Pages
▼
Pages - Menu
▼
Friday, June 22, 2012
How To Install a Blogger Template?
အဲ ပထမပြောချင်တာကတော့ ကျွန်တော့်ဆိုက်ကို ၀င်ရောက်ဖတ်ရှုသူ အားလုံးနီးပါး Blogger Template တစ်ခုကို Install ဘယ်လိုလုပ်ရမှာကို သိပြီးလောက်ပါပြီ...။ မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်...။
တကယ်တော့ Blogger မှာ သူ့ဘာသာသူ Template တွေ တော်တော် များများ ပါဝင်ပါတယ်....။ဒါပေမယ့် professional ကျကျ Template တွေကိုတော့ တခြားကနေ ဒေါင်းလုပ်ဆွဲပြီး ထည့် သွင်းရမှာဖြစ်ပါတယ်......။အဲဒါကြောင့်ဘယ်လို Install လုပ်ရမှာလဲဆိုတာကို ပိုစ့်တစ်ခုအနေနဲ့ ရေး
သားပေးတာဖြစ်ပါတယ်......။
ပထမဆုံး Blogger Template တစ်ခုကို Download ဆွဲချ ရမှာဖြစ်ပါတယ်....။အောက်ဖော်ပြပါဆိုက်တွေ ကအကောင်းဆုံး Free Blogger Template site တွေဖြစ်ပါတယ်.....။
http://btemplates.com/
http://blogtemplate4u.com/
http://www.raytemplates.com/
Download ဆွဲရာတွင် အခက်အခဲရှိပါက comment ပေးနိုင်သလို Cbox ထဲတွင်လဲ ရေးသား အကူညီတောင်းနိုင်ပါသည်........။နောက်ပိုင်းကျရင် ကျွန်တော့်ဆိုက်ထဲမှာ Template တွေစုစည်းပေးသွားမှာပါ........။
ကဲ Template တစ်ခုရရင် စတင်နိုင်ပါပြီ.....။Blogger Account ထဲဝင်လိုက်ရင် အောက်ဖေါ်ပြပါပုံ အတိုင်း
မြင်ရမှာပါ.......။
ခဲတံပုံလေးဘေးက မျှားလေးကို ဖွင့်ချပြီး....Template ကိုကလစ်လိုက်ပါ.......။အထက်ကပုံမှာ ၀ိုင်းပေးထားတယ်.....ပြီးရင် Page တစ်ခုကိုရောက်သွားပြီး ညာဘက် အပေါ်ထောင့်က
( Backup/restore) ဆိုတာကိုကလစ်လိုက်ပါ....။
ပြီးရင် ခဏဆောင့် Box တစ်ုပေါ်လာလိမ့်မယ်.....အောက်ဖော်ပြပါပုံအတိုင်းပေါ့.....။
အဲဒီလို Template ကိုပြုပြင်တော့မယ်ဆို ရင် Data တွေကို Backup ထားတာအကောင်းဆုံးပါပဲ...။ကိုယ် က မှားယွင်း လုပ်ဆောင်ခဲ့သော် ၄င်း..ပြသနာတစ်ခုခုဖြစ်သော် ၄င်း Data တွေမပျောက်ဆုံးအောင် backup လုပ်ထားတာအကောင်းဆုံးပါပဲ...။
အဲလိုလုပ်မယ်ဆိုရင် ပုံမှာပြထားတဲ့အတိုင်း..... Download full template ကိုကလစ်ပြီး မိမိ အရင် template နဲ့ Data တွေကို အရယူလိုက်ပါ.....။
ပြီးရင် သင် install လုပ်မယ့် Template ကို Browse လုပ်ပြီးရွေးလိုက်ပါ....။
ပြီးရင် Upload ကိုကလစ်လိုက်ပါ......။ခဏဆောင့်ပါ......Process တွေပြီးသွားရင် Template install ကိစ္စ ပြီးဆုံးသွားပါပြီ...........။
မိမိ Template ကို HTML ပြုပြင်သောအခါတွင်၎င်း...Template တင်သောအခါတွင်၎င်း အမှာရှိခဲ့ပါက..
မိမိ Backup လုပ်ထားသော Template ကိုပြန်လည် install ပြုလုပ်ခြင်းဖြင့် Data များ အကုန်လုံးကို ပြန် လည်ရယူနိုင်ပါတယ်.....။အောက်မှာပုံလေးနဲ့ ပြထားတယ်....။
အထက်ပါပုံလေးတွင် ၀ိုင်းပြထားသော (.xml) ဖိုင်လေးမှာ Backup ဖိုင်လေးဖြစ်ပါတယ်...။
မှတ်ချက်...Blogger template များသည်..(.xml) ဖိုင်များဖြစ်ပါတယ်....။ရွေးချယ်ပြီးတော့ upload လုပ် လိုက်ရုံပါပဲ......။
ကျေးဇူးတင်ပါသည်.....။
Shweko




