Pages

Pages - Menu

Wednesday, April 4, 2012

Habits for Hacking Learners ;)







ဒီနေ့တော့ Hacking လေ့လာနေသူတွေအတွက် ပိုမိုခရီးရောက်မယ့် တိုးတက်နှုန်းမြင့်စေဖို့ရှိအပ်သော အလေ့အထကောင်းများကို ကိုယ်တွေ့ စာတွေ့ရောနှော၍ တင်ပြလိုက်ပါတယ်
. စိတ်ရှည်ပါ
Hacking ဆိုတာ အလွန်ကျယ်တဲ့ နယ်ပယ်တစ်ခုပါ အချိန် တွေပေးရမယ် စာတွေဖတ်ရမယ် တခါတလေ ကံကောင်းရင် တကယ်ကောင်းတဲ့ Tutorial တွေဖတ်ရမယ် ကံမကောင်းရင် ခပ်စုတ်စုတ် ဖတ်သာဖတ်လိုက်ရတယ် ဘာမှန်းမသိလိုက်တဲ့ Tutorial တွေလည်းဖတ်ရကောင်းဖတ်ရမယ် ဒီအတွက် စိတ်ရှည်ရှည် ထားပြီး သည်းခံပြီး ဖတ်ရပါ့မယ်
.စိတ်အားထက်သန်ခြင်း
Hacking ကို လေ့လာတဲ့အချိန်မှာ စိတ်အားထက်သန်မှုက အလွန်အရေးကြီးပါတယ် သင်ပေးတဲ့သူရှိလည်း စိတ်မပါရင် ဘာမှသိလိုက်မှာမဟုတ်ဘူး စိတ်အားထက်ထက်သန်သန်နဲ့ လေ့လာနေခြင်းဟာ အလွန်ခရီးရောက်ပါတယ် တခါတလေ ကျွန်တော်လည်း ကွန်ပျုတာရှေ့မှာ မနေချင်တော့ဘဲ ရုန်းထွက်ချင်မိတာတွေရှိပါတယ် ဒီလိုမျိုးဖြစ်ရင် ကွန်ပျုတာ နဲ့ပတ်သတ်တဲ့ ဟက်ကာနဲ့ပတ်သတ်တဲ့ ဇာတ်ကားတွေကြည့်ပြီး အားယူပါတယ် ဥပမာ Die Hard 4 လို Social Network လိုပေါ့
.မနားလိုက်ပါနဲ့
တစ်ခုခုကို ဆက်တိုက်လေ့လာနေပါ ဥပမာ Web Attacking ဆိုလည်း Web Attacking ပေါ့ တစ်လလောက်လေ့လာလိုက် ပစ်ထားလိုက် ကွန်ပျုတာကို လှည့်မကြည့်ပဲ ဂိမ်းပဲနှိပ်နေလိုက် နောက်တစ်လလောက်မှ Hacking ပြန်လုပ်လိုက် ဒီလိုဆိုရင်တော့ အဆင်ပြေမယ်မထင်ပါဘူး
.တစ်ခုပြီးမှ တစ်ခုလုပ်ပါ
ကျွန်တော်တို့ အားလုံးဖြစ်ဖူးမှာပါ စလေ့လာခါစဆိုတော့ အကုန်လုံးကိုသိချင်တာ Website ဆိုလည်း Hack ချင်လိုက်တာပဲ Trojan ဆိုလည်း သိချင်လိုက်တာပဲ Pen Test က စိတ်ဝင်စားလိုက်သေးတာ Web Attacking ဆိုလည်းလုပ်နေတာပဲ Trojan အတွက်လည်း Rat တွေစမ်းနေတယ် Pen Test ဆိုလည်း စာတွေလိုက်ဖတ်နေသေးတယ် ဒါပေမယ့် တစ်ခုမှ ကောင်းကောင်းမသိဘူး ခြောက်လလောက် လည်နေတာပဲရှိတယ် တစ်ဖက်မှ ပေါက်ပေါက်မြောက်မြောက်မရှိဘူး ဒါမျိုးက ပိုပြီး အလဟဿ ဖြစ်ပါတယ် ဒီတော့ ကျွန်တော်တို့ တစ်ခုကိုပဲအရင်လေ့လာပါ ဥပမာ ဒီတစ်လဆို တစ်လ Web Attacking ကို ပဲတစ်စိုက်မတ်မတ် လေ့လာပေါ့ ပြီးမှ ကျေနပ်မှ နောက်တစ်ခုကိုကူး ဒီလိုပေါ့ :-)
