Pages

Pages - Menu

Thursday, July 5, 2012

How To Install Backtrack 5 from USB Drive



သူငယ်ချင်းတစ်ယောက်ကမေးထားလို့တင်ပေးလိုက်တာပါ........။လွယ်လွယ်လေးပဲတိုက်ရိုက်ဘာသာပြန်
ပေးလိုက်ပါတယ်........။ပြောရရင်ခုတစ်လော ကျွန်တော်အလုပ်တွေပိနေလို့လွယ်လွယ်လေးပဲရေး ပေး
လိုက်တာပါ.....အဆင်ပြေမယ်လို့လဲထင်ပါတယ်....။

အောက်မှာလိုအပ်ချက်တွေကိုဖော်ပြထားပါတယ်..။

  1. Backtrack .iso file(Download)
  2. Unetbootin.(Download)
  3. HP USB Disk Storage Format Tool.(Download)
  4. USB (at Least 4GB)

အရင်ဆုံးပြောရမယ်ဆိုရင် iso ဖိုင်ဆိုတာ ဖိုင်အများကြီးကို တစ်ခုထဲဖြစ်သွားအောင် လုပ်ထားတာကို iso ဖိုင်လို့ ခေါ်တာပါ.....။စတစ်ထဲကနေ Backtrack တင်မယ်ဆိုရင် iso ဖိုင်နဲ့မှအဆင်ပြေပါလိမ့်မယ်.......။
အရင်ဆုံး စတစ်ကို HP USB Disk Storage Format Tool ကိုသုံးပြီးတော့ format အရင်ချလိုက်ပါ....။
ပြီးရင် Unetbootin ကို run လိုက်ပါ.....။ပြီးရင် အောက်ကပုံကိုကြည့်လိုက်ပါ.....။


Distribution ကိုကလစ် BackTrack ကိုရွေး ပြီးရင် 2nd မျှားပြထားတဲ့အတိုင်း  5R1-GNOME ကိုရွေး
ထားလိုက်.....။ပြီးရင်အောက်ကပုံလေးကိုပြန်ကြည့်လိုက်ဦး.........။


Diskimage ကို ကလစ်ပြီးရင် ISO ကိုရွေးလိုက် ပြီးရင် 2nd မျှားအတိုင်းပဲ USB Drive ကိုရွေး ပြီးရင် 3rd 
အတိုင်းပဲ သင့်USB Drive ကိုရွေး....(ဥပမာ F:\ ဆိုတာမျိုးပေါ့)........။ပြီးရင် 4th မျှားအတိုင်း browse ကို ကလစ်ပြီး တော့ ISO ဖိုင်ကိုရွေးတင်လိုက်ပါ......။ အားလုံးပြီးသွားရင် OK ကိုကလစ်လိုက်ပါ...။



Loading ပြီးအောင်ခဏစောင့်လိုက်ပါ.......။


ပြီးရင် reboot ပြန်လုပ်လိုက်ပါ........။ဒါတွေအားလုံးပြီးသွားရင် သင့် backtrack ထဲကို login ၀င်လိုက်ပါ..
default user name က (root)ဖြစ်ပြီးတော့ password က(toor)ဖြစ်ပါတယ်....။ဒါဆိုရင်ပြီးသွားပါပြီ

မအားတဲ့ကြားကတင်လိုက်ရလို့ အတိအကျကြီးတော့ ရေးမပေးလိုက်နိုင်ပါဘူး ဒါပေမယ့်နားလည်နိုင်
အောင်တတ်နိုင်သလောက်ကြိုးစားထားပါတယ်........။ကျေးဇူးတင်ပါတယ် ခင်ဗျာ......။

http://shwekoyantaw.blogspot.com