Pages

Pages - Menu

Saturday, September 1, 2012

Gtalk မှာ Group ဖွဲ့ပြီး ပြောဖို့ Party Chat လုပ်ကြရအောင်

Posted Image

အုပ်စုဖွဲ့ပြီး Chat ကြဖို့အတွက်ကတော့ ပထမဦးဆုံး လုပ်ရမှာက http://partychapp.appspot.com/ ဆိုတဲ့ လိပ်စာလေးကို အရင်ဦးဆုံးသွားလိုက်ပါ။ အဲဒီ ဆိုဒ်လေး ပွင့်လာပြီဆိုတာနဲ့ Sign in မှာ မိမိရဲ့ Gmail account နဲ့ ပဲဝင်လိုက်ပါ။ အဲဒီနောက်မှာတော့ အောက်မှာပေးးထားတဲ့ အတိုင်းလိုက်လုပ်လိုက်ပါတော့။
Posted Image


နံပါတ်တစ်လုပ်ရမှာက Room name လို့ပေးထားတဲ့ နေရာလေးမှာ မိမိစိတ်ကြိုက် နာမည်လေးတစ်ခုဖန်တီးပါ။ ဥပမာ name@partychatapp.app spotchat.com ဆိုပြီးတော့ပေါ့။ ပြီးတော့ Room type မှာကတော့ ကိုယ်ကြိုက်ရာကို ရွေးခွင့်ရှိပါတယ်။ တစ်ခုသိထားရမှာက Invite only မှာက ကိုယ်တိုင်ဖိတ်ခေါ် ချင်တဲ့သူပေါ့။ မဖိတ်ခေါ်ပဲနဲ့ ၀င်လာလို့မရဘူးပေါ့လေ။ Open ကတော့ ကိုယ်ဖိတ်စရာမလိုဘူး ကိုယ့်ရဲ့လိပ်စာကို သိရင် ၀င်လာလို့ရတယ်။ အဲလိုမျိုးပေါ့။ Others to invite မှာတော့ ကိုယ်စပြီး ဖန်တီးတဲ့အခါ ကိုယ့်နာမည်ကို ထည့်ရိုက်ဖို့လိုပါတယ်။ ကိုယ်ပိုင်အီးမေးလ်ကို ရိုက်ရမှာပေါ့လေ။ ပြီးတော့ Create ကို ကလစ်နှိပ်လိုက်ရင် အောက်မှာ ဖော်ပြထားတဲ့ ပုံလေးပေါ်လာလိမ်မယ်။
Posted Image

ပြီးသွားတဲ့အချိန်မှာတော့ သင့်ရဲ့ Gtalk ထဲမှာ အခုလိုမျိုးလာပေါ်နေပါလိမ့်မယ်။
Posted Image

အဲဒီအခါ ကျရင် သင်က yes လုပ်လိုက်ရုံပေါ့။ သင်ဖန်တီးခဲ့တဲ့ နာမည်တွေနဲ့ပဲလာပေါ်ပါလိမ့်မယ်။ အခုပြထားတာက နမူနာပုံလေးပါ။ ပြီးရင်တော့ သင့် Gtalk ထဲမှာ အဲဒီ ဖန်တီးခဲ့တဲ့ နာမည်လေးက အရောင်လေးလင်းနေပါလိမ့်မယ်။ အဲဒီနောက်မှာတော့ သင်ဖိတ်ခေါ်ချင်တဲ့သူတွေကို ဖိတ်ခေါ်နိုင်ပါပြီ။ အဲလိုဖိတ်ခေါ်ဖို့အတွက်လည်း သင်က အခုပေးထားတဲ့ ပုံစံတွေအတိုင်းပဲ ရိုက်ထည့်ရပါလိမ့်မယ်။ /invite name@gmail.com က သင် ဖိတ်ခေါ်ချင်တဲ့သူအတွက်ပါ။ /list ကတော့ သင်နဲ့အတူ ဘယ်နှစ်ယောက်ရှိလဲဆိုတာ ကြည့်တာပေါ့။ ပြန်ထွက်ချင်ရင်တော့ /exit ရိုက်လို့လည်းရပါတယ်။ သင်ကလည်း ထွက်သွားပြီ သူလည်းထွက်သွားပြီ နောက်နေ့ တွေ့ ကြတဲ့အခါမှာတော့ ပြန်လည်ပြီးတော့ /invite name@gmail.com ကို ပြန်လည်ရိုက်ပြီးတော့ ခေါ်နိုင်ပါတယ်။ အဆင်ပြေကြပါစေ။ အောက်မှာပေးထားထာကတော့ မူရင်းဆိုဒ်က ရိုက်ပုံရိုက်နည်းတွေပါ။

/leave Leave this chat room. You can rejoin by sending another message to the room. If the room is invite-only, you may need to be re-invited.
/list See who is in the chat room.
/alias newalias Change what name you show up as in the room.
/inviteonly Toggle whether this room is invite only.
/invite someemail Invite someone to the room.
/me someaction Tell the room what you’re up to.
If you type /me is rolling his eyes, everyone sees [youralias] is rolling his eyes.
credit:zawhlainghtun
ref:MHU

1 comment:

  1. အရမ်းကောင်းပါတယ် များလွန်လို့ ဘယ်ဒါကို ဖတ်ရမှန်မသိတော့ဘူး တစ်ခုတော့ ရအောင်းသေချာဖတ်သွားတယ်

    ReplyDelete