.Tool တွေ Tool တွေ
ကျွန်တော်တို့ အားလုံး Tool တွေကလိရင်းနဲ့ Hacking Learnerဘ၀ကို စတင်ခဲ့ကြပါတယ် တကယ်လို့ Tool လေးတွေပဲကလိပြီး ကျေနပ်နေမယ်ဆိုရင် ဖြစ်မှာမဟုတ်ပါဘူး Tool တွေနောက်ကွယ်မှာ ဘာတွေရှိလဲ Tool တွေ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာပါ သိအောင်လုပ်ရပါလိမ့်မယ်
.ကြွားစရာမလိုပါ အလုပ်ပဲလုပ်ပါ
ငါတော့ ဒီကောင့်အကောင့်ကို ဟက်လိုက်ပြီ ဒီ Website ကြီးကို Deface ချလိုက်ပြီဆိုပြီး လည်ကြွားစရာမလိုပါ တကယ်တော့ ကျွန်တော်တို့ လိုအပ်တာ အလုပ်လုပ်ခြင်းပါ ကိုယ် ကြိုးစားတဲ့ ရလဒ် က ကိုယ့်အတွက်ပါပဲ ကိုယ့်အဆင့်အတန်းကို ကိုယ်သာအသိဆုံးပါ လျှောက်ကြွားနေခြင်းဖြင့် ကလေးဆန်ဆန် မလိုပါ  :-)
.သတိပြုပါ Hack တာနဲ့ Attack တာ
ကျွန်တော် ခဏခဏ ပြောခဲ့ဖူးပါတယ် Hacking ဆိုတာ သတ်မှတ်ထားတဲ့ ဘောင်ကိုရအောင် ကျော်ခြင်း လွတ်လပ်မှုကို ရယူခြင်းပါ ကျွန်တော်တို့လုပ်နေတာ Hack ဖို့ပါ သာမန် SQL Inject လုပ်တာလောက် Phishing လုပ်တာလိုမျိုး Attack လောက်နဲ့ကျေနပ်မနေသင့်ပါ
. လူတွေကို လျှောက်မမေးပါနဲ့ Google ကိုမေးပါ
လူတစ်ယောက်ကို ဒါမသိလို့ မေးရင် တစ်ခုပဲ သိရပါ့မယ် ကျွန်တော့်လာမေးလည်း ကျွန်တော်သိတယ်ဆိုတာ အတိုင်းအတာတစ်ခုအတွင်းမှာပါပဲ တကယ်သိချင်ရင် Google ကို မေးလိုက်ပါ Google မှာ သိချင်သမျှအားလုံးရှိပါတယ် ကောင်းကောင်းမွန်မွန်လေးတွေလည်းရှိတယ် ဆိုးဆိုးဝါးဝါးအမှိုက်တွေလည်းရှိတယ် ကောင်းကောင်းမွန်မွန်လေးတွေတွေ့ရင်လည်း ဖတ် အမှိုက်တွေတွေ့ရင်လည်း ကောင်းကောင်းမွန်မွန် ကျုတိုရီရယ်လေးတွေနဲ့ နှိုင်းယှဉ်ကြည့်ပေါ့ဗျာ

ကဲ ဒီလောက်ပါပဲ အဆင်ပြေမယ်ထင်ပါတယ်
Google အကူအညီဖြင့် သင်ယူရင်း လေ့လာရင်း Hacking ၏ အနှစ်သာရကို ခံစားနိုင်ပါ့စေဗျာ

source by ghostarea.net