDos (20) deepfreeze (4) defacing (1) defence (16) domain (4) Dos (9) downloader (4) ebomb (2) ebook (48) Exploit (26) firewall (3) game (2) gmail (11) google hack (16) Hacking Show (3) Hash (4) hosting (1) icon changer (1) ip adress (6) Keygen (1) keylogger (8) knowledge (67) locker (1) maintainence (8) network (17) news (31) other (35) passwoard viewer (7) password (12) Philosophy (6) Phishing (8) premium account (2) proxy (7) RAT (10) run commands (4) script (27) Shell code (10) shortcut Key (2) SMTP ports (1) social engineering (7) spammer (1) SQL Injection (30) Stealer.crack (5) tools (125) Tools Pack (4) tutorial (107) USB (3) virus (32) website (84) WiFi (4) word list (2)

Blogger templates

picoodle.com

Blogger news

Print Friendly and PDF

HOW IS MY SITE?

Powered by Blogger.

Blog Archive

Followers

About Me

My Photo
Hacking= intelligent+techonology+psychology