Pages
▼
Pages - Menu
▼
Wednesday, February 15, 2012
Types of search engine
တစ်နေ့ကမေးထဲကနေဘော်ဒါတစ်ယောက်မေးထားတာက search engine အမျိုးအစားဘယ်နှစ်မျိုးရှိလဲဆိုတာ
ကိုပါ။ပထမဆုံးကျွန်တော်သတိရတာကတော့ ကိုမျိုးသူရရေးတဲ့ စာအုပ်လေးပါ။အဲဒီထဲက ပဲကိုးကားတင်ပြလို
ပါတယ်။ search engine ကိုအဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။အဲဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါ
တယ်။
၁။ Individual search engine
Individual search engine ဆိုတာ အဲဒီ search engine မှာကိုယ်ပိုင်စုစောင်းထားရှိတဲ့ Database ရှိပါတယ်။ဆိုလို
တာကတော့ အွန်လိုင်းပေါ်မှ သတင်းအချက်အလက်တွေကို ကိုယ်ပိုင် စုစောင်းထားတဲ့ Database ရှိသော
search engine ကိုဆိုလိုတာပါ။ search engine တွေက သတင်းအချက်အလက်တွေကို လိုက်လံစုဆောင်းသော
system ကို crawling လုပ်တယ်လို့ခေါ်ပါတယ်။ Individual search engine တွေဟာ ၀ဘ်ဆိုက်တစ်ခုမှာရှိတဲ့
အချက်အလက်တွေ ( ဓါတ်ပုံတွေ .။ လင့်တွေ ၊ စာတွေ) ကို crawling လုပ်ကာ စုဆောင်းရယူပြီးကိုယ်ပိုင်
Data Base ထဲမှာသိမ်းဆည်းထားကြပါတယ်။ ဒါကြောင့်မို့လို့လဲ Individual search engine တွေဟာအချက်အ
လက်ပြည့်စုံ ကြ ပြီး ထွက်လာတဲ့ result ဟာလဲ တိကျသေခြာတာကိုတွေရမှာပါ။
Eg:
www.google.com
www.altavista.com
www.gigablast.com
www.wisenut.com
www.asljeeves.com
www.teoma.com
၂။ Metasearch engine
ဒါကတော့ပထမတစ်မျိုးနဲ့ ပြောင်းပြန်ပါ။သူ့မှာကိုယ်ပိုင် စုဆောင်းရရှိထားတဲ့ Database မရှိပါဘူး။တစ်ခြား
Database ရှိတဲ့ search engine တွေဆီကနေ သတင်းအချက်အလက်ရယူစုစောင်းပြီးတော့ မှဖော်ပြတာဖြစ်ပါ
တယ်။အဲဒီလို Database ရှိတဲ့ search engine တွေကနေရယူဖေါ်ပြထားလို့ ရလာတဲ့ result တွေဟာ များပြားကာ တိကျသေခြာမှု သိပ်မရှိတာကိုတွေ့ရမှာပါ။
Eg:
www.metacrawler.com
www.webcrawler.com
www.qbsearch.com
www.vivisimo.com
www.dogpile.com
Shwekoyantaw
