Pages
▼
Pages - Menu
▼
Saturday, June 23, 2012
News for Myanmar Cyberwarfare
မြန်မာနိုင်ငံရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ရိုဟင်ဂျာ လူမျိုးစုပြသနာများမှသည် မြန်မာနှင့်ဘင်္ဂလားရှေ့် ဟက်ကာများ Cyber တိုက်ခိုက်မှုအပြန်အလှန်ဖြစ်သည်
အထိတင်းမာခဲ့ကြသည်။ပြည်တွင်း Underground Hacker များဖြစ်ကြသော Blink Hacker Group၊ဦးဆောင်၍ Operation Rohingya Group ကို Facebook
ပေါ်တွင်တည်ထောင်ပြီး ၁၂.၆.၂၀၁၂ ခန့်မှစ၍ Bangladesh Websiteများကိုစတင်တိုက်ခိုက်ခဲ့သည်။ထို့ ပြင် အခြား Myanmar Hackers Group များပါဝင်လာပြီး
Myanmar Cyber Army အဖွဲ့ ကြီးကိုတည်ထောင်ကာ Bangladesh Website များကိုဆက်လက်တိုက်ခိုက်ခဲ့သည်။ Bangladesh Hackerများဘက်ကလဲ
BBHG (Bangladesh Black Hat Group)၊Bangladesh Cyber Army စသည့်အဖွဲ့ စည်းများတည်ထောင်ကာ မြန်မာဝက်ဘ်ဆိုက်များကို တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲမှာပြင်းထန်လွန်းလှပြီး DDOS attack ကို နှစ်နိုင်ငံလုံးမှအသုံးချခဲ့ကြသည်။ အပြန်အလှန် Cyber Army များက မိမိတို့  Group Member များ (Beginner)များ
ကူညီတိုက်ခိုက်၍ရနိုင်ရန် DDOS Toos များ ၊ Training များကိုပို့ချပြီးအဆက် အပြတ်တိုက်ခိုက်နေခဲ့ကြသည်။၎င်းတိုက်ခိုက်မှုများတွင် နှစ်ဖက်နိုင်ငံများမှအင်အားတော်
တော်များများပါဝင်လှုပ်ရှားခဲ့တာတွေ့ ရပါတယ်။DDOS ကအလွယ်ကူဆုံးတိုက်ခိုက်မှုဖြစ်တာကြောင့် Beginner များပါဝင်တိုက်ခိုက်မှုပိုများခဲ့တာဖြစ်ပါတယ်။
၂ ပတ်အတွင်းရရှိထားသောစာရင်းများအရ မြန်မာဘက်မှ ဘင်္ဂလားရှေ့် ဝက်ဘ်ဆိုက် ၁၀၀၀ ကျော် ရရှိထားပြီး ဘင်္ဂလားရှေ့်ဘက်မှ မြန်မာဆိုက် ၃၀ ခန့်သာရရှိထားပါ
တယ်။ဒါအပြင် Blink Hacker Group နှင့် Myanmar Cyber Army စာမျက်နှာများတွင်ဖေါ်ပြထားချက်မှာ ၂၃.၆.၂၀၁၂ နေ့ 4:00 ခန့်တွင် ဘင်္ဂလားရှေ့်၏အကြီးဆုံး Hosting ကို မြန်မာဟက်ကာများကတိုက်ခိုက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရပါတယ်။Bangladesh Hacker များဘက်က Virus များကိုမြန်မာ
ဘက်သို့ ပို့လွှတ်နေကြောင်း၊၄င်း Virus များနှင့် မြန်မာဝက်ဘ်ဆိုက်များကို Myanmar Hackers များက Recovery လုပ်ပေးနေကြောင်းလဲသိရပါတယ်။
အဆိုပါသတင်းများအရ ဆိုက်ဘာတိုက်ခိုက်မှုများဟာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး၊ရိုဟင်ဂျာပြသနာမပြီးဆုံးသ၍ဖြစ်ပွားနေဦးမှာဖြစ်သည်ဟု ဟက်ကာအသိုင်း
အ၀ိုင်းမှ ပြောကြားသွားပါသည်။
News By 3thic0kiddi3
copy from ghostarea.net
